Category: News


  • แ€€แ€ฐแ€ธแ€…แ€€แ€บแ€™แ€พแ€ฏแ€”แ€พแ€ฏแ€”แ€บแ€ธแ€™แ€ผแ€”แ€บแ€†แ€”แ€บแ€แ€ฒแ€ท แ€แ€™แ€บแ€ธแ€›แ€ฑแ€ฌแ€‚แ€ซแ€แ€…แ€บแ€™แ€ปแ€ญแ€ฏแ€ธ แ€•แ€ปแ€ถแ€ทแ€”แ€พแ€ถแ€ทแ€”แ€ฑ

    ရာသီဥတု အကူးအပြောင်းကာလမှာ အစားအသောက်နဲ့ ယင်လုံအိမ်သာ အထူးဂရုစိုက်ဖို့ လိုအပ်နေပါပြီ။ လက်ရှိ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမိမြို့မှာ ကူးစက်ဝမ်းရောဂါတစ်မျိုး ဖြစ်ပွားနေပြီး ကူးစက်မှုနှုန်း အတော်လေး မြန်ဆန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဓိက သိထားသင့်တဲ့ လက်ရှိအခြေအနေတွေကတော့ 🔹 ဘယ်ကစဖြစ်တာလဲ? – ပြီးခဲ့တဲ့ ဧပြီလ (၃၀) ရက်နေ့ နေ့လယ်ပိုင်းကတည်းက စတင်ခဲ့တာဖြစ်ပြီး၊ အောင်သုခရပ်ကွက်က ရေလုပ်သားတွေဆီကနေ စတင်ကူးစက်ခဲ့တာလို့ သိရပါတယ်။ 🔹 လက်ရှိအခြေအနေ: ပထမဆုံး ဆေးရုံရောက်လာတဲ့ ရေလုပ်သား (၅) ဦးအနက် (၄) ဦးကို မော်လမြိုင်ဆေးရုံကြီးဆီ အရေးပေါ် ထပ်မံလွှဲပြောင်း ပို့ဆောင်ခဲ့ရပါတယ်။ 🔹 လူနာအရေအတွက်: အခုလက်ရှိအချိန်မှာတော့ ကျိုက္ခမိဆေးရုံမှာ ဝမ်းရောဂါ ကူးစက်ခံထားရသူ လူနာ (၃၀) ဦး…

  • แ€‘แ€ญแ€ฏแ€„แ€บแ€ธ-แ€™แ€ผแ€”แ€บแ€™แ€ฌแ€”แ€šแ€บแ€…แ€•แ€บแŠ แ€™แ€ผแ€”แ€บแ€™แ€ฌแ€˜แ€€แ€บแ€กแ€แ€ผแ€™แ€บแ€ธแ€™แ€พ แ€แ€ญแ€ฏแ€€แ€บแ€•แ€ฝแ€ฒแ€™แ€ปแ€ฌแ€ธแ€กแ€แ€ฝแ€„แ€บแ€ธ แ€…แ€…แ€บแ€€แ€ฑแ€ฌแ€„แ€บแ€…แ€ฎแ€แ€•แ€บแ€–แ€ฝแ€ฒแ€ทแ€แ€„แ€บ แ†แ€ แ€€แ€ปแ€ฑแ€ฌแ€บ แ€žแ€ฑแ€†แ€ฏแ€ถแ€ธแ€Ÿแ€ฏแ€†แ€ญแ€ฏ

    ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းမှ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် သေဆုံးဟုဆို ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်အခြမ်းတွင် တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ ပြီးခဲ့သည့် ဧပြီလမှစတင်၍ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်ဟု ထိုင်းအခြေစိုက် Khaosod သတင်းဌာနက သတင်းဖော်ပြသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထုတ်ပြန်ချက်အရ ဧပြီလအစောပိုင်းမှစ၍ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ သေ ဆုံးသူ ၆၀ ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ပင် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ်စဲ့ရင်းမြို့နယ်နှင့် မျက်နှာချင်းဆိုင်ရှိ ကရင် ပြည် နယ်၊ ဖာပွန်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့ကာ…

  • แ€แ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€žแ€ฌแ€™แ€พแ€ฌ โ€Œแ€€แ€œแ€ฑแ€ธแ€„แ€šแ€บแ€แ€…แ€บแ€ฆแ€ธ แ€”แ€ฒแ€ท แ€กแ€™แ€ปแ€ญแ€ฏแ€ธแ€žแ€™แ€ฎแ€ธแ€แ€…แ€บแ€ฆแ€ธแ€žแ€แ€บแ€–แ€ผแ€แ€บแ€กแ€œแ€ฑแ€ฌแ€„แ€บแ€ธแ€…แ€ฝแ€”แ€บแ€ทแ€•แ€…แ€บแ€แ€ถแ€›

    ဧရာဝတီတိုင်း၊ချောင်းသာကမ်းခြေဒေသမှာ ‌ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးစွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။ အသက်တစ်နှစ်အရွယ်ကလေးငယ်တစ်ဦးနဲ့ အသက်၂၀ ကျော်အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကိုချောင်းသာ၊ ဆိပ်ကြီးကျေးရွာက သစ်တောကြိုးဝိုင်းထဲမှာ ​ဒေသခံ​တွေကမေလ၂ ရက်​မှာတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ “ဓားနဲ့ထိုးပြီးသတ်ထားတဲ့အနေအထား မြင်ရတာ။ ဒေသခံတွေကစပြီးတွေ့လို့ သိရတာ။ သားအမိတွေလား ဘာလားတော့မသိဘူး။ တော်တော်လေးထူးဆန်းနေတယ်” လို့ ချောင်းသာကမ်းခြေမှာနေ ထိုင်သူတစ်ဦးကပြောပါတယ်။ ချောင်းသာမြို့ခံတယောက်က “သေဆုံးအလောင်းတွေက တဲတလုံးထဲမှာ တွေ့ရတာ။ လည်ပင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ။ အလောင်းတွေကို တာဝန်ရှိသူတွေ စစ်ဆေးဖို့ သယ်ယူသွားတာ တွေ့ရတယ်” လို့ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကရုပ်အလောင်းရှိရာနေရာကိုလာရောက်စစ်ဆေးခဲ့ပြီး ချောင်းသာဆေးရုံကိုပို့ဆောင်လိုက်တယ်လို့ သတင်းရရှိပါတယ်။ ဆိပ်ကြီးကျေးရွာနဲ့ သစ်တောကြိုးဝိုင်းပတ်ဝန်းကျင်က ဒေသခံတချို့ကို စစ်ဆေးနေပြီး ငါဦးထက်မနည်းကိုဖမ်းဆီးထားတယ်လို့လည်း သတင်းရရှိပါတယ်။ “အမှုကဘယ်လိုဖြစ်တယ်လို့မသိရသေးဘူး။ အဖမ်းခံရတဲ့သူတွေကတော့ သူတို့ကိုထောင်ချောက်ချဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပို့မှာကိုကြောက်နေကြတယ်။လူငယ်တွေလည်းမနေရဲတော့ဘူးဖြစ်နေတယ်”လို့ဒေသခံတဦးကပြောပါတယ်။ “ချောင်းသာရဲ့ သစ်တောကြိုးဝိုင်းတွေထဲမှာ အမျိုးသမီးက ထုတ်တန်းမှာ ကြိုးနဲ့ လည်ပင်းပြတ်ရှနဲ့…

  • แ€›แ€ฝแ€ฑแ€ธแ€แ€ฏแ€žแ€™แ€นแ€™แ€แ แ€•แ€ผแ€ฑแ€ฌแ€†แ€ญแ€ฏแ€™แ€พแ€ฏแ€™แ€พแ€ฌ แ€œแ€ฐแ€›แ€šแ€บแ€…แ€›แ€ฌ แ€–แ€ผแ€…แ€บแ€”แ€ฑแ€Ÿแ€ฏ แ€†แ€›แ€ฌแ€แ€ฑแ€ฌแ€บแ€™แ€ปแ€ฌแ€ธ แ€™แ€ญแ€”แ€ทแ€บแ€€แ€ผแ€ฌแ€ธ

    ဗုဒ္ဓသာသနာနှင့် ပတ်သက်၍ စစ်ခေါင်းဆောင်အသွင်ပြောင်း ရွေးတုသမ္မတ၏ ပြောဆိုမှုမှာ လူရယ်စရာ ဖြစ်နေဟု ဆရာတော်များ မိန့်ကြား စစ်ခေါင်းဆောင်အသွင်ပြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ၌ ဗုဒ္ဓ သာသနာနှင့် ပတ်သက်၍ ပြောဆိုလျှောက်ထားမှုများသည် လက်တွေ့လုပ်ရပ်များနှင့် ကွာခြားနေပြီး လူရယ်စရာဖြစ်နေကြောင်း သံဃာတော်များက ပြင်းပြင်းထန်ထန် ဝေဖန်မိန့်ကြားလိုက်သည်။ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏ လှိုဏ်ဂူသိမ်တော်ကြီးတွင် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ကျင်းပခဲ့သော ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ရွေးတုသမ္မတ တက်ရောက်ခဲ့သည်။ ထိုအခမ်းအနားတွင် “ဆရာဒကာ လက်တွဲညီစွာ ဆောင်ရွက်သွားပါက ထေရဝါဒ ဗုဒ္ဓသာသနာ တော်မြတ်ကြီး ကမ္ဘာတည်သရွေ့ သန့်ရှင်းတည်တံ့ပြန့်ပွားမည်မှာ မလွဲဧကန် အမှန်ပင် ဖြစ်ပါတယ်” ဟု ရွေးတုသမ္မတက…

  • แ€กแ€ญแ€™แ€บแ€‘แ€ฑแ€ฌแ€„แ€บแ€›แ€ฑแ€ธ แ€–แ€ฑแ€ฌแ€€แ€บแ€•แ€ผแ€”แ€บแ€™แ€พแ€ฏแ€›แ€ฒแ€ท แ€”แ€ฑแ€ฌแ€€แ€บแ€†แ€€แ€บแ€แ€ฝแ€ฒ

    🌶️ အိမ်ထောင်ရေး ဖောက်ပြန်မှုရဲ့ နောက်ဆက်တွဲ အမွှေးတိုင်နဲ့ ငရုတ်သီး ပြဿနာ ထိုင်းနိုင်ငံ၊ ရာ့ချ်ဘူရီခရိုင် (Ratchaburi)၊ ဘန်ပုန်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တုန်လှုပ်စရာ သတင်းတစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ အိမ်ထောင်ရှိ အမျိုးသားတစ်ဦးနဲ့ ခိုးကြောင်ခိုးဝှက် တွဲနေတဲ့ အမျိုးသမီးတစ်ဦးကို ဇနီးဖြစ်သူက လက်ပူးလက်ကြပ် မိသွားရာကနေ အခုလို ကြောက်စရာကောင်းတဲ့ တုံ့ပြန်မှုတွေ ဖြစ်လာခဲ့တာပါ။ ဇနီးဖြစ်သူဟာ သူမရဲ့ ခင်ပွန်းနဲ့ တိတ်တိတ်ပုန်း တွဲနေတဲ့ အမျိုးသမီးကို နေအိမ်တစ်နေရာမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒေါသ အလွန်အမင်း ထွက်နေတဲ့ ဇနီးဖြစ်သူဟာ အဆိုပါ အမျိုးသမီးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ရုံတင်မကဘဲ ငရုတ်သီးတွေကို အသုံးပြုပြီး စမူဆာထဲ သိပ်ထည့် နှိပ်စက်ခဲ့ပါတယ်။ ဒါဟာ အိမ်ထောင်ရေး ဖောက်ပြန်ရင် ဘာဖြစ်မလဲဆိုတာ ပြတဲ့ သင်ခန်းစာပဲ”…