Category: News
-

မင်းဇေသန့် (Min Zeyar Thant)ဆိုတာ ဘယ်သူလဲ
“မင်းဇေသန့်” ဆိုသည့် နာမည်ဖြင့် ထင်ရှားသူမှာ မြန်မာနိုင်ငံမြောက်ပိုင်း (ကချင်ပြည်နယ်၊ ဖားကန့်/လီဒိုလမ်းမကြီးတစ်လျှောက်) တွင် လှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ အဓိက အချက်အလက်များ – * အခန်းကဏ္ဍ – ကချင်ပြည်နယ်၊ လီဒိုလမ်းမကြီးပေါ်ရှိ ဝါရာဇု၊ ဂျားတူးဇုပ် စသည့် ကျေးရွာများဘက်တွင် လှုပ်ရှားနေသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ဦးဆောင်သူဖြစ်သည်။ * သတင်းဖြစ်စဉ်များ – ထိုဒေသအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး၊ အဆိုပါ ပြည်သူ့စစ်အဖွဲ့သည် ဒေသတွင်း သယံဇာတ (ရွှေ/ကျောက်စိမ်း) တူးဖော်မှု၊ လေကြောင်း/ဒရုန်းဖြင့် တိုက်ခိုက်မှုများနှင့် ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများတွင် ဖော်ပြခံရလေ့ရှိသူ ဖြစ်သည်။ မင်းဇေသန့် (Min…
-

တိုင်းပြည်အနှံ့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေဖြတ်ထားပြီး 5G စတင်တော့မည်ဟုဆို
ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မြန်မာနိုင်ငံမှာ 5G ဝန်ဆောင်မှုပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ဆို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ နေရာအနှံ့ ဖြတ်တောက်ခံထားရတဲ့ မြန်မာနိုင်ငံမှာ လက်ရှိကွန်ရက်တွေကို အဆင့်မြှင့်တင်ပြီး 5G နည်းပညာနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းအစိုးရရဲ့ ဆက်သွယ်ရေးဒုဝန်ကြီး ဦးသက်ဝင်းအောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၈ ရက် မနေ့က ကျင်းပခဲ့တဲ့ မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရေးနဲ့ စပ်လျဉ်းတဲ့ ညှိနှိုင်းအစည်းအဝေးမှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်မှာဖြစ်ကြောင်း ပြောဆိုခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ 5G နည်းပညာ အသုံးပြုပြီး ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် Mid-Band (2600 MHz) လှိုင်းကို သတ်မှတ်ချထားပေးပြီး…
-

ကြက်ဥတစ်လုံး ၇၀၀ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် ပါမောက္ခဘွဲ့ ရရှိပြန်
ကြက်ဥတစ်လုံး ၇၀၀ ဖြစ်အောင်လုပ်ခဲ့တဲ့ မင်းအောင်လှိုင် ရုရှားစီးပွားရေးတက္ကသိုလ်က ပါမောက္ခဘွဲ့ ရသွားပြန် ပြည်တွင်း၌ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ကာ ကြက်ဥတစ်လုံးလျှင် ကျပ် ၇၀၀ အထိ စံချိန်တင် ဈေးနှုန်းကြီးမြင့်နေချိန်တွင် ရွေးတုသမ္မတ မင်းအောင်လှိုင်သည် ရုရှားနိုင်ငံ Plekhanov စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ အပ်နှင်းခြင်းခံရကြောင်း သိရသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် အရွေးတုသမ္မတ မင်းအောင်လှိုင်အား အဆိုပါ Plekhanov Russian University of Economics က ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ အပ်နှင်းသည့် အခမ်းအနားကို ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် လက်ခံယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မင်းအောင်လှိုင်နှင့်အတူ…
-

ဆယ်လီတွေ ဓာတ်ပုံရိုက် ပြန်သွားပြီးနောက် အခြေအနေပိုဆိုးလာတဲ့ ဧရာဝတီ
မြစ်ရေကြီးမှု ဆိုးရွားလာသော ငါးသိုင်းချောင်းတွင် ပြည်သူ ၁ ဦး ရေနစ်သေဆုံး၊ လေးမျက်နှာ၊ ကျုံပျော်၊ ရေကြည်နှင့် ဟင်္သာတအစပ်တို့တွင် ရေမြင့်တက်မှု ဆိုးရွားလာနေပြီး အကူအညီများ လိုအပ်နေ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် မြစ်ရေကြီးမှု ပိုမိုဆိုးရွားလာနေပြီး ဘုရားလမ်းနှင့် အောင်ဇေယျလမ်းဆုံ၌ ပြည်သူ ၁ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်း ငါးသိုင်းချောင်းမြို့ ကိုတွတ်လမ်းဆုံတွင် ရေစီးနှင့်အတူ လူ ၁ ဦး မျောပါသွားပြီး နစ်မြုပ်သွားခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှ လှေများနှင့် ပြည်သူများက ၀ိုင်းဝန်း ကူညီကယ်ဆယ်ခဲ့သော်လည်း ရေနစ်သွားသူမှာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ “ငါးသိုင်းချောင်း၊ ကိုတွတ်လမ်းဆုံမှာ ရေစီးထဲမှာ မျောပါလာတာ။ ၀ိုင်းဝန်းဆယ်ပေမယ့် အသက်မမီဘူး။…
-

စစ်ကိုင်း ကောင်းမှုတော်နား ပတ်ကြမ်းတိုက်နေပြီ
စစ်ကိုင်း ကောင်းမှုတော်အနီး စစ်အုပ်စု ငွေညှစ်ဂိတ်က ခရီးသွားတွေကို ကားပေါ်ကဆွဲချ ပေါ်တာဆွဲနေ စစ်ကိုင်းနဲ့ မုံရွာမြို့ပေါ်မှာလည်း စစ်အုပ်စုက အိမ်စီးကားတွေနဲ့ လိုက်လံ ဖမ်းဆီးပေါ်တာဆွဲနေ စစ်ကိုင်းမြို့၊ ကောင်းမှုတော်ဘုရားအနီး၊ မန္တလေး – ရွှေဘို – မုံရွာကားလမ်းပေါ်ရှိ စစ်အုပ်စု ငွေညှစ်ဂိတ်က ခရီးသွား ပြည်သူတွေကို ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ ဖမ်းဆီး စစ်သားသစ် စုဆောင်းနေပြီး ဒီကနေ့လည်း ခရီးသည်တင် ကားတစ်စီးပေါ် လိုက်ပါလာတဲ့ လူငယ် အမျိုးသား သုံးဦးကို ကားပေါ်က ဆွဲချကာ ဖမ်းခေါ်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဩဂုတ် ၁၈ ရက် ဒီကနေ့ မနက် ၈ နာရီဝန်းကျင်မှာ စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားအနီး ငွေညှစ်ဂိတ်မှာ ခရီးသွားပြည်သူနဲ့ ကားတွေကို…