Category: News
-

ကပစ ၁၆ တပ်မိသားစုများ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ဘေးရှောင်
အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကြောင့် ပန်းတောင်းမြို့နယ်မှာရှိတဲ့ အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံက မှီခိုရဲမေမိသားစုတွေနဲ့ အသက်အရွယ်ကြီးသူတွေကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေ့နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မေ ၁၄ ရက်ကစလို့ ကပစ ၁၆ က မှီခိုရဲမေတွေ၊ ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေကို ကေတုမတီအခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဆီကို ပြောင်းနေတာလို့ ဆိုပါတယ်။ စစ်ရေးသတင်းရင်းမြစ်တယောက်က “တိုက်ပွဲက ကပစ ၁၆ နဲ့ နီးလာတာရယ်၊ အရှေ့မှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ သုံ့ပန်းအဖြစ် အဖမ်းခံရတာတွေရှိတာကြောင့် မှီခိုမိသားစုတွေနဲ့ အသက်ကြီးတဲ့သူတွေကို တိုင်းစစ်ဌာနချုပ်ကို ယာယီပြောင်းရွှေ့ထားတဲ့သဘောပါ” လို့ ပြောပါတယ်။ ပြောင်းရွှေ့ရေးကို ကပစ ၁၆ က ဗိုလ်ကြီးတယောက်နဲ့ တပ်မ ၇၇ က အရာရှိတွေ ဦးဆောင်ပြီး ကပစ…
-

ရေကြည်အမြောက်တပ် ၃၄၄ ကို AA နဲ့မဟာမိတ်တွေ ယာယီထိန်းချုပ်
ရေကြည်အမြောက်တပ် ၃၄၄ ကို AA နဲ့မဟာမိတ်တွေ ယာယီထိန်းချုပ်ပြီး လေကြောင်းအန္တရာယ်ကြောင့် ပြန်ဆုတ်ထား၊တိုက်ပွဲဆက်လက်ပြင်းထန် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲ အမြောက်တပ် အမတ ၃၄၄ကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေကမေလ ၁၅ရက်နေ့မှာ ယာယီထိန်းချုပ်နိုင်ခဲ့ပြီး လေကြောင်းရန်ကြောင်း ပြန်ဆုတ်ထားသလို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ရခိုင်ပြည်နယ်ဂွမြို့နဲ့ဆက်စပ်နေပြီးဂွ-ငသိုင်းချောင်းလမ်းဘေးက မြောက်စမ်းရွာအနီးမှာရှိတဲ့ အမြောက်တပ် အမတ(၃၄၄)ကို မေလ ၉ ရက်ကစပြီး AA နဲ့မဟာမိတ်တွေကထိုးစစ်ဆင်နေတာပါ။ ကာကင်းစခန်းအားလုံးကို သိမ်းယူထားနိုင်ပြီး မေလ ၁၅ ရက် မနက်အစောပိုင်းမှာတော့ အမတ(၃၄၄)ထဲအထိ ဝင်ရောက်ထိုးစစ်ဆင်နိုင်ခဲ့တာပါ။ “၃၄၄ ကျပြီဆိုပြီးတမြို့လုံးပြောနေကြတာ။ တပ်ထဲကဝန်ထမ်းမိသားစုတွေလည်းအပြင်ထွက်လာလို့မရတော့တာ ကြာပြီ။ တိုက်ပွဲတွေစဖြစ်ပြီဆိုကတည်းက အရာရှိတွေရဲ့မိန်းမတွေ ရန်ကုန်နဲ့ ဟင်္သာတဘက်ကို ရှောင်သွားတာ။ ၁၄ ရက်နေ့ကတော့ တိုက်ပွဲတွေတော်တော်ပြင်းခဲ့ပြီး လေကြောင်းကနေလည်း ညပိုင်းနဲ့ နောက်နေ့မနက်မိုးလင်းတဲ့အထိလာကြဲတာ”လို့ ရေကြည်မြို့ခံသတင်းရင်းမြစ်ကပြောပါတယ်။ လက်ရှိတိုက်ပွဲတွေနဲ့နီးစပ်တဲ့ ဧရာဝတီတိုင်းထဲကတော်လှန်ရေးသတင်းရင်းမြစ်အချို့က…
-

ခရိုနီ ဦးတေဇ၏သား ထူးထက်တေဇ စစ်မှုထမ်းရန် ဆင့်ခေါ်စာ လူမှုကွန်ရက်၌ ပျံ့နှံ့နေ
မြန်မာနိုင်ငံ၏ အချမ်းသာဆုံးစာရင်းဝင် ဦးတေဇ၏သား မောင်ထူးထက်တေဇ စစ်မှုထမ်းရန် ဆင့်ခေါ်စာ လူမှုကွန်ရက်၌ ပျံ့နှံ့လျက်ရှိသည် အဆိုပါ ပျံ့နှံ့နေသည့် ဆင့်ခေါ်စာသည် ကမာရွတ်မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ၂၀၂၆ ခုနှစ် မေလ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး၊ အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်သည့် စာတစ်စောင် ဖြစ်သည်။ စာအထဲတွင်မူ အမည် မောင်ထူးထက်တေဇ၊ အဘအမည် ဦးတေဇ၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် ၁၂/ကမရ(နိုင်)၀၆၀၈၅၁၊ နေရပ်လိပ်စာ အမှတ် (၈၆)၊ အင်းယားလမ်း၊ (၁၀) ရပ်ကွက်၊ ကမာရွတ်မြို့နယ်ဟု အတိအကျ ဖော်ပြထားသည်။ ထို့အပြင် အဆိုပါပုဂ္ဂိုလ်သည် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် အသက်အရွယ်ပြည့်မြောက်ပြီးသူ ဖြစ်သဖြင့် မေလ ၁၄ ရက်နေ့ ရုံးချိန်အတွင်း ကမာရွတ်မြို့နယ်ထွေအုပ်ရုံး (နာဂတ်တောလမ်းနှင့် နာဂတ်တောဂိတ်တံတားအဆင်း) နေရာသို့…
-

အမေ့လျော့ခံ မဟုတ်တဲ့ သရုပ်ဆောင် ရဲတိုက်
အင်းစိန်ထောင်မှာ ၅ နှစ်ကျော်ကြာ ကျခံနေရတဲ့ သရုပ်ဆောင် ရဲတိုက်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်က သူ့ရဲ့ ၄၂ နှစ်မြောက် မွေးနေ့ကို ထောင်တွင်းမှာပဲ ဖြတ်သန်းခဲ့ပါတယ်။ သူ့ရဲ့ ပရိသတ်တွေကတော့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေ ထွက်လာတိုင်းမှာ မျှော်နေကြပေမယ့် ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက် လွတ်ငြိမ်းမှာလည်း ပါဝင်လာခြင်း မရှိသလို ကဆုန်လပြည့်နေ့မှာလည်း မျှော်လင့်ချက်မဲ့ခဲ့ပါတယ်။ သရုပ်ဆောင် ရဲတိုက်ဟာ ၂၀၂၁ ဧပြီ ၃ ရက်က ရန်ကုန်မြို့ သမိုင်းလမ်းဆုံမှာ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကိစ္စတွေနဲ့ ပတ်သက်လို့ အင်တာဗျူးဖြေဆိုတာ၊ Facebook ပေါ် တင်တဲ့စာတွေကြောင့် လသာမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅- က နဲ့ တရားစွဲတဲ့အပြင်…
-

စမ်းရေမိုးပွဲကြည့်ရင် ကားပျောက်သွားလို့တဲ့
မနေ့ညက စမ်းရေမိုးဇာတ်ပွဲသွားကြည့်ရင်း ကားတစ်စီး ပျောက်ဆုံးသွားလို့ ဝိုင်းဝန်းကူညီ ရှာဖွေပေးကြပါဦးရှင်။ ရောက်ရှိရာနေရာကနေ မျှဝေ (Share) ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ပျောက်ဆုံးသည့်နေ့ရက် – 16.5.2026 (ညပိုင်း) ပျောက်ဆုံးသည့်နေရာ – မြစ်လောင်း စန်းရေမိုးပွဲအနီး (လမ်းဘေးတွင် ရပ်ထားခဲ့ခြင်း ဖြစ်သည်) ပျောက်ဆုံးသည့်အချိန် – ည (၁၁:၃၀) နာရီအထိ ကားရှိသေးသော်လည်း ညဉ့်နက် (၂:၃၀) နာရီခန့် ပြန်ချိန်တွင် မရှိတော့ပါ။ ကားအမျိုးအစား – Mazda Demio (ခဲမဲရောင်) 💡 မိဘပြည်သူများ၊ မိတ်ဆွေများရှင် – ဖော်ပြပါ ကားအမျိုးအစားနှင့် အရောင်တူ ကားတစ်စီးစီးကို မသင်္ကာဖွယ်ရာ တွေ့ရှိခဲ့လျှင်ဖြစ်စေ၊ သတင်းအစအန ရရှိခဲ့လျှင်ဖြစ်စေ အောက်ပါဖုန်းနံပါတ်များသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးပါရန် အကူအညီတောင်းခံအပ်ပါသည်။ 📞…