Category: News
-

ဘိုကလေးဈေးရှေ့မှာ မုဆိုးမလေးဂင်္ဂါ ဇာတ်လမ်းရိုက်နေတဲ့ အဖွဲ့
ဘိုကလေးဈေးရှေ့မှာ မုဆိုးမလေးဂင်္ဂါ ဇာတ်လမ်းရိုက်နေတဲ့ အဖွဲ့…(မိတ်ဆွေတို့သတိထားနိုင်ဖို့ပါ) ဘိုကလေးဈေးရှေ့ကားခဏရပ်ပြီး မိတ်ဆွေတယောက်ကိုခဏစောင့်နေတုန်း ပုံပါအမျိုးသမီး ကြောင်တောင်တောင်ပုံဖမ်းပြီး ကားနောက်ခန်းတံခါးလာဆွဲဖွင့်တယ်၊ ဖွင့်မရ။ ကျွန်တော်ကမှန်ချပြီး ဘာလုပ်တာလဲ ဘာညာနဲ့ခပ်ငေါက်ငေါက်ပြောလိုက်တော့ ကြောင်တောင်တောင်စကားတွေပြောပြီး ပုံထဲကအတိုင်း သစ်ပင်အောက်သွားထိုင်တယ်။ ဘာလုပ်မလဲဆက်ကြည့်နေတာ ခဏနေတော့နောက်ရပ်ထားတဲ့ကားဆီသွားပြီးတံခါးထပ်သွားဖွင့်တယ်။ ကျွန်တော်ဓါတ်ပုံလှမ်းရိုက်လိုက်တယ်။ နောက်ကားမှာကအမျိုးသမီးတဦးတည်းရယ်။ အော်သံကျယ်ကြီးကြားရတယ်။ ကျွန်တော်လည်းလိုအပ်ရင်ကူညီဖို့ကားစက်ရပ်ပြီးဆင်းလိုက်တယ်၊ ပတ်ဝန်းကျင်ကပါဝိုင်းကြည့်နေတော့ ကားပေါ်ကပြန်ဆင်းလာပြီး ခုနသစ်ပင်အောက်ပြန်ထိုင်တယ်။ ကျွန်တော်ကားပေါ်ပြန်တက်တော့ လိုက်တက်တယ်။ အော်ပြီးဆွဲချလိုက်ရတယ်၊ အဲ့တော့မှ သူ့အဖော်လို့ယူဆရတဲ့ အမျိုးသမီး၂ဦးနဲ့အမျိုးသား၁ဦးက ဘေးကနေပြီး မလုပ်ပါနဲ့ဗိုက်ဆာလို့ဖြစ်မှာပါတဲ့၊ ကျွန်တော်လည်းစိတ်တိုတိုနဲ့ ဗိုက်ဆာမှန်းသိရင်ခင်ဗျားတို့ခေါ်သွားပြီးကျွေးလိုက် ဆိုတော့ ငတိက ဘုကြည့်ကြည့်တော့ ကားထဲကဝါးခြမ်းဆွဲပြီး မိုက်စကားပြောရရော၊ ငတိမတွေကလည်းရန်တွေ့သေးဗျာ ကျွန်တော်လည်းစကားတခွန်းမှပြန်မပြောဘဲ ငတိကို ခုန်ကန်လိုက်ပြီးပြန်အကျမှာ ဝါးခြမ်းနဲ့ ခပ်စပ်စပ်လေးတွယ်လိုက်ပြီး တက်နင်းထားလိုက်ရော ခုနက သာလိကာမတွေက ဈေးထဲဝင်ပြေးရောဗျာ။ ငတိကအဲ့တော့မှ ငိုမဲ့မဲ့နဲ့ သူနဲ့မဆိုင်ပါဘူးဆိုပြီး drama တွေခင်းပါရော။…
-

အွန်လိုင်းဆယ်လီ သမီးဆိုးကို ပုဒ်မ ၆၆ (ဃ) အရ ထောင်ဒဏ် ခြောက်လ ချမှတ်
အွန်လိုင်းဆယ်လီ သမီးဆိုး (ခ) သက်ကိုကို ကို ပြင်ဦးလွင်ခရိုင် တရားရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) အရ ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ပြီ ဖြစ်တယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ သမီးဆိုး (ခ) သက်ကိုကို ကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခဲ့တာဖြစ်ပြီး စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃…
-

၁၈ နှစ်အရွယ် လူငယ်တစ်ဦးက ေ-သနတ်တစ်လက်နှင့် ဝင်ရောက်စီးနင်းပြီး ကျောင်းသား ၃၀၀ ကျော်ကို ဓ-ားစာခံအဖြစ် ဖ-မ်းဆီးထား
ထိုင်နိုင်ငံ Songkhla ပြည်နယ် Hat Yai ရှိ ကျောင်းတစ်ကျောင်းကို ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက ေ-သနတ်တစ်လက်နှင့် ဝင်ရောက်စီးနင်းပြီး ကျောင်းသား ၃၀၀ ကျော်ကို ဓ-ားစာခံအဖြစ် ဖ-မ်းဆီးထား ထိုင်နိုင်ငံ Songkhla ပြည်နယ် Hat Yai ရှိ Patong Than Khiri Wat School ကို အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက ေ-သနတ်တစ်လက်နှင့် ဝင်ရောက်စီးနင်းပြီး ကျောင်းအုပ်ကြီးကို ေ-သနတ်နှင့် ပ-စ်ခ-တ်ကာ ကျောင်းသား ၃၀၀ ကျော်ကို ဓ-ားစာခံအဖြစ် ဖ-မ်းဆီးထားတယ်လို့သိရပါတယ်။ သတင်းတွေအရ ဖေဖော်ဝါရီလ ၁၁ ရက်.၂၀၂၆ ခုနှစ် ယနေ့ဖြစ်ပွားနေတာဖြစ်ပြီး သံသယရှိသူဟာ ရဲဝန်ထမ်းတစ်ဦးရဲ့ သေ_န_တ်ကို ခိုးယူကာ ဆိုင်ကယ်နဲ့ ကျောင်းကို…
-

ပေါက်မှာ စစ်အုပ်စုက တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲမှု ပြည်သူ ငါးဦးသာ အလောင်းပြန်ရ
ကုန်စုံဆိုင်ပေါ် ပေါင် ၅၀၀ ဗုံး ကြဲချခံရပြီး စျေးဆိုင်နဲ့ စျေးဝယ်နေသူတွေ တစစီ လွင့်စင် ပျောက်ကွယ် ထပ်မံ ဗုံးကြဲမှာ စိုးရိမ်ကြောက်ရွံ့လို့ ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးနေရ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ချက်ကန်ကျေးရွာကို မနေ့က မနက်ပိုင်း အာဏာသိမ်း စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲချခဲ့ရာ ပြည်သူ ငါးဦးရဲ့ အလောင်းသာ ရှာတွေ့ပြီး အလောင်းရှာမရဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက် ဒီနေ့ မနက် ၁၀ နာရီခန့်မှာ ပေါက်မြို့နယ် တောင်ပိုင်းရှိ ချက်ကန်ကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ် သုံးစီးနဲ့ ပေါင် ၅၀၀ ဗုံးတွေ အပါအဝင်…
-

မီတာခ စျေး တက်မယ့် အိမ်တွေ….
ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၊ ကွန်ဒို၊ ကုန်တိုက်နှင့် ဟိုတယ်လုပ်ငန်းများကို LNG ဓာတ်အားမှတစ်ဆင့် ၂၄ နာရီ လျှပ်စစ်မီးပေးဝေသွားမည့် စနစ်သစ်တစ်ခုကို ဖော်ဆောင်လျက်ရှိရာ ယင်းအတွက် မီတာခကို တစ်ယူနစ် ၉၀၀ ကျပ်နှုန်း သတ်မှတ်ကောက်ခံသွားမည် ဖြစ်ပါသည်။ ယင်းနှုန်းထားသစ်နှင့် ပတ်သက်၍ ကွန်ဒိုများဘက်မှလည်း ယခု ဖေဖော်ဝါရီလမှစတင်ကာ နေထိုင်သူများကို အသိပေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ နှုန်းထားကွာဟချက်များ ယခင်က စက်မှုဇုန် မီတာခများသည် အသုံးပြုမှုပမာဏအပေါ်မူတည်၍ တစ်ယူနစ်လျှင် ၂၅၀ ကျပ်မှ ၅၀၀ ကျပ်သာ ရှိခဲ့သော်လည်း ယခု LNG ဓာတ်အားစနစ်တွင်မူ ပမာဏကန့်သတ်ချက်မရှိ တစ်ယူနစ် ၉၀၀ ကျပ် တပြေးညီ ကောက်ခံမည်ဖြစ်သောကြောင့် ယခင်ဈေးနှုန်းထက် များစွာမြင့်တက်လာမည် ဖြစ်သည်။ သို့သော် ကွန်ဒို၊ ဟိုတယ်နှင့် ကုန်တိုက်များအနေဖြင့်…