Category: News
-
ဗန်းမော်လာတဲ့ သင်္ဘောတွေက အမြင်မှန် ရကုန်ပြီ
ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ထွက်ခွာလာသော စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်များက တောက်လျှောက်တိုက်ခိုက်မှု သင်္ဘော ၄ စီး ထိခိုက်ပျက်စီးသွားပြီးနောက် စစ်သင်္ဘော ၂ စီး ကမ်းကပ်အလံဖြူထောင် အလင်းဝင်သူ စစ်သား ၁၀၀ ကျော်ရှိပြီး ရေထဲသို့ ခုန်ချ ရေကူးထွက်ပြေးသော စစ်သားများလည်းရှိ ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်မြို့သို့ စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် ဆန်တက်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ရေ ယာဉ်အုပ်စုကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက လမ်းတစ်လျှောက် တောက် လျှောက်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၃ စီး ထိခိုက်ပျက်စီးသွားပြီး ကျန်သင်္ဘော ၂ စီးမှာ ကမ်းဘေးသို့ကပ်ကာ အလံဖြူထောင်လိုက်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ…
-
ပဲခူး ရေ စ ဝင်ပြီ
ပဲခူးရေကြီးနေပြီး ရန်ကုန်-ပဲခူး ကားလမ်းပေါ် ရေတက်လာ ပဲခူးတိုင်း၊ ပဲခူးမြို့မှာ စက်တင်ဘာ ၁ ရက် ညပိုင်းကစလို့ မြစ်ရေမြင့်တက်လာပြီး ပဲခူး-ရန်ကုန် ကားလမ်း ရေကျော်နေသလို အနိမ့်ပိုင်းရပ်ကွက်တွေလည်း ရေမြှုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇောင်းတူချောင်းဖျားမှာ ရေတက်နေတာကြောင့် ပဲခူးဘက်ကို ရေလွှတ်ချလို့ ဇိုင်းမြောက်၊ ကျောက်ကြီးစု၊ ၁ လမ်း၊ ခေါင်းဆေးကျွန်းရပ်ကွက် ရေမြှုပ်နေသလို ရန်ကုန်- ပဲခူးကားလမ်းလည်း ရေတက်နေပြီလို့ ဆိုပါတယ်။ ပဲခူးမြို့ဒေသခံတယောက်က “ရေက အနိမ့်ပိုင်းတွေအကုန်ရေစဝင်နေပြီ။ ရန်ကုန်- ပဲခူး လမ်းမပေါ် ခေါင်းဆေးကျွန်း ၁ လမ်းနေရာလည်း ရေရှိတယ်။ ဇောင်းတူချောင်းဖျားမှာ ရေတက်နေတော့ ဒီဘက်ကို ရေနည်းနည်းစီ လွှတ်နေတာ။ ရန်ကုန်- ပဲခူးလမ်းတော့ ကားသွားလို့ရသေးတယ်။ ရေက ထပ်တက်မဲ့ အခြေအနေမှာရှိတယ်”လို့ ပြောပါတယ်။ မိုးလေဝသနဲ့…
-
ယောက်ျားလစ်တုန်း M-ဒိမ်းကျင့်ဖို့ကြံတဲ့ အုပ်ကြီး
ဇီးပင်ကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်မှုဖြစ်ပွား ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ်၊ ဇီးပင်ကွင်းကျေးရွာအုပ်စု၊ ရှမ်းချောင်ကျေးရွာနေ အုပ်ချုပ်ရေးမှူး သန်းလွင်သည် ၎င်း၏ရာထူးလုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ရွာသူတစ်ဦးအား မဖွယ်မရာပြုလုပ်ရန် ကြံစည်ပြီး အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ လွန်ခဲ့သော (၃၀) ရက်နေ့ ညနေ ၂ နာရီအချိန်ခန့်တွင် အုပ်ချုပ်ရေးမှူး သန်းလွင်သည် အရက်သေစာ သောက်စား မူးယစ်လာပြီးနောက် ကသစ်တန်းကျေးရွာ မ————၏ နေအိမ်သို့ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူအား လယ်ယာသုံးဆေးအိတ် သွားရောက်ယူဆောင်ခိုင်းခဲ့သည်။ ထို့နောက် ကာမပိုင် ခင်ပွန်းဖြစ်သူ မရှိသည့်အချိန်တွင် အိမ်အတွင်းသို့ ဝင်ရောက်ကာ မ————-အား မတော်မတရား ကြံစည်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ အဓမ္မပြုကျင့်နေစဉ်အတွင်း ခင်ပွန်းဖြစ်သူမှာ အိမ်သို့ ပြန်လည်ရောက်ရှိလာသဖြင့် အုပ်ချုပ်ရေးမှူး သန်းလွင်နှင့် မျက်နှာချင်းဆိုင် တိုးခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူက အုပ်ချုပ်ရေးမှူးအား…
-
ရွှေကူရဲ့ အလှလေးတွေ ထုတ်ပြလာတဲ့ KIA, KPDF (ရုပ်သံ)
ရွှေကူတ်ိုက်ပွဲမှာ သိမ်းယူထားတဲ့ စစ်တပ်ရဲ့သင်္ဘောကို KIA၊ KPDF နှစ်မြှုပ်ဖျက်ဆီး ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။ မန္တလေးဂေါဝန်ဆိပ်ကနေ ဧရာဝတီ မြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော၁၅ စီးပါအုပ်စုထဲကတစ်စီးကို ဩဂုတ် ၂၉ရက်မှာKIA၊KPDF ပူးပေါင်းတပ်က ရွှေကူမြို့နယ်ထဲမှာ တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။ သင်္ဘောကိုစောင့်နေတဲ့စစ်သားတွေက တိုက်ခိုက်ခံရချိန်မှာ ထွက်ပြေးသွားကြပါတယ်။ စက်တင်ဘာ ၁ ရက်ညမှာတော့ ကချင်စစ်ရေးအခြေအနေတွေရေးသားတင်ပေးနေတဲ့လူမှုကွန်ယက်တွေမှာ စစ်သင်္ဘောကို ဖောက်ခွဲဖျက်ဆီးလိုက်တဲ့ရုပ်သံမှတ်တမ်းကိုဖော်ပြလာပါတယ် ။ အဲဒီသင်္ဘောကို အပြီးဖျက်ဆီးလိုက်တယ်လို့ KIAနဲ့ နီးစပ်တဲ့စစ်ရေးသတင်းမြစ်ကပြောပါတယ်။ လက်ရှိ ရွှေကူမြို့နယ်ထဲမှာဖြစ်ပွားတဲ့ မြေပြင်တိုက်ပွဲတွေနဲ့ စစ်သင်္ဘောအုပ်စုကိုတိုက်ခိုက်နေတဲ့ ဧရာဝတီ မြစ် ကြောင်းထဲကတိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ထိခိုက်သေဆုံးမှုများပြားနေတယ်လို့ သတင်းရရှိပါတယ်။ “ရွှေကူဆေးရုံမှာကုတင်တွေဆွဲထုတ်ပြီးကြမ်းပြင်ပေါ်မှာကုနေရတာ။စစ်တပ်အရမ်းအထိနာထားတယ်။ လေကြောင်းကနေလည်းဆက်တိုက်လာကြဲနေတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ သီးခြားအတည်မပြုနိုင်ပေမဲ့ ခလရ(၁၂၀) တပ်ရင်းမှူး သေဆုံးခဲ့သလို…
-
မအလ လာရောက်ပြီးနောက် အခြေအနေ ပိုဆိုးလာတဲ့ ညောင်တုန်းတာပြိုကျမှု
မင်းအောင်လှိုင် လာရောက်ပြီးနောက် ညောင်တုန်းတာပြိုကျမှု ပိုမိုဆိုးရွားလာပြီး နေ့စဉ် မြေသားတာ တမံများ ပြိုကျနေ တာပြိုကျမှု သတင်းကို စစ်တပ်က ဖုံးဖိထားပြီး ပီနန်အိတ်သောင်းချီ အရေးပေါ် အလှူခံ ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာတွင် ညောင်တုန်းကျွန်းတာပြိုကျမှုမှာ အကြမ်းဖက် မင်းအောင်လှိုင် လာရောက်ပြီးနောက် အခြေအနေဆိုးရွားလာပြီး နေ့စဉ်မြေသားတာများ တဖြည်းဖြည်းပြိုကျလျက်ရှိကြောင်း ညောင်တုန်းတာပြုပြင်ရေးတွင် လုပ်အားပေးခေါ်ယူခံနေရသော ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အဆိုပါ ညောင်တုန်းကျွန်းတာသည် ဧရာ၀တီမြစ်ရေကို တားဆီးထားခြင်းဖြစ်ပြီး ဩဂုတ် ၂၅ ရက်နေ့ ဧရာဝတီမြစ်ရေတိုက်စား မှုကြောင့် မြေသားတာတံမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာတွင်တစ်ဆက် တည်းတွင် ကမ်းပြိုကျသွားခဲ့ကြောင်း၊ ယင်းနောက် ဒေသပြည်သူများနှင့်စစ်တပ်က တာပြိုကျမှု ကာကွယ်တားဆီးရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် အကြမ်းဖက်…