Category: News
-

စစ်တပ်က တပ်မ ၄ ခုအထိသုံးပြီး ဆိပ်ဖြူနယ်က ကပစ စက်ရုံတွေ အင်အားဖြည့်နေ
စစ်တပ်က တပ်မ ၄ ခုအထိသုံးပြီး မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေကို အင်အားထပ်ဖြည့်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁)နဲ့ မိတ္ထီလာမြို့ အခြေစိုက် တပ်မ(၉၉)ကနေလာတဲ့ယာဥ်တန်းတွေ ဟာ မေလ ၁၆ ရက်က ဆိပ်ဖြူမြို့နယ်ကို ဦးတည်ဝင်ရောက်နေတာလို့ ဆိုပါတယ်။ “အရင်ဝင်ထားပြီးသားနဲ့ အခုဝင်လာတာဆိုရင် တပ်မ ၅၅ ၊ ၈၈ ၊ ၉၉ ၊ ၁၀၁ စုစုပေါင်းအင်အား ၁၅၀၀ လောက်ပါတယ်”လို့ ဆိပ်ဖြူအခြေစိုက် ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ တပ်မ(၁၀၁)ကလာတဲ့ အင်အား ၅၀၀ ဝန်းကျင်ပါတဲ့ယာဥ်တန်းဟာ ဆိပ်ဖြူ ကပစ(၂၂)ကို ဝင်ရောက်နေပြီး မိတ္ထီလာမြို့ဘက်ကလာတဲ့ တပ်မ(၉၉)ယာဥ်တန်းက ဆိပ်ဖြူမြို့တဖက်ကမ်း ချောက်မြို့နယ်ကို ရောက်နေတယ်လို့ အသိပေးပါတယ်။ “ပေါက်နဲ့ ဆော…
-

အလုပ်ရခဲ့သည့်အတွက် အကသမားများငှားပြီး နတ်ကွန်းရှေ့၌ ကပြ
ထိုင်းအမျိုးသမီးတစ်ဦး အလုပ်ရခဲ့သည့်အတွက် အကသမားများငှားပြီး နတ်ကွန်းရှေ့၌ ကပြ ထိုင်းနိုင်ငံအရှေ့ပိုင်းရှိ အမျိုးသမီးတစ်ဦးသည် ဆေးရုံတွင် အလုပ်အသစ် ရရှိသွားခြင်းအား အောင်ပွဲခံသည့်အနေဖြင့် ဒေသခံနတ်ကွန်းတစ်ခု၏ ရှေ့တွင် အကသမားများနှင့် အသံချဲ့စက်ကားကြီးကို ငှားရမ်းကာ ကပြဖျော်ဖြေပူဇော်ခဲ့ပြီးနောက် လူမှုကွန်ရက်စာမျက်နှာ၌ ရေပန်းစားလျက်ရှိသည်။ ချာချိုးဆောင်းခရိုင် (Chachoengsao)၊ သာတာကီယပ်မြို့နယ် (Tha Takiap) ရှိ “ပူးဘွန်မာနှင့် ယာဘူမီ (Pu Bunma and Ya Bumi)” နတ်ကွန်းတွင် မြိုင်မြိုင်ဆိုင်ဆိုင် ကပြဖျော်ဖြေနေသည့် အဆိုပါ ဗီဒီယိုဖိုင်များသည် မေလ ၁၆ ရက်နေ့တွင် အွန်လိုင်းပေါ်၌ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပြီး ဒေသခံလူမှုကွန်ရက် အသုံးပြုသူများအကြား အထူးစိတ်ဝင်စားခြင်း ခံခဲ့ရသည်။ သီတာရတ် (Thidarat) နှင့် ၎င်း၏ ညီမဖြစ်သူ မနွန်း (Noon) တို့၏…
-

စစ်မှုထမ်းဥပဒေနောက်ကွယ်မှ ကလေးသူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးလာတဲ့ ဖြစ်စဥ်များ
စစ်မှုထမ်းဥပဒေနောက်ကွယ်မှ ကလေးသူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးလာတဲ့ ဖြစ်စဥ်များ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်များကို အဓမ္မဖမ်းဆီးပြီး၊ မှတ်ပုံတင်အတုများ ပြုလုပ်ကာ အာဏာသိမ်း စစ်တပ်ရဲ့ စစ်မှုထမ်းထဲသွင်းရန် ရောင်းစားနေတဲ့ ဖြစ်စဉ်များ မြေပြင်မှာ ခပ်စိပ်စိပ် ဖြစ်ပွားနေကြောင်း ဒေသခံတွေထံက စုံစမ်းသိရှိရပါတယ်။ မကြာသေးမီက မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု၌ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး လမ်းမှာ အဓမ္မဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ ထိုကလေးကို အသက်ပြည့်ပြီးသားဖြစ်ကြောင်း သက်သေပြရန်အတွက် မှတ်ပုံတင်အတု ပြုလုပ်၍ စစ်မှုထမ်းထဲသွင်းရန် ရောင်းစားခဲ့ခြင်း ဖြစ်တယ်လို့ ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။ ယခုဖြစ်စဉ်မှာ မိဘများက အချိန်မီ လိုက်လံစုံစမ်းနိုင်ခဲ့ခြင်းကြောင့် ကလေးငယ်မှာ မိဘလက်ထဲ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း၊ အများစုမှာ မိသားစုနဲ့ အဆက်အသွယ် လုံးဝမရတော့ဘဲ…
-

တိုက်ပွဲဖြစ်ပွားခဲ့သည့် ကနေဒီတောင်အနီး လင်းတများ ထူးခြားစွာကျက်စားနေ
ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကနေဒီတောင်နှင့် အနီးတဝိုက်တွင် လင်းတငှက်များ ထူးခြားစွာ ကျက်စားသွားလာနေကြောင်း ဒေသခံနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။ ကလေးမြို့နှင့် တီးတိန်မြို့နယ်လမ်းပေါ်ရှိ ကနေဒီတောင်အနီးတဝိုက် နှင့် ဇောင်ကောင်ရွာတို့ဘက်တွင် ကျက်စားနေခြင်းဖြစ်ကြောင်း သိရသည်။ “ဟိုအရင်က မလားဖူးဘူး ၊ အခုမှပဲ အုပ်စုလိုက်တွေ့ရတာ အကောင်ရေ ၄၀ ၊ ၅၀ လောက်ရှိမယ် ၊ နည်းနည်းတော့ကြာပြီ ၊ မိုင်းသံ ၊ သေနတ်သံ ကြားရင်ကို ထွက်လာကြတော့တာ” ဟု ဒေသတွင် လှုပ်ရှားနေသည့် CDF CDM – Siyin တာဝန်ရှိသူက ပြောသည်။ စစ်အုပ်စုတပ်က ဒေသတွင်ကျေးရွာများကို ဝင်ရောက်ပြီး အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်၍ အသားကောင်းနေရာများ လှီးဖြတ်ယူပြီး ကျန်အစိတ်အပိုင်းများကို စွန့်ပစ်ထားသဖြင့်…
-

ကပစ ၁၆ တပ်မိသားစုများ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ဘေးရှောင်
အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကြောင့် ပန်းတောင်းမြို့နယ်မှာရှိတဲ့ အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံက မှီခိုရဲမေမိသားစုတွေနဲ့ အသက်အရွယ်ကြီးသူတွေကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေ့နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မေ ၁၄ ရက်ကစလို့ ကပစ ၁၆ က မှီခိုရဲမေတွေ၊ ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေကို ကေတုမတီအခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဆီကို ပြောင်းနေတာလို့ ဆိုပါတယ်။ စစ်ရေးသတင်းရင်းမြစ်တယောက်က “တိုက်ပွဲက ကပစ ၁၆ နဲ့ နီးလာတာရယ်၊ အရှေ့မှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ သုံ့ပန်းအဖြစ် အဖမ်းခံရတာတွေရှိတာကြောင့် မှီခိုမိသားစုတွေနဲ့ အသက်ကြီးတဲ့သူတွေကို တိုင်းစစ်ဌာနချုပ်ကို ယာယီပြောင်းရွှေ့ထားတဲ့သဘောပါ” လို့ ပြောပါတယ်။ ပြောင်းရွှေ့ရေးကို ကပစ ၁၆ က ဗိုလ်ကြီးတယောက်နဲ့ တပ်မ ၇၇ က အရာရှိတွေ ဦးဆောင်ပြီး ကပစ…