Category: News
-

“ထမင်းမစားရတဲ့ရက်တွေတောင် ရှိတယ်လို့ ရင်ဖွင့်ခဲ့တဲ့ ဒီဇင်ဘာနှင်းရဲ့ လက်ရှိ နောက်ဆုံးသတင်းသတိရပြီ…အဆင်ပြေပါစေ
“ထမင်းမစားရတဲ့ရက်တွေတောင် ရှိတယ်လို့ ရင်ဖွင့်ခဲ့တဲ့ ဒီဇင်ဘာနှင်းရဲ့ လက်ရှိ နောက်ဆုံးသတင်းသတိရပြီ…အဆင်ပြေပါစေ မြန်မာအမျိုးသမီးလိဂ် အဖွင့်ပွဲစဉ်အပြီးမှာ ပရိသတ်တွေကြား အရမ်းကို ဂယက်ရိုက်သွားခဲ့တဲ့ အင်တာဗျူးလေးတစ်ခုကို မှတ်မိကြဦးမယ် ထင်ပါတယ်။ သစ္စာအားမာန်အသင်းအနေနဲ့ ဧရာဝတီအသင်းကို (၄) ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်… အသင်းရဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်သွားခဲ့တဲ့ မြန်မာ ယူ-၂၀ ကစားသမားဟောင်း ‘ဒီဇင်ဘာနှင်း’ ရဲ့ လက်ရှိအခြေအနေလေးကို ပရိသတ်တွေ စိတ်အေးရအောင် တင်ဆက်ပေးလိုက်ပါတယ်။ 😭 ပရိသတ်တွေကို စိတ်မကောင်းဖြစ်စေခဲ့တဲ့ ရင်ဖွင့်သံ ပွဲအပြီး အင်တာဗျူးမှာ ဒီဇင်ဘာနှင်းက အသင်းကစားသမားတွေအနေနဲ့ ထမင်းမစားရတဲ့ရက်တွေပင် ရှိခဲ့ကြောင်း၊ လေ့ကျင့်ရေး (Training) ကို တစ်ရက် တစ်ကြိမ်တောင် မှန်မှန် မဆင်းနိုင်တဲ့အပြင် ဝတ်စုံ ထောက်ပံ့မှုတွေလည်း မရှိကြောင်း ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောကြားခဲ့တာပါ။ ဒီလို…
-

NUG အစိုးရ၊ ရန်ကုန်တိုင်းစစ်ဌာန နယ်မြေတွင် ၄ လတာအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၀၀ ကျော်သေဆုံး
NUG အစိုးရ၊ ရန်ကုန်တိုင်းစစ်ဌာန နယ်မြေတွင် ၄ လတာအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၀၀ ကျော်သေဆုံးကာ စစ်သုံးပန်း ၄ ဦး အရှင်ဖမ်းမိ၊ စစ်တပ် စခန်းကုန်း ၁ ခုကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်တိုင်းစစ်ဌာန နယ်မြေတွင် ၄ လတာအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၀၀ ကျော်သေဆုံးကာ စစ်သုံးပန်း ၄ ဦး အရှင်ဖမ်းမိပြီး စစ်တပ် စခန်းကုန်း ၁ ခုကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ မေလ ၃၁…
-

နှင်းဆီပန်းပန်သူအချို့ ဖမ်းဆီးခံရ၊ ပိုင်ဇေရဲထွန်းကိုပါ ဖမ်းရန် စစ်လော်ဘီများ တိုက်တွန်း
နှင်းဆီပန်းပန်သူအချို့ ဖမ်းဆီးခံရ၊ ပိုင်ဇေရဲထွန်းကိုပါ ဖမ်းရန် စစ်လော်ဘီများ တိုက်တွန်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့ဖြစ်သည့် ယမန်နေ့ (ဇွန်လ ၁၉ ရက်)၌ ပန်းပန်သူများ၊ ပန်းပန်သည့်ပုံ အွန်လိုင်းပေါ်တင်သူအချို့ကို စစ်အုပ်စုက ဖမ်းဆီးသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ကျရောက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့များတွင် နှင်းဆီပန်း ပန်သူများ၊ နှင်းဆီပန်းရောင်းသူများ၊ နှင်းဆီပန်း ကိုင်ဆောင်သူများ၊ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများပေါ် မွေးနေ့ကမ်ပိန်း ပါဝင်လှုပ်ရှားသူများကို စစ်အုပ်စုက နှစ်စဉ်ဖမ်းဆီးလေ့ရှိသည်။ ယခုနှစ် ဇွန်လ ၁၉ ရက်၌ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်မြောက်မွေးနေ့တွင်လည်း အလားတူ ဖြစ်ရပ်များ ဖြစ်ပွားခဲ့ခြင်းရှိသည်။ ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် ရှမ်းပြည် တောင်ကြီးမြို့နယ်၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏…
-

အောင်မင်္ဂလာကလူခေါ်ပွဲစားဂိုဏ်းတဲ့…ဓါးတွေပါပါတယ်ဟ
အောင်မင်္ဂလာကလူခေါ်ပွဲစားဂိုဏ်းတဲ့…ဓါးတွေပါပါတယ်ဟ နယ်ဝေး ခရီးသွားမယ့် မိဘပြည်သူတွေ အနေနဲ့ အောင်မင်္ဂလာအဝေးပြေး ကားဝင်းထဲကို ဝင်လိုက်တာနဲ့ အထုပ်ဆွဲ၊ လူဆွဲ လုပ်တတ်တဲ့ လူခေါ်ပွဲစားတွေကို ခဏခဏ ကြုံဖူးကြ၊ စိတ်ညစ်ဖူးကြမယ် ထင်ပါတယ်။ အခုဆိုရင် အဲဒီလို ခရီးသွား ပြည်သူတွေကို ဒုက္ခပေးနေတဲ့ နာမည်ကြီး လူခေါ်ပွဲစား (၉) ဦးကို သူတို့ ကိုယ်ပေါ်မှာ ဖွက်ထားတဲ့ ဓား (၁၁) ချောင်းနဲ့အတူ ဇွန်လ (၁၆) ရက်နေ့ကနေ (၁၉) ရက်နေ့အတွင်း ဆက်တိုက် ဖမ်းဆီးရမိခဲ့တဲ့ သတင်းထူးကို အချိန်မီ သတိပြုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ 😭 ကလေးမလေးကို လိမ်ရာကနေ မိသွားတဲ့ တရားခံများ ပြီးခဲ့တဲ့ ဇွန်လ (၁၉) ရက်နေ့ ည (၈) နာရီလောက်က ကလေးမလေး…
-

တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို အခွန်ကင်းလွတ်ခွင့်ပေးပြီး မြစ်ဆုံပြန်စမယ်လို့ မင်းအောင်လှိုင် ပြော
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ဇွန်လ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ “မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ထိပ်သီးအစည်းအဝေး” (MCITP – 2026) မှာ စစ်ခေါင်းဆာင် မင်းအောင်လှိုင်က လျှပ်စစ်သုံးယာဉ် (EV) နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွေမှာ ထိပ်တန်းရောက်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပြီး၊ အဲဒီကဏ္ဍတွေအတွက် ဥပဒေနဲ့အညီ အခွန်ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်တွေ ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ကြောင်း စစ်အုပ်စုရဲ့ ဝါဒဖြန့်သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီ အစည်းအဝေးမှာ မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တာဝန်ရှိသူတွေ စုစုပေါင်း လူဦးရေ ၆၀၀ ခန့် တက်ရောက်ခဲ့ကြပြီး၊ တွေ့ဆုံပွဲအမှာစကား ပြောကြားရာမှာ မင်းအောင်လှိုင်က တရုတ်နိုင်ငံဟာ စွမ်းအင်သစ်နဲ့ လျှပ်စစ်သုံးကဏ္ဍမှာ အောင်မြင်နေတဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ပြီး၊ မြန်မာနိုင်ငံအနေနဲ့လည်း လျှပ်စစ်မော်တော်ယာဉ်…