Category: News
-

ဒီပဲယင်း၊ စိုင်ပြင်မြို့ရှိ ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
စခန်းမှူးက ငါးနှစ်သားကလေးနှင့် ဇနီးဖြစ်သူကိုထားပြီး ထွက်ပြေး စစ်ကိုင်းတိုင်း၊ ဒီပဲယင်းခရိုင်၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရှိ ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်နိုင်ခဲ့ကြောင်း အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက ယမန်နေ့ (မေ ၁၈ ရက်)၊ ညပိုင်းတွင် ထုတ်ပြန်ထားသည်။ စစ်ကော်မရှင်သည် အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနနယ်မြေအတွင်းရှိ ၎င်းတို့၏ အထိုင်စခန်းများကို လူ၊ လက်နက်နှင့် ဒရုန်းအင်အားများ ဖြည့်တင်း၍ ပြည်သူလူထုအား အနိုင်ကျင့်နှိပ်စက်မှုများ ပြုလုပ်တော့မည့် ခိုင်လုံသည့် သတင်းများ ရရှိခဲ့ကြောင်း အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက ဖော်ပြထားသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအား တတ်စွမ်းနိုင်သမျှ ကာကွယ်စောင့်ရှောက်ရန်နှင့် လုံခြုံရေးအာမခံချက်များ ပေးနိုင်ရန် Operation OTT ကို ဆင်နွှဲခဲ့ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ မေ ၁၄…
-

အင်းစိန် ဒုထောင်ပိုင် ဗီဒီယိုတွေဖြန့်ဝေပြီး အွန်လိုင်းကနေခြိမ်းခြောက် အကြပ်ကိုင်ငွေညစ်ခံရသူ အမျိုးသမီးနဲ့ အင်တာဗျူး
“သူသာ လာမခြိမ်းခြောက်ဘူးဆို ဒီကိစ္စတွေက ဘယ်သူ့မှမပြောချင်ဘူး၊ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာနဲ့အတူတူပဲ” အင်းစိန်ဒုထောင်ပိုင် မင်းဝင်းခိုင်(ခေါ်)ပြည့်ဖြိုးထွန်းနဲ့ ထောင်ပိုင်ဟောင်း ဇော်လင်းအောင်တို့ရဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံခဲ့ရသလို၊ ဒါနဲ့ပတ်သက်တဲ့ ဗီဒီယိုတွေဖြန့်ဝေပြီး အွန်လိုင်းကနေခြိမ်းခြောက် အကြပ်ကိုင်ငွေညစ်ခံရသူ အမျိုးသမီးနဲ့ အင်တာဗျူး 🔳 ခင်ဘုန်းမို့ ဆက်သွယ်မေးမြန်းသည်။ အင်းစိန်ဒုထောင်ပိုင် မင်းဝင်းခိုင်(ခေါ်) ပြည့်ဖြိုးထွန်းနဲ့ ချစ်သူရည်းစားဆက်ဆံရေးရှိခဲ့တဲ့ ကာယကံရှင် အမျိုးသမီးဟာ ၂၀၂၄ ခုနှစ်မှာ အင်းစိန်ဒုထောင်ပိုင်ရဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကို ခံစားခဲ့ရ ပါတယ်။ အမျိူးသမီးငယ်ဟာ နွေဦးတော်လှန်ရေး ဆန္ဒပြလှုပ်ရှားမှုတွေမှာပါဝင်တဲ့ အချက်အလက်တွေကို စစ်ကောင်စီ လက်အောက်ခံ ဟန်ငြိမ်းဦးချန်နယ်မှာ တင်ခံရတဲ့အတွက် မင်းဝင်းခိုင်ကို အကူအညီ တောင်းခံခဲ့ပါတယ်။ ဒီလိုအကူအညီတောင်းမှုကို အခွင့်ကောင်းယူပြီးမင်းဝင်းခိုင်ရဲ့ မိတ်ဆွေဖြစ်သူ ထောင်ပိုင်ဟောင်း ဇော်လင်းအောင်နဲ့အတူ အုပ်စုလိုက် လိင်ဆက်ဆံမှုတွေကိုအတင်းအကြပ်ခိုင်းစေခဲ့ပါတယ်။ မင်းဝင်းခိုင်(ခေါ်)ပြည့်ဖြိုးထွန်းဟာ သူအပါအဝင် တခြားအမျိုးသမီးပါဝင်တဲ့ အဖွဲ့လိုက် လိင်ဆက်ဆံမှု ပြုလုပ်ဖို့…
-

ခရိုနီဦးတေဇ၏သား ထူးထက်တေဇ စစ်မှုထမ်းစာရင်းသွင်းရန် ဆင့်ခေါ်စာ ထွက်ပေါ်
မြန်မာပြည်၏ ထိပ်တန်းခရိုနီတဦးဖြစ်သူ ဦးတေဇသား ထူးထက်တေဇအား စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ကမာရွတ်မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ ဆင့်ခေါ်စာတစောင် လူမှုကွန်ရက်စာ မျက်နှာ၌ ထွက်ပေါ်လာသည်။ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် ၁၀ ရပ်ကွက်၊ အင်းယားလမ်းခြံအမှတ် ၈၆ နေ ထူးထက်တေဇသည် စစ်မှု ထမ်းဥပဒေအရ စစ်မှုထမ်းရန် အသက်အရွယ် ပြည့်မြောက်ပြီးသူဖြစ်ရာ မေလ ၁၄ ရက်တွင် မှတ်ပုံတင်စာရင်းသွင်း ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့ လာရောက်ရန် မေလ ၇ ရက်စွဲဖြင့် ဆင့်ခေါ်ထားခြင်း ဖြစ်သည်။ AGD ဘဏ်၏ မန်နေဂျင်းဒါရိုက်တာ (MD) ဖြစ်သူ အသက် ၃၂ နှစ်အရွယ် ထူးထက်တေဇသည် စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားထဲ အကျုံးဝင်၍ ယခုဆင့်ခေါ်စာမှာ မှတ်ပုံတင်စာရင်းသွင်းရန် ခေါ်သည့်အဆင့်သာရှိသေးပြီး အမှန်တကယ်…
-

ရန်ကုန်မြို့တွင် ၂ ပတ်ကျော်အတွင်း လူ ၄၀ ခန့် ဖမ်းဆီးခံရ
ရန်ကုန်မြို့တွင် မေလ ၁ ရက်မှ ၁၇ ရက်အထိ နှစ်ပတ်ကျော်အတွင်း လူ ဦးရေ ၄၀ခန့် ဖမ်းဆီးခံရကြောင်း ရန်ကုန်မြို့ကင်းထောက်ကွန်ရက်အဖွဲ့ (Rangoon Scout Network – RSN) တာဝန်ရှိသူက ပြောသည်။ အဆိုပါ ဖမ်းဆီးခံရသူများအနက် ဧည့်စာရင်းဝင်စစ်ရင်း ဖမ်းဆီးခံရသူ ၁၀ ဦး၊ ညဘက် လမ်းဘေးထိုင်နေစဉ် ဖမ်းဆီးခံရသူ ၁၅ ဦးရှိပြီး စစ်မှုထမ်းစာရင်းဖြင့် နေအိမ်တွင်းသို့ ဝင်ရောက်ဖမ်းဆီးသူ ၁၀ ဦးထက်မနည်း ရှိကြောင်း RSN မှ တာဝန်ရှိသူ တဦးက ပြောသည်။ “ခု မေလ လဝက်လောက်အတွင်းမှာ အဖမ်းအဆီးဖြစ်စဉ်တွေ ပြန်များလာတယ်ဗျ။ စုစုပေါင်း အယောက် ၄၀ လောက်ရဲ့ ဖြစ်စဉ်ကို သိလိုက်ရပါတယ်။ ခုတလော ဧည့်စာရင်း စစ်တာတွေ…
-

တောင်မော်ဦးရေတပ်စခန်းမှ ကမ်းတက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က ချေမှုန်းနေ
ကျောက်ဖြူ တောင်မော်ဦးရေတပ်စခန်းမှ ကမ်းတက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က ချေမှုန်းနေ ရခိုင်ပြည် ကျောက်ဖြူမြို့အနီးရှိ ဓညဝတီရေတပ်ဌာနချုပ်၏ ရေတပ်ဌာနခွဲတစ်ခုဖြစ်သော တောင်မော်ဦးရေတပ်စခန်းမှ ကမ်းတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းများကို အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ချေမှုန်းနေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ တောင်မော်ဦးရေတပ်စခန်းအနီးတွင် မေလ ပထမအပတ်နှောင်းပိုင်းကစ၍ စစ်ကောင်စီ စစ်ကြောင်းများနှင့် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တို့ကြား ထိတွေ့ တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။ နေဗီစစ်သင်္ဘောများမှ အင်အား ရာဂဏန်းပါ စစ်ကောင်စီ စစ်ကြောင်းများမှာ ကမ်းတက် ထိုးစစ်ဆင်နေသော်လည်း AA တပ်ဖွဲ့ဝင်များ တိုက်ခိုက်ချေမှုန်းမှုကြောင့် အထိအခိုက်အများပြားဖြင့် ပြန်ဆုတ်နေရသည်ဟု ကျောက်ဖြူစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “တောင်မော်ဦးရေတပ်အနီး အဝတောင်၊ မျှောချောင်း၊ ဒွေးချ စတဲ့ ကျေးရွာ အနီးတွေမှာ…