Category: News
-
မအလ လာရောက်ပြီးနောက် အခြေအနေ ပိုဆိုးလာတဲ့ ညောင်တုန်းတာပြိုကျမှု
မင်းအောင်လှိုင် လာရောက်ပြီးနောက် ညောင်တုန်းတာပြိုကျမှု ပိုမိုဆိုးရွားလာပြီး နေ့စဉ် မြေသားတာ တမံများ ပြိုကျနေ တာပြိုကျမှု သတင်းကို စစ်တပ်က ဖုံးဖိထားပြီး ပီနန်အိတ်သောင်းချီ အရေးပေါ် အလှူခံ ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာတွင် ညောင်တုန်းကျွန်းတာပြိုကျမှုမှာ အကြမ်းဖက် မင်းအောင်လှိုင် လာရောက်ပြီးနောက် အခြေအနေဆိုးရွားလာပြီး နေ့စဉ်မြေသားတာများ တဖြည်းဖြည်းပြိုကျလျက်ရှိကြောင်း ညောင်တုန်းတာပြုပြင်ရေးတွင် လုပ်အားပေးခေါ်ယူခံနေရသော ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အဆိုပါ ညောင်တုန်းကျွန်းတာသည် ဧရာ၀တီမြစ်ရေကို တားဆီးထားခြင်းဖြစ်ပြီး ဩဂုတ် ၂၅ ရက်နေ့ ဧရာဝတီမြစ်ရေတိုက်စား မှုကြောင့် မြေသားတာတံမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာတွင်တစ်ဆက် တည်းတွင် ကမ်းပြိုကျသွားခဲ့ကြောင်း၊ ယင်းနောက် ဒေသပြည်သူများနှင့်စစ်တပ်က တာပြိုကျမှု ကာကွယ်တားဆီးရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် အကြမ်းဖက်…
-
ချစ်သူဟောင်းမှ အက်ဆစ်ဖြင့်ပက်၍ မျက်နှာဖျက်ဆီးခံခဲ့ရသည့် မင်းသမီးလောင်းလေး၏ ရင်နင့်ဖွယ်ဖြစ်စဉ်
ချစ်သူဟောင်းမှ အက်ဆစ်ဖြင့်ပက်၍ မျက်နှာဖျက်ဆီးခံခဲ့ရသည့် မင်းသမီးလောင်းလေး၏ ရင်နင့်ဖွယ်ဖြစ်စဉ် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ ရည်မှန်းချက်ကြီးကြီးမားမား ထားခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝဟာ ချစ်သူဟောင်းရဲ့ အတ္တနဲ့ ရက်စက်မှုကြောင့် တစ်မုဟုတ်ချင်း ပြိုလဲခဲ့ရပါတယ်။ သူမကတော့ ငယ်စဉ်ကတည်းက မင်းသမီးတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပြီး မိသားစုရဲ့ သဘောမတူမှုကိုတောင် လွန်ဆန်ကာ ရန်ကုန်ကို တက်လာခဲ့တဲ့ မြိတ်သူလေး မကြည်မွှေးအိမ် ပဲ ဖြစ်ပါတယ်။ သူမရဲ့ အနုပညာအိပ်မက်တွေဟာ ပွင့်လန်းခါစမှာတင် ယုတ်မာလှတဲ့ လုပ်ရပ်တစ်ခုကြောင့် အပြီးတိုင် ကြွေလွင့်သွားခဲ့ရပါပြီ။ အဖြစ်အပျက်ကတော့ သူမရဲ့ ပထမဆုံးချစ်သူ (အနုပညာအလုပ် အတူတူလုပ်သူ) ရဲ့ မနာလိုဝန်တိုမှုတွေကနေ စတင်ခဲ့တာပါ။ ကောင်လေးဖြစ်သူဟာ မကြည်မွှေးအိမ်ကို ဒါရိုက်တာတွေက နေရာပေးလာတာကို မလိုလားခဲ့သလို၊ ရှုတင်လိုက်ဖို့ ကြိုးစားတဲ့အခါမှာလည်း မျက်လုံးကို ကုတ်ဖဲ့တဲ့အထိ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပါတယ်။…
-

RLG နံပါတ်သုံး လုပ်စားနေတဲ့သူတွေနဲ့ အလှူခံအဖွဲ့တွေကို စ,ဒွမ်ပါပြီ
သံဃာမပါဘဲ RLG ယာဉ်စီးနင်းသူများ၊ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်သည့် သံဃာနှင့် သီလရှင်များအပြင် တရားမဝင် အလှူခံများကို ဓမ္မစက်၊ အာဏာစက်ဖြင့် စတင် အရေးယူမည် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ သံဃာနှင့် သီလရှင်များ ကား၊ ဆိုင်ကယ် ကိုယ်တိုင် မောင်းနှင်နေမှုများ၊ သာသနာ့ယာဉ်များကို အလွဲသုံးစားပြုခြင်းများနှင့် စည်းကမ်းမဲ့ အလှူခံနေမှုများကို သာသနာထိန်းသိမ်းရေးအဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ မြေပြင်တွင် လက်တွေ့ စစ်ဆေး အရေးယူနေပါပြီ။ ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့မှစ၍ အမှတ် (၉၄) ပြင်ဦးလွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ရဟန်း၊ သာမဏေနှင့် သီလရှင် ဆရာလေးများ ကား၊ ဆိုင်ကယ် မောင်းနှင်မှုများကို မောင်းနှင်ခွင့် မပြုကြောင်း ပညာပေး မှတ်တမ်းယူထားပြီး နောက်တစ်ကြိမ် လွန်ကျူးပါက ထိရောက်စွာ အရေးယူသွားမည်ဟု…
-

ပွဲဖြစ်နေတဲ့ နိုင်ငံကျော် မင်းသားရဲ့ မိတ်ကပ်ဆရာ
“နိုင်ငံကျော် မင်းသားရဲ့ မိတ်ကပ်ဆရာကို ဒီလို တည်းခိုခန်း အဆင့်လောက်မှာ ထားလို့ရမလား” ဆိုပြီး ပွဲစီစဉ်သူတွေကို ဒေါသထွက်နေတဲ့ မိတ်ကပ် စည်သူထွဋ် မင်းသား အောင်ဇမ္ဗူ မအောင်မြင်ခင် အချိန်ကတည်းက ဒီနေ့လို နိုင်ငံကျော် ထိပ်တန်းမင်းသား ဖြစ်လာသည်အထိ မိတ်ကပ် အမြဲ လိမ်းပေးခဲ့ရတာကို ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိတဲ့ မိတ်ကပ်ဆရာ စည်သူထွဋ်တစ်ယောက် ပဲခူးမြို့မှာ အလုပ်ကိစ္စနဲ့ ရောက်ရှိနေစဉ် ပွဲစီစဉ်သူတွေ စီစဉ်ပေးခဲ့တဲ့ ဟိုတယ်နဲ့ ပတ်သက်ပြီး စိတ်အခန့်မသင့်ကာ စီမံသူတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်ပါတယ်။ အလုပ်ကိစ္စအတွက် ပဲခူးမြို့မှာ တည်းခိုဖို့ ဟိုတယ်ကို ပွဲစီစဉ်သူတွေဘက်က အခမဲ့ စီစဉ်ပေးခဲ့ပေမဲ့လည်း အခန်းတွင်း ပိတ်စများ ပရမ်းပတာ ဖြစ်နေတာ၊ အစွန်းအထင်းတွေနဲ့ အဆင်မပြေတာတွေကို ပုံနှင့်တကွ တင်ပြပြီး “နိုင်ငံကျော်မင်းသားရဲ့ မိတ်ကပ်ဆရာဆိုတဲ့…
-
YMBA အတွင်းရေးမှူး မယားငယ်ထား၍ ဓာတ်တိုင်တွင် ကြိုးတုပ်ရိုက်နှက်ခံရ
တစ်လင်တစ်မယားစနစ်ပြဋ္ဌာန်းခိုင်းသည့် မဘသ အဖွဲ့အစည်း YMBA အတွင်းရေးမှူး မယားငယ်ထား၍ ဓာတ်တိုင်တွင် ကြိုးတုပ်ရိုက်နှက်ခံရ YMBA ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်အား စရဖ အယောင်ဆောင် အမျိုးသား ၄ ဦးက ရုံးဝင်းအတွင်း ဝင်ရောက်၍ သေနတ်ပြ ခြိမ်းခြောက် ရိုက်နှက်မှု ဖြစ်ပွားခဲ့။ ဩဂုတ် ၂၀ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ ရိုက်နှက်မှုတွင် ပါဝင်သူ ၄ ဦးကို အကြမ်းဖက်စစ်တပ်၏ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှတစ်ဆင့် ဖမ်းဆီးရမိထားပြီး ပုဂ္ဂိုလ်ရေးအရ ငှားရမ်းရိုက်နှက်ခိုင်းသူကို ဆက်လက် ရှာဖွေနေ။ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုရုံးဝင်းအတွင်း၌ ဩဂုတ်လ ၂၀ ရက် မွန်းလွဲပိုင်းက အသင်းဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်အား စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) မှဖြစ်သည်ဟု…