Category: News
-

India ပြန် MA ဘွဲ့ရ အမျိုးသမီးတွေဝတ်ဖို့ ထမီအစဝယ်နေလို့…
နောက်ဆုံးတော့လည်း India ပြန် MA ဘွဲ့ရ လည်း အမျိုးသမီးတွေဝတ်ဖို့ထမိန်အစဝယ်ရတာပါပဲလား ! လက်ထဲငွေကိုင်သုံးချင်တိုင်းသုံးနေကြတော့ ငွေပေးဝယ်လို့ရသမျှ လုပ်နိုင်စွမ်းကြကုန်ပြီပေါ့ ကိုယ့်တန်းကိုယ်ချ ရဟန်းအလုပ်မဟုတ်တာလုပ်နေသ၍ ရဟန်းနဲ့မဆိုင်မပတ်သက်သင့်တဲ့နေရာတွေရောက်နေသ၍တော့ အထင်သေးခံ ဝေဖန်ခံနေရအုံးမှာပဲ ဒီလို သင်္ကန်းဝတ်တွေကိုယ့်သဘောနဲ့ကိုယ် နေချင်သလိုနေ၊ ထင်သလိုလုပ်နေကြလို့ စည်းလွတ်ကမ်းလွတ်တွေဖြစ်ပြီး ပညာတတ်ခေတ်လူငယ်တွေ၊ စာပေဗဟုသုတကြွယ်ဝသူတွေ၊ သာသနာကို သန့်ရှင်းစေချင်သူတွေက မော်မကြည့်ကြတော့ပဲ အထင်သေးတဲ့ မျက်လုံးတွေနဲ့ ငုံ့ကြည့်ကုန်ကြပြီ။ ဒီလို အလဇ္ဇီတွေ တစ တစ များလာရင်တော့ သံဃာထု နဲ့ ဆိုင်သွားပြီဆိုတာမမေ့သင့် သာသနာထဲရှိနေတဲ့ လဇ္ဇီ အလဇ္ဇီ အကုန် အထင်သေးရောယောင်ခံကြရမှာ ဧကန်ပါ “ငါမပါဘူး” “သူလုပ်တာ” “ငါလုပ်တာမဟုတ်”…စတဲ့ ဘယ်လိုဆင်ခြေကမှ မကာကွယ်နိုင်ပါ မော်ကြည့်ခံဘဝတွေကနေ ငုံ့ကြည့်ခံ ဘဝ တန်းရောက်ကုန်မှာအသေချာပါ! ( အခုလည်း အလဇ္ဇီတွေလိုင်းပေါ်ထကြွနေလို့…
-

ပဲခူးမှာ ကိုရင်တစ်ပါးကို ဓားထောက်ပြီး ကြိုးတုပ်ကာ ဖုန်းနဲ့ ပိုက်ဆံလု
ပဲခူးမှာ ကိုရင်တစ်ပါးကို ဓားထောက်ပြီး ကြိုးတုပ်ကာ ဖုန်းနဲ့ ပိုက်ဆံလုသူ သုံးဦးအနက် တစ်ဦးဖမ်းမိ ပဲခူးမြို့၊ ဥဿာမြို့သစ် ၇ ရပ်ကွက်မှာရှိတဲ့ ဒက္ခိဏသာခါရာမကျောင်းတိုက်က ကိုရင်တစ်ပါးကို ကြိုးနဲ့တုပ်ပြီး ဖုန်းနဲ့ ပိုက်ဆံလုယက်ခဲ့တဲ့ အမျိုးသား သုံးဦးထဲက တစ်ဦးကို ဇွန် ၇ ရက်နေ့က စစ်အုပ်စုခန့်ရဲတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အမျိုးသား သုံးဦးက ဘုန်းကြီးကျောင်းဝင်းထဲဝင်ကာ ကိုရင်လေးကို ဓားနဲ့ထောက်၊ ကြိုးနဲ့တုပ်ပြီး ကျောင်းဝင်းထဲရှိ အိမ်သာထဲထည့်ခဲ့ကာ ဖုန်းနဲ့ ပိုက်ဆံတွေ ယူဆောင်သွားတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ “နေ့ဆွမ်းမစားခင် ကိုရင်လေးပျောက်နေလို့ ဆရာတော်တွေက လိုက်ရှာရင်း အိမ်သာထဲက အသံကြားလို့ ဖွင့်ကြည့်တာ ကိုရင်လေးကို ကြိုးနဲ့တုပ်ထားတာ တွေ့တယ်။ ကိုရင်လေးကို မေးကြည့်တော့ ဒကာသုံးယောက်က သူ့နောက်ကျောကို ဓားနဲ့ထောက်ပြီး…
-

ဇနီးသည်ကို လောက်ကောင် သောင်းချီတက်တဲ့အထိ ပစ်ထားတဲ့အမျိုးသား
🚨 အိပ်ရာထဲလဲနေသည့် ဇနီးသည်အား လောက်ကောင်များ ဝိုင်းလာသည်အထိ ပစ်ထားပြီး သေဆုံးစေခဲ့သည့် ကိုရီးယား တပ်ကြပ်ကြီးတစ်ဦးကို ထောင်ဒဏ် ၃၀ ချမှတ် 😱🇰🇷 တကယ့်ကို လူမဆန်ဘဲ စိတ်နှလုံး တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှတဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခု တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ စိတ်ကျရောဂါခံစားနေရလို့ အိပ်ရာထဲလဲနေတဲ့ ဇနီးသည်ကို လပေါင်းများစွာ ပစ်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံး လောက်ကောင်တွေ တဖွားဖွားကျတဲ့အထိ ရက်စက်စွာ ပစ်ထားခဲ့တဲ့ စစ်တပ်က တပ်ကြပ်ကြီးတစ်ဦးကို ကိုရီးယားစစ်ဘက်တရားရုံးက ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်ပါတယ်။ တောင်ကိုရီးယား စစ်ဘက်တရားရုံးတစ်ခုဟာ မိမိရဲ့ ဇနီးသည်ကို ဆေးကုသမှု လုံးဝမပေးဘဲ လပေါင်းများစွာ စည်းကမ်းမဲ့ ပစ်ထားပြီး ခန္ဓာကိုယ်မှာ လောက်ကောင်တွေ ပြည့်နှက်ကာ သေဆုံးစေခဲ့မှု (လူသတ်မှု) ဖြင့် ပြစ်မှုထင်ရှားတာကြောင့် ကြည်းတပ် တပ်ကြပ်ကြီးတစ်ဦးကို…
-

ကျောက်ဖြူ ရေတပ်စခန်းအနီး ကာကင်းအားလုံးနီးပါး AA သိမ်း
ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည်ရှိ ကာကင်းစခန်းအားလုံးနီးပါးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီး စစ်သားအလောင်းများနှင့် လက်နက်ခဲယမ်းတို့ သိမ်းဆည်းရမိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းများ၊ ဓည၀တီရေတပ်ဌာနချုပ်တို့မှ ထုတ်နုတ်အင်အားများနှင့် အင်အားငါးရာဝန်းကျင်ဖြည့်တင်းထားသည့် တောင်မော်ဦးရေတပ်စခန်း ပတ်လည်ကို မေလကတည်းက AA က ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပြီး တပတ်ကျော်အတွင်း ကာကင်း ၆ ခုဝန်းကျင်အနက် ၅ ခုသိမ်းပိုက်လိုက်နိုင်ခြင်း ဖြစ်သည်။ AA နှင့် နီးစပ်သည့် ကျောက်ဖြူဒေသခံ သတင်းရင်းမြစ်တဦးက “ကာကင်းတွေ မရှိတော့ဘူး။ တက်လာတဲ့စစ်ကြောင်းတွေ တခုပြီးတခု သိမ်းပိုက်နေတာ။ မနေ့ကလည်း စစ်ကြောင်းတခုကို သိမ်းလိုက်တယ်။ အလောင်း တဆယ်ကျော်လောက် ရတယ်။ အခု အ၀တောင်စခန်းတခုပဲ ကျန်တော့တာ။ အဲဒါရရင် ဒီကောင်တွေ ကမ်းတက်လို့ မရတော့ဘူး”…
-

ပဲခူးတိုင်း ဖြူးနှင့်ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်အင်အား ၈၀၀ ထက်မနည်းပို့ထား
ပဲခူးတိုင်း ဖြူးနှင့်ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်အင်အား ၈၀၀ ထက်မနည်းပို့ထား၊ ဆေးမှူးများပါ၀င်ပြီး တိုင်းမှူးတစ်ဦးလည်း လာရောက်ကွပ်ကဲ ပဲခူးတိုင်းဖြူးမြို့နယ်နှင့်ကျောက်တံခါးမြို့နယ်အတွင်း ဇွန်လ ၆ရက်နေ့လယ်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ တပ်သားအင်အား ၈၀၀ ထက်မနည်းပို့ဆောင်ထားတယ်လို့ KNLAစစ်ရေး သတင်းအရင်းမြစ်တစ်ဦးထံမှသိရှိရသည်။ အဆိုပါပို့ဆောင်ထားသည့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များသည် နေပြည်တော်၊ တောင်ငူဘက်မှ ဆင်းလာပြီး အင်အား ၂ဖွဲ့ခွဲပို့ဆောင်ထားသည်ဟု အဆိုပါသတင်းအရင်းမြစ်ကဆိုသည်။ ပဲခူးတိုင်းဖြူးမြို့နယ်တွင် ခလရ ၅သို့တပ်အင်အား၄၀၀ထက်မနည်းပို့ဆောင်ထားပြီး ဆေးမှူးများ ပါဝင်သည့်အပြင် ခလရ ၅တပ်တွင်းတွင် တိုင်းမှူးတစ်ဦးလည်း လာရောက်ကွပ်ကဲနေသည်ဟု အထက်ပါသတင်းအရင်းမြစ်ကဆိုသည်။ အင်အား၄၀၀ကျော်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညောင်ပင်သာဘက်သို့ စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်ရန်ရှိနေသည်ဟု အဆိုပါ KNLA သတင်းမြစ်မှပြောပါသည်။ ဒါ့အပြင် တပ်အင်အား၈၀၀ထက်မနည်းပို့ဆောင်ထားသည့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ထဲမှ ၄၀၀ခန့်သည် ကျောက်တံခါးမြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ရန်ကုန်-မန္တလေးလမ်းဟောင်း ပဲနွယ်ကုန်း အခြေစိုက် ခမရ ၃၀၇ ရွှေဝါတပ်ရင်းသို့ ပို့ဆောင်ထားသည်ဟု အထက်ပါ သတင်းရင်းမြစ်မှပြောပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည်…