Category: News
-

ခပ်စိပ်စိပ်လှုပ်ခတ်လာတဲ့ ရန်ကုန်တဝိုက်က ငလျင်
မနေ့မနက် (၈) နာရီ (၃၅) မိနစ်အချိန်ခန့်က ရန်ကုန်မြို့မှာ လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် ပြည်သူအများစု လန့်ဖျန့်သွားခဲ့ကြပါတယ်နော်။ လက်ရှိအချိန်ဟာ မြန်မာ့ရိုးရာပြက္ခဒိန်အရ “တနင်္လာနေ့၊ နယုန်လဆန်း (၃) ရက်” ဖြစ်တာကြောင့် ရှေးဟောင်းကျမ်းလာ မြေငလျင်အတိတ်နိမိတ်အဟောတွေအရ ဘယ်လိုအဓိပ္ပာယ်တွေ ဆောင်နေမလဲဆိုတာ ဗဟုသုတအဖြစ် စုစည်းမျှဝေပေးလိုက်ပါတယ်။ ရှေးဟောင်းကုန်းဘောင်ခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ “မြေလှုပ်အဟော ကျမ်းစာများ” အရ နေ့ရက်နှင့် လအလိုက် နိမိတ်ကောက်ပုံများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် – 📌 နေ့ရက်အလိုက် နိမိတ်အဟော (တနင်္လာနေ့): ရှေးကျမ်းများတွင် တနင်္လာနေ့၌ မြေငလျင်လှုပ်သော် “မြေဩဇာကောင်းမွန်တတ်၏” ဟု ဆိုထားပါသည်။ စိုက်ပျိုးရေးနှင့် မြေထွက်သီးနှံများအတွက် ကောင်းကျိုးပြုနိုင်သည့် အတိတ်နိမိတ် ဖြစ်ပါသည်။ 🌱 📌 လအလိုက် နိမိတ်အဟော (နယုန်လ): လအလိုက်…
-

ဖန်တွေက မဟုတ်ဘူးငြင်းပေမယ့်
ဖန်တွေက မဟုတ်ဘူးငြင်းပေမယ့်… ချစ်သူကိုယ်တိုင် သက်သေရှိတယ်လို့ ထွက်ပြောလိုက်တဲ့ အောင်ရဲလင်းရဲ့ ကိစ္စ” ဒီရက်ပိုင်း အွန်လိုင်းပေါ်မှာ ဟော့အဖြစ်ဆုံး ဖြစ်နေတဲ့ အနုပညာလောကရဲ့ သတင်းတစ်ခုကတော့ မင်းသား အောင်ရဲလင်းနဲ့ ပတ်သက်တဲ့ လူမှုရေး ကိစ္စရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့ “ဟိန်းဇော်ညို” ဆိုတဲ့ အကောင့်တစ်ခုကနေ “နာမည်သုံးလုံးနဲ့ မင်းသားတစ်ယောက်ဟာ သူ့ရဲ့ ချစ်သူသူဌေးမလေး ရှိနေပါလျက်နဲ့ အိမ်အကူကောင်မလေးနဲ့ ဖောက်ပြန်နေတာ ၂ နှစ်ကျော်ပြီ” ဆိုပြီး ပို့စ်တင်ခဲ့ရာကနေ စတင်ခဲ့တာပါ။ အဲဒီပို့စ်အောက်မှာ အများစုက မင်းသား အောင်ရဲလင်းကို ဝိုင်းဝန်း ညွှန်းဆို ပြောကြားခဲ့ကြလို့ အောင်ရဲလင်းရဲ့ ပရိသတ် (Fan) တွေက “မဖြစ်နိုင်ပါဘူး” ဆိုပြီး ဝိုင်းဝန်း ငြင်းဆိုခဲ့ကြပါတယ်။ ဒီမနက်မှာတင် အောင်ရဲလင်းရဲ့ Fan တစ်ယောက်က “ဒီသတင်းက…
-

ကျောင်းသူတွေ ရည်းစားလုရင်း ကျောင်းသူတစ်ဦးကို အုပ်စုလိုက် ဝိုင်းရိုက်
လားရှိုးမှာ တရုတ်ကျောင်းတစ်ခုက ကျောင်းသူတွေ ရည်းစားလုရင်း ကျောင်းသူတစ်ဦးကို အုပ်စုလိုက် အပြင်းအထန် ဝိုင်းဝန်းရိုက်နှက်ခဲ့ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က တရုတ်စာသင်ကျောင်းက ကျောင်းသူအချင်းချင်း ရည်းစားလုရင်း ကျောင်းသူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့ တရုတ်ကျောင်းတက်တဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ “အရိုက်ခံရတဲ့ ကလေးမက သူတို့ကောင်လေးနဲ့ စကားပြောလို့တဲ့။ ကလေးမက သူတို့ကောင်လေးနဲ့ စကားပြောတာကို ဝန်မခံပဲ လိမ်နေလို့တဲ့။ ကလေးတွေအချင်းချင်း စကားများပြီး ရိုက်နှက်တာတွေ လုပ်တာပါ။ အဲဒီကလေးမကို ရိုက်တဲ့ကလေးမက ကျောင်းမှာလည်း အရမ်းဆိုးတဲ့သူလို့တော့ ကျမ ကလေးတွေ ပြောပြကြတာပဲ” ဖြစ်စဉ်ဟာ လားရှိုးမြို့ ရပ်ကွက် ၇ မှာ ကျောင်းသူအချင်းချင်းရိုက်နှက်မှုဖြစ်ပွါးခဲ့တာဖြစ်ပြီး လက်ရှိ လူမှုကွန်ရက်မှာ ပျံနှံ့နေတဲ့ ရုပ်သံဖိုင်ထဲမှာတော့ ကျောင်းသူအုပ်စုတစ်ခုက အသက် ၁၅ နှစ်အရွယ်ကျောင်းသူကို လည်ပင်းညှစ်တာနဲ့…
-

ဒီပဲယင်း၊ စိုင်ပြင်မြို့ရှိ ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
စခန်းမှူးက ငါးနှစ်သားကလေးနှင့် ဇနီးဖြစ်သူကိုထားပြီး ထွက်ပြေး စစ်ကိုင်းတိုင်း၊ ဒီပဲယင်းခရိုင်၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရှိ ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်နိုင်ခဲ့ကြောင်း အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက ယမန်နေ့ (မေ ၁၈ ရက်)၊ ညပိုင်းတွင် ထုတ်ပြန်ထားသည်။ စစ်ကော်မရှင်သည် အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနနယ်မြေအတွင်းရှိ ၎င်းတို့၏ အထိုင်စခန်းများကို လူ၊ လက်နက်နှင့် ဒရုန်းအင်အားများ ဖြည့်တင်း၍ ပြည်သူလူထုအား အနိုင်ကျင့်နှိပ်စက်မှုများ ပြုလုပ်တော့မည့် ခိုင်လုံသည့် သတင်းများ ရရှိခဲ့ကြောင်း အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက ဖော်ပြထားသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအား တတ်စွမ်းနိုင်သမျှ ကာကွယ်စောင့်ရှောက်ရန်နှင့် လုံခြုံရေးအာမခံချက်များ ပေးနိုင်ရန် Operation OTT ကို ဆင်နွှဲခဲ့ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ မေ ၁၄…
-

အင်းစိန် ဒုထောင်ပိုင် ဗီဒီယိုတွေဖြန့်ဝေပြီး အွန်လိုင်းကနေခြိမ်းခြောက် အကြပ်ကိုင်ငွေညစ်ခံရသူ အမျိုးသမီးနဲ့ အင်တာဗျူး
“သူသာ လာမခြိမ်းခြောက်ဘူးဆို ဒီကိစ္စတွေက ဘယ်သူ့မှမပြောချင်ဘူး၊ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာနဲ့အတူတူပဲ” အင်းစိန်ဒုထောင်ပိုင် မင်းဝင်းခိုင်(ခေါ်)ပြည့်ဖြိုးထွန်းနဲ့ ထောင်ပိုင်ဟောင်း ဇော်လင်းအောင်တို့ရဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံခဲ့ရသလို၊ ဒါနဲ့ပတ်သက်တဲ့ ဗီဒီယိုတွေဖြန့်ဝေပြီး အွန်လိုင်းကနေခြိမ်းခြောက် အကြပ်ကိုင်ငွေညစ်ခံရသူ အမျိုးသမီးနဲ့ အင်တာဗျူး 🔳 ခင်ဘုန်းမို့ ဆက်သွယ်မေးမြန်းသည်။ အင်းစိန်ဒုထောင်ပိုင် မင်းဝင်းခိုင်(ခေါ်) ပြည့်ဖြိုးထွန်းနဲ့ ချစ်သူရည်းစားဆက်ဆံရေးရှိခဲ့တဲ့ ကာယကံရှင် အမျိုးသမီးဟာ ၂၀၂၄ ခုနှစ်မှာ အင်းစိန်ဒုထောင်ပိုင်ရဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကို ခံစားခဲ့ရ ပါတယ်။ အမျိူးသမီးငယ်ဟာ နွေဦးတော်လှန်ရေး ဆန္ဒပြလှုပ်ရှားမှုတွေမှာပါဝင်တဲ့ အချက်အလက်တွေကို စစ်ကောင်စီ လက်အောက်ခံ ဟန်ငြိမ်းဦးချန်နယ်မှာ တင်ခံရတဲ့အတွက် မင်းဝင်းခိုင်ကို အကူအညီ တောင်းခံခဲ့ပါတယ်။ ဒီလိုအကူအညီတောင်းမှုကို အခွင့်ကောင်းယူပြီးမင်းဝင်းခိုင်ရဲ့ မိတ်ဆွေဖြစ်သူ ထောင်ပိုင်ဟောင်း ဇော်လင်းအောင်နဲ့အတူ အုပ်စုလိုက် လိင်ဆက်ဆံမှုတွေကိုအတင်းအကြပ်ခိုင်းစေခဲ့ပါတယ်။ မင်းဝင်းခိုင်(ခေါ်)ပြည့်ဖြိုးထွန်းဟာ သူအပါအဝင် တခြားအမျိုးသမီးပါဝင်တဲ့ အဖွဲ့လိုက် လိင်ဆက်ဆံမှု ပြုလုပ်ဖို့…