Category: News
-

မန္တလေးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ တစ်မြို့လုံးနေရာအနှံ့ဖြစ်ပွားနေ
မန္တလေးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ တစ်မြို့လုံးနေရာအနှံ့ဖြစ်ပွားနေပြီး ဆိုင်ကယ်လုယက်မှုများ အပါအဝင် ရာဇဝတ်မှုခင်းများလည်း ထိန်းမနိုင် သိမ်းမရ မြို့လယ်ခေါင် နေရာများတွင်ပါ နေ့အချိန် ဖြစ်ပွားနေ (ရုပ်/သံ) မန္တလေးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ တစ်မြို့လုံးနေရာအနှံ့ဖြစ်ပွားနေပြီး ဆိုင်ကယ်လုယက်မှုများ အပါအဝင် ရာဇဝတ်မှုခင်းများလည်း ထိန်းမနိုင် သိမ်းမရ လူနေထူထပ်စည်ကားသော မြို့လယ်ခေါင် နေရာများတွင် နေ့အချိန်များအတွင်း ဖြစ်ပွားနေ ကြောင်း မန္တလေးမှ ကင်းထောက်သတင်းရင်းမြစ်များက ပြောဆိုသည်။ မန္တလေးမြို့ပေါ်တွင် ယခု ဇွန်လဆန်းပိုင်းအတွင်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ နံနက်အစောပိုင်းမှစတင်ပြီး ညအချိန် ညဉ့်နက်ပိုင်းအထိ အလွန်များပြားစွာ ဖြစ်ပွားနေကြောင်း၊ မန္တလေးတစ်မြို့လုံးအနှံ့တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ၊ ယာဉ်စစ်ဆေးခြင်း၊ စုံ/မ စစ်ဆေးခြင်းများကို စစ်တပ်၊ရဲ၊ ထွေ/အုပ်နှင့် ပျူစောထီးများ က ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း…
-

အသက် ၂ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်
ချမ်းအေးသာစံမှာ အသက် ၂ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်သူကို ပြည်သူတွေ ဝိုင်းဖမ်း မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်မှာ ဇွန် ၈ ရက်နေ့ ည ၇ နာရီဝန်းကျင်က အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအား အဓမ္မကျင့်ပြီး ထွက်ပြေးဖို့ ကြိုးပမ်းသူ အမျိုးသားတစ်ဦးကို ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ညက ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်အား အဓမ္မကျင့်ပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို ရပ်ကွက်နေပြည်သူတွေက လိုက်လံပိတ်ဆို့ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ “မနေ့ညက ၂ နှစ်ကလေးလေးကို အဓမ္မကျင့်ပြီး ထွက်ပြေးတဲ့သူကို ရပ်ကွက်ထဲကလူတွေ ဝိုင်းဖမ်းတာ မိသွားတယ်။ မိသွားတော့ သူအရက်မူးနေလို့…
-

ကဝမြို့နယ်တွင် မိသားစုဝင် ၄ ဦးအား သတ်ခဲ့သည့် သူရင်းငှား အပါအဝင် ၄ ဦးကို ဖမ်းမိ
ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သင်ဘန်းကန်ကျေးရွာအုပ်စု၊ ရွှေဘုံသာကျေးရွာမှာ ဇွန် ၃ ရက်က လယ်ပိုင်ရှင်မိသားစုဝင် ၄ ယောက်ကို သတ်ခဲ့တဲ့ သူရင်းငှားနဲ့ ရွာသား ၃ ယောက်ကို စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းမိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန် ၃ ရက် မနက်က ရွှေဘုံသာကျေးရွာ အလယ်တန်းကျောင်းခွဲမှာ ကျောင်းတက်နေတဲ့ မောင်ဘုန်းမြတ်မင်းနဲ့ မဇင်နွယ်ဦးတို့ ကျောင်းမလာတဲ့အတွက် ဆရာမက မိသားစုဝင်တွေဆီ ဖုန်းဆက်ရာ ဖုန်းမကိုင်လို့ နေအိမ်ကို လိုက်လာရာက လူသတ်မှုကို သိရတာလို့ ဒေသခံတယောက်က ပြောပါတယ်။ “ကလေးတွေ ကျောင်းမလာလို့ ဆရာမက အိမ်ကိုဖုန်းဆက်တာ၊ ဖုန်းမကိုင်တော့ ဆရာမတွေလည်း စိတ်ပူပြီး လယ်ထဲကအိမ်ကို လိုက်လာတာ၊ အိမ်ကိုရောက်တော့ အသတ်ခံရထားတဲ့ အလောင်းတွေကြား ဒဏ်ရာတွေနဲ့ မသေဘဲ ကျန်တဲ့…
-

မောင်နှမနှစ်ဦး မိနစ်ပိုင်းသာခြားပြီး တိုက်ခန်းပေါ်မှ ပြုတ်ကျ
မောင်နှမနှစ်ဦး မိနစ်ပိုင်းသာခြားပြီး တိုက်ခန်းပေါ်မှ ပြုတ်ကျမှု ဂျိုဟိုးဗာရူးတွင် ဖြစ်ပွား “ကျွန်မတို့ ရေမချိုးခင် ကိုယ်လက်သန့်စင်ဖို့ ရေကူးကန်ဘေးက ရေပိုက်ကို ဖွင့်ရုံရှိသေးတယ်၊ တစ်ခုခု ပြုတ်ကျလာသလိုမျိုး အသံအကျယ်ကြီး ချက်ချင်း ကြားလိုက်ရတယ်” ဟု ယမန်နေ့ နံနက် ၈ နာရီက တမ်ပွိုင်း (Tampoi) ရှိ တိုက်ခန်းကွန်ဒိုတစ်ခုတွင် ကလေးငယ်နှစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျခဲ့သည့် ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ စိတ်နှလုံးထိခိုက်ဖွယ် ဖြစ်ရပ်နှင့် ပတ်သက်၍ ၎င်း၏ Instagram လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေခဲ့ရာ၌ ၎င်းရှိနေသည့် ရေကူးကန်မှာ (၇) ထပ်မြောက်တွင် ရှိကြောင်း ထိုအမျိုးသမီးက ဆိုသည်။ ၎င်း၏ ပြောကြားချက်အရ ထိုအချိန်က ရေကူးကန်နေရာတွင် ၎င်း၊ ၎င်း၏ခင်ပွန်း၊ ၎င်းတို့၏…
-

ထရံတောင်မလုံတဲ့ တဲကျောင်းလေးထဲမှာ အောင်မြင်မှုကိုစွန့်ကာ တရားရှာနေတဲ့ ဆရာလေး ဒေါ်နန္ဒမာလာ(သို့)တင့်တင့်ထွန်း
🌸ထရံတောင်မလုံတဲ့ တဲကျောင်းလေးထဲမှာ အောင်မြင်မှုကိုစွန့်ကာ တရားရှာနေတဲ့ ဆရာလေး ဒေါ်နန္ဒမာလာ(သို့)တင့်တင့်ထွန်း 🌸 တစ်ချိန်က အနုပညာလောကမှာ အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ လူသူဝေးရာမှာ သိုသိုသိပ်သိပ်နဲ့ တရားအလုပ်ကိုသာ အေးချမ်းစွာ ကျင့်ကြံနေတဲ့ နိုင်ငံကျော် မင်းသမီးဟောင်း တင့်တင့်ထွန်းကို အားလုံးပဲ မှတ်မိကြဦးမယ် ထင်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် ချစ်ရတဲ့ မိသားစုနဲ့ အနုပညာအလုပ်တွေကို စွန့်လွှတ်ပြီး သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့တဲ့ ဆရာလေးဟာ ရင်းနှီးသူတွေကိုတောင် သိပ်အတွေ့မခံဘဲ တရားကိုသာ ကြိုးစားအားထုတ်နေခဲ့တာပါ။ မကြာသေးမီက ဆရာလေးကို သွားရောက်ဖူးမြော်ခဲ့သူ တစ်ဦးရဲ့ ပြန်လည်မျှဝေမှုအရ၊ ဆရာလေး သီတင်းသုံးနေတဲ့ ကျောင်းသင်္ခမ်းလေးဟာ ထရံတောင် အပြည့်အဝကာရံထားနိုင်ခြင်းမရှိတဲ့ အလွန်ရိုးရှင်းနွမ်းပါးတဲ့ တဲကျောင်းလေး ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုမြင်ကွင်းကြောင့် စိတ်မကောင်းဖြစ်ပြီး အလှူငွေတွေ ကပ်လှူဖို့ ကြိုးစားခဲ့ပေမယ့် ဆရာလေးရဲ့…