Category: News

  • တိုက်ပွဲဖြစ်ပွားခဲ့သည့် ကနေဒီတောင်အနီး လင်းတများ ထူးခြားစွာကျက်စားနေ

    တိုက်ပွဲဖြစ်ပွားခဲ့သည့် ကနေဒီတောင်အနီး လင်းတများ ထူးခြားစွာကျက်စားနေ

    ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကနေဒီတောင်နှင့် အနီးတဝိုက်တွင် လင်းတငှက်များ ထူးခြားစွာ ကျက်စားသွားလာနေကြောင်း ဒေသခံနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။ ကလေးမြို့နှင့် တီးတိန်မြို့နယ်လမ်းပေါ်ရှိ ကနေဒီတောင်အနီးတဝိုက် နှင့် ဇောင်ကောင်ရွာတို့ဘက်တွင် ကျက်စားနေခြင်းဖြစ်ကြောင်း သိရသည်။ “ဟိုအရင်က မလားဖူးဘူး ၊ အခုမှပဲ အုပ်စုလိုက်တွေ့ရတာ အကောင်ရေ ၄၀ ၊ ၅၀ လောက်ရှိမယ် ၊ နည်းနည်းတော့ကြာပြီ ၊ မိုင်းသံ ၊ သေနတ်သံ ကြားရင်ကို ထွက်လာကြတော့တာ” ဟု ဒေသတွင် လှုပ်ရှားနေသည့် CDF CDM – Siyin တာဝန်ရှိသူက ပြောသည်။ စစ်အုပ်စုတပ်က ဒေသတွင်ကျေးရွာများကို ဝင်ရောက်ပြီး အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်၍ အသားကောင်းနေရာများ လှီးဖြတ်ယူပြီး ကျန်အစိတ်အပိုင်းများကို စွန့်ပစ်ထားသဖြင့်…

  • ကပစ ၁၆ တပ်မိသားစုများ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ဘေးရှောင်

    ကပစ ၁၆ တပ်မိသားစုများ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ဘေးရှောင်

    အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကြောင့် ပန်းတောင်းမြို့နယ်မှာရှိတဲ့ အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံက မှီခိုရဲမေမိသားစုတွေနဲ့ အသက်အရွယ်ကြီးသူတွေကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေ့နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မေ ၁၄ ရက်ကစလို့ ကပစ ၁၆ က မှီခိုရဲမေတွေ၊ ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေကို ကေတုမတီအခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဆီကို ပြောင်းနေတာလို့ ဆိုပါတယ်။ စစ်ရေးသတင်းရင်းမြစ်တယောက်က “တိုက်ပွဲက ကပစ ၁၆ နဲ့ နီးလာတာရယ်၊ အရှေ့မှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ သုံ့ပန်းအဖြစ် အဖမ်းခံရတာတွေရှိတာကြောင့် မှီခိုမိသားစုတွေနဲ့ အသက်ကြီးတဲ့သူတွေကို တိုင်းစစ်ဌာနချုပ်ကို ယာယီပြောင်းရွှေ့ထားတဲ့သဘောပါ” လို့ ပြောပါတယ်။ ပြောင်းရွှေ့ရေးကို ကပစ ၁၆ က ဗိုလ်ကြီးတယောက်နဲ့ တပ်မ ၇၇ က အရာရှိတွေ ဦးဆောင်ပြီး ကပစ…

  • ရေကြည်အမြောက်တပ် ၃၄၄ ကို AA နဲ့မဟာမိတ်တွေ ယာယီထိန်းချုပ်

    ရေကြည်အမြောက်တပ် ၃၄၄ ကို AA နဲ့မဟာမိတ်တွေ ယာယီထိန်းချုပ်

    ရေကြည်အမြောက်တပ် ၃၄၄ ကို AA နဲ့မဟာမိတ်တွေ ယာယီထိန်းချုပ်ပြီး လေကြောင်းအန္တရာယ်ကြောင့် ပြန်ဆုတ်ထား၊တိုက်ပွဲဆက်လက်ပြင်းထန် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲ အမြောက်တပ် အမတ ၃၄၄ကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေကမေလ ၁၅ရက်နေ့မှာ ယာယီထိန်းချုပ်နိုင်ခဲ့ပြီး လေကြောင်းရန်ကြောင်း ပြန်ဆုတ်ထားသလို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။ ရခိုင်ပြည်နယ်ဂွမြို့နဲ့ဆက်စပ်နေပြီးဂွ-ငသိုင်းချောင်းလမ်းဘေးက မြောက်စမ်းရွာအနီးမှာရှိတဲ့ အမြောက်တပ် အမတ(၃၄၄)ကို မေလ ၉ ရက်ကစပြီး AA နဲ့မဟာမိတ်တွေကထိုးစစ်ဆင်နေတာပါ။ ကာကင်းစခန်းအားလုံးကို သိမ်းယူထားနိုင်ပြီး မေလ ၁၅ ရက် မနက်အစောပိုင်းမှာတော့ အမတ(၃၄၄)ထဲအထိ ဝင်ရောက်ထိုးစစ်ဆင်နိုင်ခဲ့တာပါ။ “၃၄၄ ကျပြီဆိုပြီးတမြို့လုံးပြောနေကြတာ။ တပ်ထဲကဝန်ထမ်းမိသားစုတွေလည်းအပြင်ထွက်လာလို့မရတော့တာ ကြာပြီ။ တိုက်ပွဲတွေစဖြစ်ပြီဆိုကတည်းက အရာရှိတွေရဲ့မိန်းမတွေ ရန်ကုန်နဲ့ ဟင်္သာတဘက်ကို ရှောင်သွားတာ။ ၁၄ ရက်နေ့ကတော့ တိုက်ပွဲတွေတော်တော်ပြင်းခဲ့ပြီး လေကြောင်းကနေလည်း ညပိုင်းနဲ့ နောက်နေ့မနက်မိုးလင်းတဲ့အထိလာကြဲတာ”လို့ ရေကြည်မြို့ခံသတင်းရင်းမြစ်ကပြောပါတယ်။ လက်ရှိတိုက်ပွဲတွေနဲ့နီးစပ်တဲ့ ဧရာဝတီတိုင်းထဲကတော်လှန်ရေးသတင်းရင်းမြစ်အချို့က…

  • ခရိုနီ ဦးတေဇ၏သား ထူးထက်တေဇ စစ်မှုထမ်းရန် ဆင့်ခေါ်စာ လူမှုကွန်ရက်၌ ပျံ့နှံ့နေ

    ခရိုနီ ဦးတေဇ၏သား ထူးထက်တေဇ စစ်မှုထမ်းရန် ဆင့်ခေါ်စာ လူမှုကွန်ရက်၌ ပျံ့နှံ့နေ

    မြန်မာနိုင်ငံ၏ အချမ်းသာဆုံးစာရင်းဝင် ဦးတေဇ၏သား မောင်ထူးထက်တေဇ စစ်မှုထမ်းရန် ဆင့်ခေါ်စာ လူမှုကွန်ရက်၌ ပျံ့နှံ့လျက်ရှိသည် အဆိုပါ ပျံ့နှံ့နေသည့် ဆင့်ခေါ်စာသည် ကမာရွတ်မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ၂၀၂၆ ခုနှစ် မေလ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး၊ အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်သည့် စာတစ်စောင် ဖြစ်သည်။ စာအထဲတွင်မူ အမည် မောင်ထူးထက်တေဇ၊ အဘအမည် ဦးတေဇ၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် ၁၂/ကမရ(နိုင်)၀၆၀၈၅၁၊ နေရပ်လိပ်စာ အမှတ် (၈၆)၊ အင်းယားလမ်း၊ (၁၀) ရပ်ကွက်၊ ကမာရွတ်မြို့နယ်ဟု အတိအကျ ဖော်ပြထားသည်။ ထို့အပြင် အဆိုပါပုဂ္ဂိုလ်သည် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် အသက်အရွယ်ပြည့်မြောက်ပြီးသူ ဖြစ်သဖြင့် မေလ ၁၄ ရက်နေ့ ရုံးချိန်အတွင်း ကမာရွတ်မြို့နယ်ထွေအုပ်ရုံး (နာဂတ်တောလမ်းနှင့် နာဂတ်တောဂိတ်တံတားအဆင်း) နေရာသို့…

  • အမေ့လျော့ခံ မဟုတ်တဲ့ သရုပ်ဆောင် ရဲတိုက်

    အမေ့လျော့ခံ မဟုတ်တဲ့ သရုပ်ဆောင် ရဲတိုက်

    အင်းစိန်ထောင်မှာ ၅ နှစ်ကျော်ကြာ ကျခံနေရတဲ့ သရုပ်ဆောင် ရဲတိုက်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်က သူ့ရဲ့ ၄၂ နှစ်မြောက် မွေးနေ့ကို ထောင်တွင်းမှာပဲ ဖြတ်သန်းခဲ့ပါတယ်။ သူ့ရဲ့ ပရိသတ်တွေကတော့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေ ထွက်လာတိုင်းမှာ မျှော်နေကြပေမယ့် ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက် လွတ်ငြိမ်းမှာလည်း ပါဝင်လာခြင်း မရှိသလို ကဆုန်လပြည့်နေ့မှာလည်း မျှော်လင့်ချက်မဲ့ခဲ့ပါတယ်။ သရုပ်ဆောင် ရဲတိုက်ဟာ ၂၀၂၁ ဧပြီ ၃ ရက်က ရန်ကုန်မြို့ သမိုင်းလမ်းဆုံမှာ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကိစ္စတွေနဲ့ ပတ်သက်လို့ အင်တာဗျူးဖြေဆိုတာ၊ Facebook ပေါ် တင်တဲ့စာတွေကြောင့် လသာမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅- က နဲ့ တရားစွဲတဲ့အပြင်…