Category: News

  • နေပြည်တော်မှာ ဝါးကားမှောက်လို့ ဝါးခုတ်တောင်သူ ၁၆ဦးသေဆုံး၊ ၂၀ကျော် ဒဏ်ရာရ

    နေပြည်တော်မှာ ဝါးကားမှောက်လို့ ဝါးခုတ်တောင်သူ ၁၆ဦးသေဆုံး၊ ၂၀ကျော် ဒဏ်ရာရ

    နေပြည်တော်မှာ ဝါးတွေတင်ဆောင်လာတဲ့ကားမှောက်လို့ ဝါးခုတ်တောင်သူ ၁၆ဦးသေဆုံးခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေး ပရဟိတ အသင်းအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    ဒီကနေ့(မေလ ၂ ရက်) နေ့လယ် ၁နာရီခွဲခန့်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေ-လွင်သာယာကျေးရွာကြားက ကျေးရွာချင်းဆက်လမ်း မြေကျွံပြီး ဝါးတွေတင်လာတဲ့ ခြောက်ဘီးကား ချောက်ထဲကျခဲ့တာလို့ ဆိုပါတယ်။

    “စတာယာရင်း ကွေ့တာမနိုင်တော့ဘဲ ကားကချောက်ထဲ ကျသွားတာ။ဖြစ်စဥ်နေရာမှာပဲ ၁၆ဦးက သေသွားတယ်။အားလုံးက ဝါးခုတ်တောင်သူတွေပါပဲ။မိုးစွေ၊လွင်သာယာနဲ့ မင်းတောင်ကျေးရွာခံတွေ”လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူက ပြောပါတယ်။

    ကားမှောက်မှုဖြစ်စဥ်မှာ ကားပေါ်လိုက်ပါသူ ၃၈ဦးအနက် အမျိုးသား ၉ဦး၊ အမျိုးသမီး ၇ဦး စုစုပေါင်း ၁၆ဦး သေဆုံးခဲ့ပြီး အမျိုးသား ၈ဦး၊ အမျိုးသမီး ၁၃ ဦးဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

    လွန်ခဲ့တဲ့နှစ်ပတ်ဝန်းကျင်ကလည်း မွန်ပြည်နယ်၊သထုံမြို့နယ်မှာ ယာဥ်တိုက်မှု ဖြစ်ပြီးသံဃာ ရှစ်ပါး အပါအဝင် ၁၂ ဦးသေဆုံးခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။

    မြန်မာနိုင်ငံဟာ ယာဥ်တိုက်မှုနဲ့ ယာဥ်တိမ်းမှောက်မှုတွေကြောင့် လူအသေအပျောက် ထိခိုက်သူအများဆုံး နိုင်ငံစာရင်းထဲပါရှိနေဆဲပဲလို့ အမျိုးသားယာဥ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ NRSC က ၂၀၂၄က ထုတ်ပြန်ထားပါတယ်။

    NRSC ရဲ့စာရင်းတွေအရ ၁နှစ်ကို ယာဥ်တိုက်မှုပေါင်း ၃၀၀၀နဲ့ ၄၀၀၀အထက်ရှိပြီး သေဆုံးသူအနည်းဆုံး ၂၀၀၀ကျော်ရှိပါတယ်။

    (နေပြည်တော်မှာ ဝါးကားတိမ်းမှောက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

  • စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးခဲ့သည့် ကလေး ၆ ဦးနှင့် လူငယ်တစ်ဦးကို သင်္ဂြိုဟ်

    စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးခဲ့သည့် ကလေး ၆ ဦးနှင့် လူငယ်တစ်ဦးကို သင်္ဂြိုဟ်

    အာဏာသိမ်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ကလေး ၆ဦး အပါအဝင် လူငယ်တစ်ဦးကို ယမန်နေ့ မေ ၂ ရက်နေ့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။

    ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခေါပွီးချစ်ပ် (Khawpuichhip) ကျေးရွာမှာ မေ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂လုံးဖြင့် တိုက်ခိုက်မှုကြောင့် ကလေး ၆ဦးနှင့် လူငယ်တစ်ဦး သေဆုံးခဲ့သည်။

    သေဆုံးသည့် အထဲတွင် ၅လသားအရွယ် ကလေး ၁ ဦး၊ သုံးနှစ်အရွယ် ကလေး ၁ ဦး၊ လေးနှစ်အရွယ် ကလေး ၁ ဦး၊ ၅နှစ်အရွယ်ကလေး ၂ ဦး၊ ၁၀အရွယ် ကလေး ၁ ဦးနှင့် အသက် နှစ်ဆယ့်ကိုးနှစ်အရွယ် လူငယ် ၁ ဦးတို့ သေဆုံးခဲ့သည်။

    ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အချို့မှာလည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများက Western News ကို ပြောသည်။

    ခေါပွီးချစ်ပ် (Khawpuichhip) ကျေးရွာသည် အိမ်ခြေ ၃၀ရှိသည့် မြန်မာနယ်စပ် အနီးမှာတည်ရှိသော ကျေးရွာ ဖြစ်ပြီးဖလမ်း – ရိခေါဒါရ်လမ်းမကြီးပေါ်မှာ တည်ရှိသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။

  • ဒေါ်အောင်ဆန်းစုကြည် ‘ကျန်းမာရေးကောင်းမွန်’ ပြီး နေပြည်တော်ရှိ ဝန်ကြီး ၁ ဦး၏ နေအိမ်တွင် ထိန်းသိမ်းထား

    ဒေါ်အောင်ဆန်းစုကြည် ‘ကျန်းမာရေးကောင်းမွန်’ ပြီး နေပြည်တော်ရှိ ဝန်ကြီး ၁ ဦး၏ နေအိမ်တွင် ထိန်းသိမ်းထား

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်း အချက်အချာကျသော နေရာရှိ ဝန်ကြီးတဦး၏ နေအိမ်တွင် စစ်အုပ်စုက ပြောင်းရွှေ့ထိန်းသိမ်းထားပြီး “ကျန်းမာရေးကောင်းမွန်” သည်ဟု စုံစမ်းသိရသည်။

    ဧပြီ ၂၅ ရက်နေ့တွင် နေပြည်တော်သို့ ရောက်လာသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အဆိုပါနေအိမ်၌ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံခဲ့ခြင်းဟု သတင်းရင်းမြစ်က ပြောသည်။

    “အန်တီစုက ကျန်းမာတယ်တဲ့ ။ (အန်တီစု) နေအိမ်ကျယ်ချုပ် နေအိမ်က ဝန်ကြီးတပါးရဲ့နေအိမ်။ အဲ့အိမ်ကို ရွှေ့လိုက်ပြီ။ အဲ့အိမ်မှာထားတယ်တဲ့။ ဝမ်ယိက ဝမ်ယိမပြန်ခင်မှာ အန်တီစုနဲ့ တွေ့သွားတယ်တဲ့” ဟု သတင်းရင်းမြစ်က ပြောသည်။

    ထိုစဉ်တွင် ဝမ်ယိက ၂၀၂၆ သမ္မတ မင်းအောင်လှိုင်နှင့် တွေ့ဆုံသည့်သတင်းကိုသာ ထုတ်ပြန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့်သတင်းကို ထုတ်ပြန်ခဲ့ခြင်းမရှိပါ။ ယင်းမှာ နှစ်ဖက်စလုံး၏ သဘောတူညီမှုဖြင့် သတင်းကို အများသိအောင် မထုတ်ပြန်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

    ဒေါ်အောင်ဆန်းစုကြည်ရှိနေသည့် ဝန်ကြီးနေအိမ်အား ထည့်သွင်းဖော်ပြခြင်းမပြုရန် သတင်းရင်းမြစ်က တောင်းဆိုထားသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ ကာလရှည် မိတ်ဟောင်းဆွေဟောင်းတဦးဖြစ်ပြီး ၎င်းနှင့် ပတ်သက်သည့် နောက်ဆုံးအခြေအနေများကို တရုတ်နိုင်ငံအနေဖြင့် အစဉ်တစိုက် စောင့်ကြည့်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ကြာသပတေးနေ့ (ဧပြီ ၃၀ ရက်) တွင် ပြောကြားခဲ့သည်။

    ယင်းနောက် ဧပြီ ၃၀ ရက်ညတွင်ပင် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှ “သတ်မှတ်ထားသည့် နေအိမ်” ၌ ကျန်ရှိပြစ်ဒဏ်များ ဆက်လက်ကျခံရန် ပြောင်းလဲသတ်မှတ်ကြောင်း MRTV ည ၈ နာရီသတင်းမှ ထုတ်ပြန်ခဲ့ရာ ဒေါ်အောင်ဆန်းစု မည်သည့်နေရာတွင် ရှိနေကြောင်း လူထု၏ မေးခွန်းထုတ်မှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။

    လက်ရှိတွင် ‘သတ်မှတ်နေအိမ်’ သို့ ပြောင်းရွှေ့ခံရသည့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ကုလသမဂ္ဂ၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က ထုတ်ပြန်ချက်များထုတ်ပြန်ပြီး တိုက်တွန်းထားသည်။

    ၂၀၂၆ သမ္မတ ဖြစ်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်များစွာဖြင့် စွပ်စွဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လူထုနှင့် လုံးဝအဆက်သွယ်ဖြတ်တောက်ထားခဲ့သည်။

  • လုပ်ခလစာမပေးတဲ့သူဌေးကို လည်လှီးသတ်လိုက်တဲ့ မြန်မာ ၄ ဦး

    လုပ်ခလစာမပေးတဲ့သူဌေးကို လည်လှီးသတ်လိုက်တဲ့ မြန်မာ ၄ ဦး

    လစာပိုက်ဆံ မပေးတဲ့ အသက် ၄၉ နှစ်၊ ထိုင်းရိုင်အလုပ်ရှင် သူဌေးကို မြန်မာပြည်သား ၄ ယောက် သတ်သွားပါတယ်။

    ဘာလို့ သူဌေးကို သတ်ရတာမေးတော့ စိတ်နာလို့၊ သူတို့ ရသင့်ရထိုက်တာကို မပေးတာ ကြာနေပြီ။

    ဒါကြောင့် သီးမခံနိုင်တော့လို့ သတ်ပစ်လိုက်တာတဲ့။

    ဒီဖြစ်စဉ်တွေ အစက သူဌေးရဲ့ အလုပ်ရုံက ချင်းမိုင်မြို့မှာပါ၊ မြန်မာ ၄ ယောက်ရဲ့ အတိုကောက်အမည်တွေက၊

    နိုင်စိုး၊ နိုင်ရောင်၊ နိုင်ဒမ်းနဲ့ နိုင်ဘော့တို့ဖြစ်ကြတယ်။

    (ထိုင်းမှာက ယောက်ျားလေးဆို အရှေ့က နိုင် ထည့်ခေါ်ပါတယ်။)

    သူတို့4ယောက်ရဲ့ ရစရာ ပိုက်ဆံတွေကို သူဌေးက မပေးတာကြာပီတဲ့။

    သွားတောင်းရင်လဲ ပြန်အော်ထုတ် မောင်းလွတ်တယ်။

    တခါတလေ မြန်မာ ၄ ဦးက ပိုက်ဆံမရှိလို့ ထမင်းငတ်ခဲ့ရတဲ့ ရက်တွေတောင် ကြုံခဲ့ရတယ်တဲ့။

    သူဌေးက အဲလိုမျိုး လုပ်နေတာကို သူငယ်ချင်း ၄ ယောက်က သည်းမခံ နိုင်တော့ဘူးတဲ့။

    1.05.2026 -မနက် ၂ နာရီ CCTV ထဲမှာ သူတို့ ၄ ယောက်က အလုပ်ရုံထဲကို ဝင်လာကြတယ်။

    နိုင်စိုးနဲ့ နိုင်ရောင်းက အိပ်ပျော်နေတဲ့ သူဌေးကို လည်လှီးသတ်လိုက်တယ်။

    ကျန်တဲ့ နိုင်ဒမ်းနဲ့ နိုင်ဘော့က လမ်းသွားလူအခြေအနေကို ကြည့်ပေးတယ်။

    ကိစ္စတွေ ပြီးစီးတော့ မြန်မာပြည်ဘက်ကိုကူးဖို့ ချင်းလိုင်းဘက်မှာ ၂ ရက်နေ့မှာပဲ ဖမ်းမိသွားတယ်လို့ သိရပါတယ်။

    အားလုံးထွက်ဆိုချက်က လုပ်အားခ မပေးတာကြာနေပြီ

    စိတ်နာလို့ရှင်းပစ်လိုက်တာလို့ ပြောပြခဲ့ပါတယ်။

  • ရွှေပြည်သာမှ အမျိုးသမီးတစ်ဦးကို တင်တောင်းငွေမက်လုံးပေးစည်းရုံးပြီး လက်ထပ်သည့် တရုတ်အမျိုးသား

    ရွှေပြည်သာမှ အမျိုးသမီးတစ်ဦးကို တင်တောင်းငွေမက်လုံးပေးစည်းရုံးပြီး လက်ထပ်သည့် တရုတ်အမျိုးသား

    ရွှေပြည်သာမှ အမျိုးသမီးတစ်ဦးကို တင်တောင်းငွေမက်လုံးပေးစည်းရုံးပြီး လက်ထပ်သည့် တရုတ်အမျိုးသား ကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ချမှတ်

    ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသား နဲ့ လက်ထပ်ပါက တင်တောင်းငွေကျပ်သိန်း၂၀၀ ခန့် ရရှိမယ်လို့ မက်လုံးပေးစည်းရုံးပြီး

    လက်ထပ်ယူကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်ရန် လုပ်ဆောင်တဲ့ တရုတ်အမျိုးသားကို အလုပ်နဲ့ထောင်ဒဏ် ၁၂ နှစ် ချမှတ် ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထံမှ သိရပါတယ်။

    ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး ဟာ အလုပ်လုပ်ကိုင်ရန် အတွက် တမြို့ထဲနေ သူငယ်ချင်းဖြစ်သူ မယုယုခိုင် ကို တိုင်ပင်ရာ

    မယုယုခိုင်မှ တရုတ်အမျိုးသားနဲ့ လက်ထပ်ရင် သိန်း ၁၈၀/၂၀၀ ရရှိမယ်လို့ စည်းရုံးပြောဆို၍

    ရွှေပြည်သာ ထန်းခြောက်ပင် (ပတ္တမြားဈေးအနီးရှိ) လက်ဖက်ရည်ဆိုင်တွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ၁၉ ရပ်ကွက်နေ ကိုဇာနည်မင်းနဲ့တွေ့ဆုံပေးခဲ့တယ်လို့ သိရပါတယ်။

    တဖန် ကိုဇာနည်မင်း မှ တစ်ဆင့်တရုတ်အမျိုးသား Mr. Wu Jin Min (ဝူကျင်းမင်း) နဲ့ တွေ့ဆုံပေးခဲ့ပြီး ဝူကျင်းမင်းက တင်တောင်းငွေကျပ်သိန်း ၁၈၀ ပေးမယ်လို့ ပြောဆိုကာ

    အကျိုးဆောင်ခအဖြစ် ကိုဇာနည်မင်းကို ငွေကျပ် ၅ သိန်းနဲ့ မင်္ဂလာဆွမ်းကျွေးဖို့ ငွေကျပ် ၁၀ သိန်း ပေးခဲ့တယ်လို့ သိရပါတယ်။

    မင်္ဂလာဆွမ်းကျွေးနေ့မှာ လူကုန်ကူးခံရတဲ့အမျိုးသမီးကို တင်တောင်းငွေကျပ်သိန်း ၈၀ ပေးခဲ့ပြီး ကျောက်တံတားခရိုင် တရားရုံးမှာ လက်ထပ်လက်မှတ်ရေးထိုးချိန် ငွေကျပ်သိန်း ၅၀ ကို ထပ်မံပေးခဲ့သလို

    ကျန်ငွေသိန်း ၅၀ ကို လေယာဉ်တက်ချိန်ပေးမယ်ဆိုပြီး တင်တောင်းငွေတွေနဲ့ မက်လုံးပေးစည်းရုံးကာ အဓမ္မလက်ထပ်စေခဲ့ပြီး တရုတ်နိုင်ငံသို့ သွားရောက်ရန် စာရွက်စာတမ်းပြုလုပ်ချိန်တွင် လှိုင်သာယာမြို့နယ် ရွှေပဒုမ္မာဟိုတယ်မှာ ပေါင်းသင်းနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    အခုလို တရုတ်နိုင်ငံသား နဲ့ လက်ထပ်ပေါင်းသင်းစေရန် တင်တောင်းငွေမက်လုံးပေးစည်းရုံးကာ အဓမ္မလက်ထပ် ထိမ်းမြားစေပြီး တရုတ်နိုင်ငံသို့ခေါ်ဆောင်ရန် စီစဉ် ဆောင်ရွက်ခဲ့တဲ့ တရုတ်အမျိုးသား Mr. Wu Jin Min (ဝူကျင်းမင်း) ၊ ကိုဇာနည်မင်းနဲ့ မယုယုခိုင်တို့ သုံးဦးကို

    အမှတ် ၆ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (ရန်ကုန်) က တရားလိုပြုလုပ်တိုင်တန်းရာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနဲ့ ရွှေပြည်သာမြို့နယ် ရဲစခန်းမှာ ပါဝင်ပတ်သက်သူတွေကို အမှုဖွင့်တရားစွဲတင်ခဲ့ပြီး ဧပြီ ၂၄ ရက်မှာ မင်္ဂလာဒုံခရိုင်တရားရုံးက ဝူကျင်းမင်းကို အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    တိမ်းရှောင် တရားခံ မယုယုခိုင်ကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ ကျင့် ၈၇/၈၈အတည်ပြုထုတ်ထုတ်ဆင့်ခဲ့ကာ

    လူကုန်ကူးရာမှာ ပါဝင်ပတ်သက်သူ ကိုဇာနည်မင်းကို ဖမ်းဆီးရမိမှု ရှိ၊ မရှိ အခြေအနေနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ထုတ်ပြန်မှု တွင် ထည့်သွင်းထားမှုမရှိတာတွေ့ရပါတယ်။