Category: News
-

ပြန်လည်စုဖွဲ့မှုတွေနဲ့ MDY-PDF ပြန်လာပြီ
MDY-PDF က ပြန်လည်စုဖွဲ့လေ့ကျင့်ပြီးပြီမို့ စစ်ဆင်ရေးတွေ အပြည့်အဝ ပြန်လုပ်တော့မယ်လို့ ကြေညာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF (အထူးလှုပ်ရှားတပ်မ) အနေနဲ့ တပ်တစ်ခုလုံး ပြန်လည်စုဖွဲ့ လေ့ကျင့်ခြင်းလုပ်ငန်းစဉ်တွေနဲ့ စစ်ရေး၊ နိုင်ငံရေး စွမ်းဆောင်ရည် မြှင့်တင်မှု လုပ်ငန်းစဉ်တွေကို လေးလကြာ ပြုလုပ်ခဲ့ပြီးနောက် စစ်ဆင်ရေးတွေကို အပြည့်အ၀ ပြန်လည် ဖော်ဆောင်တော့မယ်လို့ MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။ MDY-PDF အနေနဲ့ ပြီးခဲ့တဲ့ လေးလတာ ကာလကို ပြန်လည် စုဖွဲ့လေ့ကျင့်ခြင်းတွေ လုပ်ဆောင်ခဲ့တာကြောင့် စစ်ဆင်ရေးတွေကို အကန့်အသတ်နဲ့သာ ဖော်ဆောင်နိုင်ခဲ့ပြီး လက်ရိမှာ ပြန်လည်စုဖွဲ့ လေ့ကျင့်မှုကာလ ပြီးဆုံးပြီမို့ မဟာမိတ်တွေနဲ့ ပေါင်းကာ စစ်ဆင်ရေးတွေကို အပြည့်အဝ ပြန်လည် ဖော်ဆောင်တော့မယ်လို့ ဆိုပါတယ်။ “လေးလတာ ကာလအတွင်း ပြန်လည်စုဖွဲ့လေ့ကျင့်မှု…
-

အသက် ၆၀ ကျော် အမျိုးသားတစ်ဦး ပြည့်တန်ဆာနေအိမ်မှာ ပျော်ပါးနေချိန် အမောဖောက် သေဆုံး
ကော့သောင်းမှာ အသက် ၆၀ ကျော် အမျိုးသားတစ်ဦး ပြည့်တန်ဆာနေအိမ်မှာ ပျော်ပါးနေချိန် အမောဖောက် သေဆုံး ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ ဇူလိုင်လ ၆ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်အချိန်က ပြည့်တန်ဆာအိမ်တစ်အိမ်မှာ ပျော်ပါးနေတဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ မနေ့ည ၁၁ နာရီခွဲအချိန်က ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဦးအောင်ဇေယျ ၃ လမ်းရှိ ပြည့်တန်ဆာအိမ်တစ်အိမ်မှာ အမျိုးသားတစ်ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ “အသက် ၂၀ ကျော် မိန်းကလေးတစ်ဦးနဲ့ ပျော်ပါးနေတဲ့ အသက် ၆၀ အရွယ် ဝါရင့်အမျိုးသားတစ်ယောက် သေဆုံးသွားတာ ဖြစ်ပါတယ်။ ဆရာဝန်တွေရဲ့ ကနဦးစစ်ဆေးချက်အရ ရောဂါအခံကြောင့်…
-

အမြည်းဖိုးကုန်ကျစရိတ်များလို့ စကားများကြရာက လူသတ်မှု ဖြစ်ပွား
တူဝရီး ၂ ယောက် အရက်အတူသောက်နေရင်း အမြည်းဖိုးကုန်ကျစရိတ်များလို့ စကားများကြရာက လူသတ်မှု ဖြစ်ပွား ရန်ကုန်တိုင်း၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့ အနောက်ပိုင်းရပ်ကွက် မှော်ဝန်းချောင်းဘေးရှိ ဦးလှဦး ပုဇွန်ကန်တဲမှာ အရက်အတူသောက်ကြရင်း အမြည်းစားတာများပြီး ကုန်ကျစရိတ် များသွားတာကြောင့် စကားများကြရာက လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဆွေမျိုးတော်ဆပ်သူ ၂ ဦး အရက်အတူသောက်ရာက အမြည်းနဲ့ အရက်ဖိုး ကုန်ကျငွေကိစ္စအတွက် စကားများကြရင်း လောက်လေးခွအချွန်နဲ့ ထိုးသတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “ပုဇွန်ကန်မှာ သူတို့က အလုပ်လုပ်ကြတာ၊ အခုလူသတ်မှုဖြစ်တဲ့ နှစ်ယောက်က တူဝရီးတော်ကြတယ်၊ အမြည်းနဲ့ အရက်ဖိုးကိစ္စ စကားများတာလို့ ပြောတယ်၊ အမြည်းပဲစားနေလို့ ပြောတာကနေ ငယ်ကျိုးငယ်နာတွေပါလာပြီး လောက်လေးခွအောက်က…
-

ကျောက်ဖြူတိုက်ပွဲ ရပ်တန့်နေချိန် AA က စနိုက်ဘာနဲ့ ပစ်ခတ်မှုကြောင့် မြန်မာစစ်တပ်ဘက်က အကျအဆုံးအချို့ရှိနေ
ကျောက်ဖြူတိုက်ပွဲ ရပ်တန့်နေချိန် AA က စနိုက်ဘာနဲ့ ပစ်ခတ်မှုကြောင့် မြန်မာစစ်တပ်ဘက်က အကျအဆုံးအချို့ရှိနေ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ယာယီရပ်တန့်နေချိန်မှာ အာရက္ခတပ်တော် (AA) က အာဏာသိမ်း မြန်မာစစ်တပ် စစ်ကြောင်းတွေကို စနိုက်ဘာတွေနဲ့ ပစ်ခတ်တာကြောင့် သေဆုံးမှုအချို့ ရှိနေတယ်လို့ သတင်းရရှိပါတယ်။ အာရက္ခတပ်တော်ဟာ အဝတောင်၊ သိုင်းချောင်းနဲ့ မင်းပြင်အနီးရှိ အကြမ်းဖက်စစ်တပ်ဖက်မှ တပ်သားတွေကို အလွတ်မပေးဘဲ စနိုက်ဘာနဲ့ ပစ်ခတ်တာကြောင့် ခုလို သေဆုံးမှုတွေ ရှိနေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဇွန်လနောက်ဆုံးအပတ်မှာ တောင်မော်ဦးစခန်း အနီးက အ၀တောင်ကျေးရွာပတ်ဝန်းကျင်မှာ ထိတွေ့တိုက်ပွဲတချို့ အနည်းငယ်ဖြစ်ပွားတာ ရှိခဲ့ပေမယ့် လက်ရှိဇူလိုင်လ ၁ ရက်နေ့ကစပြီး မနေ့က ဇူလိုင်လ ၆ ရက်နေ့ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲရပ်တန့်နေတယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာ…
-

အာဇာနည်နေ့ မတိုင်မီ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကို စစ်အုပ်စုက လိုက်လံ ဖြိုချဖျက်ဆီးနေ
အာဇာနည်နေ့ မတိုင်မီ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကို စစ်အုပ်စုက လိုက်လံ ဖြိုချဖျက်ဆီးနေ မကွေးတိုင်း မြို့တွေရှိ ဗိုလ်ချုပ်ကြေးရုပ်တွေကို အာဏာသိမ်း စစ်အုပ်စုက ဖြိုချဖျက်ဆီး နိုင်ငံတဝန်းမှာ ပြည်သူတွေ အမြတ်တနိုး စိုက်ထူထားတဲ့ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရုပ်တုတွေကို အာဏာသိမ်း စစ်အုပ်စုက လိုက်လံ ဖျက်ဆီးနေပြီး မကွေးတိုင်း ရေစကြိုမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း ဒီမနက်ပိုင်း စစ်အုပ်စုက ဖြိုချဖျက်ဆီးခဲ့ပါတယ်။ ဇူလိုင် ၅ ရက် ည ၁၂ နာရီကျော်အချိန် ရေစကြိုမြို့ရုံးပေါင်းစုံဝန်းအတွင်းမှာ ရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို စစ်အုပ်စုက စက်ယန္တရားနဲ့ ဖြိုချဖျက်ဆီးခဲ့တာဖြစ်ပြီး အာဇာနည်နေ့ နီးတာကြောင့် အားလုံး ဖြိုချဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ ရေစကြိုဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့ည ၁၂နာရီဝန်းကျင်လောက်က စတင် ဖျက်ဆီးတာဗျ၊…