Category: News
-

Starlink အပိတ်ခံရသဖြင့် ရုရှား၏ ၂၀၂၆ စစ်ဆင်ရေး အစီအစဉ်များ ထိခိုက်
ယူကရိန်းအစိုးရ၏ တောင်းဆိုမှုကြောင့် SpaceX ကုမ္ပဏီက ရုရှား၏ Starlink ဂြိုဟ်တုဆက်သွယ်ရေး စနစ်အသုံးပြုခွင့်ကို ယခုနှစ်ဆန်းပိုင်းတွင် ပိတ်ပင်လိုက်ခြင်းကြောင့်၊ ၂၀၂၆ ခုနှစ်တွင်မောင်းသူမဲ့ ရေ ယာဉ်များ (USVs) အသုံးပြု၍ အကြီးစားစစ်ဆင်ရေးတခုပြုလုပ်ရန် ရုရှားက စီစဉ်ခဲ့သော်လည်း ယင်းအစီအစဉ်ပျက်သွားခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ နည်းပညာဆိုင်ရာအကြံပေး ပုဂ္ဂိုလ်ဖြစ်သူ ဆာဟီ ဘက်စခရက်စနော့ဗ်က ပြောကြားခဲ့သည်။ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ၏ မောင်းသူမဲ့ရေယာဉ်များ၏ ထိရောက်မှုကို ရုရှားက မြင်တွေ့ပြီး နောက် ယူကရိန်း၏ နည်းပညာကို လျင်မြန်စွာ ပုံတူကူးရန် ကြိုးပမ်းလာခဲ့ကြောင်း ၎င်း၏ ပြောကြားခဲ့ သည်။ ပြီးခဲ့သည့် နွေရာသီတွင် ရုရှားက လက်တွေ့အသုံးပြုနိုင်သော ရှေ့ပြေးပုံစံများကို တည်ဆောက်နိုင်ခဲ့ပြီး ဩဂုတ်လတွင် ဒါနုမြစ်ဝကျွန်းပေါ်ဒေသရှိ ယူကရိန်းပိုင် ဆင်ဖာရိုပိုသင်္ဘောကို အောင်မြင်စွာ တိုက်ခိုက် နိုင်ခဲ့သည်။ ထို့ပြင် ယူကရိန်းကမ်းရိုးတန်းတလျှောက်ရှိ…
-

ရွှေညောင်ပင်စစ်တပ်ဂိတ်စခန်း တိုက်ခိုက်
မြင်းခြံအနောက်ဘက်ရှိ ရွှေညောင်ပင်စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူစောထီး ၈ ဦးသေဆုံး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်အုပ်စုအခိုင်အမာတပ်စွဲထားတဲ့ ရွှေညောင်ပင်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်သားနဲ့ပျူစောထီး ၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ One More စစ်ကြောင်း-MGN District တာဝန်ခံက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က မြင်းခြံမြို့နယ်အနောက်ဘက် လေးအိမ်တန်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ ရွှေညောင်ပင် စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ သိရတာပါ။ အထက်ပါရွှေညောင်ပင်ဂိတ်စခန်းမှာ စစ်သားနဲ့ ပျူစောထီး အင်အား ၃၀ နီးပါးက ဘန်ကာတွေအခိုင်အမာနဲ့ အထိုင်ချ တပ်စွဲနေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ ပြန်ပြီးခုခံတာကြောင့် မိနစ်၂၀ နီးပါး အပြန်အလှန်ပစ်ခတ်ဖြစ်ခဲ့ပါသေးတယ်။ တိုက်ခိုက်မှုအတွင်း ဂိတ်မှာရှိတဲ့ စစ်သားနဲ့ပျူစောထီး ၈ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့…
-

ဆုကြေးသိန်း ၃၀၀ ထိထုတ်ခံထားရတဲ့ ကျော်စိုးဦး
ဆုကြေးသိန်း ၃၀၀ ထိထုတ်ခံထားရတဲ့ ကျော်စိုးဦးက ဖလမ်း-ဟားခါးလမ်း ပြန်ဖွင့်ဖို့ စစ်ကောင်စီကြိုးစားနေဟုဆို ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ဟားခါးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေ ပြန်လည်ပွင့်လာစေဖို့အတွက် စစ်ကောင်စီက စစ်ကြောင်းထိုး ကြိုးပမ်းနေတယ်လို့ ဖလမ်းမြို့ရောက် စစ်လော်ဘီ ကျော်စိုးဦးက ပြောကြားလိုက်ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲံ နယ်နိမိတ် တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်အနေနဲ့ အိန္ဒိယ-မြန်မာနယ်စပ်အထိ စစ်ကြောင်းတွေ ဆက်လက်တိုးမြှင့်သွားမှာလို့ စစ်လော်ဘီ ကျော်စိုးဦးက ခြိမ်းခြောက်ပြောဆိုထားပါသေးတယ်။ အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းအပါအဝင် နယ်စပ်အားလုံးကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဆက်လက် ထိန်းချုပ်ထားပါတယ်။ နိုင်ငံတော် ပိုင်နက်ဟာ ချင်းပြည်နယ် ဖလမ်းမြို့အထိသာ ရှိနေတာမဟုတ်ဘဲ နယ်စပ်မျဉ်းအထိ ရောက်ရှိကြောင်း စစ်လော်ဘီ ကျော်စိုးဦးက ပြောပါတယ်။ လက်ရှိမှာ ဖလမ်းနဲ့ ဟားခါးမြို့ကို ဆက်သွယ်တဲ့ လမ်းပိုင်းတွေ ပြန်လည်ပွင့်လင်းလာစေဖို့…
-

မင်းအောင်လှိုင်ရဲ့ လူပုံအလယ် အရှက်ကွဲမှုတွေ
မင်းအောင်လှိုင်ရဲ့ လူပုံအလယ် အရှက်ကွဲမှုတွေက အဆုံးမသတ်သေးပါဘူး။ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အစည်းအဝေးတက်ခွင့်မရဘူး။ အခြားအာဆီယံနိုင်ငံက ခေါင်းဆောင်တွေနဲ့ တန်းတူထိုင်ခွင့် မရသေးဘူး။ အရမ်းလည်း အသိအမှတ်ပြုခံချင်နေပြီ။ ဒီလိုအခြေအနေမှာ ထိုင်းကို အကူအညီတောင်းတယ်။ ထိုင်းကလည်း အစည်းအဝေးကို စကစရဲ့ နိုင်ငံခြားရေးဝန်ကြီး လူကိုယ်တိုင်အစည်းအဝေး တက်ရောက်ခွင့်ကို အာဆီမှာ အဆိုပြုချက် တင်သွင်းပေးတယ်။ အဲ့လိုတင်သွင်းမှပဲ အရှက်ထပ်ကွဲရတယ်။ ဒီအဆိုပြုချက်ကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြင်းပြင်းထန်ထန်ကန်ကွက်လို့ ကိုယ်စားလှယ်လေးတောင် တက်ခွင့်မရဘဲ အပိုင်း၁နဲ့တင် ဇာတ်သိမ်းသွားတယ်။ ပြီးတော့ ထပ်ကွဲသေးတယ်။ လူကိုယ်တိုင် တက်ခွင့်တော့မပေးဘူး။ video စနစ်နဲ့တော့ တွေ့ဆုံလို့ရမယ်။ ဒါပေမယ့် အာဆီယံပင်မအစည်းအဝေးနဲ့ မဆိုင်ဘူး။ မြန်မာ့အရေး သီးခြားဆွေးနွေးတဲ့အနေနဲ့ပဲ တွေ့ဆုံရမယ်တဲ့။ အေးရော။ မအလဟာ သူ့လူတက်ခွင့်ရရင် ဒီကနေတစ်ဆင့် အခွင့်အရေးဖန်တီးမယ်။ ပုံရိပ်တည်ဆောက်မယ်။ ငါသမ္မတကြီးဆိုတာမျိုး လုပ်ပြမယ်ပေါ့။ ဒါမယ့်…
-

နေပြည်တော်မှာ လောင်းကစားဝိုင်းတွေ အကြီးအကျယ် ဖွင့်လှစ်
နေပြည်တော်မှာ လောင်းကစားဝိုင်းတွေ အကြီးအကျယ် ဖွင့်လှစ်နေပြီး လိုင်းကြေးယူထားတာကြောင့် အရေးယူမှုမရှိ နေပြည်တော်မှာ ဌာနဆိုင်ရာတွေဖြစ်တဲ့ ထွေအုပ်၊ ရဲ၊ စရဖ နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို လိုင်းကြေးပေးကာ လောင်းကစားဝိုင်းတွေဖြစ်တဲ့ လေးကောင်ဂျင်၊ ကြက်ဝိုင်းတွေကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်နေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းနှင့် ဆွာလမ်းဆုံ မီးပွိုင့်အနီးရှိ အမှတ် (၅) နယ်မြေရဲစခန်း ဧရိယာအတွင်းမှာ လေးကောင်ဂျင်ဝိုင်းကို တခမ်းတနား ဖွင့်လှစ်ထားပြီး ဒေသခံအာဏာပိုင်တွေက လျစ်လျူရှုထားတဲ့ အခြေအနေကို ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။ “အမှတ် (၅) နယ်မြေရဲစခန်းနှင့် ဥတ္တရသီရိအပိုင် စရဖ မိုးတိမ်၊ ဥတ္တရသီရိမြို့နယ်၊ ငန်းစပ်ကျေးရွာနေ ထွေအုပ်ဝန်ထမ်း ကိုမျိုးချစ် တို့က အပတ်စဉ် လိုင်းကြေးတွေယူပြီး Cover ပေးထားတာ၊ နေ့လယ်…