Category: News
-
ဘောလုံးသမားတွေပါ ဆွဲကုန်ပြီ
ပေါ်တာအဆွဲကြမ်းနေသည့် မြောက်ဒဂုံတွင် Chinland FC ဘောလုံးသမား ပျောက်ဆုံး Chinland FC ဘောလုံးသမားတစ်ဦး မြောက်ဒဂုံ၊၇/၈ လမ်းဆုံအနီးတွင် ပျောက်ဆုံးသွားကြောင်း သိရသည်။ Chinland FC ဘောလုံးအသင်းမှ ကစားသမား၊ Myanmar League တွင်လည်း ကစားနေသူ၊ မတူပီမြို့နယ်သား အသက် ၂၂နှစ်အရွယ်ရှိ Pa Lung (Chinland FC ကျောနံပါတ် ၅) သည် ဩဂုတ်၂၂ရက်တွင် ရန်ကုန်မြို့၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊၇/၈ လမ်းဆုံးအနီး၌ ပျောက်ဆုံး သွားပြီး ယနေ့(ဩဂုတ်၂၆ရက်)အထိ အဆက်အသွယ်မရသေးကြောင်း Chinland FC က သတင်း ထုတ်ပြန်သည်။ “အခု ကျနော်တို့ မြို့စွန်ဘက်မှာ ပေါ်တာတွေ စွတ်ဆွဲနေလို့ အကုန်စီးပွားပျက်နေတာ။ ညဦးပိုင်း ဆို အပြင်မထွက်ကြတော့လို့ ဆိုင်တွေ အကုန်လုံး ကြောင်ပျောက်နေတာ…
-
W ကားတွေ🚗 ရာကျော်နဲ့ သဘာဝရိပ်သာရဲ့🚙 အမှောင်ဘက်ခြမ်း
တရားဥပဒေသည် လိုတစ်မျိုး မလိုတစ်မျိုး မဖြစ်သင့်ပါ။ နိုင်ငံသားအားလုံး တပြေးညီ ဖြစ်သင့်ပါသည်။ ဒေါက်တာလက္ခဏသာရသည် လိုင်စင်မဲ့ယာဥ် လက်ဝယ်ပိုင်ဆိုင်ထားသဖြင့် သွင်းကုန် ထုတ်ကုန်ဥပဒေ ပုဒ်မ-၈ အရ ဖမ်းဆီးခံရပြီး အချုပ်ကျ အမှုရင်ဆိုင်ရလျက် ရှိပါသည်။ သဘာဝရိပ်သာ-သန်လျင်နှင့် သဘာဝရိပ်သာ-နေပြည်တော်တို့တွင် တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဥ် အစီးတစ်ရာကျော်ထိ ရှိနေပါသည်။ ရန်ကုန်၊ သန်လျင်နှင့် နေပြည်တော်အပါအဝင် မြို့အတော်များများသို့ လိုင်စင်မဲ့ RLG နံပါတ်အဝါ သာ/ကားများ တရားမဝင် တင်သွင်းနေသူများအနက် သဘာဝဆရာတော် ကိုရင်ကြီးဥတ္တမသာရနှင့် သူ၏ တပည့်ရဟန်းများ သီလရှင်များ အဓိကပါဝင်နေပါသည်။ မြဝတီမြို့မှ လိုင်စင်မဲ့ မော်တော်ယာဥ်များကို RLG သာနံပါတ်ပြားတပ်ကာ ရဟန်းဝတ် သီလရှင်ဝတ်နှင့် မောင်းနှင်တင်သွင်းနေကြခြင်း ဖြစ်ပါသည်။ ရန်ကုန်တိုင်းအတွင်း ဆွမ်းတန်းကြွနေသော သဘာဝရိပ်သာ စာတမ်းပါ ကားများသည်လည်း…
-
နိုင်ငံတော်အဆင့် အမျိုးသားဇာတ်ရုံထဲ ကြမ်းနေပြီ
အမျိုးသားဇာတ်ရုံဆိုသည်မှာ နိုင်ငံတော်အဆင့် ဖြစ်ပါတယ် ငါးစိမ်းတန်း မဟုတ်ပါ အော်ချင် ကိုယ့်အိမ်မှာသာ ကိုယ်အော်ပါ ကိုယ့်အလုပ်နေရာမှာ အော်ပါ ကြိုက်သလောက်အော်ပါ ခုလိုနေရာမျိုးမှာ ခုလိုအော်ဟစ်နေတာဟာ အလွန်အရုပ်ဆိုး အကျည်းတန်ပါတယ် တာဝန်ရှိသူများအရေးယူပေးပါခင်ဗျာ လာကြည့်သည့်လူအများစုဟာ အရာရှိများ ၊ လုပ်ငန်းရှင်များ စတဲ့ အဆင့်အတန်းရှိ လူတန်းစားများ အများအပြား ပါဝင်ပါတယ် အော်ငေါက်တာဟာ ပရိတ်သတ်ကို နည်းနည်းမှ Respect မရှိရာ ရောက်ပါတယ်။ နောက်တစ်ချက်က ဘာကြောင့်မီးသမားက စလိုက်မီး မင်းသားကို မထိုးမိသလဲ? အကြိမ်ကြိမ်ဇာတ်တိုက်ထားရင်တောင် လွဲတတ်သေးတာမှာ ယခုပွဲက လုံးဝ ကြိုမတိုက်ဘဲ ၊ ပွဲကမည့်မနက်မှ အပြေးအလွှား ဝုန်းဒိုင်းကျဲ စီစဥ်ရသည်ဟု သိရတယ် အမျိုးသားဇာတ်ရုံလိုနေရာမျိုးမှာ ကပြဖျော်ဖြေရန်အတွက် အသံ ပိုင်းဆိုင်းရာ တိုက်ရသလို ၊ Lighting ပိုင်းဆိုင်ရာ…
-

ရေဘေးအလှူပစ္စည်းတွေနဲ့ ကြီးပွားနေတဲ့ ရေကြည်က အုပ်ကြီး
ရေကြည်မြို့နယ် မယင်းကူးကျေးရွာတွင် ရေဘေးသင့်ပြည်သူများ၏ အလှူပစ္စည်းများကို အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အလွဲသုံးစားလုပ် ခိုးယူနေကြောင်း ဒေသခံများ ပြောဆို ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ မယင်းကူးကျေးရွာတွင် ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပေါ်နေပြီး ပြည်သူများ အခက်အခဲကြုံတွေ့နေရချိန်၌ လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး လှအုန်းနှင့် ဆယ်အိမ်မှူး စန်းထွေးတို့က ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများနှင့် ငွေကြေးများကို ခိုးယူကာ အလွဲသုံးစားပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိအချိန်တွင် မယင်းကူးကျေးရွာ၌ ရေအနည်းငယ်သာ ကျဆင်းသေးပြီး အိမ်များမှာ ရေပေါ်မပေါ်သေးဘဲ ရေအောက်ရောက်နေဆဲဖြစ်ကာ၊ အနိမ့်ပိုင်းရှိ နေအိမ်များဆိုလျှင် ခေါင်မိုးများပင် မြုပ်နေဆဲဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရေဘေးကြောင့် ကျုံတာလမ်းဘေးသို့ ရွှေ့ပြောင်းနေထိုင်ရသည့် အိမ်ခြေ (၃၂) လုံးခန့် ရှိနေပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်။ ထိုသို့ အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရချိန်တွင် လာရောက်လှူဒါန်းသည့်…
-
မင်းလှ မှာချက်တဲ့ အညာမွင်းခါး ပွဲ ၂၀ ကျော် ကြိတ်စမ်း
၇ ရက်ကြာ မင်းလှတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး ကား ၁ စီးနှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ မကွေးတိုင်း၊ မင်းလှမြို့နယ်အတွင်းသို့ မင်းတုန်းဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ်နှင့် ဗမာပြည်ကာကွယ်ရေးတပ် (USBA) တပ်ဖွဲ့တို့အကြား ၇ ရက်ကြာ ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး ကား ၁ စီးနှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း United States of Burma Army – USBA တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။ ဩဂုတ်လ ၂၀ ရက်နေ့ ပထမအကြိမ် စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင် စီ စစ်ကြောင်းကို တော်လှန်ရေးတပ်က တိုက်ခိုက်မှုကြောင့် စစ်သား…