Category: News
-

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံခွင့် စစ်အုပ်စု လျစ်လျူရှုထား
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က တောင်းဆိုထားမှုကို စစ်အုပ်စုက လျစ်လျူရှုထားဆဲဖြစ်ပြီး တွေ့ဆုံခွင့်မရသေးကြောင်း စုံစမ်းသိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကစပြီး ရှေ့နေအဖွဲ့က စစ်အုပ်စုထံ စာဖြင့် အကြိမ်ကြိမ် တင်ပြတောင်းဆိုနေခြင်းဖြစ်သည်။ လွန်ခဲ့သည့် ငါးလခန့်က တွေ့ဆုံခွင့် ထပ်မံတင်ပြထားမှုမှာလည်း လက်ရှိအချိန်အထိ “ဘာမှ မထူးဘူး” ဟု တရားရုံးနှင့် နီးစပ်သူတဦးက ယနေ့ (မေလ ၁၀ ရက်) ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အား “သတ်မှတ်နေအိမ်” သို့ပြောင်းရွှေ့ကြောင်း ကြေညာပြီးနောက်ပိုင်းတွင်မူ ရှေ့နေအဖွဲ့က တွေ့ဆုံခွင့် ထပ်မံ တင်ပြထားခြင်း မရှိသေးကြောင်းလည်း ပြောသည်။ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက နေရာပြောင်းရွှေ့လိုက်သော်လည်း အပတ်စဉ် တနင်္လာနေ့တိုင်း ၎င်းအတွက် ထောင်ဝင်စာပစ္စည်းပေးပို့မှုကို နေပြည်တော်အချုပ်ထောင်သို့သာ…
-

တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်များချမှတ်
ရန်ကုန်တွင် သီလရှင်ဝတ်စုံဖြင့် Miss Grand Myanmar ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်များချမှတ်ပြီး ပွဲလက်ခံသည့် ဟိုတယ်ကို လုပ်ငန်းလုပ်ခွင့် ၆ လပိတ် ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် Miss Grand Myanmar အလှမယ်ပြိုင်ပွဲ ၏ အမျိုးသားဝတ်စုံ (National Costume) ယှဉ်ပြိုင်မှုတွင် ဗုဒ္ဓဘာသာ သီလ ရှင်ဝတ်စုံကို ဝတ်ဆင်ကာ မော်ဒယ် လျှောက်ခဲ့သည့် တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို စစ်ကောင်စီတရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ်များ အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း ရန်ကုန်အခြေစိုက် မဘသအသိုင်းအ၀ိုင်းထံမှ သိရသည်။ မေလ ၈ ရက်နေ့ စစ်ကောင်စီတရားရုံးက သာသနာရေးဝန်ကြီးဌာန၏ တိုင်ကြားချက်အရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီနောက် အလှမယ် အိမွန်လွင် (တာချီလိတ်မယ်)ကို သီလရှင်ဝတ်စုံဝတ်ကာ ယှဉ်ပြိုင်ခဲ့မှုအတွက်…
-

ရန်ကုန်မြို့ရဲ့ မတူညီတဲ့ ကမ္ဘာ နှစ်ခုက လူ နှစ်ယောက်အကြောင်း
ရန်ကုန် ကမ္ဘာ (၁) စနေနေ့ မနက် ၈ နာရီ၊ ဟန်မင်းဖြိုး တယောက် ခေါင်းထဲ ရီဝေနောက်ကျိစွာနဲ့ ဟိုတယ်အခန်းတခုထဲ နိုးလာသည်။ မနေ့ညက အရှိန် အကင်းမသေသေးသောကြောင့် ဖြစ်သည်။ ဒီနေ့ လုပ်စရာ ဘာရှိလဲလို့ ဖုန်းထဲမှာ ကြည့်လိုက်တော့ ရန်ကုန် နာမည်ကြီး ဟိုတယ်ရဲ့ ရေကူးကန်မှာ နေ့လည်ပိုင်း ချိန်းထားတာ တခုနဲ့ ညနေကျရင် ရန်ကုန်ညပြေးပွဲ ဆိုပြီး ပေါ်လာသည်။ အကောင်ကြီးကြီးရဲ့ သားတယောက်ဖြစ်တဲ့ ဟန်မင်းဖြိုးဟာ တကယ်တော့ ကျန်းမာရေး လိုက်စားသူ မဟုတ်ပါဘူး။ ဒါပေမယ့် ရန်ကုန်ညပြေးပွဲကို ဝင်ပြေးရတဲ့ အကြောင်းရင်း ရှိသည်။ မျက်စိကျနေတဲ့ တက်သစ်စ မော်ဒယ်မလေးလည်း အဲဒီပြိုင်ပွဲ ဝင်ပြေးမယ်တဲ့။ အဖူးအငုံ ဆိုရင် ဒူးတုန်အောင် ကြိုက်တဲ့ ဟန်မင်းဖြိုးက…
-

ပက်ထရစ်ရှာ ဇာတ်သိမ်းပြီ
ပက်ထရစ်ရှာရဲ့ Case က ထင်သလောက်မရိုးရှင်းဘူးနော်။ ရဲမင်းလွင်ဆီ ထပ်မံ ဖုန်းဆက်လာတဲ့ Video file မှာ စကားတွေက အထစ်ထစ်အငေါ့ငေါ့နဲ့ အကို မနက်က ဖြစ်သွားတဲ့ ကိစ္စက အဓမ္မကျင့်တာ မဟုတ်ဘူး။ ဖုန်းလုတာလို့ ထအော်တာ ဆိုပြီးပြောတယ်။ ရဲမင်းလွင်က ok ညီမ မြန်မာပြည်သာ မြန်မြန်ပြန်လာခဲ့လို့ ပြောတဲ့စကားမဆုံးခင်မှာပဲ ဖုန်းကို ချပစ်သွားတယ်။ ဖုန်းချတာက ပက်ထရစ်ရှာ မဟုတ်ဘူး။ အဲ့ဒီကောင်ပဲ။ နောက်ဖိုင်တစ်ခုမှာ အပေါ်ကနေ တက်ဖိပြီး အဲ့လို ကြံစည်တဲ့ အကြောင်းတွေ ပြောထားတယ်။ ဖြစ်လားမဖြစ်လား ကာယကံရှင်တွေပဲသိမယ်။ နောက်ဆုံး Itlsmint အကောင့်ကနေ တင်လာတဲ့ video file အကိုတို့ပွဲကို ညီမသိလားဆိုတဲ့ဟာ ပက်ထရစ်ရှာ ရီနေတာ။ အဲ့ဒါက Norgee နဲ့…
-

၄ ပေအမြင့်ရှိ ဂြိုဟ်သားများနှင့် FBI ၏ လျှို့ဝှက်ချက် အဖုံးပွင့်ပြီ
👽 ၄ ပေအမြင့်ရှိ ဂြိုဟ်သားများနှင့် FBI ၏ လျှို့ဝှက်ချက် အဖုံးပွင့်ပြီ လတ်တလော ထုတ်ပြန်လိုက်တဲ့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ရဲ့ လျှို့ဝှက်ဖိုင်တွေကြောင့် ကမ္ဘာတစ်ဝှမ်းက ဂြိုဟ်သားနဲ့ UFO စိတ်ဝင်စားသူတွေကြားမှာ အကြီးအကျယ် လှုပ်ခတ်သွားခဲ့ပါတယ်။ Daily Express U.S. အပါအဝင် နိုင်ငံတကာ သတင်းဌာနတွေက အပြိုင်အဆိုင် ဖော်ပြလာတဲ့ ဒီဖိုင်တွေထဲမှာ “အာကာသဝတ်စုံနဲ့ ဆောင်းဦးထုပ်တွေ ဝတ်ဆင်ထားတဲ့ ၄ ပေခန့်သာ အရပ်ရှိတဲ့ ဂြိုဟ်သားတွေ” အကြောင်း မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက် အတိအကျ ပါဝင်နေတာ ဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ်က လျှို့ဝှက် မှတ်တမ်း (The 1966 FBI Memo) ဒီအချက်အလက်တွေဟာ ၁၉၆၆ ခုနှစ်၊…