Category: News
-

ပက်ထရစ်ရှာ ဘာမှမဖြစ်ပါဘူးလို့ အာမခံလိုက်တဲ့ ယုန်လေး
မလေးရှားရောက် ပက်ထရစ်ရှာ (စူးရှနိုင်) ဘာတွေဖြစ်နေတာလဲ? မလေးရှားနိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတဲ့ မော်ဒယ် ပက်ထရစ်ရှာ (စူးရှနိုင်) တစ်ယောက် လက်ရှိမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေကြောင့် ပရိသတ်တွေကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ဖြစ်စဉ်မှာ ပက်ထရစ်ရှာဟာ မလေးရှားအခြေစိုက် Motivation Speaker တစ်ဦးနဲ့ ကြော်ငြာရိုက်ကူးဖို့ သွားရောက်ခဲ့တာဖြစ်ပြီး ခရီးစဉ်အတွင်း အဆင်မပြေမှုတွေ ရှိနေကြောင်း သူမရဲ့ လူမှုကွန်ရက်မှာ “ယု-တ်-မ-ာ-လို-က်-တာ” ဆိုတဲ့ စာသားကို တင်ခဲ့ရာကနေ စတင်ခဲ့တာပါ။ ဒါ့အပြင် TikTok လူမှုကွန်ရက် (Ye Min Lwin အကောင့်) တွင် ပျံ့နှံ့နေတဲ့ အသံဖိုင်အရ သူမဟာ ဟိုတယ်အခန်းတစ်ခုအတွင်း ပိတ်လှောင်ခံထားရသလိုမျိုး အကူအညီတောင်းခံနေပြီး ဖုန်းပြောဆိုနေစဉ်မှာပင် တစ်စုံတစ်ယောက်ရဲ့ တားဆီးမှုကို ခံလိုက်ရတဲ့ပုံစံမျိုး ကြားသိရတာကြောင့်…
-

စစ်မှုထမ်းပြီးဆုံးသော လူငယ်များကို အလုပ်အကိုင်ပေးမည်ဟုဆိုကာ စစ်မှုထမ်းမည့် လူသစ်များ ရရှိရေး လိမ်လည်စည်းရုံးနေ
စစ်မှုထမ်း အပတ်စဉ် ၁ ပွဲမှ ပြန်လာသည်ဟုဆိုကာ ကြိုဆိုပွဲ အတုဖြင့် ဝါဒဖြန့် စစ်မှုထမ်းပြီးဆုံးသော လူငယ်များကို အလုပ်အကိုင်ပေးမည်ဟုဆိုကာ စစ်မှုထမ်းမည့် လူသစ်များ ရရှိရေး လိမ်လည်စည်းရုံးနေ ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၁ ပွဲမှ ပြန်လာသည်ဟုဆိုကာ ကြိုဆိုပွဲ အတုဖြင့် ဝါဒဖြန့်မှုများ စစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်း၊ ဧရာဝတီတိုင်း၊ဝါးခယ်မမြိုနယ်၊လက်ခုပ်ကျေးရွာအုပ်စုတွင် စစ်မှုထမ်းအပတ်စဉ် ၁ မှ တာဝန်ထမ်းဆောင်ပြီး၍ ပြန်လာသော လူငယ်ကျော်ကျော်ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးမြကျော်ထွေးနှင့် ကျေးရွာသူ ကျေးရွာသားများက ဂုဏ်ပြုကြိုဆိုသည်ဟုဆိုကာ စစ်တပ်တယ်လီဂရမ်ချန်နယ်များတွင် လိမ်လည် ဝါဒဖြန့်မှုများ လုပ်ဆောင်လာကြောင်း၊ အဆိုပါ လူငယ် ကျော်ကျော်ဦးမှာ စစ်မှုထမ်းအပတ်စဉ် ၁ မှ မဟုတ်သကဲ့သို့…
-

ထိုင်းတွင် မြန်မာလုပ်သားကို ရေနွေးပူနှင့် လောင်းပြီး ရိုက်နှက်နှိပ်စက်ခဲ့သူ ၄ ဦး ဖမ်းမိ၊ ၂ ဦး ထွက်ပြေးနေ
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်ရှိ စားသောက်ဆိုင်တခု၌ မြန်မာလုပ်သားတဦးဖြစ်သည့် ကိုသားသားကို ရေနွေးပူနှင့် လောင်းပြီး ရိုက်နှက်နှိပ်စက်ခဲ့သည့် တရုတ်လုပ်ငန်းရှင် လေးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းကိစ္စတွင် လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် မြန်မာ့အလင်း လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။ “ဒီနေ့ တယောက်ထပ်မိတယ်။ အားလုံးတော့ ဒီကလေး (ကိုသားသား) ကို လုပ်ခဲ့တဲ့လူ လေးယောက်တော့ ဖမ်းမိသွားပြီဗျ” ဟု မြန်မာ့အလင်း လူမှုကူညီရေးအဖွဲ့မှ ကိုနေလင်းသူက မေလ ၈ ရက် မွန်းလွဲပိုင်းတွင် ပြောသည်။ ကိုသားသားကို ညှဥ်းပန်းနှိပ်စက်ခဲ့သူ တရုတ်လုပ်ငန်းရှင် ခြောက်ဦးထဲမှ ကျန်နှစ်ဦးမှာ ထွက်ပြေးနေသော်လည်း ၎င်းတို့နှင့် ပတ်သက်သည့် အချက်အလက်များ ရရှိထားပြီးဖြစ်ကြောင်းလည်း သိရသည်။ “သူတို့နှစ်ယောက်ကတော့ ပြေးနေတယ်။ ဒါပေမဲ့ မလွတ်တော့ပါဘူး။ ဒီလေးယောက် မိသွားပြီဆိုတော့…
-

အပင်ပိုးကျ၍ မဟာဗောဓိညောင်ပင် အရွက်ဝါလာမှုကို “ထူးခြားဖြစ်စဉ်” အဖြစ် ဂေါပကအဖွဲ့ တင်ပြ
အပင်ပိုးကျ၍ မဟာဗောဓိညောင်ပင် အရွက်ဝါလာမှုကို “ထူးခြားဖြစ်စဉ်” အဖြစ် ဂေါပကအဖွဲ့ တင်ပြ ရန်ကုန်မြို့ရှိ မဟာဝိဇယစေတီတော် ဝင်းအတွင်း စိုက်ပျိုးထားသော မဟာဗောဓိညောင်ပင်၏ အရွက်များ အစိမ်းရောင်မှ ရွှေအိုရောင်သို့ ပြောင်းလဲလာသည့်ဖြစ်စဉ်ကို စေတီတော်ဂေါပကအဖွဲ့က “ထူးခြားဖြစ်စဉ်” အဖြစ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဂေါပကအဖွဲ့၏ အဆိုအရ သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်စိုက်ပျိုးထားသော ညောင်ပင်သည် မေ ၅ ရက် နံနက်ပိုင်းမှစတင်ကာ အရွက်အရောင်များ ပြောင်းလဲလာခဲ့ခြင်းဖြစ်ပြီး၊ ယင်းဖြစ်စဉ်ကို ဓာတ်ပုံမှတ်တမ်းများနှင့်အတူ သာသနာရေးဝန်ကြီးဌာနမှတစ်ဆင့် တာဝန်ရှိသူများထံ တင်ပြထားကြောင်း ဆိုသည်။ သို့သော် စိုက်ပျိုးရေးပညာရှင်အချို့ကမူ ယင်းသည် ယခုလိုရာသီတွင် အပင်များတွင် တွေ့ရလေ့ရှိသည့် အဓိက ညောင်ပင် ဒီရာသီမှာ ညောင်ပင်တွေက အရွက်ကြွေတယ် အသစ်ထွက်တယ် ဒါရိုးရိုးသာမန်ဖြစ်စဉ်တစ်ခုသာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ နိုင်ငံရေးလေ့လာသူများကလည်း ယခင်စစ်အစိုးရလက်ထက်တွင်…
-

သတင်းအမှောင်ကျနေဆဲ ပီတာဘား လူသတ်မှု
တောင်ကြီးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပီတာဘား လူသတ်မှုရဲ့ အဓိက တရားခံဖြစ်သူ အောင်မျိုးသူ (ခ) ပီတာ ဟာ မေလ ၇ ရက် ညပိုင်းက တောင်ကြီးမြို့မရဲစခန်းကို ပြန်လည်လွှဲပြောင်း ရောက်ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပီတာဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာနယ်မြေရဲစခန်းမှာ မေလ ၆ ရက်၊ နေ့လယ်ပိုင်းက သွားရောက်အဖမ်းခံခဲ့ပြီးတဲ့နောက် အဆင့်ဆင့် လွှဲပြောင်းပြီး တောင်ကြီးမြို့မရဲစခန်းကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိသူ က “တရားခံကို ညကမှ ခေါ်လာတာ။ ပြန်စစ်ဦးမယ်။ (သတင်းထုတ်ပြန်ဖို့) မရှိသေးပါဘူး” လို့သာ ပြန်လည် ဖြေကြားပါတယ်။ ◇ ဖြစ်စဉ်အကျဉ်း တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပီတာဘားဆိုင်မှာ…