Category: News

  • မန္တလေးမြို့တွင် အပူချိန် ၄၃ ဒီဂရီဆဲလ်စီးယပ်ထိမြင့်တက်ပြီး အပူကြောင့်သေဆုံးသူရှိလာ

    မန္တလေးမြို့တွင် အပူချိန် ၄၃ ဒီဂရီဆဲလ်စီးယပ်ထိမြင့်တက်ပြီး အပူကြောင့်သေဆုံးသူရှိလာ

    ယခုရက်ပိုင်းအတွင်း နိုင်ငံတဝန်းနေ့အပူချိန်များမြင့်တက်နေရာတွင် မန္တလေးမြို့၌ အပူချိန် ၄၃ ဒီကရီဆဲလ်စီးယပ်အထိမြင့်တက်နေပြီး အပူဒဏ်ကြောင့်သေဆုံးသူများရှိနေကြောင်းသတင်းရရှိသည်။ ၂၀၂၅ ခုနှစ် ဧပြီလ ယခုချိန်တွင် မန္တလေးမြို့အပူချိန်သည် ၄၂ ဒီကရီဆဲလ်စီးယပ်ရှိသဖြင့် တစ်နှစ်ကျော်ကာလအတွင်း အပူချိန် ၁ ဒီကရီဆဲလ်စီးယပ်ရှိလာကာ အပူချိန်မြင့်တက်ခြင်းဖြစ်သည်။ မန္တလေးမြို့တွင်အပူချိန်မြင့်တက်မှုကြောင့် မူးလဲသတိလစ်သူအပူလျှပ်သူများပြားနေပြီး ဆရာဝန်တစ်ဦးသေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင် မန္တလေး နန်းရှေ့၊ ၁၉ လမ်းရှိ ဘောလုံးကွင်းရှေ့၌ အမျိုးသားတစ်ဦး ကားအတွင်းရုတ်တရက်သေဆုံးခြင်း၊ အမျိုးသမီးတစ်ဦး မူးလဲသတိလစ်သွားခြင်းကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ “မန္တလေးအရမ်းပူတယ်။ အပြင်မထွက်နိုင်ဘူး။ နေ့လယ်ဘက် ကိစ္စရှိလို့ကားနဲ့ အပြင်ထွက်မယ်ဆိုရင်တောင် ကားထဲဦးထုပ်ဆောင်းထားရတယ်။ အပေါ်က အပူက ကားအမိုးရှိ တာတောင်မခံနိုင်ဘူး။ တအားပူတယ်။ အခုပိုပူလာပြီ မနေနိုင်ဘူး “ ဟု မန္တလေးမြို့ခံ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။ ထိုသို့အပူချိန်မြင့်တက်နေသည့်အပြင်…

  • ရန်ကုန်မြို့က ရွှေလိပ်ပြာဟိုတယ်မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်​နေ

    ရန်ကုန်မြို့က ရွှေလိပ်ပြာဟိုတယ်မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်​နေ

    ရန်ကုန်မြို့​နေရာ အနှံမှာ ကျားဖြန့်လုပ်ငန်း​တွေရှိ​နေဟု လုပ်ကိုင်ခဲ့သူအချို့​ပြော ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က တရုတ်နိုင်ငံသားပိုင် ​ရွှေလိပ်ပြာဟိုတယ်မှာ အွန်လိုင်းက​နေငွေ​ကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်း​ကို ပေါ်​ပေါ်တင်တင်လုပ်ကိုင်​နေတယ်လို့ သိရှိတဲ့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်​တွေက​ ပြောပါတယ်။ “အဲဒီဟိုတယ်ကို ​ပြောရရင်မှတ်မှတ်ရရ ပြီးခဲ့တဲ့နှစ်လယ်ကထိဖွင့်တာ​တွေ့တယ်။ ဒါ​ပေမယ့်တည်းတဲ့သူမရှိဘူး။ ဗိုလ်ချုပ်ကြီးယွက်ဆစ်က​တော့ ခဏခဏလာတယ်။ အခုက​တော့ ကျားဖြန့် လုပ်​နေတာ တစ်ကယ့်စစ်တပ်ကအကြီးပိုင်းက လူ​တွေ​တောင်လာတယ်။ ဟိုတယ်က လုံးဝအလုံပိတ်လုပ်လိုက်တယ်။ ဟိုတယ်ဆိုင်းဘုတ်​တွေ​တောင်ဖြုတ်လိုက်တယ်။ ကျားဖြန့်ကို ပေါ်​ပေါ်တင်တင်လုပ်​နေတာ”လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက​ပြောပါတယ်။ ဗဟန်းမြို့နယ်မှာရှိတဲ့ ရွှေလိပ်ပြာဟိုတယ်မှာကျားဖြန့်ဝန်ထမ်း ​အများအပြားရှိပြီး သူတို့သတ်မှတ်ထားတဲ့ ဝန်ထမ်း​နေရာမှာသာ ​​နေရပြီး ဖုန်းသုံးခွင့်ကိုလည်းပိတ်ထားတယ်လို့ လုပ်ကိုင်ခဲ့ဖူးသူတဦးက​လည်းပြောပါတယ်။ “အလုပ်အကိုင်ရှာ​ဖွေ​ရေး​အေဂျင်စီမှာ​ အလုပ်​ခေါ်ထားတာ​တွေ့လို့ သွား​လျှောက်တာ။ အင်တာဗျူး​ခေါ်​တော့ လိပ်စာမ​ပေးဘူး။ သူတို့လာ​ခေါ်မယ်​ပြောတယ်။ သူတို့ချိန်းတဲ့ နေရာကိုသွားပြီးမှ သူတို့​ခေါ်တဲ့ ​​နေရာကို လိုက်ရတာ။ ကားအမည်းနဲ့ လာ​ခေါ်တာ။ တရုတ်လူမျိုးက​မေးတာ အင်တာဗျူးကို။ အင်္ဂလိပ်လိုတတ်လား​မေးတယ်။…

  • စစ်တပ်၏ ဘိုဒါးစခန်းကို တိုက်ခိုက်သိမ်းပိုက်

    စစ်တပ်၏ ဘိုဒါးစခန်းကို တိုက်ခိုက်သိမ်းပိုက်

    ဘုတ်ပြင်းမြို့နယ်၊ KNU တပ်မဟာ ၄ နယ်မြေရှိ စစ်တပ်၏ ဘိုဒါးစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြ၀တီမြို့နယ်၊ ဝေါ်လေဗျူဟာကုန်းတိုက်ပွဲမှာလည်း အလွန်ပြင်းထန်နေ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ KNU တပ်မဟာ ၄ နယ်မြေရှိ စစ်တပ်၏ ဘိုဒါးစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း ရှိ ဝေါ်လေဗျူဟာကုန်းတိုက်ပွဲမှာလည်း အလွန်ပြင်းထန်နေကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်နှင့် KNU စစ်ရေး သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။ ဧပြီလ ၂၀ ရက်နေ့မှစတင်၍ KNU ကော်သူလေး အုပ်ချုပ်ရေးနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ ဘုတ်ပြင်းမြို့နှင့်ပြည်ကြီးမဏ္ဍိုင်မြို့ အကြား ပြည်ထောင်စုလမ်းမပေါ်ရှိ ဘိုဒါးကျေးရွာအတွင်းတွင် စစ်တပ်က ၂ နှစ်ကျော်အကြာ တပ်စွဲထားသော ဘိုဒါးစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့…

  • မြန်မာနိုင်ငံရှိ တိုင်ချန်း ကျားဖြန့် စင်တာအကြောင်း သတင်းပေးနိုင်သူကို ဒေါ်လာ ၁၀ သန်း ပေးမယ်

    မြန်မာနိုင်ငံရှိ တိုင်ချန်း ကျားဖြန့် စင်တာအကြောင်း သတင်းပေးနိုင်သူကို ဒေါ်လာ ၁၀ သန်း ပေးမယ်

    မြန်မာနိုင်ငံရှိ တိုင်ချန်း ကျားဖြန့် စင်တာအကြောင်း သတင်းပေးနိုင်သူကို ဒေါ်လာ ၁၀ သန်း ပေးမယ်လို့ အမေရိကန် ဆုငွေထုတ် မြန်မာနိုင်ငံရှိ တိုင်ချန်း ကျားဖြန့် စင်တာ လုပ်ကိုင်နေတဲ့ ငွေကြေး ခဝါချမှုအတွင်း ပါဝင်တဲ့ ဘဏ္ဍာငွေတွေကို သိမ်းဆည်းရေးနဲ့ပြန်လည် ရယူရေး သတင်းပေးနိုင်သူကို ဆုတော်ငွေ ဒေါ်လာ ၁၀ သန်း ပေးမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံတကာ မူးယစ်ဆေးနဲ့ ဥပဒေ စည်းကြပ်ရေး ဌာနက ဧပြီ ၂၃ ရက်မှာ ကြေညာပါတယ်။ တရားရေးဌာနရဲ့ ထောက်ခံမှုနဲ့ အဲဒီ ဌာနက ဆုတော်ငွေ ဒေါ်လာ ၁၀ သန်း ထုတ်ပြန်တာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ အခြေစိုက်တဲ့ နယ်စပ် ဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းတွေဟာ ကြီးမားတဲ့…

  • ကျောက်ဖြူစစ်ဘေးရှောင် စခန်းတစ်ခုတွင်နောက်လင်ယူသွားသည့်အမျိုးသမီးအား ယခင်ယောက်ျားဟောင်းကဓါးဖြင့်ခုတ်သတ်

    ကျောက်ဖြူစစ်ဘေးရှောင် စခန်းတစ်ခုတွင်နောက်လင်ယူသွားသည့်အမျိုးသမီးအား ယခင်ယောက်ျားဟောင်းကဓါးဖြင့်ခုတ်သတ်

    ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်၊ ကျောက်ဆောက်ရွာ၊ မီးကျောင်းရေသောက် စစ်ဘေးရှောင်စခန်းတွင် နောက်လင်ယူသွားသည့် အမျိုးသမီးအား ယခင်ယောက်ျားဟောင်းကဓါးဖြင့်ခုတ်သတ်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။ ဓါးခုတ်ခံရမှုကြောင့်သေဆုံးသွားသူမှာမီးကျောင်းရေသောက်စစ်ရှောင်စခန်းတွင်နေထိုင်သူကျောက်ဖြူမြို့နယ်၊ပြားကျိန်ချောင်းဖျားရွာမှ ‌ဒေါ်ကြာလှမ(ခ) လှလှဝင်း (၃၉နှစ်)ဖြစ်သည်။ အဆိုပါ လူသတ်မှုသည် ပြီးခဲ့သည့်ဧပြီလ (၁၈) ရက်နေ့၊ည (၉) နာရီခန့်တွင်ကျောက်ဖြူမြို့နယ်၊ကျောက်ဆောက်ရွာအနားရှိမီးကျောင်းရေသောက်စစ်ရှောင်စခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ရှောင်နေသည့်ရသေ့တောင်မြို့နယ်၊သစ်ကတိုးရွာမှဦးခင်သိန်းမောင် (၅၆နှစ်) သည်အရက်အလွန်အကျွံသောက်ပြီးစိတ်ဖောက်ပြန်ရာမှ၎င်းနှင့်အိမ်ထောင်ကျဖူးခဲ့ပြီးနောက်ထပ် လင်ယူသွားသည့် ‌ဒေါ်ကြာလှမ(ခ) လှလှဝင်းဓါးဖြင့်ပိုင်းခုတ်သတ်ဖြတ်ခဲ့သည်ဟုအာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်‌ရေးအဖွဲ့ကယနေ့ဧပြီလ (၂၄) ရက်တွင်ထုတ်ပြန်ထားသည်။ ယင်းသို့ဓါးဖြင့်ခုတ်ခံရမှုကြောင့်ဒေါ်ကြာလှမ၏ဘယ်ဖက်လက်လှုပ်တွင် (၇) လက်မခန့်ဒဏ်ရာ (၁) ချက်၊ဘယ်ဖက်ဘေးစတွင် (၄) လက်မခွဲခန့်ဒဏ်ရာ (၁) ချက်၊နောက်ကျောတွင် (၃)လက်မမှသည် (၈) ခန့်ထိရှိသည့်ဓါးဒဏ်ရာ (၄)ချက်၊ညာဖက်လက်လှုပ်တွင် (၈) လက်မခွဲခန့်ဒဏ်ရာ (၁) ချက်၊ခါးဆစ်တွင် (၅) လက်မခန့်ဒဏ်ရာ (၁) ချက်၊ဦးခေါင်းညာဖက်ခြမ်းတွင် (၃) လက်မခန့်ဒဏ်ရာ (၁) ချက်၊ဦး‌ခေါင်းဘယ်ဖက်ခြမ်းတွင် (၁၀)…