Category: News
-

ရန်ကုန် ကလပ်နဲ့ ဘားတွေမှာ နေခြည်ဦးရဲ့ ဖခင် ဗခ ဟောင်း မျိုးမြင့်စိန်ရဲ့ 💊💉 ဖြန့်ဖြူးမှု
ရန်ကုန်ရှိ ကလပ်နဲ့ ဘားတွေမှာ နေခြည်ဦးရဲ့ ဖခင် စစ်ဗိုလ်ချုပ်ဟောင်း မျိုးမြင့်စိန်ရဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးမှု ပိုမိုမြင့်တက်လာ ရန်ကုန်မြို့ရှိ ကလပ်နဲ့ ဘားတွေအတွင်း လူငယ်တွေကို ပစ်မှတ်ထားပြီး စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် နေခြည်ဦးရဲ့ ဖခင် ဦးမျိုးမြင့်စိန်ရဲ့ Hi ခန်းတွေအတွင်း Happy Water၊ အတ်စတစီ (E) ၊ ကတ်တမင်း (K) စတဲ့ မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးမှုဟာ ပုံမှန်ထက် ထက်ဝက်ကျော် ပိုမိုလာတယ်လို့ နီးစပ်ရာ အသိုင်းအဝိုင်းဆီကနေ စုံစမ်းသိရှိရပါတယ်။ အဆိုပါ မူးယစ်ဆေး ဖြန့်ဖြူးမှုတွေကို ဦးမျိုးမြင့်စိန်ရဲ့ ကားဒရိုင်ဘာ ဘိတ်သားက ဦးစီးဖြန့်ဖြူးပေးနေတာ ဖြစ်ပြီး ကလပ်နဲ့ ဘားတွေမှာရှိတဲ့ မန်နေဂျာတွေကတစ်ဆင့် လူငယ်တွေဆီ ဈေးကွက်ဖောက်ကာ Yangan Bar နဲ့ Sky…
-

မအလ ရဲ့ ဝရမ်း ၂၅ ခု UN ရောက်ပြီ
မင်းအောင်လှိုင်နှင့် စစ်အရာရှိများအပေါ် အာဂျင်တီးနားနိုင်ငံ တရားရုံးက ထုတ်ထားသော ဖမ်းဝရမ်း ၂၅ ခုကို နိုင်ငံတကာက ဖမ်းဆီးပေးရန် ကုလသမဂ္ဂအစည်းအဝေးတွင် တင်ပြ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်အရာရှိများအပေါ် အာဂျင်တီးနားတရားရုံးက ထုတ်ပြန်ထားသော ဖမ်းဝရမ်း ၂၅ ခုကို နိုင်ငံတကာအသိုက်အဝန်းက လက်တွေ့အကောင် အထည်ဖော် ၍ ဖမ်းဆီးအရေးယူပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် Burmese Rohingya Organization UK (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က တင်ပြတောင်းဆိုလိုက်သည်။ စက်တင်ဘာလ ၇ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၆၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေကို ဆွေးနွေးသည့် Enhanced Interactive Dialogue အတွင်း ဦးထွန်းခင်က ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အာဂျင်တီးနားနိုင်ငံတွင်…
-

ကျားဖြန့်တွေ ပစ်မှတ်ထားခံနေရတဲ့ ၁၉ နှစ်အရွယ် ပထမနှစ် ကျောင်းသူလေး
ကျောင်းမှာ စာတော်ပြီး ဆုတံဆိပ်တွေရထားတဲ့ အသက် ၁၉ နှစ်အရွယ် ပထမနှစ် ကျောင်းသူလေးတစ်ဦးဟာ Call Centre လူလိမ်တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပါတယ်။ ရက်စက်လွန်းတဲ့ လိမ်လည်လှည့်ဖြားပုံ နည်းလမ်း – ၁။ ဌာနဆိုင်ရာ ဟန်ဆောင်ခြင်း: လူလိမ်ဂိုဏ်းဟာ ပညာရေးဝန်ကြီးဌာနကပါဟု ဟန်ဆောင်ပြီး ကျောင်းသူလေးဆီ ဖုန်းဆက်ခဲ့ပါတယ်။ ၂။ စိတ်ဓာတ်ရေးရာ ခြိမ်းခြောက် စွပ်စွဲခြင်း: ကျောင်းသူလေးကို “နင်ဟာ မရိုးမသားနဲ့ ဆုတံဆိပ်တွေ လိမ်လည်ရယူထားသူ ဖြစ်တယ်” ဟု စွပ်စွဲခဲ့ပြီး၊ ရဲအင်္ကျီအပြည့်အစုံ ဝတ်ဆင်ထားတဲ့ ရဲအယောင်ဆောင်တွေနဲ့ ယုံကြည်အောင် ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ၃။ အဆက်အသွယ် ဖြတ်တောက်စေခြင်း: ပြစ်မှုမရှိကြောင်း အတည်ပြုဖို့အတွက် ခိုင်းတာမှန်သမျှ လုပ်ရမည်၊ လုပ်ဆောင်နေစဉ်အတွင်း မည်သူ့ကိုမျှ မပြောရန်နှင့် သတင်းပေါက်ကြားပါက တရားစွဲ ထောင်ချမည်၊…
-

ရန်ကုန်မြို့လယ်ခေါင် ဗိုလ်တထောင်မှာ သက်ကြီးအမျိုးသမီးတစ်ဦး T-တ်ခံရပြန်ပြီ
အိမ်အကူလက်ချက်ကြောင့် ရန်ကုန်မြို့လည် ဗိုလ်တထောင် ၄၁ လမ်းမှာ သက်ကြီးအမျိုးသမီး သေဆုံး ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၁ လမ်းအပေါ်ဘက်မှာ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး မနေ့ညပိုင်းက နေအိမ်အတွင်း အသတ်ခံခဲ့ရတယ်လို့ အနီးအနားနေထိုင်သူတွေဆီက သိရပါတယ်။ ဖြစ်စဉ်မှာ အမျိုးသမီးဟာ အိမ်အတွင်း တစ်ဦးတည်းရှိနေချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီး သူ့ရဲ့အမျိုးသား အပြင်ကနေ ပြန်ရောက်လာချိန်မှာ အိမ်မီးတွေ မှောင်နေတဲ့အပြင် ဇနီးဖြစ်သူ အသတ်ခံထားရတာကို သိရှိခဲ့ရတယ်လို့ ရပ်ကွက်အတွင်း ပြောဆိုနေကြပါတယ်။ “အိမ်ထဲမှာ တစ်ယောက်တည်းရှိနေတဲ့အချိန် ဖြစ်သွားတာလို့ သိရတယ်။ အမျိုးသားက အပြင်ကပြန်လာတော့ အိမ်က မှောင်မဲနေပြီး အမျိုးသမီး အသတ်ခံထားရတာကို သိရတယ်လို့ ရပ်ကွက်ထဲမှာ ပြောနေကြတယ်” လို့ အနီးအနားနေထိုင်သူတစ်ဦးက ပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုက်ခန်းအနီး နေထိုင်သူတချို့ကတော့ မိသားစုဝင်တွေ မရှိချိန် အိမ်မှာ အကူအဖြစ်…
-

အုတ်တွင်းမြို့ ဈေးအတွင်း သင်္ကန်းဝတ် အမိန့်ချလိုက်ပြီ
အုတ်တွင်းမြို့ ဈေးအတွင်း သင်္ကန်းဝတ်ဖြင့် အလှူခံနေသူ အမျိုးသားအား သာသနာ ညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ် ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ဈေးအတွင်း သင်္ကန်းဝတ်ဆင်ကာ အလှူခံနေသူ အမျိုးသားတစ်ဦးကို မြို့နယ်သာသနာရေးဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးဖမ်းဆီးပြီး သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) ဖြင့် တရားစွဲဆိုခဲ့ရာ စက်တင်ဘာ ၈ ရက် ရုံးချိန်းတွင် အုတ်တွင်းမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၂ ရက်နေ့က အုတ်တွင်းမြို့ဈေးအတွင်း သင်္ကန်းဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး အလှူခံနေသည်ကို တွေ့ရှိသဖြင့် အုတ်တွင်းမြို့နယ် သာသနာရေးဆိုင်ရာ ထိန်းသိမ်းရေးအဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ဆေးနေစဉ် အဆိုပါအမျိုးသားက လူအများရှေ့တွင် တာဝန်ရှိသူများကို…