Category: News
-
နေဝင်း မြေးတသိုက် မိသားစုပိုင် ဟိုတယ်တွေပါ ထုတ်ရောင်းကုန်ပြီ
အာဏာရှင်နေဝင်းမိသားစုပိုင် နဝရတ်ဟိုတယ်နှင့် ခြံကွက်ကြီးကို စစ်တပ်က လေလံပစ်ပြီး ရင်းနှီးမြှုပ်နှံလိုသူများ ဖိတ်ခေါ် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့်ရှိ စစ်အာဏာရှင်ဟောင်း ဦးနေဝင်းမိသားစုပိုင် နဝရတ်ဟိုတယ်နှင့် မြေဧရိယာများကို စစ် တပ်လက်အောက်ခံ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လေလံတင်၍ ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များအား တင်ဒါအဆိုပြုလွှာ တင်သွင်းရန် တရားဝင် ကြေညာလိုက်သည်။ စစ်တပ်လက်အောက်ခံ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်ရှိ နဝရတ်ဟိုတယ်နှင့် မြေဧရိယာများကို စီမံခန့်ခွဲလျက်ရှိပြီး ယင်းနေရာကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ ရင်းနှီးမြှုပ်နှံခွင့်ပြုရန် တင်ဒါခေါ်ယူခြင်းဖြစ်သည်။ ယခုအခါ အာဏာရှင်ဟောင်း နေဝင်းမိသားစုပိုင်ဆိုင်ခဲ့သော နဝရတ်ဟိုတယ်နှင့် သက်ဆိုင်သည့် မြေဧရိယာများကို စစ်တပ်လက်အောက်ခံ ဝန်ကြီးဌာနက ပြန်လည်စီမံခန့်ခွဲပြီး ရင်း နှီးမြှုပ်နှံသူများထံ ရေရှည်ငှားရမ်းလုပ်ကိုင်ခွင့်ပြုရန်…
-
မြန်မာတွေ ပျောက်ဆုံးနေတဲ့ အိန္ဒိယသမုဒ္ဒရာ ကမ်းလွန်ရေပြင်က သင်္ဘောကြီး နစ်မြုပ်မှု
အိန္ဒိယသမုဒ္ဒရာထဲမှာ ၈ မိနစ်အတွင်း ရုတ်တရက် နစ်မြုပ်သွားတဲ့ သင်္ဘောကြီး…” မြန်မာသင်္ဘောသားတွေ ပျောက်ဆုံးနေ အိန္ဒိယသမုဒ္ဒရာ ကမ်းလွန်ရေပြင်မှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ ကုန်တင်သင်္ဘောကြီး နစ်မြုပ်မှုသတင်းဟာ အခုချိန်မှာ အတော်လေးကို စိုးရိမ်ပူပန်စရာ ဖြစ်နေပါတယ်။ အထူးသဖြင့် အဲဒီသင်္ဘောပေါ်မှာ ကိုယ့်မြန်မာနိုင်ငံသားတွေပါ လိုက်ပါသွားတာကြောင့် မိသားစုဝင်တွေအတွက် အရမ်းကို ရင်မအေးစရာ အခြေအနေတစ်ခုပါ။ အချိန် (၈) မိနစ်အတွင်း ရုတ်တရက် ကြုံလိုက်ရတဲ့ အဖြစ်ဆိုး အိန္ဒိယနိုင်ငံကနေ စင်ကာပူနိုင်ငံကို ထွက်ခွာလာတဲ့ ဧရာမ ကုန်တင်သင်္ဘောကြီးဟာ ကမ်းလွန်ရေပြင်အရောက်မှာ အချိန် (၈) မိနစ်လောက်အတွင်းမှာပဲ မထင်မှတ်ဘဲ အရေးပေါ်အခြေအနေကြုံပြီး ရုတ်တရက် နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ ဖြစ်သွားတာကြောင့် ကယ်ဆယ်ရေးတွေ အချိန်မီ ရောက်ရှိဖို့တောင် အတော်လေး ခက်ခဲခဲ့ရပါတယ်။ လက်ရှိမှာ ၂၂…
-
တောင်ပိုင်းကျားတို့ ရာဇသံထုတ်ပြီ
ကံပေါက်ဒေသတွင် ကြံ့ဖွတ် အမတ်ဟောင်းပိုင် Delco ကုမ္ပဏီက တရုတ် ရာနှင့်ချီခေါ်ယူပြီး သတ္တုတူးဖော်ရေး လုပ်ရန် ပြင်ဆင်နေမှုများ ရပ်တန့်ထားရန် တော်လှန်ရေးတပ်က သတိပေး တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် Delco သတ္တုတူးဖော်ရေးကုမ္ပဏီက တရုတ်နိုင်ငံသား ရာနှင့်ချီ ခေါ်ယူပြီး အကြီးစားသတ္တုတူးဖော်ရေးလုပ်ငန်း ထပ်မံလုပ်ကိုင်ရန် ပြင်ဆင်နေမှုကို ရပ်တန့်ထားရန် အမှတ် ၈၀၀၂ တပ်ရင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) မှ တာဝန်ရှိသူက ပြောကြားသည်။ Delco ကုမ္ပဏီသည် ၂၀၀၈ ခုနှစ်မှစတင်ကာ ကံပေါက်ဒေသတွင် သတ္တုတူးဖော်ရေးလုပ် ငန်းများ လုပ်ကိုင်လာခဲ့ပြီး လုပ်ပိုင်ခွင့်ထက်ကျော်လွန်၍ စည်းကမ်းမဲ့ လုပ်ဆောင်မှုများကြောင့် မြစ်ချောင်း၊ အင်းအိုင်နှင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးခဲ့သည့်အပြင် မြေယာနှင့် ဒေသခံပြည်သူများ၏ လူနေမှုဘဝများလည်း ထိခိုက်နစ်နာခဲ့ကြောင်း KBDF က…
-
လွှတ်ကား လွှတ်၏။ သို့သော် မလွတ်…
အကျပ်အတည်းများကြောင့် လားရှိုးထောင်မှလွတ်မြောက်သည့် နိုင်ကျဉ်းအချို့ စစ်အုပ်စုထိန်းချုပ်နယ်မြေထံ ပြန်ဝင်ရ ၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအနက် ၂၀ ဦးခန့်သည် လွတ်မြောက်နယ်မြေများတွင် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ပြင်းထန်စွာ ရင်ဆိုင်လာရသဖြင့် စစ်အုပ်စုထိန်းချုပ်နယ်မြေထံ ပြန်လည်ဝင်ရောက်ခဲ့ကြရကြောင်း Justice Network For Political Prisoners (JNPP) ထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ လားရှိုးမြို့သိမ်း တိုက်ပွဲအတွင်း အကျဉ်းထောင်ပွင့်သွားခဲ့သဖြင့် နိုင်ငံရေးအကျဉ်းသား ၂၁၈ ဦး လွတ်မြောက်လာခဲ့သည်။ ယင်းတို့အနက် အချို့မှာ စစ်အုပ်စုက မိသားစုဝင်များမှတဆင့် ခြိမ်းခြောက်ဖိအားပေးမှုများနှင့် လွတ်မြောက်နယ်မြေရှိ အဆမတန် မြင့်မားလာသော ကုန်ဈေးနှုန်းဒဏ်များကြောင့် ယခုကဲ့သို့ ပြန်လည်ဝင်ရောက်ရသည့် လမ်းကြောင်းကို ရွေးချယ်သွားကြခြင်းဖြစ်သည်ဟု…
-

မအလ အားကိုးနဲ့ မန္တလေးမှာ ပွဲခံနေတဲ့ မောင်ဝိတ်
ဒေါ်အောင်ဆန်းစုကြည်ကို ချောက်ချခဲ့သော မောင်ဝိတ်က မင်းအောင်လှိုင်နှင့်ပေါင်း၍ အမရပူရမြို့ပြစီမံကိန်းအတွက် ပြည်သူပိုင်မြေဧက ၅၀၀ နီးပါးကို အင်အားသုံး အဓမ္မ ခြံခတ်သိမ်း ယူနေ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးခဲ့သည်ဟု တရားရုံးတွင် ထွက်ဆို ချောက်ချခဲ့သော မောင်ဝိတ်က မင်းအောင်လှိုင်နှင့်ပေါင်း၍ အမရပူရမြို့ပြစီမံကိန်းအတွက် ပြည်သူပိုင်မြေဧက ၄၈၀ ကျော်ကို အင်အားသုံး အဓမ္မ ခြံခတ်သိမ်းယူနေကြောင်း မြေသိမ်းခံတောင်သူများက ပြောဆိုသည်။ မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတွက် တောင်သူများ ပုံစံ(၇)ဖြင့် လက်ဝယ်ပိုင်ဆိုင်ထားသည့် ကိုင်းမြေဧက ၄၈၀ ကျော်ကို စီမံကိန်းဖော်ဆောင်နေသူ မောင်ဝိတ်က စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်များ ပူးပေါင်းကာ မြေယာပိုင်ရှင်များထံမှ ဝယ်ယူခြင်းမရှိဘဲ အင်အားသုံး ခြံခတ်သိမ်းယူနေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါမြေများမှာ အမရပူရမြို့နယ်၊ ယဉ်တော်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၀၇ အပါ…