Category: News

  • အလွန်စိတ်ဝင်စားစရာ ဂြိုဟ်သား နှင့် UFO ဆိုင်ရာမှတ်တမ်းများ အမြန်ဆုံး ချပြမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု

    အလွန်စိတ်ဝင်စားစရာ ဂြိုဟ်သား နှင့် UFO ဆိုင်ရာမှတ်တမ်းများ အမြန်ဆုံး ချပြမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု

    အလွန်စိတ်ဝင်စားစရာ ဂြိုဟ်သား နှင့် UFO ဆိုင်ရာမှတ်တမ်းများ အမြန်ဆုံး ချပြမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု

    အစိုးရ ရရှိထားသည့် ဂြိုဟ်သားနှင့် UFO ဆိုင်ရာ အထောက်အထား မှတ်တမ်းများကို မကြာမီ အများသိ အမြန်ဆုံး ချပြသွားမည်ဟု လကမ္ဘာပေ ါ်သွားခဲ့သည့် Artemis II အာကာသယာဉ်မစ်ရှင်နှင့် ပတ်သက်ပြီး ဧပြီ ၂၉ ရက်က အိမ်ဖြူတော်တွင် တွေ့ဆုံပွဲ ပြုလုပ်ရာ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကတိပြု ပြောကြားခဲ့သည်။

    အမေရိကန်စစ်ရေးဌာန (DoW) သည် နှစ်ပေါင်းများစွာအတွင်း ကောင်းကင်ပြင်၌ အမျိုးအမည် မသိလေ ကြောင်းဖြစ်စဉ်များ (UAPs) နှင့် အမျိုးအမည်မသိ ပျံသန်းနေသော အရာ၀တ္ထုများ (UFOs) မှတ်တမ်းများကို လျှို့ဝှက်စွာ သိမ်းဆည်းထားခြင်းအား ယနေ့ ထုတ်ဖော်ပြသရန် နိုင်ငံရေးအသိုင်းအဝိုင်းကပါ တောင်းဆိုနေခဲ့ရာ ဖေဖော်ဝါရီ လကတည်းက မှတ်တမ်းများကို ထုတ်ဖော်ပြသသွားမည်ဟု ဒေါ်နယ်ထရမ့်က ကတိပေးခဲ့ပြီး မြင်တွေ့သူများ၏ ပြောစကားများပင်ပါသည့် ဗီဒီယိုမှတ်တမ်းများလည်း ပါမည်ဖြစ်ကာ မယုံကြည်နိုင်လောက်သည့်အရာများ မြင်တွေ့ရလိမ့်မည်ဟု ထရမ့်က ထပ်မံပြောဆိုခဲ့ခြင်း ဖြစ်သည်။

    “မကြာတော့ပါဘူး။ မှတ်တမ်းတွေကို ထုတ်ပြဖို့ စစ်ရေးဌာန အကြီးအကဲ ပိ(တ်)ဟက်ဂ်ဆက်ကို ပြောထားပြီးသားပါ။ ဒီနှစ်ထဲမှာကို ထုတ်ပြန်မှာပါ။ တချို့အရာတွေက လူတွေ မယုံနိုင်လောက်အောင်ကို အရမ်းစိတ်ဝင်စားကြမယ့် ဖြစ်စဉ်တွေပါ” ဟု ၎င်းက ပြောခဲ့သည်။

    ထို့နောက် Truth Social လူမှုကွန်ရက်တွင်လည်း ဂြိုဟ်သားနှင့် လူသားမဟုတ်သော သက်ရှိများ၊ UAP များနှင့် UFO များဆိုင်ရာ မျတ်တမ်းများသည် အလွန်ရှုပ်ထွေးကာ အလွန်စိတ်ဝင်စားဖွယ် ကောင်းကြောင်း၊ ထိုအရေးကြီးသော ကိစ္စရပ်များနှင့် ဆက်စပ်နေသော အခြားအချက်အလက် အားလုံးကို ဖော်ထုတ်ပြသသွားရန် လုပ်ငန်းစဉ်များ လုပ်ဆောင်နေပြီဟု ထပ်မံရေးတင်သွားခဲ့သည်။

    ဧပြီလဆန်းပိုင်းကတည်းက အမေရိကန် လွှတ်တော်အမတ်များသည် ဂြိုဟ်သားများဟု ထင်ရသည့် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ရုပ်သံဖိုင် ၄၆ ခုကို လူသိရှင်ကြား ထုတ်ပြန်သွားရန် တောင်းဆိုခဲ့ကြသေးပြီး ဧပြီ ၁ ရက်တွင် ထရမ့်သည် ပိ(တ်)ဟက်ဂ်ဆက်ကို ထိုမှတ်တမ်းများ ထုတ်ပြသွားရန် လက်မှတ်ရေးထိုးကာ စာပို့အမိန့်ပေးခဲ့သည်။

    စစ်ရေးဌာန အတွင်းလူများက ယင်းဗီဒီယိုများတွင် ကိုလံဘတ်စ်အိုဟိုင်းအိုးလေဆိပ်နှင့် ပါရှန်ပင်လယ်တွေ့ ဒေသများ၏ ကောင်းကင်ယံ၌ အလွန် အံ့အားသင့်ဖွယ်ရာ UAPs များစွာကို မှတ်တမ်းများတွင် မြင်တွေ့ရကြောင်း၊ ထိုအနေအထားသည် အမေရိကန်နိုင်ငံ လုံခြုံရေးအတွက် စိုးရိမ်ရသည့် မြင်ကွင်းများ ဖြစ်နေကြောင်း ပြောဆိုခဲ့သည်။

    အမေရိကန် သမ္မတဟောင်း အိုဘားမားသည်လည်း အင်တာဗျူးတစ်ခုတွင် ဂြိုဟ်သားများ တကယ် ရှိနေနိုင်သည်မှာ ဖြစ်နိုင်ကြောင်းနှင့် ၎င်းကိုယ်တိုင်က မမြင်တွေ့ဖူးသေးကြောင်း၊ သမ္မတကိုပင် ထိုကိစ္စများ ပေးမသိစေရန် စုပေါင်းဖုံးကွယ်မှုမျိုး မဖြစ်သင့်ဟု ပြောဆိုခဲ့ပြီးနောက် လက်ရှိသမ္မတ ထရမ့်က အမြန်ဆုံး ထိုအရေး ထုတ်ပြန်အသိပေးမည်ဟု ပြောလာခဲ့ခြင်း ဖြစ်သည်။

  • ပဇီတိုက်ပွဲ မြန်မာစစ်တပ် အထိနာကာ စစ်ကြောင်းပြိုလဲ

    ပဇီတိုက်ပွဲ မြန်မာစစ်တပ် အထိနာကာ စစ်ကြောင်းပြိုလဲ

    AA က ထပ်မံလိုက်လံတိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေ

    ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲမှာ အကြမ်းဖက် မြန်မာစစ်တပ်က အထိနာ အကျအဆုံးများပြီး စစ်ကြောင်းပြိုကာ နောက်ဆုတ်သွားပြီးနောက် အဲဒီစစ်ကြောင်းကို အာရက္ခတပ်တော် (AA)နဲ့ ပူးပေါင်းတပ်ဖွဲ့က လိုက်လံ ရှင်းလင်းတိုက်ခိုက်ရာကနေ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။

    တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ” မနေ့က ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းက အင်အားအလုံးအရင်းနဲ့ ဒရုန်းပစ်ကူ‌တွေသုံးပြီး ပဇီရွာကို စစ်ကြောင်း ထိုးတာ။ နှစ်ဖက်တိုက်ပွဲပြင်းလို့ စစ်ကောင်စီဖက်ကအထိနာသွားတယ်။ နောက်ပိုင်း စစ်ကြောင်း ပြိုသွားတယ်။ မနေ့ကညအချိန်လောက်မှာ သူတို့နောက်ဆုတ်ထွက်ပြေးကြတယ်။ အဲဒါ အေအေက လိုက်ရှင်းတော့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

    ခုလို နောက်ဆုတ်ထွက်ပြေးသွားတဲ့ စစ်တပ် စစ်ကြောင်းကို အာရက္ခတပ်တော် (AA)နဲ့ ပူးပေါင်းတပ်ဖွဲ့က တန်ပြန် ထိုးစစ်ဆင် လိုက်လံတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေပြီး မြန်မာစစ်တပ်က ကလည်း ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေတဲ့အပြင် လေကြောင်းကပါ အကြိမ်ကြိမ် ပစ်ကူ တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။

    ” AA က အခြေအနေကောင်းပါတယ်။ သူတို့စစ်ကြောင်းအရင် ထိုးတိုက်ခိုက်တာ။ အစပိုင်းမှာ သူတပြန် ကိုယ်တပြန်ဖြစ်နေတာ။ နောက်ပိုင်း စစ်တပ်က မယှဉ်နိုင်တော့ အထိနာလို့ နောက်ဆုတ်သွားတာကို AA ဖက်ကလည်း ပဇီရွာရှေ့ကိုထိ ထွက်တိုက်နေတာ။ ဒီနေ့အထိ တိုက်ပွဲပြင်းတုန်း။ ဒရုန်း‌တွေ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတယ်။”

    အာရက္ခတပ်တော်(AA)က တန်ပြန် စစ်ကြောင်းထိုးကာ လိုက်လံချေမှုန်းတိုက်ခိုက်နေတဲ့အတွက် ဒီကနေ မေလ ၁ ရက်နေ့ထိ တိုက်ပွဲ ပြင်းနေတယ်လို့ အဲဒီစစ်ရေးသတင်းရင်းမြစ်က နိရဉ္စရာကို ပြောပါတယ်။

  • ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ အထူးဆောက်ထားသော အိမ်သို့ ရွှေ့ပြောင်းထား

    ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ အထူးဆောက်ထားသော အိမ်သို့ ရွှေ့ပြောင်းထား

    ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ အထူးဆောက်ထားသော အိမ်သို့ ရွှေ့ပြောင်းထား

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ သီးသန့်ထောင်သဖွယ် အထူးဆောက် လုပ်ထားသောအိမ်သို့ ပြီးခဲ့သည့် သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ရက်)က အရေးပေါ် ပြောင်းရွှေ့ခဲ့ကြောင်း စုံစမ်းသိရသည်။

    ယင်းနေအိမ်သည် နေပြည်တော်ရှိ စစ်တပ်နယ်မြေအတွင်း တိုက်ရိုက်တည်ရှိခြင်းမဟုတ်ဘဲ စစ်တပ်မိသားစုများ နေထိုင်ရာမြို့နယ်တွင် တည်ရှိကြောင်း၊ သိသာထင်ရှားသည့် အလွန်မြင့်မားသော ခြံစည်းရိုးများကို ပတ်ပတ်လည်ခတ်ထားကြောင်း သိရသည်။

    ထို့အဆောက်အအုံမှာ ဒေါ်အောင်ဆန်းစုကြည် မပြောင်းရွှေ့မီ အရေးပေါ် အမြန်အချောသတ် ဆောက်လုပ်ခဲ့ခြင်းဖြစ် နိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည် ပြောင်းရွှေ့ပြီး နောက်တရက် နှစ်ဆန်းတရက်နေ့ (ဧပြီ ၁၇ ရက်)တွင် သမ္မတ ဦးဝင်းမြင့်ကို လက်ရှိကျခံနေသည့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

    ပြီးခဲ့သည့် ဧပြီ ၂၅ ရက်က နေပြည်တော်သို့ လာရောက်သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိခရီးစဉ်အပြီး ၅ရက်အကြာ ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၁ ပုဒ်မခွဲ ၁ အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသောနေအိမ်တွင် ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

    နေအိမ်ပြောင်းလဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ရဲချုပ်တို့သည်လည်း လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

    ထို့ပြင် ယမန်နေ့က ဖော်ပြသည့်ဓာတ်ပုံအရ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသူများထဲတွင် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူ၊ သတင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်လှိုင်မင်းနှင့် ဒုရဲချုပ်မျိုးမင်းထိုက်တို့ပါဝင်ကြောင်း သိရသည်။

    ဒေါ်အောင်ဆန်းစုကြည်အား သတ်မှတ်နေအိမ်သို့ ရွှေ့ပြောင်းသည့် ကြေညာချက်ထွက်လာပြီးနောက် ၎င်း၏ ဥပဒေအဖွဲ့က လာမည့်တနင်္ဂနွေနေ့၌ တွေ့ခွင့်ရရန် စီစဉ်နေကြောင်း ယနေ့ ရိုက်တာသတင်းက ဆိုသည်။

    သို့သော် ပုံမှန်အားဖြင့် ရှေ့နေအဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်၏ ထောင်ဝင်စာကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နေပြည်တော်ရှိ သတ်မှတ်ရာ နေရာသို့သာ သွားရောက်ပေးပို့ရပြီး ထိုမှတဆင့် တနင်္လာနေ့တွင် ၎င်းထံ ပေးပို့ရကြောင်း ရှေ့နေအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။

  • မေလအတွင်း တစ်နာရီ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်

    မေလအတွင်း တစ်နာရီ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်

    မေလအတွင်း တစ်နာရီ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်၍ ပြည်သူများ အထူးသတိပြုရန် နှိုးဆော်

    ​မြန်မာနိုင်ငံအရပ်ရပ်တွင် မေလအတွင်း မိုးကြိုကာလ လေထုမငြိမ်မသက်မှုများကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနမှ ယနေ့ မေလ (၁) ရက်တွင် အထူးသတိပေးချက် ထုတ်ပြန်လိုက်သည်။



    ယခု​မေလမှစ၍ အနောက်တောင်မုတ် သုံလေ မဝင်ရောက်မီကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ အပူပျံတက်တိမ် (Cumulonimbus Cloud) များဖြစ် ထွန်းလာနိုင်ကြောင်း သိရသည်။

    ထိုသို့ ဖြစ်ထွန်းမှုကြောင့် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင်မြေပြင်နှင့် ရေပြင်တွင် တစ်နာရီလျှင် မိုင် (၄၀) မှ (၅၀) အထိ လေပြင်းတို-က်ခတ်နိုင်ခြင်း၊ ထစ်ချုန်းမိုးရွာခြင်းနှင့်အတူ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ နေရာကွက်ကျား မိုးသီးကြွေနိုင်ခြင်းတို့ဖြစ်ပွားနိုင်ကြောင်း အသိပေးထားသည်။

    ​လေပြင်းတို-က်ခတ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်တွင်းလေ ကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့် အထူးသတိပြုရန် နှိုးဆော်ထားသည်။

    ယခုရက်ပိုင်းအတွင်း နေပူရှိန်ပြင်းထန်ရာမှ ရုတ်တရက် လေပြင်းတို-က်ခတ်မှုများ ဖြစ်ပေါ်တတ်သဖြင့် ခိုင်ခံ့မှုမရှိသော သစ်ပင်များ၊ ဆိုင်းဘုတ်များအနီး နေထိုင်ခြင်းမှ ရှောင်ကြဉ်ကြရန်လည်း တိုက်တွန်းထားသည်။

  • အီရန်အရေးနဲ့ပတ်သက်လို့ ဂျာမနီဝန်ကြီးချုပ်ကို ဒေါ်နယ်ထရမ့် တိုက်ခိုက်

    အီရန်အရေးနဲ့ပတ်သက်လို့ ဂျာမနီဝန်ကြီးချုပ်ကို ဒေါ်နယ်ထရမ့် တိုက်ခိုက်

    မိမိနိုင်ငံတွင်း ပြဿနာတွေကို အရင်ဆုံး ဖြေရှင်းဖို့ ဒေါ်နယ်ထရမ့် ပြော

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့ဇ်အပေါ် ဝေဖန်မှုတွေ ပိုမို ပြင်းထန်စွာ ပြုလုပ်လာခဲ့ပြီး ၎င်းရဲ့ အီရန်အရေး ချဉ်းကပ်ပုံအပေါ် မှတ်ချက်ပေးခြင်းထက် မိမိနိုင်ငံတွင်း ပြဿနာတွေနဲ့ ရုရှား-ယူကရိန်း စစ်ပွဲကိုသာ အာရုံစိုက်ဖို့ ပြောကြားလိုက်ပါတယ်။

    ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖရိုင်းဒရစ်မာ့ဇ်ကို ထပ်မံတိုက်ခိုက်ခဲ့ပြီး အီ ရန်ရဲ့ နူကလီးယား ရည်မှန်းချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မာ့ဇ်က ဝင်ရောက်စွက်ဖက်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

    အီရန်နဲ့ ဆွေးနွေးမှုတွေမှာ အမေရိကန်အစိုးရဟာ အီရန်ရဲ့ အကွက်ရွှေ့မှုတွေအောက်မှာ အသာစီး အယူခံလိုက်ရတယ်လို့ ဖရိုင်းဒရစ်မာ့ဇ်ရဲ့ မကြာခင်က ပြောကြားချက်အပေါ် ဒေါ်နယ်ထရမ့်က စိတ်အ နှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

    “ဂျာမနီဝန်ကြီးချုပ်အနေနဲ့ လုံးဝထိရောက်မှုမရှိတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ ပျက် စီးယိုယွင်းနေတဲ့ သူ့နိုင်ငံရဲ့ ပြဿနာတွေ၊ အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေးနဲ့ စွမ်းအင်ကိစ္စရပ်တွေကို ပြု ပြင်ဖို့အတွက်ပဲ အချိန်ပိုပေးသင့်ပါတယ်။ ကမ္ဘာကြီးနဲ့ ဂျာမနီနိုင်ငံကိုပါ ပိုမိုဘေးကင်းလုံခြုံတဲ့နေရာဖြစ် အောင် အီရန်ရဲ့ နူကလီးယားခြိမ်းခြောက်မှုကို ဖယ်ရှားပေးနေသူတွေရဲ့ကိစ္စမှာ ဝင်ရောက်စွက်ဖက်နေ မယ့်အစား အဲဒီအချက်တွေကိုပဲ ပိုပြီးအာရုံစိုက်သင့်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

    “အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို အစ္စလာမ်မာဘတ်မြို့အထိ လာရောက်စေပြီး ဘာရလဒ်မှမ ထွက်ဘဲ ပြန်လွှတ်လိုက်တာဟာ နိုင်ငံတစ်ခုလုံးကို အီရန်ခေါင်းဆောင်ပိုင်း၊ အထူးသဖြင့် တော်လှန်ရေးအ စောင့်တပ်ဖွဲ့လို့ ခေါ်တဲ့သူတွေက အရှက်ခွဲနေတာပဲဖြစ်တယ်” လို့ ဖရိုင်းဒရစ်မာ့ဇ်က ဆိုပါတယ်။

    ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ Truth Social လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြန်လည်တုံ့ပြန် ရာမှာ ဖရိုင်းဒရစ်မာ့ဇ်ဟာ အီရန်အနေနဲ့ နူကလီးယားလက်နက် ပိုင်ဆိုင်တာဟာ ပြဿနာမရှိဘူးလို့ ထင်နေသူဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။

    “သူဘာတွေပြောနေလဲဆိုတာ သူကိုယ်တိုင်တောင် သိပုံမရပါဘူး။ အကယ်၍ အီရန်သာ နူကလီး ယားလက်နက် ပိုင်ဆိုင်သွားမယ်ဆိုရင် ကမ္ဘာတစ်ခုလုံးဟာ ဓားစာခံဖြစ်သွားပါလိမ့်မယ်။

    အခြားနိုင်ငံတွေ ဒါမှမဟုတ် အခြားသမ္မတတွေ လွန်ခဲ့တဲ့အချိန်အတော်ကြာကတည်းက လုပ်ဆောင်သင့်ခဲ့တဲ့ အီရန်အရေး ကိစ္စကို အခုအချိန်မှာ ကျွန်တော် ကိုယ်တိုင်လုပ်ဆောင်နေတာဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

    ကိုးကား – India Today