“တပ်မတော်နေ့” အခမ်းအနားတက်သည့် မချမ်းမြမြသော်ကို လူမှုရေးပြစ်ဒဏ်ပေးရန် လှုံ့ဆော် စစ်အာဏာရှင်တော်လှန်ရေး တက်ကြွလှုပ်ရှားသူ မချမ်းမြမြသော်သည် “ တပ်မတော်နေ့“ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဓာတ်ပုံများ ထွက်ပေါ်လာသဖြင့် ၎င်းအား လူမှုရေးပြစ်ဒဏ်ပေးရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုလျက်ရှိသည်။ ဆရာမ ချမ်းချမ်း (ခေါ်) မချမ်းမြမြသော်သည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ Mondrian Seoul Itaewon ဟိုတယ်တွင် ယမန်နေ့ (မတ်လ ၂၇ ရက် ) က ပြုလုပ်သည့် စစ်ကော်မရှင် “တပ်မတော်နေ့” ဂုဏ်ပြုညစာ စားပွဲတက်ရောက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ ဆိုသည်။ မြေလတ်ဒေါင်းတို့ ပွဲကစို့ ၊ Fncc Burma Fact Check Community နှင့် တော်လှန်ရေးတက်ကြွလှုပ်ရှားသူများက ၎င်းအား လူမှုရေးပြစ်ဒဏ်ပေးရန် လူမှုကွန်ရက်မှ တဆင့်…
စစ်ကော်မရှင်က အင်အားဖြည့်တင်းပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် တပ်ရင်းအချို့ကို အာရက္ခ တပ်တော် (AA) က တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့် အရာရှိများ အပါအဝင် ခြောက် ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ AA သည် ပြီးခဲ့သည့် မတ်လ ၂၆ ရက် ည ၁၁ နာရီဝန်းကျင်မှစတင်ကာ စစ်ကော်မရှင်၏ စစ်တွေ ဒကစ၊ ရွှေမင်းဂံရေတပ်နှင့် အခြားတပ်ရင်းများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်၏တပ်မတော်နေ့ (ဖက်ဆစ်တော်လှန်ရေးနေ့) မတ်လ ၂၇ ရက် တွင်လည်း ဒကစ အတွင်းသို့ လက်နက်ကြီးကျည်များ ဆက်တိုက် ကျရောက်ပေါက်ကွဲခဲ့ပြီး ခမရ-၃၄၄) နှင့်…
🚨 [URGENT ၄၈-နာရီ အထူးသတိ] လေထုညှပ်ပိတ်မှု (Atmospheric Squeeze)အမြင့်ဆုံးအဆင့် ရောက်နေပြီ! ⚠️🌩️🔥 အခုဖြစ်နေတာက ရိုးရိုးလေတိုက်မိုးရွာတာမဟုတ်ပါဘူး။ အနောက်ဘက် (အိန္ဒိယ) ကလာတဲ့ မိုးစွမ်းအင်နဲ့ အရှေ့ဘက် (ထိုင်း) က အပူစုပ်အားတို့ မြန်မာပြည်အလယ်မှာ ထိပ်တိုက်တွေ့ပြီး လေထုပေါက်ကွဲမှု (Storm Explosion) တွေ ဖြစ်နေတဲ့ အခြေအနေပါ။ 🛰️ 🌏 ပညာရှင်များ၏ ပူးပေါင်းဆန်းစစ်ချက် (Expert Synthesis) ၁။ လေထုတင်းကျပ်မှု (Compression Zone) အနောက်က ရေငွေ့တွေက တွန်း၊ အရှေ့က ၄၂°C အပူရှိန်က ဆွဲယူနေလို့ မြန်မာပြည်အလယ်ပိုင်း (မန္တလေး/မကွေး/စစ်ကိုင်း) ဟာ လေစုပ်စက်ထဲရောက်နေသလို ဖြစ်နေပါတယ်။ ၂။ ဂြိုဟ်တုပုံရိပ်အရ ကချင်နဲ့ ရှမ်းမြောက်စွန်းမှာ Cold Coreလို့ခေါ်တဲ့…
ရန်ကုန်တွင် စက်သုံးဆီမှောင်ခိုစျေးကွက် ကြီးထွားလာပြီး စျေးနှုန်းများ စံချိန်တင်မြင့်တက်၊ ဓာတ်ဆီ ၁ လီတာ ၁၂,၀၀၀ ကျပ်နှင့် ဒီဇယ် ၁ လီတာ ၁၅,၀၀၀ ကျပ်အထိ စျေးပေါက်လာ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ဆီခွဲတမ်းများ ပုံမှန်မရရှိတော့ခြင်းနှင့် ဆီလိုသ လောက် ဝယ်ယူ၍မရသည့် အခက်အခဲများကြောင့် ပြင်ပမှောင်ခိုစျေးကွက် အကြီး အကျယ် ဖြစ်ထွန်းလာပြီး စျေးနှုန်းများမှာလည်း စံချိန်တင် မြင့်တက်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ လက်ရှိ ရန်ကုန်မြို့တွင် စက်သုံးဆီမှောင်ခိုစျေးကွက် ကြီးထွားလာနေပြီး ပြင်ပပေါက်စျေးမှာ ဓာတ်ဆီ ၁ လီတာလျှင် ငွေကျပ် ၁၂,၀၀၀ ကျပ်နှင့် ဒီဇယ် ၁ လီတာလျှင် ငွေကျပ် ၁၅,၀၀၀ ကျပ်အထိ ရှိနေသည်။ အဆိုပါ မှောင်ခိုစျေးကွက်သို့ ဆီဆိုင်အချို့ကပင် ဆီများ…
ဘုန်းကြီးတပါး စက်ဘီးစီးနေသော အမျိုးသမီးအား ကားဖြင့်တိုက် ကားထားခဲ့ပြီးနောက် ဖိနပ်မပါဘဲထွက်ပြေး လိင်အင်္ဂါ အစွပ်များ နှင့်အတူ ပြန်လည် ဖမ်းဆီးရမိဟုဆို တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ် ၊ ကျောက်တလင်းရွာ အနီး ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်တွင် မတ် ၂၈ ရက် ည ( ၁၀) နာရီ ဝန်းကျင်က အရှိန်ပြင်းပြင်းမောင်းနှင်သော ဘုန်းကြီးကား တစ်စီး မှ စက်ဘီးစီးသွားနေသော အမျိုးသမီး တစ်ဦးအား တိုက်မိခဲ့ကြောင်း သိရသည်။ ယင်းသို့ တိုက်မိပြီးနောက် အဆိုပါ ဘုန်းကြီးသည် ကိုယ်လွတ်ရုန်း၍ ကျောက်တလင်းရွာထဲသို့ မောင်းပြေးခဲ့ရာ လမ်းမရှိတော့သည့်အတွက် လယ်ကွက်ထဲ ကားထိုးခဲ့ပြီး ဖိနပ်မပါဘဲ ထွက်ပြေးခဲ့ကြောင်း သိရသည်။ ဘုန်းကြီး တပါး ဖိနပ်မပါဘဲ အရက်မူးပြီး…