သူ့ရဲ့နောက်ဆုံးစကားလေးက တကယ်ကို စိတ်မကောင်းစရာ… ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ရင်း မတော်တဆမှုကြောင့် ရေခဲတိုက်ထဲအထိ ရောက်သွားခဲ့ပေမဲ့ အံ့သြဖွယ် အသက်ပြန်ရှူလာခဲ့လို့ လူအများက “အသက်ရှင်ခွင့်ရပါစေ” လို့ ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြတဲ့ ကိုစန်းယု (၃၃ နှစ်) တစ်ယောက် ဒီကနေ့မှာတော့ မိသားစုကို ထာဝရနှုတ်ဆက်သွားခဲ့ပါပြီ။ အံ့သြဖွယ်ရာ ဖြစ်ရပ်တစ်ခုအဖြစ် လူအများ စိတ်ဝင်တစားနဲ့ ဆုတောင်းပေးခဲ့ကြတဲ့ ကိုစန်းယု (ညောင်တုန်းမြို့) ဟာ ဒီကနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်၊ နံနက် (၉:၃၀) အချိန်မှာ ကိုရီးယားနိုင်ငံ၊ အာဂျုတက္ကသိုလ်ဆေးရုံကြီးမှာ ကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်ကြောင်း စိတ်မကောင်းစွာဖြင့် အသိပေးအပ်ပါတယ်။ ဖြစ်စဉ်အကျဉ်း – ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်ရင်း မတော်တဆမှုကြောင့် အသက်ရှင်ဖို့ မျှော်လင့်ချက်နည်းပါးခဲ့ရာမှ ရေခဲတိုက်အတွင်း ပြန်လည်အသက်ရှူလာခဲ့တဲ့ ကိုစန်းယုရဲ့ သတင်းဟာ လူအများကြားမှာ…
ဘန်ကောက် လူချမ်းသာရပ်ကွက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစု၏ပိုင်ဆိုင်မှုများအကြောင်း သိကောင်းစရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ဆိတ်ငြိမ်ရပ်ကွက်တခုတွင် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစု၏ တန်ဖိုးကြီးအိမ်တလုံး ရှိနေပြန်သည်။ ဘန်ကောက်မြို့ ရာမ-၉ လမ်းမကြီး၊ လမ်းသွယ် (၁၃) ပေါ်ရှိ Issara Residence Rama 9 အိမ်ရာစီမံကိန်းတွင် ဘတ် ၉၈ သန်း (ကျပ် ၆ ဘီလီယံခန့်) တန်ဖိုးရှိသည့် ဇိမ်ခံအိမ်ကြီးတလုံးကို စစ်ခေါင်းဆောင်၏ချွေးမဖြစ်သူ မမျိုးရတနာထိုက်က ၂၀၂၂ ခုနှစ်အတွင်း ဝယ်ယူခဲ့ကြောင်း Justice For Myanmar (JFM) ၏ ထုတ်ပြန်ချက်အရ သိရသည်။ မမျိုးရတနာထိုက်က ထိုင်းနိုင်ငံသား သုံးဦးပိုင်ဆိုင်သော Emerald Princess Co., Ltd. ကို အသုံးပြုကာ အိမ်ရာအကောင်အထည်ဖော်သော…
ကျောက်ဖြူမှ ဒဏ်ရာရစစ်သားများနှင့် စစ်သားမိသားစုများလည်း လိုက်ပါလာ ရန်ကုန်ကနေ စစ်သားနှင့် ရဲအင်အား ၂၀၀ ခန့်ကို တင်ဆောင်လာသော ချင်းတွင်းစစ်ရေယာဉ်သည် စစ်တွေသို့ မတ် ၂၆ ရက်ည ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် ရောက်ရှိလာသည်ဟု သတင်းရရှိသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက“ ချင်းတွင်း ရေယာဉ်နဲ့ စစ်တွေကို အင်အားထပ်ဖြည့်ဖို့ ယူလာတာပါ။ ညအချိန် ၁၁ နာရီကျော်မှာ စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်မှာ အဲဒီ စစ်ရေယာဉ် ဆိုက်ကပ်ပြီး အဲဒီကနေ တစ်ဆင့် ကားတွေနဲ့ စစ်တပ် တပ်နယ်ထဲကို ယူဆောင်သွားတယ်။ ကျွန်တော်တို့ သိရတာက ရဲနဲ့စစ်တပ် အင်အား ၂၀၀ လို့ သိရပါတယ်”ဟု ပြောသည်။ ထိုသို့ ယူဆောင်လာရာတွင် ကျောက်ဖြူတိုက်ပွဲမှ ဒဏ်ရာရရှိသူ စစ်သားများနှင့်…
စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း အသက်ဘေးကလွတ်မြောက်ခဲ့တဲ့ ကသာမြို့ မဟာလေးထပ်ကျောင်းထိုင်ဆရာတော်က သေဆုံးသူတွေအတွက် အမျှဝေပေး စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူဆယ်နဲ့ချီ သေဆုံးသွားရတဲ့ စစ်ကိုင်းတိုင်း၊ကသာမြို့ မဟာလေးထပ်ဘုန်းကြီးကျောင်းဖြစ်စဥ်မှာ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်က အမျှဝေပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၂၀ ရက် ၁၁နာရီဝန်းကျင်က ကသာမြို့၊ရပ်ကွက်(၃)က လေးထပ်ကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်တွေ အများစု သေဆုံးထိခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၂၇ ရက်က ရက်လည်မှာ အမျှဝေပြီးပျက်စီးခဲ့တဲ့ ကျောင်းဆောင်ကို ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။ “လေးထပ်ကျောင်းဆရာဘုရားကြီးနဲ့ တပည့်ဦးဒေဝိန္ဒ က ထိခိုက်ဒဏ်ရာ မစိုးရိမ်ရခဲ့တယ်။ဒါပေမယ့် ကျောင်းက ဆရာတော်တစ်ပါးက ဦးခေါင်းပြတ်ထွက် ပျံလွန်တော်မူခဲ့တယ်”လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ကသာမြို့က ဘုန်ကြီးတစ်ပါးက မိန့်ကြားပါတယ်။ လေးထပ်ကျောင်း ဗုံးကြဲခံရတဲ့ဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ သံဃာနဲ့ပြည်သူ ၅၀ကျော်ရဲ့…
အလှူပွဲမှာဖြစ်တဲ့ရန်ပွဲနဲ့ဆက်စပ်ပြီး ဝက်လက်ရပ်ကျေး ပသုံးလုံးအဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၄ ဦး ဖမ်းဆီးခံရ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးပြားရွာအလှူပွဲမှာဖြစ်ခဲ့တဲ့ရန်ပွဲနဲ့ဆက်စပ်ပြီး အောင်ချမ်းသာရွာ ရပ်ကျေးပကဖ၊ ပအဖအဖွဲ့ဝင် ၃ ဦးနဲ့ ရုန်းသာရွာသား ၄ ဦးတို့ကို ဖမ်ဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေနဲ့ ဝက်လက်မြို့နယ် ပလဖတာဝန်ခံဆီက သိရပါတယ်။ ဖြစ်စဥ်မှာပါဝင်တဲ့ အောင်ချမ်းသားရွာပအဖတာဝန်ခံ ဦးတင်မိုး၊ ပကဖတာဝန်ခံ ကိုချက်ကြီး၊ ပကဖအဖွဲ့ဝင် ကိုသိန်းဝင်းတို့ကို မတ်လတတိယပတ်အတွင်းမှာ ဖမ်ဆီးခဲ့တာဖြစ်ပြီး မတ်လ ၂၆ ရက်မှာ ရုန်းသာကျေးရွာက အသက် ၂၀ ကျော်အရွယ်ရှိ ဒူးဝါး၊ အောင်ခန့်နိုင်၊ အောင်မြတ်စိုး၊ ဇင်ကိုလွင်တို့ကို ဆက်လက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ “အလှူမှာ အဖွဲ့လိုက်ရန်ဖြစ်ကြတာလေ။ အုပ်ချုပ်ရေးအဖွဲ့တွေဘက်ကလည်း ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ အုပ်ချုပ်ရေးမှူးကလည်း တရားလိုလုပ်ပြီး အမှုပြန်ဖွင့်ထားတော့…