Category: News

  • ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု မကွေးတိုင်း လက်နက်ကိုင် တော်လှန်ရေးတပ်  ၄၂ ဖွဲ့က စုပေါင်း ကြေညာ

    ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု မကွေးတိုင်း လက်နက်ကိုင် တော်လှန်ရေးတပ် ၄၂ ဖွဲ့က စုပေါင်း ကြေညာ

    ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ရိုးသားမှုမရှိဘဲ ဖမ်းဆီးထားမှုကြောင့် အလုံးစုံလွတ်မြောက်ရေးနှင့် ပြည်သူ့အာဏာ ပြန်ရရှိရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု မကွေးတိုင်း လက်နက်ကိုင် တော်လှန်ရေးတပ် ၄၂ ဖွဲ့က စုပေါင်း ကြေညာ

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ရိုးသားမှု မရှိဘဲ ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ပြီး အလုံးစုံလွတ်မြောက် ရေးနှင့် ပြည်သူ့အာဏာ ပြည်သူ့လက်ထဲသို့ ပြန်လည် ရရှိရေး ဆက်တိုက်ပွဲဝင်သွားမည်ဟု မကွေးတိုင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၄၂ ဖွဲ့က စုပေါင်း ကြေညာ သည်။

    ဧပြီလ ၁၇ ရက်နေ့တွင် စစ်အုပ်စု၏ ၅ နှစ်ကျော်ကြာ မတရားဖမ်းဆီးချုပ်နှောင်ခြင်းမှ လွတ်မြောက် လာသော နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်သည့်အပေါ် မိသားစုဝင်များနှင့်ထပ်တူ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူရပါကြောင်း၊

    နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်သော်လည်း နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ ရိုးသားမှုမရှိဘဲ ထိန်းသိမ်းထားဆဲဖြစ် ကြောင်း မကွေးတိုင်းမှ တော်လှန်ရေး ၄၂ ဖွဲ့က ပြော ဆိုသည်။

    “ဂျုံတစ်ခင်းလုံး သိမ်းပြီး ပေါက်စီ လေးတစ်လုံးပေးတာတော့ ကျေဇူးတင် မနေတော့ဘူးဗျာ။

    ဖက်ဒရယ်ဒီမိုမရမချင်း ငုပ်မိ သဲတိုင် တက်နိုင်ဖျားရောက် ပြည်သူလက်ထဲအဏာပြန်ရတဲ့အထိ တိုက်ပွဲ ၀င်သွားမယ်လို့ ဆုံးဖြတ်ထားသလို ပြည်သူ‌တွေအနေနဲ့လည်း ကျနော်တို့ ရဲဘော်‌တွေနဲ့အတူ တူ အ ဆုံးထိ လျှောက်မယ်လို့ ယုံကြည်ပါတယ်” ဧရာဒေါင်းတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရှိန်းက ပြောကြားသည်။

    ထို့ကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ် ပေးရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ တိုင်းရင်းသားညီနောင်များနှင့် အတူလက်တွဲပြီး မကွေးဖက်ဒရယ်ယူ နစ်အစိုးရ လက်အောက်မှနေ၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက စုပေါင်းကြေညာသည်။

    မကွေးယူနစ်အစိုးရအနေဖြင့်လည်း မကွေးတိုင်းအတွင်းရှိ (Local People’s Defense Force) များကို ယူနစ်အစိုးရအောက်မှ စနစ်ကျသော သန္ဓေထိုင်တပ်များအဖြစ် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း တောင်းဆိုထားသည်။

    မကွေးယူနစ်အစိုးရအောက်တွင် ပူးပေါင်းပါဝင်လာသည့် (Local People’s Defense Force) တပ်ဖွဲ့ ၂၁ ဖွဲ့ကိုလည်း ကြိုဆိုပြီး နောက်ထပ်ကျန်ရှိနေသော အဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်ရင်း

    မကွေး ယူနစ်အစိုးရအနေဖြင့် ပူး ပေါင်းလိုသော(Local People’s Defense Force)တပ်ဖွဲ့များကို စည်းစနစ် ကောင်းမွန်၍ စည်းကမ်းတိကျသော တပ် တစ်ခုဖြစ်အောင် အမြန်ဆုံးဆောင်ရွက်စေလိုကြောင်းတိုက် တွန်းထားသည်။

  • တောင်ပိုင်းတကြော မြေငလျင် ဆက်တိုက်လှုပ်ခတ်လာမူဖြစ်စဉ်

    တောင်ပိုင်းတကြော မြေငလျင် ဆက်တိုက်လှုပ်ခတ်လာမူဖြစ်စဉ်

    🌏 တောင်ပိုင်းတကြော မြေငလျင် ဆက်တိုက်လှုပ်ခတ်လာမူဖြစ်စဉ် သုံးသပ်ချက်

    (ဧပြီ ၂၄ ရက် မှ မေ ၅ ရက်အထိ)

    🧩 (၁) စတင်ဖြစ်ပွားမှု — ဧပြီ ၂၄

    📍 မုတ္တမပင်လယ် / စစ်ကိုင်းပြတ်ရွေ့ တောင်ပိုင်း

    • M3.1

    • ၆ မိနစ်အတွင်း M4.5 ထပ်တက်

    👉 ဒီအဆင့်မှာ မြေပြင်အောက်က ဖိအားတချို့ယလှုပ်ထွက်လာတဲ့ အစဖြစ်နိုင်။

    🧩 (၂) ပြန်လှုပ်ခြင်း — ဧပြီ ၂၈

    • M 3.7

    👉 ယခင်လှုပ်ခတ်မူများရဲ့ကစခဲ့တဲ့ဖိအားဟာ မငြိမ်သေးဘဲ ဖိအားအချို့ ကျန်နေသေးတယ်ဆိုတဲ့ သဘော။

    🧩 (၃) အနောက်/အနောက်တောင်ဘက်သို့ ဖြာထွက်မှု (ဧပြီ ၂၈ မှ မေ ၂)

    📍 ဧရာဝတီဒေသ / ရန်ကုန်အနောက်တောင်ဘက်

    • M2.9 → M3.8 → M4.0 → M3.7

    👉 မြေပြင်အောက်က ပြတ်ရွေ့သေးသေးလေးတွေမှာ တနေရာတည်းမဟုတ်ဘဲ နေရာမျိုးစုံမှာ လှုပ်ရှားလာတာတွေ့ရ။

    👉 ဖိအားကို တနေရာတည်းမဟုတ်ပဲ အပိုင်းလိုက် ဖြုတ်လွှတ်နေတဲ့ ပုံစံ။

    🧩 (၄) ရန်ကုန်အောက်ပိုင်း လှုပ်ရှားမှု

    (မေ ၃ – မေ ၄)

    • M2.5

    • M2.9

    👉 မြေပြင်အနီးက ပြတ်ရွေ့သေးသေးလေးတွေမှာ နည်းနည်းစီ ဆက်လှုပ်နေသေးတဲ့အခြေအနေ။

    🧩 (၅) ဧရာဝတီမြစ်၀ကျွန်းပေါ်တကြောတွင် ထပ်မံလှုပ်ခြင်း — မေ ၅

    • M3.8 (ပုသိမ် TMD/မအူပင် DMH)

    👉 တည်နေရာ အနည်းငယ် ကွဲလွဲနိုင်ပေမယ့် ဧရာဝတီဒေသတစ်လျှောက် လှုပ်ရှားမှု ဆက်ရှိနေသေး။

    🧠 ဖြစ်စဥ်အားလုံးကို ခြုံငုံ သုံးသပ်ချက်

    👉 ဧပြီ ၂၄ မှ စတင်တဲ့ လှုပ်ရှားမှုဟာ တနေရာတည်းမှာပဲ စုမနေပဲ
    ➡️ စစ်ကိုင်းပြတ်ရွေ့တောင်ပိုင်းကနေ

    ➡️ ဧရာဝတီမြစ်၀ကျွန်းပေါ်

    ➡️ ရန်ကုန်အောက်ပိုင်းအထိ

    မြေပြင်အောက်က ဖိအားတွေကို နေရာအနှံ့ အနည်းနည်းစီ ဖြုတ်လွှတ်နေတဲ့ ပုံစံဖြစ်နိုင်။

    📊 လက်ရှိအနေအထားဟာ

    • လှုပ်ရှားမှု ရပ်တန့်သွားတာ မဟုတ်သေးသလို၊

    • ဒါပေမယ့် ကြီးမားအားတက်လာမယ်လို့လည်းပြောလို့မရသေးပဲ 👉 “ဖိအား ပြန်ညှိနေဆဲ အခြေအနေ” လို့ သတ်မှတ်နိုင်ပါတယ်။

    ⚠️ အရေးကြီး သတိပေးချက်

    ❗ ဒီလို လှုပ်ရှားမှုတွေက ငလျင်ကြီးတခုဖြစ်မယ်ဆိုတာမျိုး တထစ်ချတွက်လို့မရပေမယ့်

    ❗လုံးဝ ပေါ့ပေါ့တန်တန်လည်း မနေသင့်ပါ

    (သတိလေးထားဆက်လက်စောင့်ကြည့်ရမယ့်အခြေနေ)

    📌 ပြည်သူများအတွက် ငလျင်အရေးပေါ်တုံ့ပြန်မူအနေနဲ့ အသိရှိထားရမှာတွေက

    ✔️ လှုပ်ချိန် — လွတ်ရာကျွတ်ရာ မရောက်နိုင်ပါက ခိုင်ခံ့တဲ့အကာအကွယ်အောက် ဝင်ပါ ခိုပါ

    ဦးခေါင်းကိုမထိခိုက်အောင် ကာကွယ်ပါ ။

    ✔️ အိမ်အခန်း၊၀န်းကျင်မှာ ဘေးကင်းတဲ့နေရာ သိထား၊ သတ်မှတ်ထားပါ။

    ✔️ အားသွင်းမီး၊ ဆေးဝါး၊ အရေးပေါ်ပစ္စည်းလေးတွေကို အဆင်သင့်ပြင်ဆင်တတ်တဲ့ အလေ့အကျင့်ကို ထားရှိပါ။

    🔥 ဒီတောင်ပိုင်းဖြစ်စဥ်ကို လိုတိုရှင်းအနှစ်ချုပ်ရရင်တော့ ~

    “ တောင်ပိုင်းတကြောရဲ့မြေပြင်အောက်မှာ ဖိအားတွေကို တနေရာတည်းမဟုတ်ဘဲ နေရာအနှံ့ ဖြန့်ထုတ်လွှတ်ပေးနေတဲ့ လှုပ်ရှားမှု ဆက်ရှိနေပါတယ်။ ငလျင်တွေ ဆက်လာနိုင်နေသေးပါတယ် ။”

    ဒါကြောင့် ~

    စိတ်အထင်မဟုတ်ပဲ သိသာတဲ့ ​မြေအရွေ့လှုပ်ခါမှုလေးတွေရှိရင် အချိန်လေးပါ မှတ်ထားပြီး ချက်ချင်းအသိပေးလို့ရ.. ပေးပေးပါ။

    ကျနော်တို့ တိုက်ဆိုင် စစ်ဆေးပေးပါမယ်။

    မေတ္တာဖြင့်

    🌿 AI Info Team 🌿

    📆 May 5, 2026 | 🇲🇲 DMH | 🇹🇭 TMD

  • မြစ်ကြီးနားမှာ လုယက်သတ်ဖြတ်မှုတွေ နေ့စဉ်ဖြစ်နေ

    မြစ်ကြီးနားမှာ လုယက်သတ်ဖြတ်မှုတွေ နေ့စဉ်ဖြစ်နေ

    မြစ်ကြီးနားမှာ လုယက်သတ်ဖြတ်မှုတွေ နေ့စဉ်ဖြစ်နေလို့ ဒေသခံတွေ ကြောက်လန့်နေကြတယ်လို့ဆို

    ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်တွေမှာ အုပ်စုဖွဲ့ လုယက်မှုတွေကြောင့် မြို့ခံတွေ စိုးရိမ်ထိန့်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ သိရပါတယ်။

    လက်နက်ကိုင်ကာ ဆိုင်ကယ်၊ သုံးဘီးယာဉ်တွေနဲ့ အုပ်စုဖွဲ့ကာ ပေါ်တင်လုယက်မှုတွေ ဖြစ်ပွားနေပြီး သက်ကြီးရွယ်အိုတွေကိုပါမကျန် ရိုက်နှက်လုယက်တာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

    စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ မြစ်ကြီးနာမြို့မှာ လုယက်မှု၊ ဓားပြတိုက်လူသတ်မှုတွေ နေစဉ်ဖြစ်ပွားနေပေမယ့် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးပိုင်းက ဖမ်းဆီးအရေးယူခြင်း မရှိတာကြောင့် လုယက်မှုတွေ ပိုများလာတယ်လို့ သိရပါတယ်။

    “အိမ်အပြင်ထွက်ရင် ဆိုင်ကယ်နဲ့ကို မသွားရဲသလောက်ပဲ၊ ကားနဲ့သွားရင် လုံခြုံသလို ခံစားရပေမယ့် လုယက်တာတွေက ပိုဆိုးလာတော့ ကားနဲ့ပါ မသွားရဲ ဖြစ်နေကြရတယ်၊ ခုနောက်ပိုင်း အိမ်ထဲတွေထိပါ ဝင်လုတာတွေလည်း ရှိလာတယ်၊ ရဲတိုင်လည်း ဖမ်းဆီးပေးတာ မရှိဘူး၊ ရဲမိန်းမတောင် အလုခံရတာရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    လုယက်မှုအများဆုံးဖြစ်နေတဲ့ ရပ်ကွက်တွေဟာ တပ်ကုန်း၊ ရမ်ပူနဲ့ လယ်ကုန်တို့ဖြစ်ပြီး စစ်ကော်မရှင် ရဲနဲ့ တပ်ဘက်က ဖမ်းဆီးပေးတာ မရှိဘူးလို့ သိရပါတယ်။

    မြစ်ကြီးနားမှာ လုယက်သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေ မကြာခဏ တွေ့နေပေမယ့် စစ်ကော်မရှင်ဘက်က ဟန်ပြသာလုပ်ဆောင်ပေးပြီး တရားခံဖော်ထုတ်ပေးတာနဲ့ ဖမ်းဆီးပေးတာ မရှိတာကြောင့် လုယက်သတ်ဖြတ်မှုတွေ ပိုဆိုးဝါးလာနေတယ်လို့ သိရပါတယ်။

  • အီရန်ဒုံးကျည်နှင့်ဒရုန်းများကို အမေရိကန်ပစ်ချ၊ သင်္ဘော ၆ စီးကို ဖျက်ဆီး

    အီရန်ဒုံးကျည်နှင့်ဒရုန်းများကို အမေရိကန်ပစ်ချ၊ သင်္ဘော ၆ စီးကို ဖျက်ဆီး

    အမေရိကန်ရေတပ်နှင့်ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုပစ်ခတ်ခဲ့သည့် အီရန်တို့၏ ဒုံးကျည်နှင့်ဒရုန်း များကို အမေရိကန်ကပစ်ချခဲ့ကြောင်းနှင့် တီဟီရန်၏ရေယာဉ်ငယ် ခြောက်စင်းကိုလည်းဖျက်ဆီးခဲ့သည်ဟု ထိပ်တန်းရေကြောင်းဗိုလ်ချုပ်ကြီးက တနင်္လာနေ့ကပြောသည်။

    ကူးသန်းရောင်းဝယ်ရေးသင်္ဘောများ ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းသွားလာနိင်ရေးကူညီဆောင်ရွက် ပေးမည့် သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့ကကြေညာထားသော ‘Project Freedom’ ဟုခေါ်ဆိုသည့် အမေရိကန်၏ကြိုးပမ်းမှုကိုပြုလုပ်စဉ် ထိုတိုက်ခိုက်မှုများပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

    “ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုခြိမ်းခြောက်လာသည့် အီရန်ရေယာဉ်ငယ် ခြောက်စင်းကို” အမေရိကန် အပါချီ (Apache) နှင့် ဆီးဟော့ (Seahawk) ရဟတ်ယာဉ်များကပစ်ခတ်ခဲ့သည်ဟု အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) ၏အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ကူးပါး (Brad Cooper) က သတင်း ထောက်များကိုပြောခဲ့သည်။

    အမေရိကန်တပ်ဖွဲ့များသည် “ကျွန်ုပ်တို့သင်္ဘောများနှင့်ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုချိန်ရွယ်ပစ်ခတ် ခဲ့သည့် ဒုံးကျည်နှင့်ဒရုန်းအားလုံး” ကို “ထိရောက်စွာတိုက်ခိုက်” ခဲ့သည်ဟု ကူးပါး ကပြောသည်။

    ခရုစ်ဒုံးကျည်အချို့မှာ အမေရိကန်ရေတပ်သင်္ဘောများကိုချိန်ရွယ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အများစုခရုစ်ဒုံးကျည် များနှင့် ဒရုန်းအများအပြားမှာ ကူးသန်းရောင်းယ်ရေးသင်္ဘောများကိုပစ်ခတ်ခဲ့ခြင်းဖြစ်သည် ဟု သူကဆက် ပြောသည်။

    “ကျွန်တော်တို့ကိုပစ်ခတ်တာတွေကိုကာကွယ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တသမတ်တည်းရှိတဲ့ သန္နိဋ္ဌာန်နဲ့ ကူးသန်းရောင်းဝယ်ရေးသင်္ဘောတွေကိုလည်းကာကွယ်ပေးခဲ့ပါတယ်” ဟု ကူးပါးကပြောခဲ့သည်။

    ထရမ့်ကလည်း သူ့ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်သည့် Truth တွင် ထိမှန်ခဲ့သောအီရန်ရေယာဉ်ငယ်အရေ အတွက်မှာ ခြောက်စင်းဟုပြောထားပြီး တောင်ကိုရီးယားသင်္ဘောတစင်းထိမှန်ခဲ့သည်မှလွဲ၍ “ခုအချိန်မှာတော့ ရေလက်ကြားကိုဖြတ်ကျော်စဉ် ဘာပျက်စီးမှုမှမရှိပါဘူး” ဟု ပြောခဲ့ပြီး နောက်ထပ်အသေးစိတ်ကိုထပ်မံပြော ဆိုခြင်းမရှိခဲ့ပါ။

    ထိုအတောအတွင်း အီရန်နိုင်ငံပိုင်ရုပ်သံကမူအကြီးတန်းစစ်ဘက်အရာရှိတဦးကို ကိုးကားပြီး “အမေရိကန်က ပြောဆိုသည့် အီရန်စစ်ရေယာဉ်များနစ်မြုပ်သွားခဲ့သည်ဆိုသည့်သတင်းမှာ သတင်းမှားသာဖြစ်သည်” ဟု ထုတ်လွှင့်သွားခဲ့သည်။

    ကာကွယ်ရေး ‘ထီးရိပ်’

    အမေရိကန်နှင့်အစ္စရေးတို့က အီရန်နိုင်ငံကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စလမ်မစ်သမ္မတနိုင်ငံကလည်း ရေနံနှင့်ဓာတ်ငွေ့ဖြတ်သန်းရာအဓိကလမ်းကြောင်း တခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကိုပိတ်ထားခဲ့သည်။ ထို့နောက်အမေရိကန်တပ်ဖွဲ့များကလည်း အီရန်ဆိပ်ကမ်းများကို ပြန်လည်ပိတ်ဆို့ထားခဲ့သည်။

    အီရန်ရေတပ်က ခရုစ်ဒုံးကျည်များ၊ ဒုံးများ၊ တိုက်ခိုက်ရေးဒရုန်းများ ကို ရေလက်ကြားအတွင်းဖြတ်သန်းနေ သည့် အမေရိကန်ဖျက်သင်္ဘောများအနီးပစ်ခတ်ခဲ့ပြီး ထိုပစ်ခတ်မှုများမှာ “သတိပေးပစ်ခတ်မှုများဖြစ်သည်” ဟု အီရန်ရုပ်သံက တနင်္လာနေ့အစောပိုင်းကပြောကြားခဲ့သည်။

    အမေရိကန် ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘော နှစ်စင်းသည် ရေလက်ကြားကိုဖြတ်သန်းသွားခဲ့ပြီးဖြစ်ကာ ‘Project Freedom’ စစ်ဆင်ရေး၏အစိတ်အပိုင်းတရပ်အဖြစ် ပင်လယ်ကွေ့အတွင်းရောက်ရှိသွားခဲ့ပြီဟု CENTCOM ကပြောခဲ့သည်။ ထိုအတောအတွင်း အမေရိကန်အလံတင် ကုန်သွယ်ရေကြောင်းသင်္ဘော နှစ်စင်း ကလည်း ဆန့်ကျင်ဘက်လမ်းကြောင်းအတိုင်း “လုံခြုံစွာသူတို့လမ်းကြောင်းအတိုင်းခရီးဆက်ခဲ့သည်” ဟု ပြောထားသည်။

    အမေရိကန်ရေတပ်သည် သင်္ဘောများကို ရေလက်ကြားတွင်း တိုက်ရိုက်စောင့်ရှောက်ခေါ်ဆောင်နေခြင်း မဟုတ်ဟု ကူးပါး ကပြောသည်။ သို့သော် “သင်္ဘောများ၊ ရဟတ်ယာဉ်များ၊ လေယာဉ်များ၊ ဝေဟင်ကြိုတင် သတိပေးလေယာဉ်များ၊ အီလက်ထရွန်းနစ်စစ်ဆင်ရေးလေယာဉ်များ ဖြင့် အလွှာလိုက်ဖွဲ့စည်းကာ” “ပုံမှန် စောင့်ရှောက်ခေါ်ဆောင်သည်ထက်သာလွန်သည့်ပိုမိုကျယ်ပြန့်သောအကာအကွယ်ကိုပေးအပ်ခဲ့ခြင်းဖြစ် သည်” ဟု သူကပြောသည်။

    ဤကြိုးပမ်းမှုတွင် အမေရိကန်တပ်ဖွဲ့များသည် ရေကြောင်းလမ်းကိုရှင်းလင်းရန် “အလွန်သိမ်မွေ့လှပသည့် နည်းပညာ” ကို “လွန်ခဲ့သောသီတင်းပတ်များကတည်းက” အသုံးပြုခဲ့ပြီးနောက် “သင်္ဘောများအပေါ် အကာ အကွယ်ထီးရိပ်ကိုမိုးပေးထားခဲ့သည်” ဟု သူကပြောသွားသည်။

    ဒါဟာ “အဆုံးစွန်အားဖြင့် နှစ်လမ်းသွားလမ်းကြောင်းပါ” ဒါပေမယ့် “အရေးအကြီးဆုံးအချက်က ရေတိုမှာ သင်္ဘောတွေအပြင်ရောက်ဖို့ပဲ” ဟု ကူးပါးကဆက်လက်ပြောကြားခဲ့သည်။

    ရေကြောင်းထောက်လှမ်းရေးလုပ်ငန်း AXSMarine ၏ ဒေတာအချက်အလက်များအရ ဧပြီလ ၂၉ ရက်တွင် ပင်လယ်အော်အတွင်းရှိနေဆဲဖြစ်သော ကူးသန်းရောင်းဝယ်ရေးသင်္ဘောများမှာအစီးရေ ၉၀၀ ကျော်ရှိသည် ဟု ဆိုသည်။

  • မြန်မာအမျိုးသမီးတစ်ဦး ဆင်နင်းသတ်ခံရ

    မြန်မာအမျိုးသမီးတစ်ဦး ဆင်နင်းသတ်ခံရ

    မြန်မာအမျိုးသမီးတစ်ဦး ဆင်နင်းသတ်ခံရလို့ အူတွေထွက် ခေါင်းတွေကြေကာ ဆုံးသွား

    မြို့နေရာက ကျန်ထပူလီမြို့မှာ ယမန်နေ့ (မေ ၅ ရက်) ည ၇ နာရီလောက်က ဖြစ်သွားခဲ့တာပါ။

    အသက် ၄၀ အရွယ်ရှိ မနုဆိုတဲ့ အမကြီးဟာ ခြံအလုပ်သမားတစ်ဦး ဖြစ်ပြီး ခြံထဲမှာပဲ နေထိုင်ပါတယ်။

    ဒူးရင်း၊ လန်းရိုင်ပင်တွေ ခြံမှာစိုက်ထားပြီး မနုက ဝက်တွေကို ကြည့်ရတဲ့ အလုပ်လုပ်ရတယ်။

    မနုနေတဲ့ တောင်ယာအိမ်ခြံဟာ တောနဲ့နီးပြီး နှစ်စဉ်နှစ်တိုင်း တောဆင်တွေက တောင်ပေါ်ကနေ ဆင်းလာကာ အသီးတွေ လာရှာစားလေ့ ရှိပါတယ်။

    ည ၇ နာရီလောက်မှာ မနုဟာ တောဆင်ရဲ့ နင်းသတ်သွားတာကို ခံရပြီး သူမနေထိုင်ရာ တဲထဲမှာပဲ ဆုံးပါးသွားရပါတယ်။

    တာဝန်ရှိသူတွေ စစ်ဆေး ပြောပြချက်အရ မနု ဆင်းနင်းသတ်ခံရတာနဲ့ ပတ်သက်ပြီး ညဘက်အပြင် မထွက်ရ အမိန့်ထုတ်ထားလိုက်ပါပြီ။

    တကယ်လို့ ဆင်တွေကို တွေ့ခဲ့ရင်လဲ ဆူညံသံတွေ မလုပ်ကြဖို့၊ တာဝန်ရှိသူတွေကို ချက်ခြင်း အကြောင်းကြားဖို့ မှာထားကြတယ်။

    လက်ရှိ မနုဆုံးပြီး နောက်ပိုင်း ၂၄ နာရီ လုံခြုံရေး အစောင့်တွေ ထားလိုက်ပြီလို့ သိရပါတယ်။

    သူများနိုင်ငံမှာ ပိုက်ဆံရှာရတာ မလွယ်ပါဘူးနော်။

    အေးချမ်းတဲ့ တောင်ယာမှာ အလုပ်ရတော့လဲ ဆင်းနင်းလို့ သေရတယ်။

    အမ မနု ကောင်းမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်။

    Source: ข่าวสด TV