Category: News

  • မေလအတွင်း တစ်နာရီ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်

    မေလအတွင်း တစ်နာရီ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်

    မေလအတွင်း တစ်နာရီ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်၍ ပြည်သူများ အထူးသတိပြုရန် နှိုးဆော်

    ​မြန်မာနိုင်ငံအရပ်ရပ်တွင် မေလအတွင်း မိုးကြိုကာလ လေထုမငြိမ်မသက်မှုများကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနမှ ယနေ့ မေလ (၁) ရက်တွင် အထူးသတိပေးချက် ထုတ်ပြန်လိုက်သည်။



    ယခု​မေလမှစ၍ အနောက်တောင်မုတ် သုံလေ မဝင်ရောက်မီကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ အပူပျံတက်တိမ် (Cumulonimbus Cloud) များဖြစ် ထွန်းလာနိုင်ကြောင်း သိရသည်။

    ထိုသို့ ဖြစ်ထွန်းမှုကြောင့် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင်မြေပြင်နှင့် ရေပြင်တွင် တစ်နာရီလျှင် မိုင် (၄၀) မှ (၅၀) အထိ လေပြင်းတို-က်ခတ်နိုင်ခြင်း၊ ထစ်ချုန်းမိုးရွာခြင်းနှင့်အတူ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ နေရာကွက်ကျား မိုးသီးကြွေနိုင်ခြင်းတို့ဖြစ်ပွားနိုင်ကြောင်း အသိပေးထားသည်။

    ​လေပြင်းတို-က်ခတ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်တွင်းလေ ကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့် အထူးသတိပြုရန် နှိုးဆော်ထားသည်။

    ယခုရက်ပိုင်းအတွင်း နေပူရှိန်ပြင်းထန်ရာမှ ရုတ်တရက် လေပြင်းတို-က်ခတ်မှုများ ဖြစ်ပေါ်တတ်သဖြင့် ခိုင်ခံ့မှုမရှိသော သစ်ပင်များ၊ ဆိုင်းဘုတ်များအနီး နေထိုင်ခြင်းမှ ရှောင်ကြဉ်ကြရန်လည်း တိုက်တွန်းထားသည်။

  • အီရန်အရေးနဲ့ပတ်သက်လို့ ဂျာမနီဝန်ကြီးချုပ်ကို ဒေါ်နယ်ထရမ့် တိုက်ခိုက်

    အီရန်အရေးနဲ့ပတ်သက်လို့ ဂျာမနီဝန်ကြီးချုပ်ကို ဒေါ်နယ်ထရမ့် တိုက်ခိုက်

    မိမိနိုင်ငံတွင်း ပြဿနာတွေကို အရင်ဆုံး ဖြေရှင်းဖို့ ဒေါ်နယ်ထရမ့် ပြော

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့ဇ်အပေါ် ဝေဖန်မှုတွေ ပိုမို ပြင်းထန်စွာ ပြုလုပ်လာခဲ့ပြီး ၎င်းရဲ့ အီရန်အရေး ချဉ်းကပ်ပုံအပေါ် မှတ်ချက်ပေးခြင်းထက် မိမိနိုင်ငံတွင်း ပြဿနာတွေနဲ့ ရုရှား-ယူကရိန်း စစ်ပွဲကိုသာ အာရုံစိုက်ဖို့ ပြောကြားလိုက်ပါတယ်။

    ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖရိုင်းဒရစ်မာ့ဇ်ကို ထပ်မံတိုက်ခိုက်ခဲ့ပြီး အီ ရန်ရဲ့ နူကလီးယား ရည်မှန်းချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မာ့ဇ်က ဝင်ရောက်စွက်ဖက်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

    အီရန်နဲ့ ဆွေးနွေးမှုတွေမှာ အမေရိကန်အစိုးရဟာ အီရန်ရဲ့ အကွက်ရွှေ့မှုတွေအောက်မှာ အသာစီး အယူခံလိုက်ရတယ်လို့ ဖရိုင်းဒရစ်မာ့ဇ်ရဲ့ မကြာခင်က ပြောကြားချက်အပေါ် ဒေါ်နယ်ထရမ့်က စိတ်အ နှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

    “ဂျာမနီဝန်ကြီးချုပ်အနေနဲ့ လုံးဝထိရောက်မှုမရှိတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ ပျက် စီးယိုယွင်းနေတဲ့ သူ့နိုင်ငံရဲ့ ပြဿနာတွေ၊ အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေးနဲ့ စွမ်းအင်ကိစ္စရပ်တွေကို ပြု ပြင်ဖို့အတွက်ပဲ အချိန်ပိုပေးသင့်ပါတယ်။ ကမ္ဘာကြီးနဲ့ ဂျာမနီနိုင်ငံကိုပါ ပိုမိုဘေးကင်းလုံခြုံတဲ့နေရာဖြစ် အောင် အီရန်ရဲ့ နူကလီးယားခြိမ်းခြောက်မှုကို ဖယ်ရှားပေးနေသူတွေရဲ့ကိစ္စမှာ ဝင်ရောက်စွက်ဖက်နေ မယ့်အစား အဲဒီအချက်တွေကိုပဲ ပိုပြီးအာရုံစိုက်သင့်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

    “အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို အစ္စလာမ်မာဘတ်မြို့အထိ လာရောက်စေပြီး ဘာရလဒ်မှမ ထွက်ဘဲ ပြန်လွှတ်လိုက်တာဟာ နိုင်ငံတစ်ခုလုံးကို အီရန်ခေါင်းဆောင်ပိုင်း၊ အထူးသဖြင့် တော်လှန်ရေးအ စောင့်တပ်ဖွဲ့လို့ ခေါ်တဲ့သူတွေက အရှက်ခွဲနေတာပဲဖြစ်တယ်” လို့ ဖရိုင်းဒရစ်မာ့ဇ်က ဆိုပါတယ်။

    ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ Truth Social လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြန်လည်တုံ့ပြန် ရာမှာ ဖရိုင်းဒရစ်မာ့ဇ်ဟာ အီရန်အနေနဲ့ နူကလီးယားလက်နက် ပိုင်ဆိုင်တာဟာ ပြဿနာမရှိဘူးလို့ ထင်နေသူဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။

    “သူဘာတွေပြောနေလဲဆိုတာ သူကိုယ်တိုင်တောင် သိပုံမရပါဘူး။ အကယ်၍ အီရန်သာ နူကလီး ယားလက်နက် ပိုင်ဆိုင်သွားမယ်ဆိုရင် ကမ္ဘာတစ်ခုလုံးဟာ ဓားစာခံဖြစ်သွားပါလိမ့်မယ်။

    အခြားနိုင်ငံတွေ ဒါမှမဟုတ် အခြားသမ္မတတွေ လွန်ခဲ့တဲ့အချိန်အတော်ကြာကတည်းက လုပ်ဆောင်သင့်ခဲ့တဲ့ အီရန်အရေး ကိစ္စကို အခုအချိန်မှာ ကျွန်တော် ကိုယ်တိုင်လုပ်ဆောင်နေတာဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

    ကိုးကား – India Today

  • ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံရန် စီစဉ်

    ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံရန် စီစဉ်

    နေပြည်တော်တွင် နေအိမ်အချုပ် ပြောင်းရွှေ့ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံရန် စီစဉ်

    နေပြည်တော်တွင် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားသော ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ ရှေ့နေအဖွဲ့သည် ယခုသီတင်းပတ်ကုန်တွင် တွေ့ဆုံရန် စီစဉ်နေကြောင်း ရှေ့နေအဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးက ယနေ့ ပြောကြား သည်ဟု ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။

    ရှေ့နေအဖွဲ့က အသက် ၈၀ အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် လာမည့် တနင်္ဂနွေနေ့တွင် တွေ့ဆုံရန် စီစဉ်ထားပြီး၊ သူမအတွက် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရန်နှင့် သူမ၏ ရပ်တည်ချက်များကို ဆွေးနွေးရန် ရည်ရွယ်ထားသည်ဟု ရိုင်္ကတာသတင်းက ဆိုသည်။

    ယခုတွေ့ဆုံမှုမှာ ပုံမှန် အကျဉ်းထောင်ဝင်စာတွေ့ခြင်းမျိုး မဟုတ်တော့ဘဲ ရှေ့နေအဖွဲ့က သွားရောက်၍ ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးနိုင်မည့် တွေ့ဆုံမှုမျိုး ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ရသည်။

    ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီလ ၃၀ ရက်နေ့ ကြာသပတေးနေ့ညပိုင်းတွင် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် သူမသည် နေပြည်တော်၌ပင် ရှိနေသေးကြောင်း ရှေ့နေအဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

    ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်တပ်က အဂတိလိုက်စားမှု၊ ရွေး ကောက်ပွဲ မသမာမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှု အစရှိသည့် စွပ်စွဲချက်များဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားခြင်းဖြစ်သည်။

    ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လျှော့ပေါ့ပေးခဲ့ပြီးနောက်၊ ကြာသပတေးနေ့တွင် နေအိမ်အချုပ် မပြောင်းရွှေ့မီ နောက်ထပ် ခြောက်ပုံတစ်ပုံကို ထပ်မံလျှော့ပေါ့ပေးခဲ့သည်။

    စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ယူနီဖောင်းဝတ် ဝန်ထမ်းနှစ်ဦးနှင့်အတူ သစ်သားခုံတန်းတစ်ခုပေါ်တွင် ထိုင်နေသည့် ဓာတ်ပုံကို ထုတ်လွှင့်ခဲ့ရာ အဆိုပါ ဓာတ်ပုံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း သူမ၏ ပထမဆုံးသော လူထုရှေ့မှောက်ရောက်ရှိလာသည့် စစ်တပ်က ထုတ်ပြန်သော ပုံရိပ်ဖြစ်သည်။

    အကြမ်းဖက် မင်းအောင်လှိုင်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးရန် အာဆီယံ အပါအဝင် နိုင်ငံတကာ၏ ဖိအားများကို ရင်ဆိုင်နေရသည်။

  • အကြမ်းဖက်စစ်အုပ်စု ရှေ့တန်းစခန်းက စခန်းထိုင်ဗိုလ်မှုးတစ်ကောင်ရဲ့ အနေထား

    အကြမ်းဖက်စစ်အုပ်စု ရှေ့တန်းစခန်းက စခန်းထိုင်ဗိုလ်မှုးတစ်ကောင်ရဲ့ အနေထား

    အဆိုပါဗီဒီယိုတွင် ဗိုလ်မှူးတစ်ဦးဟု မိမိကိုယ်ကိုမိတ်ဆက်သူက စစ်တပ်၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ အလွန်အမင်း ဒေါသထွက်နေပြီး တပ်ချုပ်၊ နိုင်ငံတော်သမ္မတနှင့် ကြံ့ဖွတ်ပါတီ (USDP) ခေါင်းဆောင်များကို ပြင်းထန်စွာ ဆဲဆိုဝေဖန်ထားသည်။

    ၎င်းက လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ ၎င်းတို့အားလုံးကို အပြစ်တင်ထားပြီး၊ တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ရေးရာ အလွန်အမင်းကျဆင်းနေကြောင်းကိုလည်း ပေါ်လွင်အောင် ပြောဆိုထားသည်။

    စစ်ကောင်စီ၏ ရှေ့တန်းစခန်းများတွင် ဖြစ်ပေါ်နေသည့် စိတ်ဓာတ်ရေးရာ ပြဿနာများနှင့် ထိပ်သီးခေါင်းဆောင်များအပေါ် လက်အောက်ငယ်သားများ၏ မကျေနပ်ချက်များကို ဖော်ပြနေခြင်းဖြစ်သည်။

    ​ဗီဒီယိုထဲတွင် ၎င်းသည် တစ်ဦးတည်းရှိနေပြီး ပြင်းထန်သော စိတ်လှုပ်ရှားမှုနှင့်အတူ နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများကို ဆဲဆိုဝေဖန်နေသည်။

    ၎င်းပြောဆိုသည့်အထဲတွင် “အရာအားလုံးပျက်စီးပြီ” ဟူသောသဘောမျိုး ပြောဆိုမှုများပါဝင်ပြီး စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအပေါ် အယုံအကြည်ကင်းမဲ့နေသည့်ပုံစံကို တွေ့ရသည်။

    ​ဤဖြစ်ရပ်သည် စစ်တပ်အတွင်းပိုင်း၌ စိတ်ဓာတ်ရေးရာ ထိခိုက်မှုများ ပြင်းထန်နေကြောင်းနှင့် ရှေ့တန်းစခန်းများတွင် စည်းကမ်းပိုင်းဆိုင်ရာများ ပြိုလဲနေနိုင်ခြေရှိကြောင်းကို ထင်ဟပ်ဖော်ပြနေသည်။

    ​ဤကဲ့သို့ ရှေ့တန်းအရာရှိတစ်ဦး၏ အများပြည်သူရှေ့မှောက်တွင် ၎င်းတို့၏ ခေါင်းဆောင်ပိုင်းအား ပြောင်ကျကျ ဝေဖန်ဆဲဆိုခြင်းသည် တပ်မတော်အတွင်း စည်းလုံးညီညွတ်မှု လွန်စွာပျက်ပြားနေသည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

  • ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်းကို သက်သေပြရန် သားဖြစ်သူ ကင်မ်အဲရစ် တောင်းဆို

    ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်းကို သက်သေပြရန် သားဖြစ်သူ ကင်မ်အဲရစ် တောင်းဆို

    ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကင်မ်အဲရစ် က မိခင်၏ လက်ရှိအခြေအနေအပေါ် ပြင်းထန်စွာစိုးရိမ်နေကြောင်းနှင့် အသက်ရှင်မှု ရှိ မရှိ အတည်ပြုနိုင်သော “Proof of Life” ကို ပြသရန် တောင်းဆိုလိုက်သည်။

    စစ်အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်၏ ထောင်ဒဏ်လျှော့ချပြီး “သတ်မှတ်ထားသော အိမ်တစ်လုံးသို့” ရွှေ့ပြောင်းထားကြောင်း ကြေညာခဲ့ပြီးနောက် Kim Aris သည် ထိုအချက်အလက်များကို ယုံကြည်လက်ခံရန် မဖြစ်နိုင်သေးကြောင်း ပြောကြားသည်။

    သူက “ထောင်မှ အခြားနေရာသို့ ရွှေ့ပြောင်းခြင်းသည် လွတ်မြောက်ခြင်း မဟုတ်ပါ။ မိခင်သည် ယခုတိုင် ထိန်းသိမ်းခံထားရသော အခြေအနေတွင်ပင် ရှိနေဆဲဖြစ်ပြီး ပြင်ပလောကနှင့် ပြတ်တောက်ထားသည်” ဟု ကင်မ်က ပြောသည်။

    ထို့အပြင် ထောင်ဒဏ်လျှော့ချခြင်းသည် နှစ်ပေါင်းများစွာ မတရားအကျဉ်းချခံထားရမှုကို မပြောင်းလဲနိုင်ကြောင်း၊ မကြာသေးမီက ထွက်ပေါ်လာသော အချက်အလက်များသည် နိုင်ငံတကာဖိအားကို လျော့နည်းစေရန် ရည်ရွယ်သော လှုပ်ရှားမှုများသာ ဖြစ်နိုင်ကြောင်းလည်း ကင်မ်က ဆိုသည်။

    Kim Aris က မိခင်၏ တည်နေရာ၊ ကျန်းမာရေးအခြေအနေတို့အပေါ် တရားဝင်အတည်ပြုချက် မရရှိသေးကြောင်း၊ “မိခင် အသက်ရှင်မှုရှိ မရှိပင် မသေချာသေးပါ” ဟု စိုးရိမ်ကြောင်း ကင်မ်ပ ပြောကြားသည်။

    ထို့ကြောင့် ကင်မ်က “မိခင် အသက်ရှင်ရှိပါက သက်သေပြရန် လိုအပ်သည်” ဟု တောင်းဆိုခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအား ယခုကဲ့သို့သော ကြေညာချက်များကို ပြုပြင်ပြောင်းလဲမှုအဖြစ် မမှတ်ယူရန် တိုက်တွန်းခဲ့သည်။

    နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရန်၊ သတင်းအချက်အလက်များတွင် ပွင့်လင်းမြင်သာမှုရှိရန်နှင့် မိခင်နှင့် ဆက်သွယ်နိုင်ခွင့် ရရှိရန် မျှော်လင့်ကြောင်း ကင်မ်က ပြောကြားသည်။

    “သူမကို ရွှေ့ပြောင်းခြင်းက လွှတ်ပေးခြင်း မဟုတ်ပါဘူး”

    ထောင်ဒဏ်လျှော့ပေါ့ခြင်းနဲ့ မသိနိူင်တဲ့နေရာတစ်ခုကို ရွှေ့ပြောင်းခြင်းဟာ အခြေအနေကို မပြောင်းလဲစေပါဘူး။ မေမေဒေါ်အောင်ဆန်းစုကြည်ဟာ အခုထိ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားခံနေရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲပါ။

    သားတစ်ယောက်အနေနဲ့ ကျွန်တော်မှာ ဘာသတင်းအချက်အလက်မှ မရရှိသေးပါဘူး။

    ကျွန်တော့်ရဲ့ တောင်းဆိုချက်က ရိုးရှင်းပါတယ်။ မေမေ အသက်ရှင်နေကြောင်း အတည်ပြုနိုင်တဲ့ အချက်အလက်၊ သူမနဲ့ ဆက်သွယ်နိုင်ခွင့်၊ နဲ့ သူမ လွတ်မြောက်ရေးပါ။

    အသက်ရှင်နေတယ်ဆိုရင် အတည်ပြုနိုင်တဲ့ ယုံကြည်ခိုင်မာရတဲ့ သက်သေ ပြပါ။

    “Moving her is not freeing her.”

    A sentence reduction and a move to an undisclosed location do not change the reality. May May Daw Aung San Suu Kyi remains a hostage, cut off from the world.

    As a son, I still have no information.

    My request is simple: verified information that my mother is alive, the ability to communicate with her, and to see her free.

    If she is alive, show verified proof of life.

    Kim Aris