Category: News
-

အိမ်စောင့်မြွေလို့ အဖွားယုံကြည်တဲ့ စပါးအုံးကြီး
“အိမ်စောင့်မြွေလို့ အဖွားယုံကြည်တဲ့ စပါးအုံးကြီး… ထိုးမယ့် ထီးနံပါတ်ပါ ပြောလိုက်သေး” ဒီဖြစ်စဉ်ကတော့ ဇူလိုင်လ ၇ ရက်နေ့ မနက် ၁ နာရီလောက်က ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စတ္တဟစ်မြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၇၅ နှစ်အရွယ် အဖွားတစ်ဦးက သူ့အိမ်ထဲကို ဧရာမစပါးအုံးမြွေတစ်ကောင် ထပ်မံဝင်ရောက်လာတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီတောင်းခဲ့ပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေ ရောက်သွားချိန်မှာတော့ အရှည် ၄ မီတာကျော်ရှိပြီး ခန္ဓာကိုယ်က လူခြေသလုံးလောက်တုတ်တဲ့ စပါးအုံးမြွေကြီးဟာ ပစ္စည်းသိုလှောင်ခန်းထဲမှာ ပုန်းနေခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ ကြိုးကွင်းနဲ့ လည်ပင်းကို ဖမ်းထိန်းပြီး အပြင်ကို ဆွဲထုတ်နိုင်ခဲ့ပေမယ့် မြွေကြီးက အပြင်းအထန် ရုန်းကန်နေတဲ့အတွက် ကယ်ဆယ်ရေးဝန်ထမ်း ၂ ဦးနဲ့ ဒေသခံ ၂ ဦး စုစုပေါင်း ၄ ဦးက ၁၀…
-

ပြန်လည်စုဖွဲ့မှုတွေနဲ့ MDY-PDF ပြန်လာပြီ
MDY-PDF က ပြန်လည်စုဖွဲ့လေ့ကျင့်ပြီးပြီမို့ စစ်ဆင်ရေးတွေ အပြည့်အဝ ပြန်လုပ်တော့မယ်လို့ ကြေညာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF (အထူးလှုပ်ရှားတပ်မ) အနေနဲ့ တပ်တစ်ခုလုံး ပြန်လည်စုဖွဲ့ လေ့ကျင့်ခြင်းလုပ်ငန်းစဉ်တွေနဲ့ စစ်ရေး၊ နိုင်ငံရေး စွမ်းဆောင်ရည် မြှင့်တင်မှု လုပ်ငန်းစဉ်တွေကို လေးလကြာ ပြုလုပ်ခဲ့ပြီးနောက် စစ်ဆင်ရေးတွေကို အပြည့်အ၀ ပြန်လည် ဖော်ဆောင်တော့မယ်လို့ MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။ MDY-PDF အနေနဲ့ ပြီးခဲ့တဲ့ လေးလတာ ကာလကို ပြန်လည် စုဖွဲ့လေ့ကျင့်ခြင်းတွေ လုပ်ဆောင်ခဲ့တာကြောင့် စစ်ဆင်ရေးတွေကို အကန့်အသတ်နဲ့သာ ဖော်ဆောင်နိုင်ခဲ့ပြီး လက်ရိမှာ ပြန်လည်စုဖွဲ့ လေ့ကျင့်မှုကာလ ပြီးဆုံးပြီမို့ မဟာမိတ်တွေနဲ့ ပေါင်းကာ စစ်ဆင်ရေးတွေကို အပြည့်အဝ ပြန်လည် ဖော်ဆောင်တော့မယ်လို့ ဆိုပါတယ်။ “လေးလတာ ကာလအတွင်း ပြန်လည်စုဖွဲ့လေ့ကျင့်မှု…
-

အသက် ၆၀ ကျော် အမျိုးသားတစ်ဦး ပြည့်တန်ဆာနေအိမ်မှာ ပျော်ပါးနေချိန် အမောဖောက် သေဆုံး
ကော့သောင်းမှာ အသက် ၆၀ ကျော် အမျိုးသားတစ်ဦး ပြည့်တန်ဆာနေအိမ်မှာ ပျော်ပါးနေချိန် အမောဖောက် သေဆုံး ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ ဇူလိုင်လ ၆ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်အချိန်က ပြည့်တန်ဆာအိမ်တစ်အိမ်မှာ ပျော်ပါးနေတဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ မနေ့ည ၁၁ နာရီခွဲအချိန်က ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဦးအောင်ဇေယျ ၃ လမ်းရှိ ပြည့်တန်ဆာအိမ်တစ်အိမ်မှာ အမျိုးသားတစ်ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ “အသက် ၂၀ ကျော် မိန်းကလေးတစ်ဦးနဲ့ ပျော်ပါးနေတဲ့ အသက် ၆၀ အရွယ် ဝါရင့်အမျိုးသားတစ်ယောက် သေဆုံးသွားတာ ဖြစ်ပါတယ်။ ဆရာဝန်တွေရဲ့ ကနဦးစစ်ဆေးချက်အရ ရောဂါအခံကြောင့်…
-

အမြည်းဖိုးကုန်ကျစရိတ်များလို့ စကားများကြရာက လူသတ်မှု ဖြစ်ပွား
တူဝရီး ၂ ယောက် အရက်အတူသောက်နေရင်း အမြည်းဖိုးကုန်ကျစရိတ်များလို့ စကားများကြရာက လူသတ်မှု ဖြစ်ပွား ရန်ကုန်တိုင်း၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့ အနောက်ပိုင်းရပ်ကွက် မှော်ဝန်းချောင်းဘေးရှိ ဦးလှဦး ပုဇွန်ကန်တဲမှာ အရက်အတူသောက်ကြရင်း အမြည်းစားတာများပြီး ကုန်ကျစရိတ် များသွားတာကြောင့် စကားများကြရာက လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဆွေမျိုးတော်ဆပ်သူ ၂ ဦး အရက်အတူသောက်ရာက အမြည်းနဲ့ အရက်ဖိုး ကုန်ကျငွေကိစ္စအတွက် စကားများကြရင်း လောက်လေးခွအချွန်နဲ့ ထိုးသတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “ပုဇွန်ကန်မှာ သူတို့က အလုပ်လုပ်ကြတာ၊ အခုလူသတ်မှုဖြစ်တဲ့ နှစ်ယောက်က တူဝရီးတော်ကြတယ်၊ အမြည်းနဲ့ အရက်ဖိုးကိစ္စ စကားများတာလို့ ပြောတယ်၊ အမြည်းပဲစားနေလို့ ပြောတာကနေ ငယ်ကျိုးငယ်နာတွေပါလာပြီး လောက်လေးခွအောက်က…
-

ကျောက်ဖြူတိုက်ပွဲ ရပ်တန့်နေချိန် AA က စနိုက်ဘာနဲ့ ပစ်ခတ်မှုကြောင့် မြန်မာစစ်တပ်ဘက်က အကျအဆုံးအချို့ရှိနေ
ကျောက်ဖြူတိုက်ပွဲ ရပ်တန့်နေချိန် AA က စနိုက်ဘာနဲ့ ပစ်ခတ်မှုကြောင့် မြန်မာစစ်တပ်ဘက်က အကျအဆုံးအချို့ရှိနေ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ယာယီရပ်တန့်နေချိန်မှာ အာရက္ခတပ်တော် (AA) က အာဏာသိမ်း မြန်မာစစ်တပ် စစ်ကြောင်းတွေကို စနိုက်ဘာတွေနဲ့ ပစ်ခတ်တာကြောင့် သေဆုံးမှုအချို့ ရှိနေတယ်လို့ သတင်းရရှိပါတယ်။ အာရက္ခတပ်တော်ဟာ အဝတောင်၊ သိုင်းချောင်းနဲ့ မင်းပြင်အနီးရှိ အကြမ်းဖက်စစ်တပ်ဖက်မှ တပ်သားတွေကို အလွတ်မပေးဘဲ စနိုက်ဘာနဲ့ ပစ်ခတ်တာကြောင့် ခုလို သေဆုံးမှုတွေ ရှိနေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဇွန်လနောက်ဆုံးအပတ်မှာ တောင်မော်ဦးစခန်း အနီးက အ၀တောင်ကျေးရွာပတ်ဝန်းကျင်မှာ ထိတွေ့တိုက်ပွဲတချို့ အနည်းငယ်ဖြစ်ပွားတာ ရှိခဲ့ပေမယ့် လက်ရှိဇူလိုင်လ ၁ ရက်နေ့ကစပြီး မနေ့က ဇူလိုင်လ ၆ ရက်နေ့ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲရပ်တန့်နေတယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာ…