Category: News
-
ဘုရားလက်ထက် ကားရှိရင် မောင်းခွင့်ပြုမှာပါဆိုတဲ့ သဘာဝရိပ်သာ သီလရှင်
သံဃာ ကားမမောင်းရန် မဟန ညွှန်ကြားချက်အပေါ် ဘုရားလက်ထက် ကားရှိပါက မောင်းခွင့်ပြုမည်ဟု သဘာဝရိပ်သာ သီလရှင် ဆင်ခြေတက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဃာတော်များနှင့် သီလရှင်များ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်ခြင်း မပြုရန် ညွှန်ကြားချက်အပေါ် သဘာဝရိပ်သာမှ သီလရှင်တစ်ပါးက ဘုရားရှင် သက်တော်ထင်ရှား ရှိပါကလည်း ယာဉ်မောင်းနှင်ခွင့် ပြုမည်ဖြစ်ကြောင်း ပြောဆို၍ တုန့်ပြန်လိုက်သည်။ ၎င်းပြင် စည်းကမ်းမဲ့ မောင်းနှင်သူများနှင့် ဝိနည်းမဲ့ ပြုမူသူများကိုသာ စိစစ်တားဆီးသင့်ပြီး သတိပဌာန် နှလုံးသွင်း၍ ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နေသည့် ရဟန်း သီလရှင်များကိုမူ သီးသန့် ချွင်းချက်ဖြင့် မော်တော်ယာဉ် မောင်းနှင်ခွင့် ပြုသင့်သည်ဟု ဆင်ခြေတက် တောင်းဆိုထားသည်။ “သတိပဌာန်သာ နှလုံးသွင်းရင်တောင် လမ်းလျှောက်တောင်ခက်တယ်”ဟု သံဃာတော်တပါးက မိန့်ကြားသည်။ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့်…
-

နမ့်စန်မြို့လယ်ခေါင်မှာ စစ်တပ် ဗိုလ်တစ်ဦးကို ပ/-စ်T-တ်တဲ့ ကိုလှရွှေ
နမ့်စန်တွင် လက်ပစ်ဗုံးဖြင့် ခြိမ်းခြောက်သည့် စစ်တပ် အရာခံဗိုလ်ကို ရဲက ပစ်ခတ်ဖမ်းဆီးရာ သေဆုံး ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့တွင် ကားပါကင်ကိစ္စနှင့် ပတ်သက်၍ စကားများရာမှ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲမည်ဟု ခြိမ်းခြောက်ခဲ့သည့် စစ်တပ်မှ အရာခံဗိုလ်တစ်ဦးကို ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခဲ့ကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ်လ ၂၆ ရက် ည ခုနှစ်နာရီခန့်တွင် နမ့်စန်မြို့၊ အမှတ် (၂) ရပ်ကွက်၊ နမ့်စန်-မိုးနဲသွား ကားလမ်းဘေးရှိ ခိုင်မေတ္တာဆေးခန်းရှေ့၌ Honda Fit အဖြူရောင်မော်တော်ယာဉ်ကို ဆေးခန်းဝင်ပေါက် ပိတ်ဆို့ရပ်ထားရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဆေးခန်းတာဝန်ခံ ဦးဇေယျာလင်းက ယာဉ်ကို လမ်း ဖယ်ပေးရန် ပြောဆိုရာမှ နှစ်ဖက် အခြေအတင် စကားများခဲ့ကြပြီး၊ ယာဉ်ပေါ်ပါလာသည့် အမျိုးသားက လက်ပစ်ဗုံးဟု ယူဆရသည့်…
-

လမ်းမှာ တဖြုတ်ဖြုတ်ကြွေပြီးနောက်💀 ရွှေကူရောက်လာကြရှာ
မန္တလေးမှ ဆန်တက်လာသည့် စစ်သင်္ဘောများ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုများ ခံရပြီးနောက် ရွှေကူမြို့သို့ ဆိုက်ကပ် ဖြတ်သန်းရာ မြစ်ကမ်းတစ်လျှောက် စစ်တပ်က လေကြောင်းဖြင့် အဆက်မပြတ် ဗုံးကျဲ မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်ရေယာဉ်အုပ်စုမှ ၁၄ စီးသည် ရွှေကူမြို့သို့ ရောက်ရှိဆိုက်ကပ်လာပြီး ရေယာဉ်များ ဖြတ် သန်းသွားလာသည့် မြစ် ကြောင်းတစ်လျှောက်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှ အဆက်မပြတ် ကင်းထောက်ခြင်းနှင့် ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ အဆိုပါ စစ်ရေယာဉ်အုပ်စုသည် မန္တလေးမြို့မှ ထွက်ခွာလာစဉ် စုစုပေါင်း ရေယာဉ် ၁၅ စီး ပါဝင်ခဲ့သော် လည်း မန္တလေးနှင့် ကသာမြို့အကြား ခရီးစဉ်တွင် ရေယာဉ် ၁ စီး ထိခိုက်ပျက်စီးခဲ့သဖြင့် ကသာမြို့တွင်…
-
စာမရေးတတ်လို့ ထောက်ခံစာလာယူရင် မြေးဖြစ်သူကို ရေးခိုင်းနေရတဲ့ အုပ်ကြီး
စာမရေးတတ်တာကြောင့် ထောက်ခံစာလာယူရင် အုပ်ချုပ်ရေးမှူးက သူ့မြေးကို ရေးခိုင်းနေရ ပဲခူးတိုင်း၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပျဥ်ပုံအုပ်စု အုပ်ချုပ်ရေးမှူးဟာ စာမရေးတတ်တာကြောင့် ထောက်ခံစာ လာတောင်းချိန်မှာ သူရဲ့ မြေးဖြစ်သူကို ထောက်ခံစာ ရေးခိုင်းနေရတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။ ပျဥ်ပုံအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း ဟာ စာရေးတတ်ဖတ်တတ်မှု ကျွမ်းကျွမ်းကျင်ကျင် မရှိတာကြောင့် မိသားစုဝင်တွေကို တဆင့်ပြန်ခိုင်းကာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ “သူက ၃ တန်းတောင် မအောင်ဘူး။ ထောက်ခံစာ ရေးဖို့ သူ့မြေးကို ရေးခိုင်းတယ်။ ပိုက်ဆံပေးရတော့ အုပ်ချုပ်ရေးမှူး မိန်းမ ဒေါ်မိပွေးကို ပေးရတယ်။ ပိုက်ဆံမပေးရင် အလုပ်ရှုပ်တယ် မအားဘူး ပြောလွတ်တယ်။ အရင်က သူတို့အိမ်က အစုတ် အုပ်ချုပ်ရေးမှူး ဖြစ်တော့မှ တိုက်ဆောက်ထားတာ” လို့…
-

ဥပုသ်စောင့်ပြန်လာတဲ့ ဆရာမကြီးကို T-တ်သွားတဲ့သူတွေ မိပြီ
နေ့ခင်းကြောင်တောင် ရွှေနဲ့ငွေအတွက် အငြိမ်းစားဆရာမကြီးကို ရက်ရက်စက်စက် အန္တရာယ်ပြုခဲ့သည့် ဇနီးမောင်နှံ ၆ ရက်အကြာတွင် ရန်ကုန်မှာဖမ်းမိ နှစ်ပေါင်း ၃၀ နီးပါး စာသင်ကျောင်းလေးမှာ ပညာသင်ကြားပေးခဲ့ပြီး အေးချမ်းစွာ အနားယူနေတဲ့ အငြိမ်းစား ဆရာမကြီးတစ်ဦးရဲ့ ဘဝနိဂုံးဟာ နေအိမ်မှာတင် ရက်ရက်စက်စက် အဆုံးသတ်သွားခဲ့ရတဲ့ ရင်နာဖွယ်ဖြစ်ရပ်တစ်ခု ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ နေ့ခင်းကြောင်တောင် ဝင်ရောက်လုယက်ပြီး ရန်ကုန်အထိ ထွက်ပြေးတိမ်းရှောင်သွားခဲ့တဲ့ အမျိုးသမီးတစ်ဦး ပါဝင်တဲ့ ကျူးလွန်သူအဖွဲ့ကိုတော့ ဖြစ်စဉ်ဖြစ်ပွားပြီး ၆ ရက်အကြာမှာပဲ ရဲတပ်ဖွဲ့က အမိဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကြေကွဲဖွယ်ရာ ဖြစ်စဉ်ဟာ ဩဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်က ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်၊ ရှားခဲအုပ်စု၊ နဲမနိတ်ကျေးရွာမှာရှိတဲ့ နေအိမ်မှာ ဖြစ်ပွားခဲ့တာပါ။ အသက်ဆုံးရှုံးခဲ့ရသူကတော့ ပညာရေးဝန်ကြီးဌာန၊…