Category: News

  • လံကြုတ်ရွေးကောက်ပွဲ ပြီးလျှင် စစ်တပ်၏ ရုံခါပွဲ လာနိုင်သလား

    မြန်မာစစ်တပ်က ရွေးကောက်ပွဲများကို သုံးကြိမ်ခွဲ၍ ကျင်းပမည်ဖြစ်ကာ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ပြီး ဇန်နဝါရီလ၌ အဆုံးသတ်မည်ဟု ကြေညာထားသည်။

    ရလဒ်နှစ်ခုကတော့ သေချာသည်။ တစ်ခုမှာ စစ်တပ်နှင့် တစ်ဘက်တည်း ရပ်တည်သည့် နိုင်ငံရေးပါတီက အနိုင်ရသူအဖြစ် မှတ်တမ်းဝင်မည်။ နောက်တစ်ခုမှာ အဝေးရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အခန်းကဏ္ဍသည် ယခုထက်ပို၍ မှေးမှိန်သွားမည်။

    မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက်ပိုင်း ငါးနှစ်နီးပါး ကြာလာချိန်၌ နိုင်ငံသည် ပြည်တွင်းစစ်မီး တောက်လောင်လျက်ရှိကာ စစ်တပ်သည်လည်း ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားကို အံတုစစ်ပြိုင်နေရသည်။ သမ္မတဦးဝင်းမြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့အပြင် တော်လှန်ရေးနှင့် ဆက်နွယ်သူ၊ တိုက်ခိုက်ရေးသမား၊ နိုင်ငံရေးသမား ထောင်ပေါင်းများစွာသည် အကျဉ်းချခံထားရဆဲ ဖြစ်သည်။

    စစ်တပ်သည် နိုင်ငံ၏ အုပ်ချုပ်သူအစိုးရ နေရာကို ထိန်းချုပ်ထားပြီး အဓိကကျသည့် လူအများဆုံရပ် မြို့ရွာများကို ထိန်းချုပ်ထားသည်။ သို့သော်လည်း တပ်မတော်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ရက်ရက်စက်စက် တိုက်ခိုက်မှုများသည် တော်လှန်ရေးကို မချေမှုန်းနိုင်ပေ။ တော်လှန်ရေးအုပ်စုများက နယ်မြေ အမြောက်အများကို သိမ်းပိုက်ထားသည့်အတွက် လာမည့်ရွေးကောက်ပွဲ၌ နိုင်ငံ၏ မဲဆန္ဒနယ် ၃၃၀ မြို့ရှိသည့်အနက် ၂၇၄ နေရာ၌သာ ကျင်းပနိုင်မည် ဖြစ်သည်။

    ရွေးကောက်ပွဲကို ပြည်တွင်းသာမက ပြည်ပကပါ အတုအယောင် အဖြစ်သာ ရှုမြင်ကြသည်။ စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့် စစ်တပ်သြဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ပါတီဝင်အရေအတွက်၊ ပါတီရုံးခန်း အစရှိသော ကော်မရှင်၏ သတ်မှတ်ချက်များ မပြည့်မီသည့် နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲဝင်ခွင့် ပယ်ဖျက်ထားသည်။ ကော်မရှင်သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုလည်း ဖျက်သိမ်းထားသည်။

    ရွေးကောက်ပွဲများကို အစိုးရထိန်းချုပ်ထားသော မီဒီယာ အခင်းအကျင်းအောက်တွင် ကျင်းပမည်ဖြစ်သည်။ စစ်ကောင်စီသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဖျက်ဆီးခြင်းအား ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေအသစ် တစ်ရပ်ကို မကြာသေးမီကမှ အတည်ပြုထားသည်။ ဤဥပဒေ၌ ရွေးကောက်ပွဲကို ဝေဖန်မှုများအား တားမြစ်ထားသည်။

    ရွေးကောက်ပွဲကို ဆိုရှယ်မီဒီယာပေါ်၌ ဝေဖန်သည့် နိုင်ငံသားများသည်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်အထိ ကျခံနေရသည်များ ရှိသည်။ အချို့ပြစ်မှုများအတွက် သေဒဏ်အထိ ချမှတ်နိုင်သည်။

    ဤရွေးကောက်ပွဲများသည် ပြည်တွင်းပြည်ပတွင် လက်ရှိ ကျရှုံးနေသည့် စစ်ကောင်စီကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်။ အာဏာပိုင်ဆိုင်ကြောင်း ပြသရန်နှင့် ထိန်းချုပ်နိုင်စွမ်း အပြည်အဝရှိကြောင်း ရှုမြင်ခံရစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ စံချိန်စံညွှန်းများကို လိုက်နာပြခြင်းအားဖြင့် စစ်ကောင်စီသည် လက်ရှိအနေအထားကို ထိန်းသိမ်းထားသည့် တချိန်တည်း၌ အခြေအနေများ တည်ငြိမ်နေပြီဆိုသည့် ပုံရိပ်ကို မြှင့်တင်ပေးရန်၊ အာဏာကို ပိုမိုခိုင်မာစေရန်နှင့် နိုင်ငံတကာ၏ ထိတွေ့ဆက်ဆံမှုများအတွက် တံခါးဖွင့်ပေးရန် မျှော်လင့်သည်။

    အဝေးရောက် NUG အစိုးရအဖွဲ့နှင့် ထိုအဖွဲ့ကို ထောက်ခံသည့် ပြည်ပရောက် မြန်မာအများအပြားကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းအား စစ်ကောင်စီ၏ ရွေးကောက်ပွဲသို့ လေ့လာသူများ မစေလွှတ်ရန် တောင်းဆိုနေကြသည်။ ထိုအစား ကမ္ဘာကြီးအနေဖြင့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို ရှုတ်ချရန်လည်း တောင်းဆိုကြသည်။

    အာဆီယံခေါင်းဆောင်များကလည်း အကြမ်းဖက်မှု ရပ်တန့်ရန်နှင့် လူတိုင်းအကျုံးဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲကိုသာ ဦးစားပေးကျင်းပရန် ပြောဆိုလျက်ရှိသည်။ ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူ စေလွှတ်ရန် စစ်ကောင်စီ၏ ဖိတ်ကြားချက်ကိုလည်း အဖွဲ့က ငြင်းဆိုထားသည်။

    စစ်ကောင်စီအနေဖြင့် အကောင်းဆုံး မျှော်မှန်းနိုင်သည်မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့က ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့နည်းတူ ရွေးကောက်ပွဲ လေ့လာသူများ စေလွှတ်မည်ကိုသာ ဖြစ်သည်။ သို့ရာတွင် အာဆီယံအဖွဲ့ဝင်များအနက် သဘောထား အကွဲပြားဆုံးဖြစ်သည့် ထိုင်းနိုင်ငံကမူ ရွေးကောက်ပွဲသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အုတ်မြစ်ဖြစ်သင့်ကြောင်း ပြောဆိုခဲ့သလို အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံနှင့် ပြန်လည် ထိတွေ့ဆက်ဆံရန် ခက်ခဲလိမ့်မည်ဟုလည်း ပြောဆိုနေပြီဖြစ်သည်။ တရုတ်ကတော့ ရွေးကောက်ပွဲကို ထောက်ခံသည်ဟု ယူဆရသော်လည်း လေ့လာသူများ စေလွှတ်ရေးကိုမူ လူသိရှင်ကြား ကတိပြု ပြောဆိုခြင်း မရှိသေးပေ။

    စစ်ကောင်စီအတွက်က ပြည်တွင်းသို့မဟုတ် အနောက်နိုင်ငံများထံတွင် တရားဝင်မှုထက် ဒေသတွင်းနိုင်ငံများထံတွင် တရားဝင် အသိအမှတ်ပြုခံရမှုက ပိုအရေးပါသည်။ ထို့ကြောင့် အနောက်အုပ်စုထံတွင် ဆက်လက် ဖယ်ကြဉ်ခံရလျှင်လည်း အရေးမပါလှပေ။

    အိမ်နီးချင်းနိုင်ငံများသည် ၎င်းတို့၏ နယ်စပ်ဒေသများ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှု ပိုမြင့်တက်လာခြင်း၊ ၎င်းတို့၏ နိုင်ငံများအတွင်းသို့ စီးဆင်းသော မြစ်များကို ညစ်ညမ်းစေသည့် စည်းကမ်းမဲ့ သတ္တုတူးဖော်မှု၏ အကျိုးဆက်၊ ဘိန်းဖြူနှင့် မက်သာအဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများ ထွန်းကားလာခြင်းနှင့် ၎င်းတို့၏ နိုင်ငံသားများကို ကျွန်ပြုပြီး လိမ်လည်လှည့်ဖြားနေသည့် ဆိုက်ဘာ ငွေလိမ်စင်တာများ ပေါများလာခြင်းတို့နှင့် ပတ်သက်၍ စိုးရိမ်ပူပန်လျက် ရှိသည်။

    ထိုနိုင်ငံများမှ နိုင်ငံသားများသည် ၎င်းတို့၏ အစိုးရများအား အဆိုပါ ပြဿနာရပ်များကို ဖြေရှင်းဆောင်ရွက်ရန် တောင်းဆိုလျက် ရှိကြသည်။ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကြောင့်လည်း ထိုနိုင်ငံများ၏ အစိုးရများ စစ်ကောင်စီနှင့် ဆက်ဆံရသည်ကို အကြောင်းပြချက်ကောင်းကောင်း ရလာဦးမည် ဖြစ်သည်။ ယခင်ကကဲ့သို့ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်စေရန်အတွက် ထိတွေ့ဆက်ဆံခြင်းနှင့် ဖယ်ကြဉ်ထားခြင်းအနက် မည်သည့်နည်းလမ်းက ပိုကောင်းကြောင်း အမြင်ချင်း ပြိုင်နေရသည့် အခြေအနေမျိုး ဖြစ်တော့မည် မဟုတ်ပေ။

    ယခုတကြိမ်တွင် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အထင်မှားစရာများ ရှိတော့မည် မဟုတ်ပေ။ အပြန်အလှန်အားဖြင့်၊ အိမ်နီးချင်းနိုင်ငံများသည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားဆိုင်ရာ အစီအစဉ်ကိုသာ အဓိကထား စဉ်းစားကြမည်ဖြစ်ပြီး၊ သွေးဆောင်ဖြားယောင်းခြင်းနှင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်ခြင်းဟူသော စွပ်စွဲချက်မှန်သမျှကို ကျော်လွှားဖြတ်သန်းကြမည် ဖြစ်သည်။ တကယ်တမ်း၌ အာဏာရှင်ဆန်သော ရွေးကောက်ပွဲများ ပြုလုပ်ခြင်း၊ အာဏာရှင်စနစ်ရှိသော အစိုးရများနှင့် ဆက်ဆံခြင်းတို့သည် အရှေ့တောင်အာရှတွင် ထူးခြားသည်တော့လည်း မဟုတ်ပါပေ။

    ၂၀၂၅-၂၆ တွင် ကျင်းပမည့် ရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၏ တစ်ကျော့ပြန်ပုံစံဟု ရှုမြင်လျှင်တော့ အမှားသာ ဖြစ်လိမ့်မည်။ ထိုစဉ်က ရွေးကောက်ပွဲများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုဥပဒေသည်လည်း စစ်ခေါင်းဆောင်ဟောင်းတစ်ဦး ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေးလိုလားသော အစိုးရတစ်ရပ် ပေါ်ပေါက်လာစေခဲ့သည်။

    ယခု ရွေးကောက်ပွဲများသည် အရပ်သားအုပ်ချုပ်ရေး သို့မဟုတ် လွှတ်တော်အုပ်ချုပ်ရေးသို့ ကူးပြောင်းခြင်း ဖြစ်လာမည် မဟုတ်ပေ။ အလားတူပင် ထိုရွေးကောက်ပွဲများသည် အာဏာသိမ်းခေါင်းဆောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ထွက်ခွာရာ လမ်းကြောင်းလည်း ဖြစ်လာမည် မဟုတ်ပေ။ ဗိုလ်ချုပ်မှူးကြီးအနေဖြင့် သူ့လုံခြုံရေးကို အာမခံနိုင်ရန်အတွက် နိုင်ငံတော် ယန္တရားက သူ့ကို တရားစွဲဆိုမည့်အစား ကာကွယ်ပေးမည့် အခန်းကဏ္ဍတွင် ဆက်နေလိုမည်သာ ဖြစ်သည်။

    လာမည့်ရွေးကောက်ပွဲများသည် အတုအယောင် ဆိုသော်ငြားလည်း စစ်ဘက် ခေါင်းဆောင်မှု ကိုတော့ အပြောင်းအလဲများ ရှိလာစေမည် ဖြစ်သည်။ လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် သမ္မတ ဖြစ်လာမည်မှာ သေချာသည်။ ၎င်း၏ နေရာတွင် အစားထိုးရန်အတွက်လည်း နာခံတတ်သော စစ်ဘက်အရာရှိတစ်ဦးကို ရွေးချယ်မည် ဖြစ်သည်။ လွှတ်တော်ကို စစ်တပ်၊ စစ်တပ်နှင့် မဟာမိတ်ပြုထားသော ပါတီများက လွှမ်းမိုးထားမည် ဖြစ်သည်။

    ရွေးကောက်ပွဲပြီးပြီးချင်းတွင်မူ စစ်အစိုးရ အသက်ရှင်ရပ်တည်ရေးအတွက် အသုံးပြုသည့် ကိရိယာများဖြစ်သော ကြောက်ရွံ့မှုနှင့် အကြမ်းဖက်မှုတို့၌ အပြောင်းအလဲ တစ်စုံတစ်ရာ မြင်ရရန် မလွယ်လှသေးပေ။

    သို့သော်လည်း မြန်မာနိုင်ငံ၏ ပျက်စီးယိုယွင်းနေသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်သေနာပတိသည် မည်သည့် အရပ်သားအာဏာပိုင် အဖွဲ့အစည်းသာမက သမ္မတကိုပင်လျှင် တာဝန်ခံရန် မလိုပေ။ မင်းအောင်လှိုင်၏ နေရာတွင် အစားထိုးသူသည် တစ်ချိန်ချိန်တွင် ပဋိပက္ခကို ကိုယ်ပိုင်သဘောထားဖြင့် ညှိနှိုင်းဖြေရှင်းမည့်ဘက်သို့ ဦးတည်ကောင်း ဦးတည်သွားနိုင်ခြေ ရှိသည်။

    ဤရွေးကောက်ပွဲများသည် အာဏာကို အတိုင်းအတာတစ်ခုအထိ ခွဲဝေကျင့်သုံးနိုင်မည့် အလားအလာမျိုး ထွက်ပေါ်လာစေမည် ဖြစ်သည်။ လတ်တလောတွင်တော့ ထိုသို့ ဖြစ်မည့်ပုံ မရှိသေးပေ။ သို့သော်လည်း မည်သည့်ရွေးကောက်ပွဲမှ မရှိခြင်း၊ လက်ရှိအခြေအနေအတိုင်း ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာရှင် အုပ်ချုပ်ရေးနှင့် ပြင်းထန်သည့် တိုက်ပွဲများ ဆက်ရှိနေခြင်း တို့ထက်တော့ ဤဖြစ်နိုင်ခြေသည် (အလှမ်းဝေးသည် ဆိုသော်လည်း) ပိုကောင်းသော ရွေးချယ်စရာတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်သည်။

    အဝေးရောက် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အနေဖြင့် နိုင်ငံတကာက ထိထိရောက်ရောက် ကူညီထောက်ပံ့လာမည်ဆိုသည့် စိတ်ကူးယဉ်နေ့ရက်ကို မျှော်လင့်နေမည့်အစား ရွေးကောက်ပွဲများ ကျင်းပတော့မည်၊ ထိုရွေးကောက်ပွဲများက စစ်ကောင်စီအား ပိုမိုကျယ်ပြန့်သော ဒေသတွင်း ပူးပေါင်းပါဝင်မှုများကို ဆောင်ကြဉ်းပေးနိုင်သည် ဟူသော အရှိတရားကို လက်ခံ ဆောင်ရွက်ရန် လိုအပ်သည်။ သို့မဟုတ်ပါက NUG သည် ယခုထက်ကို ပိုမိုမှေးမှိန်ပြီး နောက်တန်းသို့ ရောက်သွားနိုင်ပေသည်။

    ရာဗီချန်ဒရာကူးမား

    The Conversation ဝဘ်ဆိုက်တွင် ဖော်ပြထားသော Myanmar’s military will no doubt win this month’s sham elections. But could a shake-up follow? ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။ ဆောင်းပါးရှင် Nocholas Coppel သည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်အဖြစ် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

  • စစ်ကော်မရှင်၏ ပြစ်မှုကျူးလွန်မှုများကို ဝိုင်းဝန်းထိန်းကြောင်းပေးရန် နိုင်ငံတကာကို AA အကူအညီတောင်း

    စစ်ကော်မရှင်၏ ပြစ်မှုကျူးလွန်မှုများကို ဝိုင်းဝန်းထိန်းကြောင်းပေးရန် နိုင်ငံတကာကို AA အကူအညီတောင်း

    စစ်ကော်မရှင်၏ ပြစ်မှုကျူးလွန်မှုများကို ဝိုင်းဝန်းထိန်းကြောင်းပေးရန် နိုင်ငံတကာကို AA အကူအညီတောင်း

    မြန်မာနိုင်ငံအနှံ့မှ အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကော်မရှင်၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေမှုများကို နိုင်ငံတကာအနေဖြင့် လိုက်ပိုက်ကြည့်မနေဘဲ ဝိုင်းဝန်းထိန်းကျောင်းပေးကြရန် အားကိုးစွာဖြင့် အကူအညီတောင်းခံ အပ်ကြောင်း အာရက္ခတပ်တော် (AA)က ယနေ့ (ဒီဇင်ဘာ ၁၁) ညပိုင်းတွင် ထုတ်ပြန်သည်။

    ယမန်နေ့(ဒီဇင်ဘာ ၁၀) အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် စစ်ကော်မရှင်က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအပေါ်ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ရာတွင် ထိုသို့ ထည့်သွင်း အကူအညီတောင်းထားခြင်းဖြစ်သည်။

    “ဤကဲ့သို့တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသော အပြစ်မဲ့အရပ်သားပြည်သူလူထုတို့အတွက် တရားမျှတမှုရရှိစေရန်နှင့် ကျူးလွန်ခဲ့သောသူများအား ထိထိရောက်ရောက် အရေးယူအပြစ်ပေးနိုင်ရန်ကိုလည်း မတရားကျူးလွန်ခံခဲ့ရသောသူများကိုယ်စား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ နိုင်ငံတကာနှင့် ကမ္ဘာ့နိုင်ငံကြီးများ၊ အိမ်နီးချင်းနိုင်ငံများထံသို့ တလေးတစားအကူအညီတောင်းခံအပ်ပါသည်”ဟု AA ကထုတ်ပြန်ချက်တွင် ပြောသည်။

    ထို့ပြင် AA အနေဖြင့်လည်း တရားမျှတမှုကို ချစ်ခင်မြတ်နိုးသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တရားမျှတမှုရရှိသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကာ ပြစ်မှုကျူးလွန်သူ၊ ကျူးလွန်ရန်စေခိုင်းသူနှင့် ပါဝင်ပတ်သက်သူများအား ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဟုလည်း ဆိုထားသည်။

    ယမန်နေ့ည ၉ နာရီကျော်တွင် မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ရှိ မြောက်ဦးပြည်သူ့ဆေးရုံကြီးအား စစ်ကော်မရှင်က ဂျက်ဖိုက်တာတစီးပေါ်မှ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    ထိုတိုက်ခိုက်မှုကြောင့် ဆေးရုံပင်မဆောင်ကြီး၊ ခွဲစိတ်ဆောင်၊ အရိုးဆောင်၊ အဓိက ခွဲစိတ်ခန်းမ အပါအဝင်ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ အစရှိသော မြောက်ဦးပြည်သူ့ဆေးရုံကြီးတခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရုံမက ဆေးရုံပတ်ဝန်းကျင်ရှိ လူနေအိမ်အဆောက်အအုံအချို့ပါ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

    ထို့ပြင် ဆေးရုံအတွင်း ဆေးကုသမှုခံယူနေကြသည့် အရပ်သားပြည်သူများ၊ သုံးလသားအရွယ် မိန်းကလေးတဦးအပါအဝင် အမျိုးသမီး ၁၇ ဦး၊ အမျိုးသား ၁၆ ဦး စုစုပေါင်း ၃၃ ဦးသေဆုံးတို့ ပွဲချင်းပြီး သေဆုံးခဲ့ကာ ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၇၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း AA ကထုတ်ပြန်သည်။ ဒဏ်ရာရရှိသူများထဲတွင် အာရက္ခပြည်သူ့ကျန်းမာရေး ဝန်ထမ်းအချို့လည်း ပါဝင်သည်ဟုဆိုသည်။

    ဒဏ်ရာရသူ ၇၄ ဦးအနက် ၂၅ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားနဲ့ ဆေးကုသနေရပါတယ်။

    အဲ့ဒီတိုက်ခိုက်မှုကို The Telegraph၊ Aljazeera၊ Bangkok Post၊ The Times of India၊ The Korea Times အပါအဝင် နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

    The Telegraph သတင်းဌာနမှာဆိုရင် အငြင်းပွားဖွယ် ရွေးကောက်ပွဲမတိုင်မီမှာ စစ်ကောင်စီက ဆေးရုံကို လေကြောင်းကနေ တိုက်ခိုက်လို့ လူ ၃၀ ဦးထက်မနက်သေဆုံးခဲ့တယ်လို့ ခေါင်းစည်းတင်ရေးသားထားပါတယ်။

    အာဆီယံလွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်အရေးအဖွဲ့(APHR)က စစ်ကောင်စီတပ်ကို အကြမ်းဖက်စစ်ရာဇဝတ်မှု ကျုးလွန်သူအဖြစ် ဒီနေ့ ထုတ်ပြန်ထားပါတယ်။

    မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူတွေကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုအတွက် စစ်ကောင်စီတာဝန်ခံရမှာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေ တရားမျှတမှုရရှိဖို့အတွက်လိုအပ်သလို လက်တုန့်ပြန် သွားမယ်လို့ အာကက္ခတပ်တော်(AA)က ထုတ်ဖော်ပြောကြားထားပါတယ်။

    စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် မြောက်ဦးဆေးရုံသည် အာရက္ခဒေသအတွင်း နေထိုင်ကြသည့် လူမျိုး၊ ဘာသာမရွေး ဆေးကုသပေးနေသည့် ပြည်သူများအားထားရသည့် ဆေးရုံကြီးတရုံဖြစ်ကာ အခက်အခဲမျိုးစုံကြားမှ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း AA ကပြောသည်။

    “စစ်ကော်မရှင်၏ လုပ်ရပ်သည် လွန်စွာ စက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက်လုပ်ရပ်ဖြစ်သည်သာမက အာရက္ခဒေသအတွင်း ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်ကျူးလွန်သည့်အထဲ အဆိုးဝါးဆုံး၊ အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုကြီးတခု၊ အပြစ်မဲ့အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုအများဆုံး ဖြစ်စဉ်တခုလည်း ဖြစ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့အထိ နှစ်နှစ်တာကာလအတွင်း စစ်ကော်မရှင်၏ အာရက္ခဒေသအတွင်း အရပ်ဘက်နေရာများသို့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁,၁၅၀ ကျော် သေဆုံးခဲ့ပြီး ၂,၁၅၀ ကျော်ထိခိုက်ဒဏ်ရာရရှိကာ မတရားဖမ်းဆီးခံရသူ ၁,၀၀၀ ကျော်ရှိကြောင်းလည်း ဖော်ပြထားသည်။

    အရပ်သားပြည်သူလူထုများရှိရာ မြို့၊ ရွာများနှင့် ပြည်သူ့ဆေးရုံကြီးများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ပြီး ပြည်သူများအစုလိုက်အပြုံလိုက်သေစေနိုင်သည့် လေ‌ကြောင်းတိုက်ခိုက်မှုမျိုးမှာ ယဉ်ကျေးသော ကမ္ဘာကြီးနှင့် လူ့အသိုင်းအဝိုင်းက မည်သို့မျှ လက်သင့်ခံ၍ မရနိုင်သည့် အကျည်းတန်စက်ဆုပ်ဖွယ် လုပ်ရပ်များပင်ဖြစ်သည်ဟုလည်း AA က ပြောသည်။

  • မြောက်ဦးဆေးရုံဗုံးကြဲမှုအပေါ်  ပြင်းထန်စွာလက်တုံ့ပြန်မယ်လို့ AA ထုတ်ပြန်

    မြောက်ဦးဆေးရုံဗုံးကြဲမှုအပေါ် ပြင်းထန်စွာလက်တုံ့ပြန်မယ်လို့ AA ထုတ်ပြန်

    စစ်တပ်ကျူးလွန်မှုကို နိုင်ငံတကာက လက်ပိုက်ကြည့်မနေဘဲ ထိန်းကျောင်းပေးဖို့ အကူအညီတောင်း၊ စစ်တပ်ကျူးလွန်ခဲ့တာတွေထဲမှာ အဆိုးဝါးဆုံး အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုဟုဆို

    စစ်တပ်က ဆေးဝါးတွေပိတ်ဆို့ထားချိန်၊ အိမ်နီးချင်းနိုင်ငံတွေဆီကဆေးဝါး အလွယ်ဝယ်မရချိန် အခက်ခဲ အကြမ်းတမ်းဆုံးကာလကို ဖြတ်သန်းနေရဟု အသိပေး

    ရက္ခိုင်ဒေသတကျော့ပြန်စစ်ပွဲ (၂)နှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံ ပြည်သူ ၁၂၀၀ ထက်မနည်း သေဆုံး

    ရက္ခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို အာဏာသိမ်းစစ်ကောင်စီက ဒီဇင်ဘာ ၁ဝရက်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အပေါ် အာရက္ခတပ်တော်(AA)က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်တပ်ကျူးလွန်ခဲ့တာတွေထဲမှာ အဆိုးဝါးဆုံး အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ဖော်ပြပါတယ်။

    မြောက်ဦးဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ဆေးရုံအတွင်း ဆေးကုသခံယူနေကြတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ၊ (၃)လသားအရွယ် မိန်းကလေး တစ်ဦးအပါအဝင် အမျိုးသား (၁၆) ဦး၊ အမျိုးသား (၁၇) ဦး စုစုပေါင်း ၃၃ဦး ပွဲချင်းပြီးသေဆုံးကာ အခြားသော ဆေးကုသမှုခံယူနေကြတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ကလေးသူငယ်တွေအပါအဝင် အရပ်သား ပြည်သူ ၇၆ဦး ဒဏ်ရာရခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။

    ဒဏ်ရာရရှိခဲ့သူတွေထဲမှာ အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းအချို့လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ဆေးရုံပင်မဆောင်ကြီး၊ ခွဲစိတ်ဆောင်၊ အရိုးဆောင်၊ အဓိက ခွဲစိတ်ခန်းမ အပါအဝင် ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ စတဲ့ မြောက်ဦးပြည်သူ့ဆေးရုံကြီး တစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးရုံပတ်ဝန်းကျင်ရှိ လူနေအိမ် အဆောက်အအုံအချို့ပါ ထိခိုက်ပျက်စီးခဲ့ရကြောင်း အသိပေးပါတယ်။

    မြောက်ဦးပြည်သူ့ဆေးရုံကြီးဟာ အာရက္ခဒေသအတွင်း နေထိုင်ကြတဲ့ လူမျိုး၊ ဘာသာမရွေး ဆေးကုသပေးနေတဲ့ အာရက္ခပြည်သူလူထု အားကိုးအားထားအပြုရဆုံး ဆေးရုံကြီးတစ်ရုံ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

    AAနဲ့ စစ်ကောင်စီတပ်အကြား နှစ်နဲ့ချီတိုက်ပွဲဖြစ်ပွားလျက်ရှိရာ လက်ရှိ အချိန်ထိ တိုက်ပွဲများ ပြင်းထန်နေသလို စစ်ကောင်စီက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများအပါအဝင် အခြေခံဆေးဝါးတွေ ပိတ်ဆို့ဖြတ်တောက် ခံထားရတဲ့ကာလဖြစ်ကြောင်း AAကအသိပေးပါတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေက ဆေးဝါးတွေ အလွယ်တကူ ဝယ်ယူမရရှိနိုင်ကြောင်း ဖော်ပြထားပြီး အခက်အခဲအကြမ်းတမ်းဆုံးကာလတွေကိုဖြတ်သန်းနေရကြောင်း အသိပေးပါတယ်။

    အခက်အခဲမျိုးစုံကြားမှ အရပ်သားပြည်သူတွေကို လူမျိုး၊ ဘာသာမရွေး ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ မြောက်ဦးပြည်သူ့ဆေးရုံကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီလုပ်ရပ်ဟာ လွန်စွာစက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက်လုပ်ရပ် ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒါတင်မကဘဲ အာရက္ခဒေသအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့တာတွေထဲမှာ အဆိုးဝါးဆုံး၊ အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုကြီးတစ်ခု ဖြစ်သလို အပြစ်မဲ့အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုအများဆုံးဖြစ်စဉ်တစ်ခုလည်း ဖြစ်ကြောင်း AAက ထုတ်ပြန်ပါတယ်။

    စစ်သားအချင်းချင်းတိုက်ခိုက်တာဟာ စစ်ရဲ့ သဘောသဘာ၀အရ ပြောစရာမလိုပေမယ့် အရပ်သားပြည်သူလူထုများရှိရာ မြို့၊ ရွာတွေနဲ့ ပြည်သူ့ဆေးရုံကြီးတွေကို တမင်တကာရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ပြီး အပြစ်မဲ့ပြည်သူများ အစုလိုက်၊ အပြုံလိုက် သေစေနိုင်သော လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုမျိုးဟာ ယဉ်ကျေးသောကမ္ဘာကြီးနဲ့ လူ့အသိုင်းအဝိုင်းက ဘယ်လိုမှလက်သင့်ခံ မရနိုင်တဲ့ အကျည်းတန် စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်တွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    ” ယခုကဲ့သို့ အများပြည်သူပိုင် ဆေးရုံ၊ ဆေးခန်းများ၌ ဆေးကုသမှုခံယူနေကြသော အပြစ်မဲ့ အရပ်သား ပြည်သူများအပေါ် ပြစ်မှုကျူးလွန်ခံရခြင်းနှင့်ပတ်သက်၍ တရားမျှတမှုရရှိရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အနေဖြင့် တရားမျှတမှုကို ချစ်ခင်မြတ်နိုးသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ တရားမျှတမှု ရရှိသည်အထိ ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ပြစ်မှုကျုးလွန်သူ၊ ကျူးလွန်ရန် စေခိုင်းသူနှင့် ပါဝင်ပတ်သက် သူများအား ပြင်းထန်စွာ လက်တုံ့ပြန်သွားမည် ဖြစ်ပါသည်”လို့လည်း AAက ထုတ်ပြန်ပါတယ်။

    “ဒီဟာကတော့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက စစ်ဖက်နဲ့မဆိုင်တဲ့အရပ်ဖက်ပစ်မှတ်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ ဒါဟာစစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်တင်းကျူးလွန်တာဖြစ်ပါတယ်။ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီအနေနဲ့ သူတို့ကျူးလွန်တဲ့အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုအတွက် သူတို့တာဝန်ယူမှု၊တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်။ ကျွန်​တော်တို့ ULA/AAအနေနဲ့ကတော့ ဒီမတရားတိုက်ခိုက်သတ်ဖြတ်ခံရတဲ့ ကျွန်​တေည်တို့ရဲ့အပြစ်မဲ့ပြည်သူတွေ တရားမျှတမှုရရှိဖို့အတွက်လိုအပ်သလိုလက်တုန့်ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ AA ​ပြော​ရေးဆိုခွင့်ရှိသူဦးခိုင်သုခက ပြောပါတယ်။

    ၎င်းကဆက်ပြီး “အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီဟာ စစ်မြေပြင်မှာသူတို့ဘက်ကအထိခိုက် အကျအဆုံးတွေများလာပြီဆိုလို့ရှိရင်ဒီအပြစ်မဲ့ပြည်သူတွေကိုဦးတည်ပစ်မှတ်ထားတိုက်ခိုက်တာကတော့ ဒါသူတို့ရဲ့ ဒီနည်းဗျူဟာတခုလို့လည်း ပြောလို့ရတာပေါ့။ အခုလည်းပဲဒီ တခြားစစ်မျက်နှာတွေဖြစ်တဲ့ မကွေးစစ်မျက်နှာ၊ ပဲခူးစစ်မျက်နှာ နောက်ဧရာဝတီစစ်မျက်နှာ နောက်ဒီကျောက်ဖြူစစ်မျက်နှာတွေမှာ အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီကသူတို့ ထိခိုက်ကျဆုံးမှုတွေ တအားများနေတဲ့အတွက်ကြောင့်မို့ အခုလိုမျိုးဒီအရပ်သား စစ်ဖက်နဲ့မဆိုင်တဲ့ဒီအရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကို ဒါဦးတည်ပစ်မှတ်ထားပြီးတော့မှ သရဲဘောကြောင်စွာနဲ့ စစ်သားမဆန်ပေါ့နော် စစ်သားမဆန်ဘဲနဲ့ အခုလိုမျိုးအရပ်ဖက်ပစ်မှတ်တွေကို မတရားအကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်တာဖြစ်ပါတယ်”လို့ ပြောပါတယ်။

    အာရက္ခဒေသအပါအဝင် မြန်မာနိုင်ငံအနှံ့မှ အပြစ်မဲ့အရပ်သားပြည်သူတွေကို အခုလို နေ့စဉ်ရက်ဆက် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတာကို နိုင်ငံတကာအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ ဝိုင်းဝန်းထိန်းကျောင်းပေးကြဖို့ အားကိုးစွာ အကူအညီတောင်းခံကြောင်းလည်း ဖော်ပြထားပါတယ်။

    ဒါ့အပြင် ဒီလို တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရတဲ့ အပြစ်မဲ့အရပ်သားပြည်သူလူထုတို့အတွက် တရားမျှတမှုရရှိစေဖို့နဲ့ ကျူးလွန်ခဲ့သောသူတွေကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးနိုင်ဖို့ ကိုလည်း မတရားကျူးလွန်ခံခဲ့ရသော သူများကိုယ်စား နိုင်ငံတကာနဲ့ ကမ္ဘာ့နိုင်ငံကြီးများ၊ အိမ်နီးနားချင်းနိုင်ငံများထံသို့ တလေးတစား အကူအညီတောင်းခံကြောင်းလည်း ဖော်ပြထားပါတယ်။

    စစ်ကောင်စီဟာ AAနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ရာမှာ စစ်ဘက်ဆိုင်ရာ ပစ်မှတ်မဟုတ်တဲ့ အရပ်သား ပြည်သူ နေထိုင်သွားလာရာ တွေကို လေကြောင်း တိုက်ခိုက်မှု အပါအဝင်လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ရာ ၂၀၂၃ နိုဝင်ဘာ ၁၃ရက်က ၂၀၂၅ နိုဝင်ဘာ ၁၃ရက်အထိ (၂)နှစ်တာ ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် အရပ်သားပြည်သူ (၁၁၅၂)ဦး သေဆုံးကာ (၂၁၅၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AAက အသိပေးထားပါတယ်။

    ဒါ့အပြင် မတရားသဖြင့် ဖမ်းဆီးခံခဲ့ရသူ (၁၀၃၄) ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီဟာ အခုနှစ် နိုဝင်ဘာ ၁၅ရက်မှာ ရသေ့တောင်မြို့နယ်က ကျေးရွာ ၂ရွာကို စစ်ကောင်စီ တိုက်ခိုက်ခဲ့လို့ အရပ်သား ၅ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရခဲ့ပါတယ်။

    နိုဝင်ဘာ ၁၇ရက်မှာလည်း ကျောက်ဖြူမြို့နယ်က ကျေးရွာအချို့ကို စစ်ကောင်စီလေကြောင်း ဗုံးကြဲခဲ့ရာ ပြည်သူ ၃ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့ပါတယ်။ နိုဝင်ဘာ ၂၈ရက်မှာလည်း ကျောက်တော်မြို့နယ်အတွင်းကျေးရွာ တရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ကလေးငယ် အပါအဝင် ၇ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ရက်မှာတော့ မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃၀ ကျော်သေဆုံးကာ ၇၀ကျော် ဒဏ်ရာရခဲ့ပါတယ်။

    နိုဝင်ဘာ ၁၃ရက်ကနေ မနေ့က ဒီဇင်ဘာ ၁၀ရက်အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၄၈ ဦးထက်မနည်း သေဆုံးကာ ၉၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ဒါကြောင့် စစ်တပ်နဲ့ AA တို့အကြား ရက္ခိုင်ဒေသ တိုက်ပွဲ ၂နှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အပါအဝင်လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အာရက္ခဒေသနေ ပြည်သူသေဆုံးမှုမှာ စုစုပေါင်း ၁၂၀၀ ဦးထက်မနည်းရှိပြီး ဒဏ်ရာရသူ စုစုပေါင်း ၂၂၅၀ ဦးထက်မနည်းရှိခဲ့ပါတယ်။

    (ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဆေးရုံကိုစစ်တပ်က လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ-Wai Hun Aung)

  • ဥရောပဟာ ခေါင်းဆောင် ”ညံ့” ပြီး ”အင်အားချိနေပြီ” လို့ ထရမ့် ဝေဖန်

    ဥရောပဟာ ခေါင်းဆောင် ”ညံ့” ပြီး ”အင်အားချိနေပြီ” လို့ ထရမ့် ဝေဖန်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပခေါင်းဆောင်တွေကို “ညံ့ဖျင်းတယ်”လို့ ဝေဖန်ပြီး ယူကရိန်းအတွက် အမေရိကန်ရဲ့အထောက်အပံ့တွေကို လျှော့ချမယ်လို့ ဆိုလာပါတယ်။​

    အမေရိကန်နိုင်ငံရေး သတင်းဌာနတစ်ခုဖြစ်တဲ့ Politico နဲ့အင်တာဗျူးမှာ သူက ”အင်အားချိလာ” နေတဲ့ ဥရောပနိုင်ငံတွေဟာ ရွှေ့ပြောင်းအရေးကို မထိန်းချုပ်နိုင်သလို ရုရှား-ယူကရိန်း စစ်ပွဲကို ရပ်တန့်အောင် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ မဆောင်ရွက်နိုင်ကြဘူးလို့ ပြောထားတာပါ။​

    ဒီနိုင်ငံတွေဟာ အကူအညီအပြည့်အဝမပေးဘဲ ယူကရိန်း ကျရှုံးအောင် လုပ်ဆောင်နေကြတယ်လို့လည်း စွပ်စွဲထားပါတယ်။​

    ယူကရိန်း – ရုရှားစစ်အတွက် အဖြေတစ်ခုကို ခပ်မြန်မြန်ထုတ်လိုက်တာဟာ ဥရောပတစ်တိုက်လုံးရဲ့ ရေရှည် အကျိုးစီးပွားတွေကို လျော့ပါးရာ လျော့ပါးကြောင်း ဖြစ်မှာကို စိုးရိမ်တာကြောင့် အမေရိကန် ဦးဆောင်နေတဲ့ အပစ်ရပ်ရေးဆောင်ရွက်ချက်တွေမှာ ဥရောပခေါင်းဆောင်တွေက နေရာတစ်ခုဝင်ယူဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပါတယ်။

    ထရမ့်ရဲ့စွပ်စွဲချက်နဲ့ ပတ်သက်လို့ ယူကေနိုင်ငံခြားရေးဝန်ကြီး အိဗ်ကူးပါးကတော့ ဥရောပဟာ “အားကောင်း”ပြီး နိုင်ငံအလိုက်ကာကွယ်ရေးအပိုင်း ဖြည့်တင်းနေသလို ယူကရိန်းကိုလည်း ရန်ပုံငွေထောက်ပံ့ပေးနေတယ်လို့ တုံ့ပြန်ပါတယ်။​

    သမ္မတနှစ်ဦးဟာ (ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗော်လိုဒီမီယာ ဇလန်စကီးတို့ကိုရည်ရွယ်ခြင်းဖြစ်) ငြိမ်းချမ်းရေးဖော်ဆောင်နေပြီး သမ္မတတစ်ဦး (သမ္မတပူတင်) ကတော့ ဒရုန်းနဲ့ တာဝေးပစ် ဒုံးကျည်တိုက်ခိုက်မှုတွေလုပ်ပြီး ပဋိပက္ခကို ပိုဆိုးအောင်လုပ်နေတယ်လို့ သူက ဖြည့်စွက်ပြောဆိုပါတယ်။

    ထရမ့်က သဘောတူညီချက်တစ်ခုကို လက်ခံလိုက်ဖို့ ဇလန်းစကီးကို ဖိအားပေးတာ ဆက်လုပ်နေပါတယ်။ ပြီးတော့ ယူကရိန်းရဲ့နယ်မြေကို ရုရှားထံ ပေးအပ်ပြီး အလိုက်သင့် လိုက်ကစားဖို့လည်း တိုက်တွန်းနေပါတယ်။

    ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ယူကရိန်းကို ကျူးကျော်စစ် စတင်ဆင်နွှဲခဲ့တာဖြစ်ပါတယ်။

    ယူကရိန်းနဲ့ ဥရောပဟာ “စစ်ပွဲရပ်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းအားလုံး” ကို လုပ်ဆောင်နေပြီး ဒီအစီအစဥ်ရဲ့အစိတ်အပိုင်းတွေကလည်း တိုးတက်လာပြီလို့ ဇလန်စကီးက အင်္ဂါနေ့တုန်းက X လူမှုကွန် ရက်မှာ ရေးခဲ့ပါတယ်။​

    ဒီအစီအစဥ်တွေကိုလည်း ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ကို ပေးပို့ တင်ပြသွားမယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။​

    ထရမ့်ရဲ့ ဥရောပအပေါ် လူသိရှင်ကြားဝေဖန်ချက်ဟာ ယူကရိန်းမှာ တိုက်တာခိုက်တာတွေ ရပ်တန့်ရေး လုပ်နေကြတဲ့အားထုတ်မှုတွေကို ဆက်ပြီး ဆွေးနွေးကြဖို့ ဥရောပခေါင်းဆောင်တွေ လန်ဒန်မြို့မှာ တွေ့ဆုံခဲ့ကြပြီး နောက်တစ်နေ့မှာပဲ ထွက်လာတာဖြစ်ပါတယ်။

    ဥရောပဟာ တိုက်ပွဲရပ်ရေးကို လုပ်ဆောင်နိုင်လောက်လားဆိုတဲ့ အမေးကိုတော့ ထရမ့်က ” သူတို့က အပြောပဲရှိတယ်။ အလုပ်မဖြစ်ဘူး။​ ပြီးတော့ တိုက်ပွဲကလည်း ဆက်ဖြစ်နေဆဲပဲလေ” လို့ ဖြေ ခဲ့ပါတယ်။​

    မကြာသေးခင်တုန်းက အမေရိကန်အရာရှိတွေဟာ စစ်ပွဲရပ်ရေး ကြားဝင်စေ့စပ်သူတွေ အဖြစ် ယူကရိန်းနဲ့ ရုရှား အရာရှိတွေနဲ့ သီးခြားစီ တွေ့ဆုံပြောဆိုခဲ့ပါသေးတယ်။​

    ဒါပေမဲ့လည်း သဘောတူညီမှုတစ်စုံတရာတော့ မထွက်လာခဲ့ပါဘူး။​

    ရေရှည်မှာ ယူကရိန်းကို ထပ်ကျူးကျော်ခံရနိုင်တဲ့ စိုးရိမ်ချက်ကြောင့် အမေရိကန်အားပေးတဲ့ ငြိမ်းချမ်းရေး အပေးအယူကနေ ကာကွယ်ပေးဖို့ ယူကရိန်းသမ္မတက ဥရောပနဲ့ နေတိုး ခေါင်းဆောင်တွေကို အကူအညီတောင်းခဲ့ပါတယ်။​

    တနင်္ဂနွေနေ့တုန်းကလည်း ထရမ့်က ဇလန်စကီးဟာ ငြိမ်းချမ်းရေးအတွက် အဓိကအတားအဆီးလို့ဆိုပြီး အထောက်အထားမရှိ ပုံဖော်ခဲ့ပါတယ်။​

    အမေရိကန်ရဲ့ နှစ်နိုင်ငံလုံးအတွက် အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဥ်အပေါ် ရုရှားဘက်က “လိုလိုလားလားရှိတယ်”​ လို့ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

    ဒီအစီအစဥ်ဟာ ယူကရိန်းဘက်ကသာ အဓိကလိုက်လျောရမယ့်အချက်တွေ ပါနေပြီး အနာဂတ် မှာ ကျူးကျော်ခံနိုင်ခြေ မြင့်သွားမှာကို မဟာမိတ်တွေက စိုးရိမ်နေကြတာပါ။

    Politico နဲ့ အင်တာဗျူးမှာ ထရမ့်က ယူကရိန်းဘက်က စေ့စပ်ညှိနှိုင်းရေး အရာရှိတွေအနေနဲ့ အမေရိကန်ရဲ့အဆိုပြုချက်ကို “သဘောကျ”ကြပြီး ဇလန်းစကီးက ဒါကို ဖတ်တောင် မဖတ်ရသေးဘူးလို့ စွပ်စွဲပါတယ်။

    ထရမ့်က ယူကရိန်းကို အရင်ကလည်း တိုက်တွန်းခဲ့ဖူးတဲ့ ရွေးကောက်ပွဲတွေလုပ်ဖို့ အဆိုကို ထပ်ပြောလာပြီး “တိုက်ပွဲကို အသုံးချကာ” ရွေးကောက်ပွဲ မဖြစ်အောင်လုပ်နေတာလို့ အတိအလင်း ဆိုလာပါတယ်။​

    “သူတို့က ဒီမိုကရေစီလို့ပြောနေပေမဲ့ ဒီမိုကရေစီ မရတဲ့လမ်းကို ကြောင်းနေတာ” လို့ သူက ပြောပါတယ်။

    ဇလန်စကီးရဲ့ သမ္မတသက်တမ်း ၅ နှစ်တာဟာ ၂၀၂၄ ခုနှစ် မေလမှာ ကုန်ဆုံးခဲ့ပြီးပေမဲ့ ရုရှားကျူးကျော်စစ်ကြောင့် စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့အတွက် ရွေးကောက်ပွဲတွေကို ဆိုင်းငံ့ထားခဲ့တာပါ။​

    ထရမ့်ရဲ့ မှတ်ချက်နဲ့ပတ်သက်လို့ ဇလန်စကီးက သူဟာ “​ရွေးကောက်ပွဲအတွက်အဆင်သင့်ဖြစ်နေပြီ” လို့ သတင်းထောက်တွေကို ပြောပါတယ်။​

    ယူကရိန်းဥပဒေအရ တိုက်ပွဲကာလအတွင်း ရွေးကောက်ပွဲပြုလုပ်ခွင့်မရှိတာကြောင့် ဥပဒေပြင် ဆင်ဖို့ အဆိုပြုချက်တွေ ပြင်ဆင်နေတယ်လို့လည်း ဆိုထားပါတယ်။

    အမေရိကန်နဲ့ မဟာမိတ်တွေရဲ့အကူအညီနဲ့ လုံခြုံရေး အာမခံနိုင်ခဲ့ရင် လာမယ့် ရက်ပေါင်း ၆၀ ကနေ ၉၀ အတွင်း ရွေးကောက်ပွဲတွေ ကျင်းပနိုင်မှာ ဖြစ်တယ်လို့လည်း သူကသတင်းထောက် တွေကို ပြောပါတယ်။​

    Politico နဲ့ အင်တာဗျူးမှာပဲ ထရမ့်က အတွေးအခေါ်အယူအဆပိုင်း မတိုက်ဆိုင်မှုတွေကြောင့် အမေရိကန်နဲ့ ဥရောပမဟာမိတ်ဆက်ဆံရေး ကွဲအက်ဖို့ ခြိမ်းခြောက်လာခဲ့ပြီလို့ ဖြေထားပါတယ်။

    “ညံ့”တယ်လို့ သူ ရှုမြင်နေတဲ့ ခေါင်းဆောင်တွေနဲ့ မဟာမိတ်ဆက်ဖွဲ့ဦးမလားဆိုတဲ့ အမေးကို တော့ ထရမ့်က “အခြေအနေအရပဲ” လို့ တုံ့ပြန်ပြီး “သူတို့က အားနည်းညံ့ဖျင်းပေမဲ့ နိုင်ငံရေးအရ ဖြောင့်မတ်မှန်ကန်ချင်ပုံရတယ်။ ငါ့အထင်တော့ သူတို့ဘာလုပ်ရမှန်းမသိဖြစ်နေကြတာ” လို့ ပြောပါတယ်။​

    သမ္မတထရမ့်ရဲ့ မှတ်ချက်ဟာ သူ့အစိုးရအဖွဲ့ကနေ ထုတ်ပြန်လာတဲ့ စာမျက်နှာ ၃၃ မျက်နှာပါ အမျိုးသားလုံခြုံရေးမဟာဗျူဟာ ထုတ်ပြန်ခဲ့ပြီးနောက်မှာ ထွက်လာတာဖြစ်ပါတယ်။

    ဒီမဟာဗျူဟာမှာ ဥရောပရဲ့ “ယဥ်ကျေးမှုနဲ့ လူမှုသဟဇာတ တိမ်ကောလာမှု” ဖြစ်တန်ခြေကို သတိပေးထားသလို ဥရောပနိုင်ငံတချို့က အမေရိကန်အတွက် မဟာမိတ်ကောင်း ဆက်ဖြစ်နိုင်ပါ့မလားဆိုတဲ့ အပေါ် မေးခွန်းထုတ်ထားတာ ဖြစ်ပါတယ်။​

    အဲဒီမဟာဗျူဟာထဲ ရုရှားကို အမေရိကန်ရဲ့ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် မရှုမြင်ထားပါဘူး။ ဒါကြောင့်ပဲ ရုရှားကလည်း သူရဲ့ရည်မှန်းချက်နဲ့ ထပ်တူနီးပါးကျနေတာကြောင့် ဒီမဟာဗျူဟာကို ကြိုဆိုခဲ့ပါတယ်။​

    ထရမ့်က ဥရောပနိုင်ငံအများအပြားဟာ လက်ရှိပုံစံအတိုင်းဆက်သွားရင် “မကြာခင်မှာ ကိုယ့်ဘာသာရပ်တည်တဲ့နိုင်ငံတွေ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး”​ လို့ ဆိုပြီး “ပြည်ဝင်ခွင့်နဲ့ပတ်သက်လို့ သူတို့လုပ်နေတာက လုံးဝ တလွဲတွေပဲ” လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။​

    သူက ဟန်ဂေရီနဲ့ ပိုလန်နိုင်ငံတွေရဲ့ လူဝင်မှုကြီးကြပ်ရေးလုပ်ဆောင်ချက်ကို “ပြောင်မြောက်တဲ့ ဆောင်ရွက်ချက်”အဖြစ် ညွှန်းဆိုခဲ့ပေမဲ့ ဥရောပနိုင်ငံအများစုကိုတော့ “ယိုယွင်းပျက်စီး” နေပြီလို့ ပြောခဲ့ပါတယ်။

    အမေရိကန်ရဲ့မဟာဗျူဟာနဲ့ပတ်သက်လို့ ဂျာမန်အကြီးအကဲ ဖရက်ဒရစ် မာ့ဇ်ကတော့ တချို့အပိုင်းတွေက လက်ခံနိုင်စရာရှိပေမဲ့ တခြားအစိတ်အပိုင်းတွေကတော့ ဥရောပနိုင်ငံတွေရဲ့ ရှုထောင့်က ကြည့်ရင် လက်ခံနိုင်စရာမရှိဘူးလို့ အင်္ဂါနေ့မှာ တုံ့ပြန်ထားပါတယ်။

    အမေရိကန်က ဥရောပရဲ့ “ဒီမိုကရေစီကို ကယ်တင်ပေးဖို့”လိုတယ်ဆိုတဲ့ အတွေးအမြင်ကို လက်မခံဘဲ ဥရောပနိုင်ငံတွေကသာ ကိုယ်တိုင်သုံးသပ်ရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။​

    ဒီမဟာဗျူဟာကို ကြည့်ရင် ဒီနှစ်အစပိုင်းမှာ ထရမ့်က ကမ္ဘာ့ကုလသမဂ္ဂမှာ ပြောခဲ့တဲ့ မိန့်ခွန်း အသွားအလာနဲ့ ဆင်တူပါတယ်။​

    ဒီမိန့်ခွန်းထဲမှာ သူက အနောက်ဥရောပနိုင်ငံတွေနဲ့ ဒီနိုင်ငံတွေရဲ့ ရွေ့ပြောင်းသွားလာမှုနဲ့ သန့်ရှင်းသောစွမ်းအင် အရေးအပေါ် ချဥ်းကပ်ပုံကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။​

  • ဇောင်းကြွနေတဲ့ သီတာယုမွန်တို့တဖွဲ့လုံး မာလကီးယား

    ဇောင်းကြွနေတဲ့ သီတာယုမွန်တို့တဖွဲ့လုံး မာလကီးယား

    သီတာယုမွန်ပျူစောထီးနှင့်စစ်သား မိုင်းဆွဲခံရမှု ၁၅ ဦးခန့်ပြင်းထန်းဒဏ်ရာရ

    မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မြောက်ဘက် ကျောက်ပြုတ်မှထွက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ကထုတ်ပြန်သည်။

    ဒီဇင်ဘာ ၇ ရက်နေ့ ည ၇ နာရီ ခွဲဝန်းကျင်တွင် မြင်းခြံမြို့နယ်၊ကျောက်ပြုတ်ကျေးရွာမှ ထွက်လာသည့် သီတာယုမွန်ပျူစောထီးအဖွဲ့နှင့် စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ကျောက်ပြုတ် ဘုရားကုန်းအနီးမိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

    ယင်းတိုက်ခိုက်မှုအတွင်း ၁၅ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိသွားပြီး သေဆုံးသူများလည်းရှိနိုင်ကြောင်း၊အထိနာသွားသည့် စစ်အုပ်စုဝင်များသည် ရမ်းသန်းပစ်ခတ်ပြီး ပြန်လည်ထွက်ပြေးသွားကြောင်းသိရသည်။

    အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့ ၊ Myingyam DangerDynamite အဖွဲ့နှင့် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။