Category: News

  • ကိုရီးယားတွင် သေဆုံးပြီဆိုသည့် မြန်မာလုပ်သား အသက်ပြန်ရှင်လာ

    ကိုရီးယားတွင် သေဆုံးပြီဆိုသည့် မြန်မာလုပ်သား အသက်ပြန်ရှင်လာ

    ကိုရီးယားတွင် သေဆုံးပြီဆိုသည့် မြန်မာလုပ်သား အသက်ပြန်ရှင်လာသဖြင့် အရေးပေါ်ကုသနေ

    တောင်ကိုရီးယားက လုပ်ငန်းခွင်တခုမှာ စက်ညှပ်လို့ သေဆုံးသွားပြီဆိုတဲ့ မြန်မာလုပ်သားဟာ ရေခဲတိုက်ထဲမထည့်ခင် အသက်ပြန်ရှူလာတဲ့အတွက် အရေးပေါ်ကုသမှုတွေ ပြန်လုပ်နေတယ်လို့ အဲဒီအလုပ်သမားနဲ့ ရင်းနှီးသူတွေက ပြောပါတယ်။

    အသက် ၃၃ နှစ်အရွယ် မြန်မာလုပ်သား ကိုစန်းယုဟာ မတ် ၂၄ ရက်က လုပ်ငန်းခွင်ထဲမှာ စက်ညှပ်မိပြီး ဦးခေါင်းကို အပြင်းအထန် ထိခိုက်ခဲ့တာကြောင့် အာဂျုတက္ကသိုလ်ဆေးရုံဆီ အရေးပေါ်ပို့ခဲ့ပေမဲ့ အသက်မမီတော့ဘဲ သေဆုံးပြီလို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမဲ့ ကိုစန်းယုဟာ ရေခဲတိုက်ထဲမထည့်ခင် အသက်ပြန်ရှူလာတဲ့အတွက် ဆရာဝန်တွေက အရေးပေါ်ခွဲစိတ်မှုတွေလုပ်ကာ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သူနဲ့ရင်းနှီးသူတွေက ဆိုပါတယ်။

    ကိုစန်းယုနဲ့ ဆွေမျိုးနီးစပ်တော်သူတယောက်က “သူ့ကို ဆရာဝန်တွေက ရေခဲတိုက်ထဲ မထည့်သေးဘဲ အောက်စီဂျင်ပေးထားတာ၊ အသက်ပြန်ရှင်လာလို့ ခွဲခန်းထဲခေါ်သွားတယ်” လို့ လူမှုကွန်ရက်မှာ အသိပေး ရေးသားထားပါတယ်။

    တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်မှုကြောင့် ကိုစန်းယု သေဆုံးခဲ့ကာ မိသားစုဆီလည်း အကြောင်းကြားထားပြီး ဖြစ်တယ်လို့ မတ် ၂၄ ရက်မှာ အရင်ဆုံး အသိပေးခဲ့တာ ဖြစ်ပါတယ်။

    လက်ရှိ ကိုစန်းယုရဲ့ဇနီးနဲ့ အစ်မဖြစ်သူတို့ တောင်ကိုရီးယားနိုင်ငံကို လိုက်သွားပြီး ခွဲစိတ်ကုသမှုနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို မသိရသေးဘူးလို့ သူ့မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    ကိုစန်းယုဟာ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ကဖြစ်ပြီး ကလေး ၂ ယောက်ဖခင်ဖြစ်ကာ အနေအေးသလို ဖော်ရွေစွာ ပေါင်းသင်းဆက်ဆံတတ်သူတယောက်လို့ သူနဲ့ စက်ရုံ အတူလုပ်ခဲ့ဖူးသူတွေက မှတ်ချက်ပြုကြပါတယ်။

    ကိုစန်းယုဟာ ထိခိုက်မိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားတယ်ဆိုတဲ့ ကနဦးသတင်းကြောင့် ရင်းနှီးသူတွေနဲ့ လူမူကွန်ရက် အသုံးပြုသူတွေက စိတ်မကောင်းကြောင်း မှတ်ချက်ပေးခဲ့ကြပြီး အသက်ပြန်ရှင်လာတယ် ဆိုတဲ့အတွက် အံ့သြဝမ်းသာမှုတွေဖြစ်ကာ ခွဲစိတ်ကုသမှု အောင်မြင်စေဖို့ ဆုတောင်းပေးနေကြတာ တွေ့ရပါတယ်။

    💔 သေမင်းနှုတ်ခမ်းဝမှ ပြန်လာခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေဖြစ်နေသည့် ကိုစန်းယု (ညောင်တုန်း)

    ​တောင်ကိုရီးယားနိုင်ငံ၊ ဟွာဆောင်မြို့ရှိ စက်ရုံတစ်ခုတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် အသက်ရှင်လျက် ပြန်လည်ရှိနေသော်လည်း ကိုစန်းယု၏ ကျန်းမာရေးအခြေအနေမှာ အလွန်စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။

    ​🗓️ ဖြစ်စဉ်အကျဉ်း

    ​မတ်လ ၂၄ ရက်: လုပ်ငန်းခွင်အတွင်း စက်ညှပ်မိသဖြင့် ဦးခေါင်းကြေမွကာ အသက်မရှူတော့သဖြင့် သေဆုံးပြီဟု ယူဆခဲ့ကြသည်။

    ​အံ့ဖွယ်ဖြစ်ရပ်: ဆရာဝန်များက အောက်ဆီဂျင်ပေးထားရာမှ ပြန်လည်အသက်ရှူလာသဖြင့် အရေးပေါ်ကုသမှုများ ဆက်လက်ပြုလုပ်ခဲ့သည်။

    ​လက်ရှိအခြေအနေ: ဦးနှောက်နှင့် အသက်ရှူလမ်းကြောင်းကို ဆက်သွယ်ထားသည့် အာရုံကြောမကြီး ပြတ်တောက်သွားသဖြင့် ကိုယ်တိုင်သတိပြန်ရရန် အခွင့်အလမ်း မရှိသလောက် နည်းပါးနေကြောင်း ဆရာဝန်များက ဆိုသည်။

    ​👨‍👩‍👧‍👦 မိသားစု၏ ခက်ခဲသော ဆုံးဖြတ်ချက်

    ​လက်ရှိတွင် ကိုစန်းယု၏ ဇနီးနှင့် အစ်မဖြစ်သူတို့မှာ ကိုရီးယားသို့ သွားရောက်နေကြပြီး အောက်ပါခက်ခဲသော ရွေးချယ်မှုများနှင့် ရင်ဆိုင်နေရပါသည် –

    ​ဆေးဘက်ဆိုင်ရာ အထောက်အပံ့ဖြင့် အသက်ဆက်ပေးထားရန် (သို့မဟုတ်) အသက်ရှူပိုက်ဖြုတ်ရန် ဆုံးဖြတ်ရမည်။

    ​မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ရန် ဆန္ဒရှိသော်လည်း ကုန်ကျစရိတ် အလွန်များပြားနေသည်။

    ​”၂၀၁၇ ကတည်းက ကိုရီးယားမှာ အလုပ်လုပ်နေတဲ့ ကလေး (၂) ယောက်ဖခင် ကိုစန်းယုဟာ လူချစ်လူခင် ပေါများသူတစ်ဦးလည်း ဖြစ်ပါတယ်။”

    ​🤝 ကူညီဆောင်ရွက်ပေးမှုများ

    ​ကိုရီးယားရောက် မြန်မာကူညီရေးအဖွဲ့များက ကိုစန်းယု ရသင့်ရထိုက်သည့် လုပ်ငန်းခွင် ထိခိုက်နစ်နာမှု လျော်ကြေးများ နှင့် အခြားအကူအညီများ ရရှိစေရန် ဝိုင်းဝန်းဆောင်ရွက်ပေးနေကြကြောင်း သိရသည်။

    ​ကိုစန်းယု၏ မိသားစုဝင်များ ခိုင်မာသောစိတ်ဓာတ်ဖြင့် ဤခက်ခဲသော အခြေအနေကို ကျော်ဖြတ်နိုင်ပါစေကြောင်းနှင့် ကိုစန်းယုအတွက် အကောင်းဆုံးဖြစ်မည့် လမ်းစများ ပေါ်ပေါက်လာပါစေကြောင်း ဆုတောင်းပေးလိုက်ရပါသည်။

  • နေပြည်တော်မှာ လူငယ်တွေကို ဦးဆောင်ပေါ်တာဆွဲနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

    နေပြည်တော်မှာ လူငယ်တွေကို ဦးဆောင်ပေါ်တာဆွဲနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

    နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ထံ လူငယ်တွေကို ဦးဆောင်ပေါ်တာဆွဲပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို ပြည်သူတွေရဲ့ တောင်းဆိုချက်အရ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်ရဲ့ မတ် ၂၅ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

    လယ်ပြင်မကျေးရွာအုပ်စု၊ ထန်းတပင်ရွာအုပ်ချုပ်ရေးမှူးဖြစ်သူ အောင်ကျော်ဟာ အနီးအနားရှိ ကျေးရွာတွေမှ လူငယ်တွေကို စစ်ကောင်စီတပ်သားတွေမပါဘဲ ကိုယ်တိုင်ဦးဆောင်ပြီး အတင်းအဓမ္မဖမ်းဆီး၍ စစ်ကောင်စီထံသို့ ပို့ဆောင်ပေးနေသူ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    အဲဒီအုပ်ချုပ်ရေးမှူးကို ရန်ကုန်-မန္တလေး အမြန်လမ်း (၂၂၉) မိုင်အနီးရှိ ကျေးရွာအတွင်းသို့ ဝင်ရောက်ဖမ်းဆီးစဉ် မှောက်ခိုင်းရာမှာ စစ်ကောင်စီတပ်သားတွေလို့ ထင်မှတ်ပြီး “ငါက အုပ်ကြီးကွ”လို့ မောက်မာစွာပြောဆိုခဲ့တဲ့အတွက် နေရာမှာပဲပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    အုပ်ချုပ်ရေးမှူး အောင်ကျော်နဲ့အတူ ပါရှိတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တံဆိပ်တုံးတွေနဲ့ အခြားအထောက်အထားတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းရာမှာ ပါဝင်ကူညီနေတဲ့ အုပ်ချုပ်ရေးမှူးများနဲ့ လက်ပါးစေအားလုံး ချက်ချင်းရပ်တန့်ဖို့ ပြင်းထန်စွာ သတိပေးကြောင်းနဲ့ အမြစ်ပြတ်တဲ့အထိ ပြတ်သားစွာ ဆက်လက်ချေမှုန်းသွားမှာဖြစ်ကြောင်း စစ်ဦးစီးတပ်က အသိပေးထားပါတယ်။

  • ကန်ရဲ့ ၁၅ ချက်ပါတဲ့ အစီအစဥ်ကို အီရန်ကလက်ခံလိုက်ပြီလို့ ပါကစ္စတန်ပြောခွင့်ရပြော

    ကန်ရဲ့ ၁၅ ချက်ပါတဲ့ အစီအစဥ်ကို အီရန်ကလက်ခံလိုက်ပြီလို့ ပါကစ္စတန်ပြောခွင့်ရပြော

    အမေရိကန်နဲ့ အီရန်ကြားမှာ ကြားခံဝင်ရောက်‌ဆောင်ရွက်‌နေတဲ့ ပါကစ္စတန်ရဲ့ အရာရှိ ၂ ဦး ပြောဆိုချက်ကို ကိုးကားပြီး အမေရိကန်-အီရန် အပစ်ခတ်ရပ်စဲရေးပြုလုပ်ဖို့ အမေရိကန်ဘက်က အဆိုပြုထားတဲ့ အချက် ၁၅ ချက်ပါ အစီအစဉ်ကို အီရန်က လက်ခံလိုက်ပြီလို့ အေပီသတင်းဌာနက ဖော်ပြလာပါတယ်။

    ပါကစ္စတန်ဘက်ကပြောတဲ့ အဲဒီအဆိုပြုချက်တွေထဲမှာ …

    – ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ပေးဖို့

    – အရပ်သားတွေပါဝင်တဲ့ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု

    – အီရန်ရဲ့ နျူကလီယားအစီအစဉ်တွေကို နောက်ဆုတ်လိုက်ဖို့

    – နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီကနေ စောင့်ကြည့်ခွင့်ပေးဖို့

    – မစ်ဆိုင်း ကန့်သတ်ချက်တွေနဲ့ ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ ပို့ဆောင်ဖြတ်သန်းခွင့်ပေးဖို့ ဆိုတဲ့အချက်တွေလို့ ပါကစ္စတန်ဘက်က ပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ် ရှာရစ်ဖ် ကလည်း အမေရိကန်-အီရန် ပဋိပက္ခတွေကို ပါကစ္စတန်နိုင်ငံအနေနဲ့ လက်ခံပေးဖို့ အသင့်ဖြစ်နေပြီလို့ ထုတ်ပြောထားပါတယ်။

    အစ္စရေးရဲ့ ချန်နယ် ၁၂ သတင်းဌာနရဲ့ ဖော်ပြချက်မှာလည်း ‌စီမံချက်ပါ အချက်အလက်တွေထဲက အသေးစိတ်အချက်အလက်တချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။

    လက်ရှိအချိန်အထိ အိမ်ဖြူ‌တော်ဘက်က ဒီအဆိုပြုချက် ၁၅ ချက်နဲ့ပတ်သက်ပြီး အတည်မပြုသေးပါဘူး။ အီရန်စစ်တပ်ပြောခွင့်ရအပြင် ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးကတော့ အမေရိကန်နဲ့ အီရန် စေ့စပ်ညှိနှိုင်းတာ မရှိသေးဘူးလို့ ငြင်းဆိုထားပါတယ်။

    ထရမ့်က အီရန်ကိုပို့ထားတဲ့ အချက် ၁၅ ချက်ပါတဲ့ အစီအစဥ်ဆိုတာ ဘာလဲ

    သမ္မတထရမ့်ကနေ အီရန်ဘက်ကို ပို့ထားတယ်လို့ပြောတဲ့ အချက် ၁၅ ချက်ပါတဲ့ ညှိနှိုင်း‌ရေး အစီအစဥ်ကို လက်ရှိအချိန်အထိ သက်ဆိုင်ရာနိုင်ငံတွေဘက်က တိတိကျကျထုတ်ပြောတာ မရှိသေးပါဘူး။

    အဲဒီ ၁၅ ချက်ထဲမှာ ဘယ်လိုအချက်တွေပါလဲဆိုတာကိုလည်း ဘီဘီစီအနေနဲ့ သီခြားအတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ တချို့အချက်အလက်တွေကိုတော့ အမေရိကန်နဲ့ အစ္စရေးရဲ့ မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

    အစ္စရေးက ချန်နယ် ၁၂ သတင်းဌာနရဲ့ ဖော်ပြချက်အရ ‌စီမံချက်ပါ အချက်အလက်တွေထဲမှာ အောက်မှာဖော်ပြထားတဲ့ အမေရိကန်ဘက်က တောင်းဆိုချက်တွေ ပါဝင်နေပါတယ်။

    – နာတန့်ဇ်၊ အစ်ဖာဟန်နဲ့ ဖော်ဒိုးမှာရှိတဲ့ နျူကလီးယားစက်ရုံတွေကို အသုံးမပြုတော့ဘဲ ဖျက်သိမ်းရမယ်

    – အီရန်နိုင်ငံအတွင်း လုပ်ဆောင်မှုတွေကို စောင့်ကြည့်ထိန်းချုပ်နိုင်အောင် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA) ကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ကြီးကြပ်ခွင့်ပေးရမယ်

    -အီရန်အနေနဲ့ ဒေသတွင်း လက်နက်ကိုင် proxy အဖွဲ့တွေ အသုံးပြုတာကို ရပ်တန့်ရမယ်၊ ငွေကြေးနဲ့ လက်နက်ပံ့ပိုးမှုတွေလည်း ရပ်တန့် စွ့န်လွှတ်ရမယ်

    -လက်ရှိစုဆောင်းထားပြီးသား နျူကလီးယားစွမ်းအင်တွေကို ဖျက်သိမ်းရမယ်

    -နောင်မှာ နျူကလီးယားဆိုင်ရာလက်နက်တွေရဖို့ ဘယ်တော့မှ ထပ်မကြိုးပမ်းဘူးဆိုတဲ့ ကတိပြုချက် ပေးရမယ်

    -အီရန်မှာ နျူကလီးယားပစ္စည်းတွေကို ကြွယ်ဝစေတာမျိုး ထပ်မရှိစေဘဲ နျူကလီးယားနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ရှိရင်လည်း IAEA ထံ လွှဲပြောင်းပေးရမယ်

    -ဟော်မုဇ်ရေလက်ကြားကို အမြဲဖွင့်ထားပြီး “လွတ်လပ်စွာသွားလာနိုင်တဲ့ရေလမ်း” အဖြစ်ထားရမယ်

    – အီရန်ရဲ့ မစ်ဇိုင်း(ဒုံး)တွေကို အနာဂတ်မှာ သုံးစွဲမယ့်အပေါ် ဆုံးဖြတ်ချက်လိုမှာဖြစ်လို့ အရေအတွက်၊ အကွာအဝေးကန့်သတ်ချက်တွေရှိမှာဖြစ်ပြီး ခုခံကာကွယ်ဖို့အတွက်သာ ထားရှိရမယ်

    အီရန်ဘက်က လက်ခံထားတဲ့အချက်တွေ

    -လျှပ်စစ်ဓာတ်အားထုတ်ဖို့ ဘူရှာမှာရှိတဲ့ အရပ်သားနျူကလီးယားစီမံကိန်းတစ်ခုဖော်ဆောင်ဖို့ အမေရိကန်ရဲ့ အကူအညီရယူဖို့

    -ဒဏ်ခတ်ပိတ်ဆို့မှုတွေ အားလုံးကို ဖယ်ရှားပေးဖို့

    -ပိတ်ဆို့အရေးယူမှုတွေကို သက်တမ်းဆက်တိုးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို ရပ်တန့်ဖယ်ရှားဖို့

    နှစ်ဖက်ဆွေးနွေးမှုကနေ တစ်လကြာ အပစ်ခတ်ရပ်စဲရေးအတွက် ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အိမ်ဖြူတော်ဘက်ကတော့ အသေးစိတ်အချက်အလက်တွေကို အတည်မပြုသေးသလို သီးခြားအတည်မပြုနိုင်သေးပါဘူး။

  • စက်သုံးဆီထုတ်ယူပြီး မှောင်ခိုဈေးနဲ့ ပြန်ရောင်းစားသူတွေများလာလို့ အ​ရေးယူဖို့လိုအပ်

    စက်သုံးဆီထုတ်ယူပြီး မှောင်ခိုဈေးနဲ့ ပြန်ရောင်းစားသူတွေများလာလို့ အ​ရေးယူဖို့လိုအပ်

    စက်သုံးဆီ အရောင်းဆိုင်တွေမှာ လှည့်လည် ဆီ တန်းစီထုတ်ယူ စုဆောင်းပြီး မှောင်ခိုဈေးကွက်မှာ မတန်တဆ ‌အမြင့်ဈေးနဲ့ ပြန်လည် ရောင်းစားတဲ့သူတွေ ရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။

    လက်ရှိ နိုင်ငံရဲ့ စက်သုံးဆီ ချွေတာရေးစနစ်အရ ပြီးခဲ့တဲ့ မတ် ၁၂ ရက်မှစတင်ကာ Wheel Tax (ယာဉ်သက်သေခံလက်မှတ်) ပါ ဘားကုဒ်/QR ကုဒ်နဲ့ စစ်ဆေးပြီး စက်သုံးဆီတွေကို အရောင်းဆိုင်တွေမှာ အရေအတွက် အကန့်အသတ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

    လက်ရှိမှာတော့ တချို့သော ယာဉ်မောင်းတွေဟာ ဆီဆိုင်တွေက ဝန်ထမ်းတွေကို ငွေကြေးပေးပြီး ဘားကုဒ်ကို scan မဖတ်ဘဲ အကြိမ်ကြိမ် ဆီထုတ်ကာ မှောင်ခိုဈေးကွက်မှာ စီးပွားဖြစ် ရောင်းစားနေကြတယ်လို့ သိရပါတယ်။

    “အခုက တချို့ တက္ကစီသမားတွေက ကားမဆွဲကြတော့ဘူး။ ဆီတန်းစီပြီး ပြန်ရောင်းစားနေကြတာ။ အဲဒါက ကားဆွဲတာထက် ပိုပြီး တွက်ခြေကိုက်တယ်တဲ့။ ဆိုင်ဝန်ထမ်းကို ပိုက်ဆံ တသောင်း ပေးလိုက်ရင် ဘားကုဒ်ကို scan ဖတ်စရာ မလိုတော့ဘူး။ ဆီတန်းတာ ၄ နာရီလောက်ဆို တနေကုန် ကားဆွဲတာထက် သက်သာတယ်လို့ ပြောကြတယ်” လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။

    ယာဉ်မောင်းတချို့ဟာ ဆီဆိုင်တွေမှာ ဆီထုတ်ယူပြီးနောက် ၎င်းတို့နဲ့ ရင်းနှီးမှုရှိတဲ့ ကားဝပ်ရှော့ဆိုင်တွေကို သွားရောက်ကာ ကားထဲကဆီကို ထုတ်ယူပြီး ရောင်းချနေတာ ဖြစ်တယ်လို့ သိရပါတယ်။

    ဒါကြောင့် စက်သုံးဆီ မှောင်ခိုဈေးကွက်အတွင်း ၉၂ ဓာတ်ဆီ တလီတာကို ၇၅၀၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာကို ကျပ် ၈၀၀၀ ၊ ၉၀၀၀ ကနေ ကျပ် တသောင်းဝန်းကျင်အထိ ပေါက်ဈေးရှိနေပြီး ၉၅ ဓာတ်ဆီက ပိုပြီး အဝယ်လိုက်နေတယ်လို့ သိရပါတယ်။

    “ဝပ်ရှော့လို နေရာမျိုးတွေမှာ စျေးကွက်ဖြစ်နေတာ။ ကားသမားတွေက စက်သုံးဆီဆိုင်မှာ ဆီသွားတန်း၊ ပြီးရင် သူတို့အသိ ဝပ်ရှော့တွေဆီမှာ ဆီသွားဖောက်၊ အဲဒီကနေ အလျဉ်းသင့်ရာ အချင်းချင်း ပြန်ရောင်းစားနေကြတာ။ တချို့က ပိုက်ဆံနဲ့မဝယ်ဘဲ လိုအပ်သူအချင်းချင်း ဒီဇယ်နဲ့ ဓာတ်ဆီကို တိုက်ရိုက် အလဲအလှယ် ပြန်လုပ်ကြတာရှိတယ်။ ဝပ်ရှော့မှာ ဆီသွားဖောက်ပြီးရင် ဆိုင်မှာ ဆီပြန်သွားတန်းနဲ့ အလုပ်ဖြစ်နေကြတာ။ တချို့ ကွမ်းယာဆိုင်တွေမှာလည်း ဆီပုံးတွေချည်းပဲ” လို့ နောက်ထပ် ယာဉ်မောင်းတယောက်က ပြောပါတယ်။

    အဲဒီလို ဆီထုတ်ယူ ရောင်းစားသူတွေကြောင့် စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဆီတန်းစီနေရတဲ့ ကားတန်းကြီးတွေ ရှည်လျားများပြားနေပြီး အမှန်တကယ် လိုအပ်သူတွေအနေနဲ့ ဆီတခါထုတ်ယူနိုင်ဖို့ ​နေ့တဝက်​လောက်အချိန်ပေးပြီး စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

    “ဆီမှောင်ခိုသမားတွေကြောင့် ဆီတန်းရှည်တာ။ ဖမ်းဆီး အရေးယူသင့်နေပြီ။ ပုဇွန်တောင်က ၃၆၀ ဆီဆိုင်မှာ တန်းစီတာ၊ ဒေါပုံ ဂျပန်တံတားအဆင်းထိ ကားတန်းရှိတယ်။ တက္ကစီ ၁၀ စီးမှာ ရှစ်စီးလောက်က စီးပွားဖြစ် ထုတ်နေမှတော့ ဒီထက်ပိုဆိုးဖို့ပဲ ရှိတယ်။ တချို့ အိမ်စီးကားတွေလည်း ဆီထုတ်ပြီး ပြန်ရောင်းစားနေတာ တွေ့တယ်။ တက္ကစီတွေကတော့ အဆိုးဆုံးပဲ။ စုံ၊ မ မရှိ မောင်းခွင့် ပေးထားတာတောင် ဆီမှောင်ခိုထုတ်ရောင်းနေတာ အများကြီးပဲ။ ဆိုင်တွေမှာ scan မဖတ်ရတော့ လိုင်စင်မဲ့ကားတွေပါ ဆီထုတ်လို့ ရနေတာ” လို့ နောက်ထပ် ယာဉ်မောင်းတယောက်က ပြောပါတယ်။

    အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စက်သုံးဆီ ချွေတာရမယ်လို့ဆိုကာ အစိုးရက စုံ/မ ရက်ခွဲကာ ယာဉ်မောင်းနှင်ဖို့အပြင် QR ကုဒ်စနစ်နဲ့ပါ ဆီရောင်းချပေးနေတာဖြစ်ပြီး အဲဒီစနစ်အတွင်း တပတ်အတွင်း တကြိမ်တည်းဖြစ်စေ၊ အများဆုံး နှစ်ကြိမ်ခွဲပြီးဖြစ်စေ ဝယ်ယူနိုင်မယ့် စနစ်ကို ထည့်သွင်းကာ လာမယ့် ရက်သတ္တပတ်အတွင်း စတင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့က အသိပေးချက် ထပ်မံ ထုတ်ပြန်ထားပါတယ်။

    နိုင်ငံတော်အနေနဲ့ စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီး ဖြစ်သလို ပုံမှန်တင်သွင်းနေတဲ့ လမ်းကြောင်းတွေအပြင် တခြား လမ်းကြောင်းတွေကလည်း တင်သွင်းနိုင်ဖို့ ချိတ်ဆက် ဆောင်ရွက်ထားပြီး ဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စိုးရိမ်ကြောင့်ကြပြီး ဝယ်ယူမှု မပြုလုပ်ကြဖို့ကိုလည်း အသိပေးထားပါတယ်။

    ဒါအပြင် စက်သုံးဆီရောင်းချခြင်းနဲ့ စပ်လျဉ်းပြီး မမှန်ကန်မှုတွေ တွေ့ရှိရပါကလည်း သက်ဆိုင်ရာ ဖုန်းနံပါတ်တွေကို ဆက်သွယ်ကာ တိကျစွာ တိုင်ကြားမှုတွေ ပြုလုပ်ခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ စွမ်းအင်ဝန်ကြီးဌာနက အသိပေး မေတ္တာရပ်ခံထားပါတယ်။ ဒါ​ပေမယ့် တိုင်ကြားနိုင်တယ်ဆိုတဲ့ဖုန်းနံပတ်​တွေက ​ခေါ်ဆိုလို့မရဖြစ်​နေပါတယ်။

    အမှန်တကယ်အသုံးပြုသူ​တွေက​​တော့ အစိုးရရည်ညွှန်း​ဈေးအတိုင်း သတ်မှတ်အ​ရေအတွက်ဆီ​ရောင်း​မ​ပေးတဲ့ လုပ်ငန်းရှင်​တွေနဲ့ ​မှောင်ခိုသမား​​တွေကို အ​ရေးယူ​ပေး​စေချင်တယ်လို့ ​ပြောဆို​နေကြပါတယ်။

  • Su-30SME တိုက်လေယာဉ် ၆ စီးကို ရုရှားက မြန်မာစစ်တပ်ထံသို့ အပြီးသတ်လွှဲပြောင်းပေးအပ်

    Su-30SME တိုက်လေယာဉ် ၆ စီးကို ရုရှားက မြန်မာစစ်တပ်ထံသို့ အပြီးသတ်လွှဲပြောင်းပေးအပ်

    အမေရိကန်ဒေါ်လာသန်း ၄၀၀ ချေးငွေဖြင့် ဝယ်ယူထားသည့် Su-30SME တိုက်လေယာဉ် ၆ စီးကို ရုရှားက မြန်မာစစ်တပ်ထံသို့ အပြီးသတ်လွှဲပြောင်းပေးအပ်

    အမေရိကန်ဒေါ်လာသန်း ၄၀၀ ချေးငွေဖြင့် ဝယ်ယူထားသည့် Su-30SME တိုက်လေယာဉ် ၆ စီးကို ရုရှားက မြန်မာစစ်တပ်ထံသို့ အပြီးသတ်လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း Defense Expressက သတင်းဖော်ပြသည်။

    ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် မြန်မာစစ်တပ်က လေယာဉ်အမှတ် ၁၉၀၁ နှင့် ၁၉၀၂ ပါရှိသော ရုရှား လုပ် Su-30SME တိုက်လေယာဉ် ၂ စီးကို လေတပ်အတွင်း ထည့်သွင်းသည့် တရားဝင်အခမ်း အနားတစ်ရပ်ကို ကျင်းပခဲ့သည်။

    ယင်းမှာ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရှိသော Su-30SME တိုက်လေယာဉ် ၆ စီး ပေးပို့ရေးအတွက် ရုရှားနှင့် မြန်မာတို့အကြား ချုပ်ဆိုထားသည့် သဘောတူညီချက်၏ နောက်ဆုံးအဆင့်လည်း ဖြစ်သည်။

    အဆိုပါတိုက်လေယာဉ် ၆ စင်း ဝယ်ယူရေး စာချုပ်မှာ ရုရှားနိုင်ငံ၏ ချေးငွေဖြင့် ငွေကြေးစိုက်ထုတ်ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဝယ်ယူမှုစာချုပ်မှာ ယူကရိန်းကို ရုရှားက အလုံးအရင်းနှင့် မကျူးကျော်မီကတည်းက ချုပ်ဆိုထားခဲ့သော ရုရှား၏ နောက်ဆုံး “တရားဝင် တိုက်လေယာဉ်တင်ပို့မှုစာချုပ်”လည်း ဖြစ်သည်။

    ထို့အပြင် Su-30SME တိုက်လေယာဉ် ၆ စီးမျှသာရှိသော ပေးပို့မှုအတွက် ၈ နှစ်အပြည့် အချိန်ယူခဲ့ရသည်မှာလည်း သတိပြုဖွယ်ရာ ဖြစ်သည်။ အဆိုပါ လေယာဉ်ဝယ်ယူရေး သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိသည့် အဆိုပါ စာချုပ်ထဲတွင် Su-30SME ၏ ဝေဟင်မှ ဝေဟင်ပစ် လက်နက်တပ်ဆင်မှုများ ပါဝင်ခြင်းမရှိဟု သိရှိရသည်။

    ထူးခြားချက်မှာ မြန်မာနိုင်ငံသည် ရုရှားလုပ် Su-30SM ၏ ပြည်ပပို့ကုန်ဗားရှင်းဖြစ်သော Su-30SME ကို တစ်နိုင်ငံတည်းသော ဝယ်ယူအသုံးပြုသူအဖြစ် ရှိနေခြင်းဖြစ်သည်။

    သို့သော်လည်း ပြီးခဲ့သည့်နှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် စာရင်းအရ တိုက် လေယာဉ် စုစုပေါင်း ၆၃ စီး ရှိနေပြီး ၎င်းတို့ထဲတွင် MiG-29 ၃၁ စီး၊ F-7 ၂၁ စီး နှင့် တရုတ်နိုင်ငံထုတ် FT-7 ၁၁ စီးတို့ ပါဝင်နေသည်။

    SU 30 တိုက်လေယာဉ်များကို ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တစ်ကြိမ်လျှင် ၂ စီးနှုန်းဖြင့် အသုတ်လိုက်ခွဲ၍ ပေးပို့ခဲ့ပြီး ပထမအသုတ်အဖြစ် လေယာဉ် အမှတ် ၁၉၀၅ နှင့် ၁၉၀၄ လေယာဉ် ၂ စီးမှာ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် အဆင်သင့်ဖြစ်နေသော်လည်း မြန်မာနိုင်ငံသို့ လက်တွေ့လွှဲပြောင်းမှုကိုမူ ၂၀၂၂ ခုနှစ်၊ မတ်လတွင်မှသာ လုပ်ဆောင်နိုင်ခဲ့သည်။

    အဆိုပါလေယာဉ်များကို ၂၀၂၂ ဇူလိုင်လတွင် စတင်ပျံသန်းနိုင်ခဲ့ပြီး လေတပ်အတွင်း တရားဝင်ထည့်သွင်း သည့် အခမ်းအနားကို ၂၀၂၂ ဒီဇင်ဘာလတွင် ကျင်းပခဲ့ပါသည်။

    ဒုတိယအသုတ်အဖြစ် Su-30SME ၂ စီးကြား အချိန်ကာလမှာ သိသိသာသာ ပိုမိုတိုတောင်းပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် အမှတ် ၁၉၀၆ နှင့် ၁၉၀၇ လေယာဉ်များကို စတင်ထုတ်လုပ်နေပြီဖြစ်ကာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် လေတပ်အတွင်း ထည့် သွင်းသည့် တရားဝင်အခမ်းအနားကို ကျင်းပခဲ့သည်။

    တတိယအသုတ် (နောက်ဆုံးအသုတ်)အဖြစ် မြန်မာစစ်တပ်က နောက်ဆုံး ၂ စီးဖြစ်သော Su-30SME လေယာဉ်များကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်ခံရရှိခဲ့ပြီး လေယာဉ် အမှတ် ၁၉၀၁ နှင့် ၁၉၀၂ လေယာဉ်များပင် ဖြစ်သည်။

    လေယာဉ်ရောက်ရှိချိန်မှ လေတပ်အတွင်း တရားဝင်ထည့်သွင်းသည့်အချိန်အထိ အဘယ်ကြောင့် ၁ နှစ်ခွဲနီးပါး ကြာမြင့်ခဲ့ရသနည်းဟူသော အကြောင်းရင်းမှာ ရှင်းလင်းစွာ မသိရသေးပေ။

    ယူကရိန်း မောင်းသူမဲ့လေယာဉ်တပ်ဖွဲ့ ၄၁၃ ရဲရင့်တပ်ရင်းမှ စစ်မှုထမ်းနှင့် Defense Express ၏ လက်နက်ကျွမ်းကျင်သူ အိုင်ဗန် ကီရီချက်ဗ်စကီး (Ivan Kyrychevskyi) ကမူ​ ထိုကဲ့သို့ ကြန့်ကြာရခြင်းမှာ လေယာဉ်မှူးများနှင့် နည်းပညာဝန်ထမ်းများကို လေ့ကျင့်ပေးရန် အချိန်ယူနေရခြင်းကြောင့်ဖြစ်စေ၊ သို့မဟုတ် မြန်မာနိုင်ငံအတွက် ပေးပို့မည့် ရုရှား Su-30SME လေယာဉ်များတွင် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်များကို ပြန်လည်ပြုပြင်နေရခြင်းကြောင့်ဖြစ်စေ ဖြစ်နိုင်သည်ဟု သုံးသပ်သည်။