Category: News

  • အီရန်က ‘ရန်လိုမှု မရှိသော’ ရေနံတင်သင်္ဘောများကို လမ်းဖွင့်ပေး၊ သမ္မတ ထရမ့်က ငြိမ်းချမ်းရေး အစီအစဉ် ပေးပို့

    အီရန်က ‘ရန်လိုမှု မရှိသော’ ရေနံတင်သင်္ဘောများကို လမ်းဖွင့်ပေး၊ သမ္မတ ထရမ့်က ငြိမ်းချမ်းရေး အစီအစဉ် ပေးပို့

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ထံ ငြိမ်းချမ်းရေးအစီအစဉ်တရပ် ပေးပို့ခဲ့ပြီး၊ တလနီးပါးကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်နိုင်ရန် အင်္ဂါနေ့တွင် အကောင်းမြင်မျှော်လင့်ချက်ဖြင့် ပြောကြားနေချိန်၌ အီရန်အစိုးရကလည်း ‘ရန်လိုမှု မရှိသော’ ရေနံတင်သင်္ဘောများကို အရေးပါလှသည့် ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းခွင့်ပြုကြောင်း ကြေညာခဲ့သည်။

    ယင်းမှာ သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်မည့် အလားအလာများမှာ အကြမ်းဖက်မှုအသစ်များနှင့်အတူ ပေါ်ထွက်လာခြင်းဖြစ်သည်။ အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ပြီး၊ အစ္စရေးကလည်း ဘက်ပေါင်းစုံမှ ဆက်လက်ဖိအားပေးနေကာ လက်ဘနွန်တောင်ပိုင်းရှိ နယ်မြေ ဒေသတခုကို သိမ်းပိုက်စိုးမိုးရန် ကြွေးကြော်ထားသည်။

    မကြာသေးမီရက်များအတွင်း အီရန်ကို အကြီးအကျယ် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ရာမှ တလနီးပါးကြာစစ်ပွဲသည် ပြီးဆုံးခါနီးပြီဟု ပြောဆိုပြန်သည့် အပြောင်းအလဲမြန်နေသူ သမ္မတ ထရမ့်က အမေရိကန်သည် အီရန်နှင့် “ ညှိနှိုင်းနေသည်” ဟု ပြောကြားနေပြန်သည်။ သို့သော် တရားဝင်ဆွေးနွေးမှုများရှိသည်ကို အီရန်က အတည်ပြုခြင်း မရှိသေးပေ။

    “အီရန်က မနေ့က တကယ့်ကို အံ့ဩစရာကောင်းတဲ့ အရာတခု လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ကို လက်ဆောင်တခု ပေးခဲ့ပြီး၊ အဲဒီလက်ဆောင်က ဒီနေ့ ရောက်လာပါတယ်။ အဲဒါက တန်ဖိုးအလွန်ကြီးမားတဲ့ လက်ဆောင်ကြီးတခုပါပဲ” ဟု သမ္မတ ထရမ့်က အိမ်ဖြူတော် အိုဗယ်ရုံးခန်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    “အဲဒါက ကျွန်တော့်အတွက် အဓိပ္ပာယ်ရှိပါတယ်၊ ကျွန်တော်တို့ မှန်ကန်တဲ့လူတွေနဲ့ ဆက်ဆံနေရပြီဆိုတာပါပဲ” ဟု သမ္မတ ထရမ့် က ပြောကြားခဲ့သည်။

    ၎င်းက အသေးစိတ် ထပ်မံရှင်းပြခြင်း မရှိသော်လည်း အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က ပိတ်ဆို့ထားသည့် ဟော်မုဇ် ရေလက်ကြားနှင့် သက်ဆိုင်ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါ ပိတ်ဆို့မှုကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ရ သည်။

    ထို့နောက် မကြာမီမှာပင် အီရန်က နိုင်ငံတကာ ရေကြောင်းအဖွဲ့ချုပ် (IMO) မှတဆင့် ထုတ်ပြန်သည့် သတင်းစကားတွင် ကမ္ဘာ့ရေနံ ငါးပုံတပုံ ဖြတ်သန်းရာ ရေလမ်းကြောင်းဖြစ်သည့် ယင်းရေလက်ကြားမှ တဆင့် “ရန်လိုမှုမရှိသော သင်္ဘောများ” ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ကြောင်း အာမခံချက် ပေးခဲ့သည်။

    အာမခံကုမ္ပဏီများက စွန့်စားရမည်ကို စိုးရိမ်သဖြင့် သင်္ဘောအများစုမှာ ယင်းလမ်းကြောင်းကို ရှောင်ရှားနေကြသော်လည်း၊ အီရန်က မိတ်ဆွေနိုင်ငံများကို ပစ်မှတ်ထားမည်မဟုတ်ကြောင်း မကြာသေးမီရက်များအတွင်း ပြောကြားခဲ့သည်။

  • တက္ကသိုလ်ဝင်စာမေးပွဲ ဖြေနိုင်လို့ လူကြားထဲ သိန်းရာချီ ဆုချတဲ့ မိခင်

    တက္ကသိုလ်ဝင်စာမေးပွဲ ဖြေနိုင်လို့ လူကြားထဲ သိန်းရာချီ ဆုချတဲ့ မိခင်

    🎓 တက္ကသိုလ်ဝင်စာမေးပွဲ ဖြေနိုင်လို့ လူကြားထဲ သိန်းရာချီ ဆုချတဲ့ မိခင်

    ဒါဟာ တကယ်ပဲ မှန်ကန်တဲ့ ချီးမြှောက်မှုလား? 💰✨

    ​ဒီနေ့ Facebook ပေါ်မှာ တော်တော်လေး ပျံ့နှံ့နေတဲ့ သတင်းတစ်ခုပါ။

    တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးစမှာတင် မိခင်ဖြစ်သူက သားသမီးကို လူကြားထဲမှာတင် ငွေသား သိန်းရာချီ ဆုချခဲ့တဲ့ ဖြစ်စဉ်ပါ။

    ​မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးအပေါ် ထားတဲ့ မေတ္တာနဲ့ ဂုဏ်ယူမှုကို နားလည်ပေးလို့ ရပေမဲ့ အခုလို အပြုအမူအပေါ် စဉ်းစားစရာတွေ ရှိလာပါတယ်။

    ​🚩 ဆုချတာ စောလွန်းနေပြီလား?

    ​စာမေးပွဲရလဒ် မထွက်သေးခင်၊ အောင်၊ မအောင် မသေချာသေးတဲ့ အချိန်မှာ အခုလို လူသိရှင်ကြား အကြီးအကျယ် ဆုချလိုက်တာဟာ ကလေးအတွက် အားဆေးဖြစ်စေမှာလား? ဒါမှမဟုတ် “ရလဒ်မကောင်းခဲ့ရင်” ဆိုတဲ့ စိုးရိမ်စိတ်နဲ့ နှစ်ဆသော ဖိအား (Pressure) ကို ပေးလိုက်တာလား?

    ​⚠️ ခေတ်ကာလအရ အန္တရာယ်များလွန်းပါတယ်

    ​အခုလို လုံခြုံရေး အခြေအနေ စိုးရိမ်ရတဲ့ ကာလမှာ လူမြင်ကွင်းမှာ ငွေသားအများအပြား ထုတ်ပြတာဟာ ခိုးဆိုးလုယက်မှု တွေအတွက် ပစ်မှတ်ဖြစ်သွားနိုင်ပါတယ်။

    ကလေးရဲ့ ဘေးကင်းရေးကိုရော ထည့်သွင်းစဉ်းစားခဲ့ရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။

    ​🤔 လူထင်ကြီးရုံ သက်သက်လား?

    ​တကယ်ပဲ ကလေးကို ဂုဏ်ပြုချင်တာလား၊ ဒါမှမဟုတ် လူကြားထဲမှာ မိမိကိုယ်ကို ဂုဏ်ဖော်ချင်တာလား (Show-off) ဆိုတာကလည်း ဝေဖန်စရာ ဖြစ်နေပါတယ်။

    အချစ်စစ်တယ်ဆိုတာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနဲ့ ရေရှည်အကျိုးစီးပွားကို ပိုပြီး ကြည့်ပေးသင့်တာ မဟုတ်ပါလား။

    ​ဒီအပြုအမူအပေါ် သူငယ်ချင်းတို့ရော ဘယ်လိုမြင်ကြလဲ?

    “မိဘတိုင်း လုပ်သင့်တဲ့ အားပေးမှု” လို့ ထင်လား?

    ဒါမှမဟုတ် “အန္တရာယ်များတဲ့ ဟန်ပြလုပ်ရပ်” လို့ မြင်သလား?

  • စစ်ကော်မရှင် အရာရှိအဆင့်ပါနတ်ရေကန်ထောက်ပို့ကား AA ၏ တိုက်ခိုက်မှုအတွင်း မီးလောင်သွား

    စစ်ကော်မရှင် အရာရှိအဆင့်ပါနတ်ရေကန်ထောက်ပို့ကား AA ၏ တိုက်ခိုက်မှုအတွင်း မီးလောင်သွား

    ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် ဆက်သွယ်ထားသည့် မကွေးတိုင်း ငဖဲမြို့နယ်၊ရိုးမတောင်ကျော်လမ်းတွင် စစ်ကော်မရှင်တပ်၏ ထောက်ပို့ကားတန်းအား အာရက္ခတပ်တော် (AA) ကတိုက်ခိုက်ရာတွင် အရာရှိပါလာသောကားမှာကျည်ထိမှန်ပြီး မီးလောင်သွားခဲ့သည်ဟု သတင်းရရှိသည်။

    မတ်လ ၂၃ ရက်နေ့က နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းသို့ ထိုးဖောက်နေသည့် စစ်ကူ စစ်ကြောင်းများအား လက်နက်နှင့် ရိက္ခာပို့ဆောင်ရန် လာသော စစ်ကား ၄ စီးပါ ယာဉ်တန်းအား AA မှ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ် တစ်ခုက ပြောသည်။

    “သူ့တို့လာတဲ့ကားတန်းကို AA က တိုက်ခိုက်တာပါ။လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်တာပါ။ အရာရှိပါလာတဲ့ကား အာရ်ပီဂျီထိတော့ ကားပါမီးလောင်သွားတယ်။ အသေအပျောက်တော့များမယ်ထင်တယ်”ဟုပြောသည်။

    အရာရှိကားမှာ မီးလောင်သွားခဲ့သော်လည်. သေဆုံးမှုအရေအတွက်ကို အတိအကျမသိရသေးဟု ၎င်းက ပြောသည်။

    “ ဗျုဟာမှူးအဆင့်ရှိနေတဲ့ နတ်ရေကန်တောင် လေကြောင်းရန်ကာကွယ်ရေးစခန်းကAA လက်ထဲကိုကျဖို့ နည်းနည်း လိုသေးတယ်။ ဒါကြောင့် သူတို့က နတ်ရေကန်ကို စစ်ကူတွေ အပြင်းအထန် ပို့နေတာ။ အဲဒီစစ်ကူ စစ်ကြောင်းတွေကိုသူတို့က နောက်ကနေ ကားတွေနဲ့ လက်နက်ခဲယမ်း၊လူအင်အား ၊စားနပ်ရိက္ခာ ထောက်ပို့လုပ်ပေးနေတာတွေရှိတယ်။ အဲဒီ ကားတန်းကို တိုက်တာ။ အရာရှိအဆင့်ပါကားကမီးလောင်သွားခတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

    စစ်ကော်မရှင်သည် ပဒါန်းမြို့အနီးရှိ ဆုန်ကုန်းအမြောက်တပ်၊ကပစ (၁၄) တို့ကရိက္ခာ၊ လက်နက် ခဲယမ်းများကို ပဇီလမ်း၊ဂုတ်ကြီးလမ်းရှိ ရှေ့တန်းထိုးစစ်ဆင်နေသောစစ်ကြောင်းများသို့ပုံမှန် ပို့ဆောင်လေ့ရှိပြီး AA နှင့် ပူးပေါင်းတပ်ဖွဲ့က အပိုင်ရသည့်နေရာတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောကြားသည်။

    စစ်ကော်မရှင်တပ်သည် ထိုသို့ ရိက္ခာပို့ရာတွင် အိမ်စီးကားများကိုသာမက စစ်ကားများကို လူစီးကား သဖွယ် အရောင်ပြောင်း၍ ပို့ဆောင်နေသည်ဟု ဆိုသည်။

    ထိုသို့ပို့ဆောင်ရာတွင်အိမ်စီးကားများ၊ဘုန်းတော်ကြီးပိုင်ကား၊လူမူရေးကူညီဆောင်ရွက်နေသည့်သာရေး၊ နာရေးကားများကိုပါစစ်ရေးတွင် အသုံးချနေသည်ဟု၎င်းကပြောသည်။

    “စစ်ကားနဲ့ဆို သူတော့အတိုက်ခိုက်ခံရတာတွေများလာလို့အခုနောက်ပိုင်း အိမ်စီးကား၊လူမူရေးဆောင်ရွက်နေတဲ့ကား၊ဘုန်းကြီးကားတွေကို အသုံးချလာတယ်။ ဒါပေမဲ့ စစ်ဖြစ်နေတဲ့နေရာကိုလာတော့ အဲဒါစစ်သားပါတဲ့ကားဆိုတာကို တော်လှန်ရေးဖက်ကလည်းသိပါတယ်”ဟု ပြောသည်။

    ပိတ်မိနေသော နတ်ရေကန်လေကြောင်းရန်ဗျူဟာကုန်းကို အင်အား ၇၀၀ ဝန်းကျင်ဖြင့်လမ်းဟောင်း လမ်းသစ် ကို စစ်ကြောင်းထိုးနေသည်ဟုသိရသည်။

    AA နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့မှ ကြားဖြတ် တိုက်ခိုက်သဖြင့် စစ်ကော်မရှင်မှာ အကျဆုံးများဖြင့်ရင်ဆိုင်နေရကာ စစ်ရှောင်နေကြရသောကျေးရွာ ဖြစ်သည့် လိူင်ရွာ၊နောင်ရွာတို့ ကိုလည်း စစ်ကော်မရှင်သည် ဒရုန်း၊လက်နက်ကြီး ဂျက်ဖိုက်တာ၊Y12 တို့ဖြင့်တိုက်ခိုက်မူရှိနေသဖြင့် အဆိုပါကျေးရွာများတွင် စစ်ရှောင်ဒေသခံအချို့ သေဆုံးမူရှိနေသည်ဟုဒေသခံများ၏ပြောကြားချက်အရသိရသည်။

    နိရဉ္စရာ

  • သမ္မတ ထရမ့်နှင့် အယာတိုလာတို့၏ သမိုင်းဝင် သဘောတူညီချက်

    သမ္မတ ထရမ့်နှင့် အယာတိုလာတို့၏ သမိုင်းဝင် သဘောတူညီချက်

    ဟော်မုဇ်ရေလက်ကြားကို အမေရိကန်နှင့် အီရန်တို့ ပူးတွဲထိန်းချုပ်ရန် သဘောတူညီမှုရရှိသည့် သတင်း

    ယနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်မှာတော့ တစ်ကမ္ဘာလုံးကို အံ့အားသင့်စေမယ့် သမိုင်းဝင် သတင်းထူးတစ်ခု ထွက်ပေါ်လာပါတယ်။ အမေရိကန် သမ္မတ ထရမ့်က ကမ္ဘာ့အရေးအကြီးဆုံး ရေကြောင်းလမ်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို သူနဲ့ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာတို့ ပူးတွဲထိန်းချုပ်သွားမယ်လို့ ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ း

    ဒါဟာ သီတင်းပတ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ ရေတပ်ထိပ်တိုက်တွေ့ဆုံမှုတွေနဲ့ ကမ္ဘာ့စွမ်းအင်လုံခြုံရေး ခြိမ်းခြောက်မှုတွေကို အပြီးတိုင် ဖြေရှင်းလိုက်တဲ့ သမိုင်းဝင် အလှည့်အပြောင်းတစ်ခု ဖြစ်ပါတယ်။

    ဒီပူးတွဲထိန်းချုပ်မှု အစီအစဉ်ဟာ ရေနံတင်သင်္ဘောတွေ ဘေးကင်းလုံခြုံစွာနဲ့ အနှောင့်အယှက်ကင်းကင်း ဖြတ်သန်းနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး နှစ်နိုင်ငံလုံးရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကိုပါ ဖြေရှင်းပေးနိုင်မှာပါ။

    အခုလို ပူးပေါင်းစောင့်ကြည့်ရေးစနစ်ကို ဖန်တီးလိုက်တာကြောင့် ကမ္ဘာ့ကုန်သွယ်ရေးကို ထိခိုက်စေတဲ့ “လုံခြုံရေးအခွန်” (Security Tolls) တွေနဲ့ စစ်ရေးအရ ပိတ်ဆို့မှုတွေလည်း ရှိတော့မှာ မဟုတ်ပါဘူး။

    စစ်ရေးနဲ့ နိုင်ငံတကာဗျူဟာရှင်တွေကတော့ ဒါဟာ ခေတ်သစ်သမိုင်းမှာ အကြီးမားဆုံးသော သံတမန်ရေးရာ ပြောင်းလဲမှုကြီးလို့ သုံးသပ်နေကြပါတယ်။

    ရင်ဆိုင်တိုက်ခိုက်ရမယ့် ဒေသကနေ ပူးပေါင်းဆောင်ရွက်ရမယ့် နေရာတစ်ခုအဖြစ် ပြောင်းလဲလိုက်တာဟာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့ “အလွန်ကောင်းမွန်ပြီး အကျိုးရှိတဲ့ ဆွေးနွေးမှုများ” ရဲ့ အသီးအပွင့်ပဲ ဖြစ်ပါတယ်။

    ဒီသတင်းကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာလည်း အလွန်အမင်း အကောင်းမြင်မှုတွေ ဖြစ်ပေါ်လာပြီး စစ်ပွဲဖြစ်မယ့် အန္တရာယ်လည်း လုံးဝချုပ်ငြိမ်းသွားပြီ ဖြစ်ပါတယ်။

    ဒီသဘောတူညီချက်ထဲမှာ အရပ်သားတွေအတွက် အရေးကြီးတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ ရေချိုထုတ်စက်ရုံတွေကို ကာကွယ်ဖို့ပါ ပါဝင်တာကြောင့် တစ်ကမ္ဘာလုံးက အသက်ရှူချောင်သွားခဲ့ရပါတယ်။

  • နာရေးဖဲဝိုင်း အငြင်းပွားမှုကနေအစပြုပြီး ရွာသားတွေကို ဓားထောက် ကြိမ်းမောင်းကာ သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တဲ့ ပကဖ

    နာရေးဖဲဝိုင်း အငြင်းပွားမှုကနေအစပြုပြီး ရွာသားတွေကို ဓားထောက် ကြိမ်းမောင်းကာ သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တဲ့ ပကဖ

    နာရေးဖဲဝိုင်း အငြင်းပွားမှုကနေအစပြုပြီး ရွာသားတွေကို ဓားထောက် ကြိမ်းမောင်းကာ သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တဲ့ ပကဖနဲ့ အဖွဲ့ဝင်တချို့ကို အရေးယူပေးဖို့ ဒေသခံတွေ တောင်းဆို

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ကျေးရွာတစ်ရွာရဲ့ နာရေးအိမ်တစ်ခုမှာ တိုက်နယ်-၅ ပကဖ တာဝန်ခံနဲ့ ရွာသားတွေကြား အငြင်းပွားမှု ဖြစ်ပွားပြီး တိုက်နယ် ပကဖနဲ့ အဖွဲ့ဝင်တချို့က ကျေးရွာသားတွေကို လက်နက်နဲ့ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးနဲ့ ဒေသခံ ၃ ဦးဆီက စုံစမ်းသိရှိရပါတယ်။

    ပြီးခဲ့တဲ့ မတ် ၂၁ ရက် ညပိုင်းမှာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းက ကျေးရွာတစ်ရွာက နာရေးအိမ်တစ်ခုမှာ တိုက်နယ်-၅ တာဝန်ခံနဲ့ အဖွဲ့ဝင်တွေ လာရောက်ကာ နာရေးဖဲဝိုင်း ဝင်ကစားရာကနေ အခုလို ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    “ရွာဓလေ့အတိုင်း အသုဘအိမ်မှာ ဖဲရိုက်ကြတယ်။ တိုက်နယ် ပကဖနဲ့ ရဲဘော် ၇ ယောက်လောက် ရောက်လာပြီး လက်နက်ပါတဲ့ ၄ ယောက်ကတော့ တခြားနေရာ သွားကြတာ၊ တာဝန်ခံနဲ့ ကျန် ၂ ယောက်က ဖဲဝိုင်းဝင်ရိုက်ရင်း တိုက်နယ် ပကဖက ပြည်သူကို ဓားထောက်တာတွေ ဖြစ်ခဲ့တာ” လို့ ဒီဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

    တိုက်နယ် ပကဖတာဝန်ခံနဲ့ ဒေသခံအကြား စကားအခြေအတင်များရာမှာ တိုက်နယ် ပကဖတာဝန်ခံက ဒေသခံကို ဓားနဲ့ထောက်တာတွေ၊ နာရေးအိမ်က စားပွဲဝိုင်းတွေကို ရိုက်ချိုးတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

    “သူတို့လာတော့ ရွာသားက ကစားမှာလားဆိုပြီး နေရာဖယ်ပေးတယ်။ ပြီးတော့ နောက်ကထိုင်ကြည့်တာပေါ့၊ အဲဒီမှာ လူများတော့ နေရာကျပ်တော့ ကပ်ထိုင်ကြည့်နေတော့ နောက်တိုးဖို့ပြောတာ၊ နေရာကျပ်တော့ တိုးမရဘူးပြောတော့ တာဝန်ခံက မင်းက ဘာကောင်လဲ စပြော‌တော့ ခင်ဗျားကရော ဘာကောင်လဲ ရွာသားက ပြန်ပြောပြီး အခြေအတင်ဖြစ်ပြီး ပကဖတာဝန်ခံက ဓားထုတ်ပြီး ဓားနဲ့ထောက်တာပဲ” လို့ ပြောပါတယ်။

    နာရေးအိမ်ဖြစ်နေတာကြောင့် ကျေးရွာသားတွေက ဝိုင်းဝန်းဖြန်ဖြေပြီး အခြေအနေကို ထိန်းသိမ်းခဲ့ပေမယ့် တိုက်နယ်-၅ ပကဖတာဝန်ခံက နာရေးအိမ်က စားပွဲဝိုင်းကို ရိုက်ချိုးခဲ့တဲ့အပြင် ကျေးရွာသားတွေကိုလည်း စိန်ခေါ်ကြိမ်းမောင်းတာတွေနဲ့ သူ့ရဲ့ အဖွဲ့သားတွေက လက်နက်တွေနဲ့ ခြိမ်းခြောက်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

    “သူများနာရေးအိမ်ကြီး မကောင်းပါဘူး၊ ဒီလိုမလုပ်ပါနဲ့ ဝိုင်းပြောပြီး ပြဿနာက ပြီးသွားပြီး ကြေအေးသွားပြီ။ ခဏကြာတော့ စားပွဲတွေရိုက်ချိုးတော့ သူပါလာတဲ့ ရဲဘော်တွေက ဆွဲခေါ်သွားတာကို ကျေးရွာသားတွေကို စိန်ခေါ်သွားတာ။ အဲဒီမှာ ရွာသားတွေက ဝိုင်းလိုက်တော့ နေအိမ်တစ်ခုမှာ ဝင်သွားတော့ ထုတ်ပေးဖို့၊ ထွက်လာဖို့ ပြောချိန် သူ့ရဲဘော်တွေ ရောက်လာပြီး ရွာသားတွေကို သေနတ်နဲ့ချိန်ပြီး မြေကြီးပေါ် မှောက်နေခိုင်းတာ၊ သေနတ်တွေပါ မောင်းတင်ထားတာ၊ မမှောက်ရင်ပစ်မယ်လို့လည်း ပြောတယ်” လို့ အခင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့ရသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

    အခင်းဖြစ်စဉ်အပြီးမှာ ကျေးရွာ ပလဖက အရေးယူဆောင်ရွက်နိုင်ဖို့ ဒီပဲယင်းမြို့နယ်၊ တိုက်နယ်-၅ ပကဖတာဝန်ခံကို လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မတ် ၂၂ ရက်မှာ ဒီပဲယင်းမြို့နယ် ပကဖ တာဝန်ခံက အခင်းဖြစ်ပွားရာ နေရာကို ရောက်လာပြီး တိုက်နယ် ပကဖရဲ့ လုပ်ရပ်အတွက် တောင်းပန်ကာ အရေးယူဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

    “ဖြစ်ပြီးနောက်နေ့ မြို့နယ် ပကဖက လာပြီး သူအရေးယူပေးမယ်လို့ ပြောတာပဲ၊ အခု ၃ ရက်လောက်ရှိပြီ ဘာမှတော့ မကြားရသေးဘူး၊ ထိန်းသိမ်းထားတယ် ချုပ်ထားတယ်ပြောပေမယ့် မတွေ့ရဘူး၊ ဘယ်လိုအရေးယူထားတယ်၊ လုပ်နေတယ်ဆိုတာ အခုထိမသိရဘူး” လို့လည်း ဓားထောက်ခံရတဲ့ ဒေသခံနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    တိုက်နယ်-၅ တာဝန်ခံနဲ့ ရွာသားတွေကြား ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို ဖြေရှင်းရေး၊ အရေးယူဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဒီပဲယင်းမြို့နယ် တိုက်နယ်တာဝန်ခံကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းအခက်အခဲတွေကြောင့် လက်ရှိအချိန်ထိ မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

    ဒေသခံတွေအနေနဲ့ကတော့ တိုက်နယ် ပကဖတာဝန်ခံနဲ့ ရဲဘော်တွေဟာ ဒေသခံ အရပ်သားပြည်သူတွေအပေါ် အာဏာပြ ခြိမ်းခြောက်တာ၊ ကြိမ်းမောင်းပြောဆိုတာတွေအပြင် သေစေနိုင်တဲ့ လက်နက်နဲ့ ခြိမ်းခြောက်မှုတွေပါ လုပ်ဆောင်ခဲ့တာကြောင့် တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ အရေးယူမှုမျိုး ဖြစ်လာစေဖို့ မျှော်လင့်နေကြတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

    မှတ်ချက် ။ ။ ဒေသတွင်း လုံခြုံရေးအတွက် ကျေးရွာအမည်နှင့် ဒေသခံများအမည်ကို ထိန်းသိမ်းပေးထားခြင်း ဖြစ်ပါသည်။