Category: News

  • ဟော်မုဇ်ရေလက်ကြားကို အပြီးတိုင်ပိတ်ပစ်မယ်လို့ အီရန်စစ်ဘက်ခြိမ်းခြောက်

    ဟော်မုဇ်ရေလက်ကြားကို အပြီးတိုင်ပိတ်ပစ်မယ်လို့ အီရန်စစ်ဘက်ခြိမ်းခြောက်

    အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ရဲ့ဓါတ်အားပေးစက်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမယ်ဆိုရင် ဟော်မုဇ်ရေလက်ကြားကို အပြီးတိုင်ပိတ်ပစ်မယ်လို့ အီရန်စစ်တပ်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

    ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက အီရန်ရဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဒေါ်နယ်ထရမ့်က ကတိပြုပြောဆိုခဲ့ပြီးနောက် အီရန်စစ်တပ်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

    ဟော်မုဇ်ရေလက်ကြားကို အချိန်(၄၈)နာရီအတွင်း ပြန်ဖွင့်ဖို့ အီရန်ကို ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပြီးနောက် ယခုလိုမျိုးတုံ့ပြန်ပြောဆိုချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၈)ရက်နေ့မှာ အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲတစ်ခုစတင်ဆင်နွှဲခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ ကြီးမားကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ခုပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။

    အီရန်စစ်တပ်က”အမေရိကန်က အီရန်ရဲ့ဓါတ်အားပေးစက်ရုံတွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့မယ်ဆိုရင် ဟော်မုဇ်ရေလက်ကြားကို ကျွန်တော်တို့အပြီးတိုင်ပိတ်ပစ်သွားမှာပါ။

    ပျက်စီးဿွားတဲ့ ဓါတ်အားပေးစက်ရုံတွေ ပြန်လည်တည်ဆောက်မပြီးမချင်း ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမှာမဟုတ်ပါဘူး”လို့ပြောဆိုခဲ့ပါတယ်။

  • ပိုပြီးခက်ခဲလာတဲ့ စက်သုံးဆီ

    ပိုပြီးခက်ခဲလာတဲ့ စက်သုံးဆီ

    မတ်လနှောင်းပိုင်းရဲ့ အပူရှိန်ပြင်းတဲ့ မန္တလေးမြို့ရဲ့ နွေနေ့လယ်ခင်းမှာ ဆိုင်ကယ်နဲ့လှည့်လည်ရောင်းချတဲ့ ရွှေရင်အေးသည်အမျိုးသမီးတစ်ဦးဟာ ချွေးဒီးဒီးကျပြီး ဆိုင်ကယ်ကို တွန်းလာခဲ့တယ်။

    နွေဆို မန္တလေးမြို့ပေါ်တက်ပြီး ရွှေရင်အေးလာရောင်းကြသူတွေဟာ တွန်းလှည်းနဲ့ အများဆုံး ရောင်းကြတာဖြစ်ပေမဲ့ သူမကတော့ ဆိုင်ကယ်နဲ့ ရောင်းချနေတာပါ။

    ဒီကနေ့မှာတော့ သူ့ဆိုင်ကယ်ထဲက စက်သုံးဆီပြတ်သွားတဲ့အတွက်၊ ဝယ်လို့လည်းမရတာကြောင့် နေပူကြီးထဲတွန်းနေရတာဖြစ်ပါတယ်။

    မတ်လဆန်းက စတင်ခဲ့တဲ့ စက်သုံးဆီအကျပ်အတည်း ရက်သတ္တပတ် ၂ ပတ်ကျော်လာတဲ့အချိန်မှာတော့ မန္တလေးမြို့မှာ စက်သုံးဆီအကျပ်အတည်းဟာ ပိုမိုဆိုးရွားလာခဲ့ကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

    ဆိုင်ကယ်နဲ့ မော်တော်ယာဉ်တန်းတွေဟာ ယခင်ကထက် ရှည်လျားစွာ တန်းစီနေကြရပြီဖြစ်ပါတယ်။

    ယာဥ်တန်းတွေဟာ ဆီဆိုင်အလိုက် မန္တလေးအခေါ် လေးပြကနေ ၇ ပြခန့်အထိ ရှိနေပြီး တစ်မိုင်နီးပါးလောက်အထိ တန်းစီနေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။

    “ဒီနေ့ပိုဆိုးတယ်။ မနက် ၇ နာရီကစပြီး ညနေ ၅ နာရီအထိဓါတ်ဆီ တောက်လျှောက်ထည့်နေတာတောင် ဒီအတန်းကြီးက မလျော့ဘူး။”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    မော်တော်ယာဥ်တွေဟာ ညဦးပိုင်းကတည်းက ဆီဆိုင်ရှေ့ညအိပ်တန်းစီနေရကြောင်း မော်တော်ယာဥ်သုံးစွဲသူတွေက ပြောပါတယ်။

    စစ်ကောင်စီက စက်သုံးဆီရောင်းချမှုအပေါ် ထပ်မံကန့်သတ်မယ့်၊ တစ်ပတ် နှစ်​ကြိမ်အထိပဲ ရောင်းချပေးတော့မယ်ဆိုတဲ့ ကြေညာချက် မတ်လ ၂၂ ရက်က ထပ်မံ ထွက်ပေါ်လာပြီးနောက် မန္တလေးမြို့မှာ ဆီတန်းစီရတဲ့ ယာဉ်တန်းတွေ အရင်ထက် ပိုမိုများပြားလာတာဖြစ်ကြောင်း မြို့ခံတွေ​က ပြောပါတယ်။

    “အနည်းဆုံး ၃ နာရီပဲ။ ၂ နာရီလောက်နဲ့ရရင် ကံကောင်းလို့”လို့ သုံးဘီးယာဥ်မောင်းတစ်ဦးက ညီးတွားပါတယ်။

    မန္တလေးမြို့ပေါ်က စက်သုံးဆီဆိုင်ကြီးအချို့မှာလည်း စက်သုံးဆီပြတ်လပ်တယ်ဆိုပြီး ဆိုင်ပိတ်ထားတာတွေရှိလာကြောင်း မြို့ခံတွေက ပြောပါတယ်။

    ဆီရရှိဖို့ နာရီပေါင်းများစွာ စောင့်ဆိုင်းနေရခြင်းကြောင့် မြို့တွင်းယာဉ်သွားလာမှုမှာ ပုံမှန်ထက် လျော့နည်းနေပြီး လမ်းမအချို့မှာခြောက်ကပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့လက အောင်ဇမ္ဗူ၊ စမ်းရေမိုးတို့နဲ့ ဇာတ်ပွဲသံသောသောညံခဲ့တဲ့ မန္တလေးမြို့ဟာ စက်သုံးဆီဂယက်မှာတော့ ငြိမ်သက်တိတ်ဆိတ်သွားခဲ့တာဖြစ်ပါတယ်။

    “အကြောင်းကိစ္စမရှိရင် မထွက်တော့ဘူး။ ကားနဲ့တော့ဆီထုတ်ထွက်တယ်။ ဆိုင်ကယ်ထဲပြောင်းထည့်ပြီး ဆိုင်ကယ်နဲ့ပဲထွက်တော့တယ်”လို့ ချမ်းမြသာစည်မြို့နယ်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။

    “ညနေ ၅ နာရီကို လူမရှိဘူး။ အရင်က ညီမတို့လမ်းတလျှောက် တအားစည်ပြီး ယာဥ်သွားယာဥ်လာပြည့်ကျပ်နေတာ။ အခုလူကိုမရှိတော့ဘူး။ ဆိုင်လည်း လူကိုမလာတော့ဘူး”လို့ ပြည်ကြီးတံခွန်မြို့နယ်နေ စားသောက်ဆိုင်ဖွင့်ထားသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

    အသွားအလာနည်းပါးသွားတဲ့အတွက် မန္တလေးမြို့က စားသောက်ဆိုင်တွေ၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တွေ၊ ရှော့ပင်းမောလ်တွေမှာ အရောင်းအဝယ် ကျဆင်းသွားခဲ့တယ်လို့ ဆိုင်တာဝန်ရှိသူတွေက ပြောပါတယ်။

    အထူးသဖြင့် နေ့လယ်ခင်းပိုင်းတွေမှာ ဆိုင်တွေထဲဝန်ထမ်းတွေကလွဲလို့ တိတ်ဆိတ်နေခဲ့တယ်လို့ ဆိုင်တာဝန်ရှိသူတွေက ဆိုပါတယ်။

    “ရောင်းအားလည်း သိသိသာသာကျသွားတယ်။”လို့ မန္တလေးမြို့တွင်းက လက်ဖက်ရည်ဆိုင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ဒါ့အပြင် စစ်ကောင်စီက လိုင်စင်မဲ့ယာဥ်တွေကို ရောင်းချခွင့်မပြုတာကြောင့် လိုင်စင်မဲ့ဆိုင်ကယ်အသုံးပြုနေရတဲ့ အခြေခံ လက်လုပ်လက်စားအလုပ်သမားတွေဟာ စက်သုံးဆီကို ခက်ခက်ခဲခဲ စျေးကြီးပေးပြီး ဝယ်ယူနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

    “ဝစ်သောက်(လိုင်စင်မဲ့) ရောင်းမပေးတော့ အပြင်ကနေဝယ်ရတာ။ ဒါတောင်လိုသလောက်ဝယ်မရဘူး။ တော်တော်ရှားနေပြီ။တစ်ဘူးတစ်သောင်းပေးရတယ်”လို့ ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီက လာမယ့် ဧပြီ ၁ ရက်နေ့ကနေစပြီး မိမိယာဥ်နံပါတ်အလိုက် စက်သုံးဆီရောင်းချပေးတဲ့စနစ် ပြောင်းလဲဦးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြန်ပါတယ်။ ကားတစ်စီးဟာ တစ်လကို (၆) ရက် သာ သတ်မှတ်ရက်အတိုင်း ဝယ်ယူခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဘယ်နှစ်လီတာ ဝယ်ယူခွင့်ရမယ်ဆိုတာတော့ မသိရသေးပါဘူး။

    အခြေခံလူတန်းစားအလုပ်သမားတွေကတော့ ဆိုင်ကယ်ဆီပြတ်ရင် အချင်းချင်း ခြေကန်တွန်းပေးတာ၊ လမ်းလျှောက်ပြန်ကြတာတွေနဲ့ ဖြတ်သန်းနေကြတယ်လို့ သိရပါတယ်။

    (မတ်လ ၂၃ရက်က မန္တလေးမြို့ဆီဆိုင်တစ်ခုတွင် တန်းစီနေသောယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ)

    ဆီဆိုင်တွေမှာ ဆီထည့်ရင် ကားဝှီးတက်ကို စကင်ဖတ်ရတယ် ဆိုပေမယ့် ဆီဆိုင်က ဝန်ထမ်းကို တစ်သောင်းပေးလိုက်ရင် အဲဒီကားကို စကင်မဖတ်ပဲ ဆီထည့်ပေးလိုက်တယ်။

    အဲ့တော့ တက်စီတွေက ကားဆွဲမစားတော့ပဲ အကြိမ်ကြိမ်တန်းစီပြီး ဆီထုတ်စားနေကြတယ်။

    တနေ့ကို ၅ ကြိမ်တန်းစီပြီးထည့်ရင် တနေ့အမြတ်က နှစ်သိန်းခွဲရှိတော့ ကားဆွဲတာထက် ပိုကိုက်နေတယ်။

    အကျိုးဆက်ကတော့ ရန်ကုန်က ဆီဆိုင်တွေမှာ ကားတန်းကြီးတွေက လျော့မသွားတော့ဘဲ တက်စီတွေချည်း ဖြစ်နေပါတယ်။

  • မြန်မာပြည်တွင် အမေရိကန် CIA ၏ လှုပ်ရှားမှုများမှာ အသစ်အဆန်းမဟုတ်တော့သော်လည်း အိန္ဒိယအနေဖြင့် ကြိုတင်ပြင်ဆင်သင့်ဟုဆို

    မြန်မာပြည်တွင် အမေရိကန် CIA ၏ လှုပ်ရှားမှုများမှာ အသစ်အဆန်းမဟုတ်တော့သော်လည်း အိန္ဒိယအနေဖြင့် ကြိုတင်ပြင်ဆင်သင့်ဟုဆို

    မြန်မာပြည်တွင် အမေရိကန် CIA ၏ လှုပ်ရှားမှုများမှာ အသစ်အဆန်းမဟုတ်တော့သော်လည်း အိန္ဒိယအနေဖြင့် ကြိုတင်ပြင်ဆင်သင့်ဟုဆို

    မြန်မာပြည်တွင် အမေရိကန် ထောက်လှမ်းရေး-CIA ၏လှုပ်ရှားမှုများမှာ အသစ်အဆန်းမဟုတ်တော့သော်လည်း အိန္ဒိယအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်သင့်ကြောင်း India Narrative က အမြင် သဘောထားဖော်ထုတ်ရေးသားထားသည်။

    မကြာသေးမီက ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးရမိခြင်းက အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် အမေရိကန်၏ လျှို့ဝှက်လှုပ်ရှားမှုများအပေါ် ငြင်းခုံဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။

    လျှို့ဝှက်အရေးယူဆောင်ရွက်ရန် ကြိုးပမ်းသည်ဟု သံသယရှိရသော ဤဖြစ်ရပ်သည် ပေါ်ထွက်လာသည့် စိုးရိမ်ဖွယ်ရာအချက်နှစ်ချက်ကြောင့် အရေးပါနေသည်။ ပထမအချက်မှာ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအလွန် အခြေအနေဖြစ်ပြီး၊ ဒုတိယအချက်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အတွက် တရုတ်နိုင်ငံ၏ တိုးမြှင့်တွန်းအားပေးလာမှု ဖြစ်သည်။

    အမေရိကန်သည် ၂၀၂၁ ခုနှစ် ဒီမိုကရေစီအစိုးရကို ဖြုတ်ချခဲ့သည့် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ကာ ၎င်း၏ရပ်တည်ချက်ကို ခိုင်မာစေခဲ့သည်။ အစပိုင်းတွင် စစ်ကောင်စီကို ဝေဖန်ခြင်းနှင့် စစ်ခေါင်းဆောင်များကို ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သော်လည်း၊ တစ်နှစ်အတွင်း ဖိအားများကို တိုးမြှင့်ခဲ့ပြီး မြန်မာ့အရေးတွင် ပိုမိုပါဝင်လိုကြောင်း ဖော်ပြခဲ့သည်။

    ၂၀၂၂ ခုနှစ်တွင် အမေရိကန်က BURMA Act ကို အတည်ပြုခဲ့ပြီး၊ ၎င်းသည် စစ်ကောင်စီအပေါ် ပစ်မှတ်ထားပိတ်ဆို့ရန်နှင့် ပြည်သူများအား လူသားချင်းစာနာမှုအကူအညီများ ပေးရန် ခွင့်ပြုထားသည်။

    ဤအက်ဥပဒေ၏ အဓိကအချက်နှစ်ချက်မှာ လူသားချင်းစာနာမှု အကူအညီပေးခြင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ရန်ပုံငွေထောက်ပံ့ခြင်းဖြစ်ပြီး၊ ယင်းက တရုတ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် အမေရိကန်အား လျှို့ဝှက်စစ်ဆင်ရေးများ စီစဉ်ဆောင်ရွက်နိုင်စေသည်။

    အမေရိကန်အနေဖြင့် လျှို့ဝှက်စစ်ဆင်ရေးများကို တိုးချဲ့ရန် ရည်ရွယ်ခြင်းမှာ ယခုမှ မဟုတ်ပေ။ ယခင် SAD ဟုခေါ်ပြီး ယခု SAC ဟုခေါ်သော CIA ၏ အထူးလှုပ်ရှားမှုဌာနသည် တရုတ်ကို တန်ပြန်လျှို့ဝှက်အရေးယူရန်အတွက် စစ်အေးတိုက်ပွဲကာလကတည်းက မြန်မာနိုင်ငံတွင် လှုပ်ရှားခဲ့ဖူးသည်။

    ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်တွင် ကွန်မြူနစ်များ အနိုင်ရပြီးနောက်၊ ရှုံးနိမ့်သွားသော ကူမင်တန် (KMT) တပ်များမှာ နယ်စပ်ကိုဖြတ်၍ မြန်မာနိုင်ငံထဲသို့ ထွက်ပြေးခဲ့ကြသည်။ CIA က ယင်းကို အမျိုးသားရေးအင်အားစုများကို ပြန်လည်အသက်သွင်းရန်နှင့် တရုတ်ကို တိုက်ရန် ဒုတိယစစ်မျက်နှာဖွင့်ရန် အခွင့်အရေးအဖြစ် မြင်ခဲ့သည်။

    ယင်းသည် နည်းဗျူဟာရော မဟာဗျူဟာအရပါ အရေးပါသည့် လှုပ်ရှားမှုဖြစ်သည်၊ အကြောင်းမှာ ထိုစဉ်က အမေရိကန်သည် ကိုရီးယားစစ်ပွဲတွင် တရုတ်နှင့် ရင်ဆိုင်နေရသောကြောင့်ဖြစ်သည်။ ထို့ပြင် ဒုတိယစစ်မျက်နှာဖွင့်ခြင်းဖြင့် အနာဂတ်တွင် တရုတ်၏ ရေကြောင်းအင်အား တိုးချဲ့မှုကို ဟန့်တားနိုင်မည့် မဟာဗျူဟာမြောက် အားသာချက်လည်း ရှိခဲ့သည်။

    CIA သည် “Operation Paper” ကို စတင်ကာ ကူမင်တန်တပ်များကို ရန်ပုံငွေနှင့် သင်တန်းများ ပေးခဲ့ပြီး ကူမင်တန်နှင့် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်များ (ကရင်နှင့် ရှမ်းကဲ့သို့) ကြား မဟာမိတ်ဖြစ်အောင် စီစဉ်ပေးခဲ့သည်။ CIA ၏ ရည်ရွယ်ချက်မှာ ရှင်းပါသည် – တရုတ်ပြည်တွင် တော်လှန်ရေးပြန်စရန်နှင့် မြန်မာနိုင်ငံတွင် ဒုတိယစစ်မျက်နှာဖွင့်ရန်ဖြစ်သည်။

    သို့သော် CIA ၏ ရည်မှန်းချက်များမှာ ထင်သလောက် ခရီးမပေါက်ဘဲ ကျရှုံးခဲ့ရသည်။ အကြောင်းမှာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ကူမင်တန်တပ်များသည် ကွန်မြူနစ်များကို တိုက်ခိုက်ခြင်းထက် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးကိုသာ ပို၍ စိတ်ဝင်စားခဲ့ကြသောကြောင့် ဖြစ်သည်။

    အဓိက ကျရှုံးမှုမှာ ၁၉၆၁ ခုနှစ်တွင် မြန်မာအစိုးရက လျှို့ဝှက်ဆက်သွယ်မှုများကို ကြားဖြတ်ဖမ်းယူမိပြီး ကူမင်တန်များအတွက် ရိက္ခာချပေးသည့် လေယာဉ်တစ်စီးကို သိမ်းဆည်းမိလိုက်ချိန်တွင် ဖြစ်ပွားခဲ့သည်။

    မြန်မာအစိုးရက ယင်းကို အချုပ်အခြာအာဏာ ထိပါးမှုနှင့် လုံခြုံရေးခြိမ်းခြောက်မှုဟု ရှုမြင်ခဲ့ပြီး လုံခြုံ ရေးအာမခံချက်အတွက် ကွန်မြူနစ်တရုတ်နှင့် ပိုမိုနီးစပ်သွားစေခဲ့သည်။ စစ်အေးတိုက်ပွဲ အထမြင့်ဆုံးကာလတွင် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများသည် နာမည်ကျော် ရွှေတြိဂံဒေသမှတစ်ဆင့် မူးယစ်ဂိုဏ်းများနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန်နှင့် အဓိကအားဖြင့် တရုတ်စစ်ဘက် ဆက်သွယ်မှုများကို ကြားဖြတ်နားထောင်ရန်အတွက် နားထောင်မှုစခန်းများနှင့် မဟာဗျူဟာမြောက် အခြေစိုက်စခန်းအချို့ကို တည်ထောင်ခဲ့ကြသည်။

    အမေရိကန် မဟာဗျူဟာနှင့် လုံခြုံရေးအသိုက်အဝန်း၏ ထောက်လှမ်းရေးကဏ္ဍတွင် အသည်း အသန်ဖြစ်နေမှုမှာ ပို၍ ထင်ရှားလာသည်။ အထူးသဖြင့် ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် ကြေးစားစစ်သားဟောင်း အမေရိကန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိမှုက သက်သေပြနေသည်။

    ၎င်းသည် တိုင်းရင်းသားလက်နက်ကိုင်များကို သင်တန်းပေးရန် အိန္ဒိယမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့သည်ဟု ယူဆရသည်။ အကယ်၍ CIA က ၎င်း၏ လျှို့ဝှက်စစ်ဆင်ရေးများကို ပြန်လည်အသက်သွင်းမည်ဆိုလျှင် အကြောင်းရင်းနှစ်ချက် ရှိနိုင်သည်။

    ပထမမှာ မြန်မာ့ရွေးကောက်ပွဲနှင့် CMEC ဖွံ့ဖြိုးတိုးတက်လာမှုနောက်ပိုင်း တရုတ်၏ မဟာဗျူဟာနှင့် စီးပွားရေးဩဇာ တိုးတက်လာခြင်းဖြစ်သည်။ ဒုတိယမှာ စစ်ကောင်စီကို မတည်မငြိမ်ဖြစ်အောင်လုပ်ပြီး တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းခြင်းဖြစ်သည်။

    အမေရိကန် ထောက်လှမ်းရေး၏ အသည်းအသန်ဖြစ်မှုသည် ဂရိဖ် (Gulf) ဒေသတွင် အမေရိကန်၏ အကျိုးစီးပွားများအပေါ် တရုတ်၏ လျှို့ဝှက်ဝင်ရောက်စွက်ဖက်မှုများကြောင့်လည်း ဖြစ်သည်။

    တရုတ်သည် အရှေ့အလယ်ပိုင်းတွင် အစားထိုးအင်အားစုအဖြစ် ရပ်တည်ရန် ကြိုးပမ်းနေပြီး၊ CIA ညွှန်ကြားရေးမှူး၏ ပြောကြားချက်အရ အီရန်ကိုပင် မဟာဗျူဟာမြောက် ထောက်ပံ့မှုများ ပေးနေသည်ဟု ဆိုသည်။

    အမေရိကန်၏ လွှမ်းမိုးမှုကို စိန်ခေါ်လာခြင်းက တရုတ်ကို တန်ပြန်ရန် အကြောင်းပြချက် ပိုခိုင်မာစေသည်။ အမေရိကန်အတွက် မြန်မာနိုင်ငံသည် တရုတ်ကို ရေရှည်တန်ပြန်ရန်အတွက် မဟာဗျူဟာမြောက် နေရာတစ်ခုဖြစ်သည်။ သို့သော် ဤလျှို့ဝှက်ရင်ဆိုင်မှုများ၏ အကျိုးဆက်သည် အိန္ဒိယ၏ လုံခြုံရေးတွက်ချက်မှုအပေါ် တိုက်ရိုက်သက်ရောက်စေသည်။

    လက်နက်ကိုင်များကို သင်တန်းပေးခြင်းနှင့် လက်နက်ခဲယမ်း၊ ရန်ပုံငွေများကို လျှို့ဝှက်ထောက်ပံ့ခြင်းတို့သည် အိန္ဒိယ၏ အရှေ့မြောက်ပိုင်း (အထူးသဖြင့် မဏိပူရ) လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာသည်။

    အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်များသည် ထောက်ပံ့မှုနှင့် သင်တန်းများရရှိပါက မဏိပူရတွင် တင်းမာမှုများကို ပြန်လည်ဖြစ်ပေါ်စေပြီး လက်နက်နှင့် မူးယစ်ဆေးဝါးမှောင်ခိုမှု ကွန်ရက်များကို ရှုပ်ထွေးစေနိုင်သည်။ မြန်မာနိုင်ငံသည် လျှို့ဝှက်စစ်မြေပြင် ဖြစ်လာနေသဖြင့် အိန္ဒိယအနေဖြင့် လက်တွေ့ကျကျ ချဉ်းကပ်ကာ မိမိ၏ ဦးစားပေးလုပ်ငန်းစဉ်များကို ရှင်းရှင်းလင်းလင်း သတ်မှတ်ရပါမည်။

    အိန္ဒိယအနေဖြင့် နှစ်ဖက်စလုံးအပေါ် တန်းတူအလေးထားသည့် ပိုမိုထက်မြက်သော ဟန်ချက်ညီမှုတစ်ခု လိုအပ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များအပေါ် လက်နက်နှင့် ကုန်သွယ်ရေးဖြင့် ထိန်းချုပ်ထားသော တရုတ်ပွဲစားများအပေါ် မှီခိုနေရမှု လျှော့ချရန်အတွက် ၎င်းတို့နှင့် စီးပွားရေး၊ လော့ဂျစ်စတစ် (logistics) ပိုင်းအရ ခိုင်မာစွာ ထိတွေ့ဆက်ဆံရမည်။ ရက္ခိုင့်တပ်တော် (AA) အတွက် မီဇိုရမ်မှတစ်ဆင့် အိန္ဒိယဈေးကွက်သို့ ဝင်ရောက်နိုင်ခြင်းမှာ တရုတ်အတွက် မဟာဗျူဟာမြောက် အစားထိုးစရာဖြစ်ပြီး အိန္ဒိယအတွက် လက်နက်ကိုင်များနှင့် ဆက်ဆံရေး နက်ရှိုင်းစေရန် ကူညီပေးနိုင်သည်။

    အခြားတစ်ဖက်တွင်လည်း ရိုဟင်ဂျာအကြမ်းဖက်သမားများဆိုင်ရာ ထောက်လှမ်းရေးသတင်းများ ဝေမျှခြင်း၊ လက်နက်ခဲယမ်းနှင့် စစ်ဘက်ဆိုင်ရာ အကူအညီများပေးခြင်းဖြင့် စစ်ကောင်စီအပေါ် ဩဇာလွှမ်းမိုးမှုကို ထိန်းသိမ်းထားရမည်။ သို့သော် ဗိုလ်ချုပ်ကြီးများသည် မကြာမီ ရွေးကောက်ပွဲမှတစ်ဆင့် တရားဝင်မှုရရှိလာနိုင်သဖြင့် အိန္ဒိယအနေဖြင့် အင်အားစုနှစ်ရပ်လုံးနှင့် မဟာဗျူဟာမြောက် ကြားဝင်ဆောင်ရွက်ရန် ပြင်ဆင်ထားရမည်။

    အိန္ဒိယအနေဖြင့် ဆွေးနွေးညှိနှိုင်းနိုင်စွမ်းသာမက အလဲအလှယ်လုပ်နိုင်စွမ်းပါ ခိုင်မာသည့် ပိုမိုပြတ်သားပြီး စွန့်စားရသည့် လက်တွေ့ကျသော လုပ်ဆောင်ချက်များ လိုအပ်သည်။ ရွေးကောက်ပွဲအပြီးတွင် တရုတ်သည် မြန်မာပြည်တွင် ဩဇာပိုမိုချဲ့ထွင်လာမည်ဖြစ်ရာ ယင်းက အိန္ဒိယ၏ ဩဇာနှင့် ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် အိန္ဒိယအနေဖြင့် လိုအပ်ပါက အင်အား (Hard Power) ကို အသုံးပြု၍သော်လည်းကောင်း ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ လက်နက်အားလုံးကို အဆင်သင့်ရှိနေစေရပါမည်။

    (India Narrative ကဖော်ပြထားသည့် CIA’s Desperation In Myanmar Is Not New, India Must Prepare For Covert Circus ကို ဆီလျှော်အောင် ဘာသာ ပြန်ဆိုထားပါသည်။)

  • ၅၀၀၀ ဖိုးသော ဆီတစ်ပုလင်းနဲ့ လဲလှယ်လိုက်ရတဲ့ အသက်

    ၅၀၀၀ ဖိုးသော ဆီတစ်ပုလင်းနဲ့ လဲလှယ်လိုက်ရတဲ့ အသက်

    “၅၀၀၀ ဖိုးသော ဆီတစ်ပုလင်းနဲ့ လဲလှယ်လိုက်ရတဲ့ အသက်”

    စက်သုံးဆီဝယ်ဖို့ မနက် ၂ နာရီခွဲကတည်းက တန်းစီခဲ့ရတဲ့ မွန်ပြည်နယ် ချောင်းဆုံက Taxi သမားတစ်ဦး အပူရှပ်ပြီး သေဆုံးသွားခဲ့ရတဲ့သတင်းဟာ တကယ့်ကို စိတ်မကောင်းစရာပါ။

    တစ်နေ့တာ ဝမ်းရေးအတွက် ပူပြင်းတဲ့ရာသီဥတုအောက်မှာ နာရီပေါင်းများစွာ စောင့်ဆိုင်းနေရတဲ့ ပြည်သူတွေရဲ့ဘဝဟာ တကယ့်ကို ရုန်းကန်နေရပါတယ်။

    ဆိုင်ကယ်တစ်စီးကို ၅၀၀၀ ဖိုးပဲ ကန့်သတ်ရောင်းချပေးနေတာကြောင့် ဆီဆိုင်ကို အခေါက်ခေါက်အခါခါ ပြန်လာတန်းစီနေရတဲ့ ဒုက္ခတွေဟာ ဘယ်တော့မှ အဆုံးသတ်မှာလဲ?

    ကွယ်လွန်သူအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်။

  • တရုတ်တွင် ခွေးသားကုန်သည်များလက်မှ ထွက်ပြေးလွတ်မြောက်လာသည့် ခွေး ၇ ကောင် ၁၇ ကီလိုမီတာခရီး နှင်၍ အိမ်ပြန်ရောက်ရှိ

    တရုတ်တွင် ခွေးသားကုန်သည်များလက်မှ ထွက်ပြေးလွတ်မြောက်လာသည့် ခွေး ၇ ကောင် ၁၇ ကီလိုမီတာခရီး နှင်၍ အိမ်ပြန်ရောက်ရှိ

    တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ခွေးသားကုန်သည်ဟု သံသယရှိရသူများလက်မှ လွတ်မြောက်လာသော ခွေးခုနစ်ကောင်သည် အဝေးပြေးလမ်းမကြီးအတိုင်း အတူတကွ ခရီးနှင်ခဲ့ကြသည်။ ၎င်းတို့၏ ကျေးရွာဆီသို့ ၁၇ ကီလို မီတာခရီးကို နှင်၍ အိမ်ပြန်လာခဲ့ကြသည့် ထိုကြည်နူးဖွယ် ဗီဒီယိုဖိုင်သည် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

    တရုတ်နိုင်ငံသား လျူသည် မတ်လ ၁၆ ရက်နေ့က ကျီလင်းပြည်နယ် ချန်ချွန်းမြို့ရှိ အဝေးပြေးလမ်းမပေါ်တွင် ခွေးအုပ်စုတစု အတူ သွားနေကြသည်ကို ဗီဒီယိုရိုက်ကူးခဲ့ကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။ လျူသည် ထိုခွေးများကို ၎င်းတို့ကျေးရွာနှင့် ၁၇ ကီလိုမီတာခန့် ဝေးကွာသော အဝေးပြေးလမ်းမပေါ်တွင် စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

    ဗီဒီယိုဖိုင်တွင် ခွေးအုပ်စုသည် သတိကြီးစွာဖြင့် သွားနေကြပြီး ခွေးအချို့က ဒဏ်ရာရထားသည့် ဂျာမန်သိုးထိန်း (German Shepherd) ခွေးကြီး၏ အနီးနား ကပ်၍ သွားနေသည် တွေ့ရသည်။ ကော်ဂီ (Corgi) ခွေးလေးတကောင်က အုပ်စုကို ဦးဆောင်နေပုံရပြီး ကျန်ခွေးများကို ခဏခဏ နောက်လှည့်ကြည့်နေခဲ့သည်။

    “သူတို့က ဒုက္ခရောက်နေတဲ့ ညီအစ်ကိုတစုလိုပဲ တစုတဝေးတည်း သွားနေကြတာပါ။ လေလွင့်ခွေးတွေနဲ့ လုံးဝမတူပါဘူး” ဟု လျူက တရုတ်သတင်းစာ Dahe Daily သို့ ပြောသည်။ လျူက ထိုခွေးများ ဘေးကင်းစေရေး ကားလမ်းပေါ်မတက်ရန် ခြောက်လှန့်ဟန့်တားမှုများ အကြိမ်ကြိမ် လုပ်ခဲ့သော်လည်း ခွေးများက ရန်လိုတုံ့ပြန်ခြင်း မရှိခဲ့ပေ။

    လျူသည် ခွေးများ၏ ဗီဒီယိုကို တရုတ်လူမှုကွန်ရက် Douyin ပေါ်တွင် မျှဝေပြီးနောက် ဒေသန္တရအာဏာပိုင်များထံ အကူအညီ တောင်းခဲ့သည်။ ထိုခွေးများသည် ရွာတရွာတည်းမှဖြစ်ပြီး အတူတကွ သွားလာ နေထိုင်လေ့ရှိကြသဖြင့် သံယောဇဉ်ကြီးမားကြသူများဖြစ်ကြောင်း ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ Bitter Coffee Stray Dog Base မှ စေတနာ့ ဝန်ထမ်းများက ပြောသည်။

    အဆိုပါ သတင်းများ ထွက်ပေါ်လာပြီးနောက် ဒေသခံ ကယ်ဆယ်ရေးအဖွဲ့သည် စေတနာ့ဝန်ထမ်းများ စေလွှတ်၍ ခွေးများရှိရာနေရာကို ရှာဖွေခဲ့ကြပြီး ၎င်းတို့ နေရပ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိနိုင်စေရန် ဒရုန်းများ အသုံးပြု၍ လမ်းညွှန်ပေးခြင်း စသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

    ထိုခွေးများသည် ခွေးသားအရောင်းအဝယ် လုပ်ကိုင်သူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး သယ်ဆောင်သွားစဉ်အတွင်း ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်နိုင်ကြောင်း စေတနာ့ဝန်ထမ်းတဦးက ပြောသည်။ သို့သော် ထိုခွေးများ အဝေးပြေးလမ်းပေါ်သို့ မည်သို့ရောက်ရှိလာသည်ဆိုကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

    ယခုအခါ ခွေး ခုနစ်ကောင်စလုံးမှာ နေရပ်သို့ ဘေးကင်းစွာ ပြန်ရောက်သွားကြပြီဖြစ်ပြီး ပိုင်ရှင်များနှင့် ပြန်လည်ဆုံတွေ့ခဲ့ကြပြီ ဖြစ်ကြောင်း မတ်လ ၁၉ ရက်နေ့တွင် စေတနာ့ဝန်ထမ်းတဦးက Jimu News သို့ ပြောသည်။

    ပိုင်ရှင်တဦးက ၎င်း၏ ပျောက်ဆုံးနေသော ဂျာမန်သိုးထိန်းခွေးနှင့် ဂိုးလ်ဒန်းရက်ထရီဗာ (Golden Retriever) တို့ ပြန်လည်ရောက်ရှိလာသဖြင့် စိတ်သက်သာရာရကြောင်းနှင့် ထိုသို့သော ကံကြမ္မာဆိုးမှ လွတ်မြောက်လာခြင်းမှာ အလွန်ကံကောင်းခြင်းဖြစ်ကြောင်း ပြောသည်။

    အခြားပိုင်ရှင်တဦးကလည်း ၎င်း၏ ကော်ဂီခွေးလေးမှာ အလွန်ထက်မြက်ပြီး အိမ်ပြန်လမ်းကို ကောင်းကောင်းမှတ်မိတတ်သူဖြစ်ကြောင်း ဂုဏ်ယူစွာ ပြောခဲ့သည်။