Category: News

  • ထရမ့်၏ ခြိမ်းခြောက်မှုအပြီး အီရန်ရှိ ပစ်မှတ်များကို အမေရိကန်နှင့် အစ္စရေးတို့ အကြီးအကျယ် တိုက်ခိုက်

    ထရမ့်၏ ခြိမ်းခြောက်မှုအပြီး အီရန်ရှိ ပစ်မှတ်များကို အမေရိကန်နှင့် အစ္စရေးတို့ အကြီးအကျယ် တိုက်ခိုက်

    အီရန်နိုင်ငံ၏ ရေနံနှင့် စွမ်းအင်စက်ရုံများကို ဖောက်ခွဲဖျက်ဆီးပစ်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောကြားခဲ့ပြီးနောက် အင်္ဂါနေ့ (မတ်လ ၃၁ ရက်) တွင် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်အလယ်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ကြကာ အနောက်မြောက်ဘက်ရှိ အထင်ကရ ဘာသာရေးအဆောက်အအုံတခု ပျက်စီးခဲ့ရသလို နိုင်ငံအတွင်း လျှပ်စစ်မီးများလည်း ပြတ်တောက်သွားခဲ့သည်။

    အီရန်အလယ်ပိုင်း အစ္စဖာဟန်မြို့တွင် အနည်းဆုံး အင်အားပြင်းပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မီးခိုးလုံးကြီးများ တက်လာသည်ကို AFP သတင်းဌာနက အတည်ပြုထားသည့် ဗီဒီယိုမှတ်တမ်းများတွင် တွေ့မြင်ရသည်။

    အနောက်မြောက်ဘက် ဇန်ဂျန်မြို့ရှိ ရှီဟိုက်ဘာသာရေးစင်တာတခုဖြစ်သော Grand Husseiniya အဆောက်အအုံမှာလည်း ထိခိုက်ပျက်စီးသွားကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ကြသည်။

    တီဟီရန်မြို့ နေရာအချို့တွင် ပေါက်ကွဲမှုများနှင့် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အီရန်နိုင်ငံ၏ Fars သတင်းအေဂျင်စီက ထုတ်ပြန်သည်။ တီဟီရန်မြို့ခံများက တင်းကျပ်သော လုံခြုံရေးများအကြား ပုံမှန်လူနေမှုဘဝကို ရနိုင်သမျှ ဖက်တွယ်နေကြရသည်။

    “ကဖေးဆိုင်က စားပွဲမှာ ခဏလောက် ထိုင်မိတော့ ကမ္ဘာကြီးကတော့ မပျက်စီးသေးပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချင်မိတယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်တဲ့အခါမှာတော့ မှောင်မိုက်နေတဲ့ စစ်ပွဲကာလအတွင်း ရှင်သန်နေရတဲ့ လက်တွေ့ဘဝဆိုးကြီးထဲကို ပြန်ရောက်သွားရတာပါပဲ” ဟု အသက် ၂၇ နှစ်အရွယ် သွားဘက်ဆိုင်ရာ လက်ထောက်တဦးဖြစ်သူက ပြောသည်။

    အီရန်အစိုးရအနေဖြင့် စစ်ရေးဖိအားများကြောင့် မကြာမီ အရှုံးပေးပြီး သဘောတူညီချက်တခုကို လက်ခံလာလိမ့်မည်ဟု ထရမ့်က ယုံကြည်မှုရှိနေသော်လည်း၊ ပင်လယ်ကွေ့ဒေသအတွင်း အမေရိကန်၏ မြေပြင်စစ်ဆင်ရေးများ စတင်လာနိုင်ခြေရှိသည့်အတွက် စစ်ပွဲပိုမိုကျယ်ပြန့်လာမည်ကို ဈေးကွက်က စိုးရိမ်နေကြသည်။ ထို့ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာလည်း တရိပ်ရိပ် ပြန်လည်မြင့်တက်လာလျက် ရှိသည်။

    အီရန်၏ တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဒူဘိုင်းမြို့နှင့် အီရတ်နိုင်ငံမြောက်ပိုင်း အာဘေးလ် လေဆိပ်အနီးတို့တွင် ပေါက်ကွဲသံများ ကြားခဲ့ရပြီး ဂျေရုဆလင်မြို့တွင်လည်း အချက်ပေးဥသြဆွဲသံများ ထွက်ပေါ်ခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်အနီးတွင် ဒရုန်းတစင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ကြားဖြတ်ဟန့်တားချိန်တွင် လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေးအဖွဲ့က ပြောသည်။

    အစ္စရေးနိုင်ငံ တယ်လ်အဗီးမြို့အနီး ဗီနေးဘရက်ခ်အရပ်တွင် ပေါက်ကွဲစေတတ်သော ခဲယမ်းအပိုင်းအစများ ကျရောက်မှုကြောင့် လူရှစ်ဦးထက်မနည်း ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း အစ္စရေး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။ အီရန်နိုင်ငံဘက်မှ ဒုံးကျည်များ ပစ်လွှတ်လိုက်သည်ကို ထောက်လှမ်းသိရှိပြီးနောက် ဂျေရုဆလင်ဒေသတဝိုက်တွင် ပေါက်ကွဲသံ ၁၀ ကြိမ်ထက်မနည်း ကြားခဲ့ရသည်ဟု ဆိုသည်။

    ကူဝိတ်နိုင်ငံပိုင် ရေနံကုမ္ပဏီက ၎င်းတို့ ရေနံတင်သင်္ဘောကြီးတစင်း ဒူဘိုင်းဆိပ်ကမ်း၌ ကျောက်ချရပ်နားထားစဉ် “အီရန်၏ တိုက်ရိုက်နှင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု” ကြောင့် မီးလောင်ကျွမ်းခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

    အီရန်ကို တိုက်ခိုက်ရာတွင် ထရမ့်၏ မဟာမိတ်ဖြစ်သူ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတာညာဟုက စစ်ဆင်ရေး၏ စစ်ရေးရည်မှန်းချက် ထက်ဝက်ကျော်ကို အောင်မြင်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ခေါင်းဆောင်နှစ်ဦးစလုံးက စစ်ပွဲပြီးဆုံးမည့် အချိန်ဇယားကိုမူ ထုတ်ဖော်ပြောကြားရန် ငြင်းဆိုထားကြသည်။

    လက်ဘနွန်တောင်ပိုင်းတွင် အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာ အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရာ အစ္စရေးစစ်သည် လေးဦး ထပ်မံကျဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ် အင်္ဂါနေ့တွင် ထုတ်ပြန်သည်။

    အီရန်အနေဖြင့် အရေးပါသော ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး အပါအဝင် စစ်ပွဲရပ်စဲရေး သဘောတူညီချက်ကို မချုပ်ဆိုပါက အမေရိကန်တပ်ဖွဲ့များအနေဖြင့် အီရန်၏ ရေနံတွင်းများအားလုံး၊ အဓိကကျသော ခါ့ဂ်ကျွန်း ရေနံတင်ပို့သည့် ဆိပ်ကမ်း၊ လျှပ်စစ်စနစ်များနှင့် ရေငန်သန့်စင်စက်ရုံများကိုပါ ဖျက်ဆီးပစ်မည်ဟု ထရမ့်က တနင်္လာနေ့တွင် သတိ ပေးခဲ့သည်။

    အီရန်နှင့် အမေရိကန်အကြား ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး အစ်ရှက် ဒါးသည် အင်္ဂါနေ့တွင် ပေကျင်းမြို့သို့ သွားရောက်ကာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဝမ်ယိနှင့် “နှစ်ဦးနှစ်ဖက် အကျိုးအတွက် ကမ္ဘာ့ရေးရာ ကိစ္စရပ်များ” ကို ဆွေးနွေးရန် ရှိနေသည်။

    ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း အစ်ရှက်ဒါးသည် ဆော်ဒီအာရေဗျ၊ အီဂျစ်နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီးများကို အစ္စလာမ္မာဘတ်မြို့၌ လက်ခံတွေ့ဆုံခဲ့ပြီးနောက်၊ “လာမည့်ရက်ပိုင်းအတွင်း” အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးပွဲများကို လက်ခံကျင်းပပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

    ထရမ့်က ၎င်းအနေဖြင့် အီရန်အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဆက်သွယ်မှုရှိသည်ဟု ဆိုသော်လည်း မည်သူမည်ဝါဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အမေရိကန်အစိုးရသည် ပါကစ္စတန်အပါအဝင် ကြားခံနိုင်ငံများမှတဆင့် ဆွေးနွေးလိုကြောင်း ကမ်းလှမ်းချက်ကိုသာ ပေးပို့ခဲ့သည်ဟု ပြောသည်။

    ဘန်ကောက်ပို့စ်

  • သတိ🤯အထူးအရေးပေါ်သတင်း🤯

    သတိ🤯အထူးအရေးပေါ်သတင်း🤯

    သတိ🤯အထူးအရေးပေါ်သတင်း🤯

    (၃၁.၃.၂၀၂၆)

    ရီစားက ချစ်လို့ လည်ပင်း စုပ်လိုက်တာ ချက်ချင်းစုပ်ရာကနေ

    သွေးတွေခဲပြီး ဦးနှောက်ပါခဲ သေဆုံးသွားခဲ့သည်

    ဒါမျိုးလဲရှိတာပဲ

    လန့်စရာကြီး

    ချစ်သူက ဗင်းဖားယားလာမသိဘူး🤯

    ဟစ်ကီဆိုတဲ့ သွားရည်များသည် အလွန် အန္တရာယ်များပြီး

    တချို့သွားရည်များက မထင်ထားသော မြွေဟောက်ထက် အန္တရာယ်များနိုင်သည်

    ကမ္ဘာ့ နာမည်အကြီးဆုံးသတင်းတစ်ခုတွင် ရီစားကချစ်လို့ လည်ပင်း စုပ်ယူတာ

    ချက်ချင်း စုပ်ရာကနေ သွေးတွေခဲပြီ ဦးနှောက်ပါ ခဲ သေဆုံးသွားခဲ့သည်။

    လည်ပင်းတွင် အဓိကသွေးကြောများ သွေးလည်ပတ်မှုအကြောကြီးများ

    သွေးကိုခဲစေနိုင်တဲ့ သွေးကြောကြီးများ ရှိပြီး

    ရုတ်တရက် ထိုနေရာကို ထိမိခိုက်မိပါက အန္တရာယ်ဖြစ် စေနိုင်လို့

    လည်ပင်းများတွင် အထူးသွေးခဲစေနိုင်တဲ့ အကြောကြီးများရှိလို့ အထူးသတိထားရန်

    ခန္ဓာအထူးကုပါရဂူကြီးများက အထူးသတိထားပါတဲ့ဗျာ

  • ပြည်သူ့ပါတီဥက္ကဋ္ဌကြီးကို ပြန်ပြီး မေးခွန်းထုတ်လိုက်တဲ့ ခြူးလေး

    ပြည်သူ့ပါတီဥက္ကဋ္ဌကြီးကို ပြန်ပြီး မေးခွန်းထုတ်လိုက်တဲ့ ခြူးလေး

    အနုပညာရှင်တွေ စစ်မှုထမ်းရင် စစ်မှုထမ်းဖို့ ပြောတဲ့လူတွေက အနုပညာအလုပ်တွေ လုပ်နိုင်လားလို့ ပြည်သူ့ပါတီဥက္ကဋ္ဌကြီးကို ပြန်ပြီး မေးခွန်းထုတ်လိုက်တဲ့ ခြူးလေး 🥰

    အနုပညာရှင်များအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်:သင့်ကြောင်း ပြောဆိုခဲ့တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို စစ်တပ်အသိုင်းအဝိုင်းနှင့် ရင်းနှီးသူ သရုပ်ဆောင် ခြူးလေးက…

    “အနုပညာရှင်တွေ စစ်မှုထမ်းရင်၊ စစ်မှုထမ်းဖို့ ပြောတဲ့လူတွေက အနုပညာအလုပ်တွေ လာလုပ်နိုင်မှာလား

    “လူတွေက အနုပညာရှင်တွေကို စစ်ထဲသွားဖို့ချည်းပဲ ဝိုင်းပြီး တို-က်တွန်:နေကြတယ်။ နည်းနည်းပါးပါး ကိုယ်ချင်းစာ စဉ်းစားကြည့်ကြလေ။

    တကယ်လို့ ကျွန်မတို့တွေသာ ရှေ့တန်းသွားရပြီဆိုရင်၊ စ-စ်မှုထမ်:ဖို့ ပြောနေတဲ့ သူတွေက ကျွန်မတို့နေရာမှာ အစားဝင်ပြီး အနုပညာအလုပ်တွေ လာလုပ်နိုင်မှာမို့လို့လား။” ဆိုကြီး မေးခွန်းထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။

    ဒါ့အပြင် ခြူးလေးက အနုပညာရှင်ဆိုသည်မှာ နိုင်ငံတစ်ခုအတွက် အလွန်အရေးပါကြသူများဖြစ်၍ တန်းတစ်ခုရှိနေကြောင်း၊

    နေရာတကာ သာမန်အရပ်သားပြည်သူများအတွက် ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းတွေအတွင်း ဆွဲမထည့်သင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

  • အုပ်ချုပ်ရေးမှူး မန်းမောင်စန်းဒေးက သားဖြစ်သူကို စစ်မှုထမ်းထဲထည့်ပြီး ငွေကျပ် သိန်း ၁၅၀ ရယူ

    အုပ်ချုပ်ရေးမှူး မန်းမောင်စန်းဒေးက သားဖြစ်သူကို စစ်မှုထမ်းထဲထည့်ပြီး ငွေကျပ် သိန်း ၁၅၀ ရယူ

    မြောင်းမြမြို့နယ်၊ ကြွက်နွယ်ချောင်းအုပ်ချုပ်ရေးမှူး မန်းမောင်စန်းဒေးက သားဖြစ်သူကို စစ်မှုထမ်းထဲထည့်ပြီး ငွေကျပ် သိန်း ၁၅၀ ရယူ

    ပြည်သူများကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်း၍ စစ်မှုထမ်းကြေး ငွေညှစ်နေ

    ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကြွက်နွယ်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မန်းမောင်စန်းဒေးက စစ်မှုထမ်းရန် လူငှားခအကြောင်းပြကာ ရွာသားများထံမှ ငွေကြေးအမြောက်အမြား အဓမ္မကောက်ခံနေပြီး ၎င်း၏သားဖြစ်သူကို စစ်မှုထမ်းထဲထည့်ကာ ရွာကောက်ခံရရှိငွေထဲမှ ကျပ်သိန်း ၁၅၀ ကို ကိုယ်ကျိုးအတွက် ရယူခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ကြွက်နွယ်ချောင်းအုပ်စုရှိ ငါးမြင်းချောင်း၊ ငါးရွာစု၊ အနောက်စု၊ သူဌေးကုန်းနှင့် ရေကျော်ကုန်း စသည့်ကျေးရွာခွဲများရှိ အိမ်ခြေ ၄၀၀ ကျော်ထံမှ စစ်မှုထမ်းရန် လူငှားခအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် အနည်းဆုံး ၅ သောင်းမှ ငွေကျပ် သိန်းချီ၍ စစ်မှုထမ်း အပတ် စဉ် ၂၃ ခုအထိ တောက်လျှောက် ကောက်ခံခဲ့သည်။

    ၂၀၂၄ ခုနှစ် စစ်မှုထမ်းစစ်သားများ လစဉ် စတင်ခေါ်ယူချိန် အစပိုင်းတွင် ၁လ ၁ ကြိမ်သာ စစ်မှုထမ်းကြေး ကောက်ခံခဲ့သော်လည်း ယခုအခါ စစ်မှုထမ်းကြေးဟုဆိုကာ ၁ လလျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ တိုးမြှင့်ကောက်ခံလာကြောင်း သိရသည်။

    ကြွက်နွယ်ချောင်းအုပ်ချုပ်ရေးမှူး မန်းမောင်စန်းဒေးက ၎င်း၏သားဖြစ်သူကို စစ်မှုထမ်းရန် စေလွှတ်ခဲ့ပြီး လူငှားခအဖြစ် ရွာမှကောက်ခံရရှိထားသည့် ငွေ ကျပ်သိန်း ၁၅၀ ကို ထုတ်ယူသုံးစွဲခဲ့ကြောင်း ၊ လက်ရှိတွင် ၎င်း၏သားမှာ စစ်တပ်အတွင်း အရာရှိများနှင့် ရင်းနှီးမှုယူကာ အချက်အပြုတ်တာဝန်ဖြင့် ရှေ့တန်းထွက်စရာမလိုဘဲ နောက်တန်းတွင်သာ နေထိုင်ခွင့်ရရှိကြောင်း သိရှိရသည်။

    ကြွက်နွယ်ချောင်းအုပ်ချုပ်ရေးမှူး မန်းမောင်စန်းဒေးက စစ်မှုထမ်းရန် နာမည်စာရင်းပါသည့် စာအိတ်များကို ခဏခဏဖောက်ကာ နာမည်ပါလာသူများထံမှ ငွေကြေးအဆမတန် တောင်းခံလျက်ရှိသည်ဟု သိရှိရသည်။

    “ဖေဖော်ဝါရီလထဲမှာ စစ်မှုထမ်းရမယ်လို့ နာမည်ပါသူ ၁ ဦးဆီကနေ ငွေကျပ် သိန်း ၂၀ သူက သွားတောင်းတယ်။ နောက်ထပ် လူငယ် ၁ ဦးကိုလည်း သိန်း ၂၀ သွားတောင်းတာမှာ ဟိုက မရှိလို့ပါဆိုပြီး ၁၀ သိန်းနဲ့ ကျေနပ်လိုက်တယ်။ စစ်မှုထမ်းကို အကြောင်းပြပြီး ငွေလိုက်ညှစ်တယ်။ ငွေတောင်းတယ်။ အနိုင်ကျင့်တယ်”ဟု ကြွယ်နွယ်ချောင်းကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ယခုမတ်လအတွင်းလည်းမြို့နယ်မှ စစ်မှုထမ်း စာအိတ် ၃ လုံး ပေးပို့သည်ဟုဆိုကာ နာမည် ပါလာသူများထံမှ ၁၅ သိန်း၊ ၁၀ သိန်းနှင့် ၈ သိန်းခွဲစီ အသီးသီး တောင်းယူခဲ့ကြောင်း၊ ငွေတောင်းခံရသူများမှာ ဝင်ငွေနည်းမိသားစုများဖြစ်၍ အတိုးဖြင့် ငွေကြေးချေးယူပြီး အုပ်ချုပ်ရေးမှူးထံသို့ ပေးဆောင်ခဲ့ရကြောင်း သိရသည်။

    ကြွက်နွယ်ချောင်းအုပ်ချုပ်ရေးမှူး မန်းမောင်စန်းဒေးက ရွာမှကောက်ခံရရှိသည့် ငွေများဖြင့် မြောင်းမြမြို့ပေါ်ရှိ KTV များသို့ သွားရောက် ပျော်ပါးနေပြီး မြို့ပေါ်မှ ထွေ/အုပ်၊ စစ်တပ်နှင့်ရဲ အပါအဝင် အာဏာပိုင်များကို လာဘ်ထိုးကြောင်း သိရှိရသည်။

    လက်ရှိတွင် ရွာအတွင်းရှိ လူငယ်များမှာ စစ်မှုထမ်းရန် နာမည်ပါမည်ကို စိုးရိမ်သဖြင့် ထွက် ပြေးတိမ်းရှောင်နေကြရပြီး ကျန်ရစ်သူ မိသားစုဝင်များမှာလည်း နေ့စဉ်နှင့်အမျှ ထိတ်လန့်ကြောက်ရွံ့နေကြရကြောင်း သိရှိရသည်။

  • ရုပ်ရည်လေးနဲ့မှ မလိုက်… ဆရာတော် အိပ်ပျော်နေတုန်း ခို-းယူ-သွားတဲ့ CCTV မှတ်တမ်း

    ရုပ်ရည်လေးနဲ့မှ မလိုက်… ဆရာတော် အိပ်ပျော်နေတုန်း ခို-းယူ-သွားတဲ့ CCTV မှတ်တမ်း

    ⚠️ ရုပ်ရည်လေးနဲ့မှ မလိုက်… ဆရာတော် အိပ်ပျော်နေတုန်း ခို-းယူ-သွားတဲ့ CCTV မှတ်တမ်း (အားလုံး သတိထားနိုင်အောင် Share ပေးကြပါဦး)

    တကယ့်ကို မယုံနိုင်စရာပါပဲရှင်။ ရုပ်ရည်လေး သန့်သန့်ပြန့်ပြန့်နဲ့ မိန်းကလေးတစ်ယောက်က အခုလို လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်ပါဘူး။

    ရန်ကုန်မြို့၊ မြနန္ဒာကမ္ဘောဇကျောင်းမှာ မတ်လ (၃၀) ရက်၊ မနက် (၉) နာရီကျော်အချိန်က ဖြစ်ပွားခဲ့တာပါ။

    ဆရာတော် အိပ်ပျော်နေတဲ့ အခွင့်ကောင်းကိုယူပြီး ဆရာတော်ရဲ့ လက်ကိုင်ဖုန်းနဲ့ အလှူငွေတွေကို ခို-းယူ-သွားခဲ့တာ ဖြစ်ပါတယ်။

    CCTV မှတ်တမ်းအရ ဒီအမျိုးသမီးရဲ့ လုပ်ရပ်ဟာ တကယ့်ကို ရဲတင်းလွန်းလှပါတယ်ရှင်။ အခြားကျောင်းတိုက်တွေနဲ့ ပြည်သူတွေအနေနဲ့လည်း ဒီအမျိုးသမီးကို သတိထားနိုင်ဖို့နဲ့ ထပ်မံပြီး အလိမ်အညာ မခံရစေဖို့အတွက် ဆရာတော်က အသိပေး တင်ပြထားတာ ဖြစ်ပါတယ်။

    ဒီအမျိုးသမီးကို မြင်ဖူးတွေ့ဖူးသူရှိရင် သက်ဆိုင်ရာကို အကြောင်းကြားပေးကြဖို့နဲ့ အမှန်တရား ပေါ်ပေါက်စေဖို့အတွက် ဝိုင်းဝန်း Share ပေးကြပါဦးရှင်။