Category: News

  • မြောက်ဦးဆေးရုံဗုံးကြဲမှုအပေါ်  ပြင်းထန်စွာလက်တုံ့ပြန်မယ်လို့ AA ထုတ်ပြန်

    မြောက်ဦးဆေးရုံဗုံးကြဲမှုအပေါ် ပြင်းထန်စွာလက်တုံ့ပြန်မယ်လို့ AA ထုတ်ပြန်

    စစ်တပ်ကျူးလွန်မှုကို နိုင်ငံတကာက လက်ပိုက်ကြည့်မနေဘဲ ထိန်းကျောင်းပေးဖို့ အကူအညီတောင်း၊ စစ်တပ်ကျူးလွန်ခဲ့တာတွေထဲမှာ အဆိုးဝါးဆုံး အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုဟုဆို စစ်တပ်က ဆေးဝါးတွေပိတ်ဆို့ထားချိန်၊ အိမ်နီးချင်းနိုင်ငံတွေဆီကဆေးဝါး အလွယ်ဝယ်မရချိန် အခက်ခဲ အကြမ်းတမ်းဆုံးကာလကို ဖြတ်သန်းနေရဟု အသိပေး ရက္ခိုင်ဒေသတကျော့ပြန်စစ်ပွဲ (၂)နှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံ ပြည်သူ ၁၂၀၀ ထက်မနည်း သေဆုံး ရက္ခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို အာဏာသိမ်းစစ်ကောင်စီက ဒီဇင်ဘာ ၁ဝရက်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အပေါ် အာရက္ခတပ်တော်(AA)က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်တပ်ကျူးလွန်ခဲ့တာတွေထဲမှာ အဆိုးဝါးဆုံး အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ဖော်ပြပါတယ်။ မြောက်ဦးဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ဆေးရုံအတွင်း ဆေးကုသခံယူနေကြတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ၊ (၃)လသားအရွယ် မိန်းကလေး တစ်ဦးအပါအဝင် အမျိုးသား (၁၆) ဦး၊ အမျိုးသား (၁၇) ဦး…

  • ဥရောပဟာ ခေါင်းဆောင် ”ညံ့” ပြီး ”အင်အားချိနေပြီ” လို့ ထရမ့် ဝေဖန်

    ဥရောပဟာ ခေါင်းဆောင် ”ညံ့” ပြီး ”အင်အားချိနေပြီ” လို့ ထရမ့် ဝေဖန်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပခေါင်းဆောင်တွေကို “ညံ့ဖျင်းတယ်”လို့ ဝေဖန်ပြီး ယူကရိန်းအတွက် အမေရိကန်ရဲ့အထောက်အပံ့တွေကို လျှော့ချမယ်လို့ ဆိုလာပါတယ်။​ အမေရိကန်နိုင်ငံရေး သတင်းဌာနတစ်ခုဖြစ်တဲ့ Politico နဲ့အင်တာဗျူးမှာ သူက ”အင်အားချိလာ” နေတဲ့ ဥရောပနိုင်ငံတွေဟာ ရွှေ့ပြောင်းအရေးကို မထိန်းချုပ်နိုင်သလို ရုရှား-ယူကရိန်း စစ်ပွဲကို ရပ်တန့်အောင် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ မဆောင်ရွက်နိုင်ကြဘူးလို့ ပြောထားတာပါ။​ ဒီနိုင်ငံတွေဟာ အကူအညီအပြည့်အဝမပေးဘဲ ယူကရိန်း ကျရှုံးအောင် လုပ်ဆောင်နေကြတယ်လို့လည်း စွပ်စွဲထားပါတယ်။​ ယူကရိန်း – ရုရှားစစ်အတွက် အဖြေတစ်ခုကို ခပ်မြန်မြန်ထုတ်လိုက်တာဟာ ဥရောပတစ်တိုက်လုံးရဲ့ ရေရှည် အကျိုးစီးပွားတွေကို လျော့ပါးရာ လျော့ပါးကြောင်း ဖြစ်မှာကို စိုးရိမ်တာကြောင့် အမေရိကန် ဦးဆောင်နေတဲ့ အပစ်ရပ်ရေးဆောင်ရွက်ချက်တွေမှာ ဥရောပခေါင်းဆောင်တွေက နေရာတစ်ခုဝင်ယူဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပါတယ်။ ထရမ့်ရဲ့စွပ်စွဲချက်နဲ့ ပတ်သက်လို့ ယူကေနိုင်ငံခြားရေးဝန်ကြီး အိဗ်ကူးပါးကတော့ ဥရောပဟာ…

  • ဇောင်းကြွနေတဲ့ သီတာယုမွန်တို့တဖွဲ့လုံး မာလကီးယား

    ဇောင်းကြွနေတဲ့ သီတာယုမွန်တို့တဖွဲ့လုံး မာလကီးယား

    သီတာယုမွန်ပျူစောထီးနှင့်စစ်သား မိုင်းဆွဲခံရမှု ၁၅ ဦးခန့်ပြင်းထန်းဒဏ်ရာရ မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မြောက်ဘက် ကျောက်ပြုတ်မှထွက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ကထုတ်ပြန်သည်။ ဒီဇင်ဘာ ၇ ရက်နေ့ ည ၇ နာရီ ခွဲဝန်းကျင်တွင် မြင်းခြံမြို့နယ်၊ကျောက်ပြုတ်ကျေးရွာမှ ထွက်လာသည့် သီတာယုမွန်ပျူစောထီးအဖွဲ့နှင့် စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ကျောက်ပြုတ် ဘုရားကုန်းအနီးမိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း ၁၅ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိသွားပြီး သေဆုံးသူများလည်းရှိနိုင်ကြောင်း၊အထိနာသွားသည့် စစ်အုပ်စုဝင်များသည် ရမ်းသန်းပစ်ခတ်ပြီး ပြန်လည်ထွက်ပြေးသွားကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့ ၊ Myingyam DangerDynamite အဖွဲ့နှင့် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

  • ပြည်သူ ၃၅ ဦးသေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပေါ် NUG က အပြင်းအထန် ရှုတ်ချ

    ပြည်သူ ၃၅ ဦးသေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပေါ် NUG က အပြင်းအထန် ရှုတ်ချ

    ပြည်သူ ၃၅ ဦးသေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပေါ် NUG က အပြင်းအထန် ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂနှင့် ICC တရားရုံး အပါအဝင် နိုင်ငံတကာက စစ်အုပ်စုကို အရေးယူရန် တောင်းဆို ရခိုင်ပြည်၊မြောက်ဦးမြို့နယ်တွင် ပြည်သူ ၃၅ ဦးသေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အပြင်းအထန် ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂနှင့် ICC တရားရုံးအပါအဝင် နိုင်ငံတကာက စစ်အုပ်စုကို အရေးယူရန် တောင်းဆိုလိုက်သည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ည ၉ နာရီကျော်အချိန် အကြမ်းဖက်စစ်အုပ်စုသည် ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ရှိ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို တိုက်လေယာဉ်များ အသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ…

  • အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ မြောက်ဦးဆေးရုံဗုံးကြဲခံရမှု (ဓာတ်ပုံမှတ်တမ်း)

    အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ မြောက်ဦးဆေးရုံဗုံးကြဲခံရမှု (ဓာတ်ပုံမှတ်တမ်း)

    မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရသူ ၈၀ အထိ ရှိလာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၃၃ ယောက် နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၈၀ ယောက်ထက်မနည်း ရှိလာ‌နေပြီလို့ ဒေသခံတွေနဲ့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီကျော်အချိန်မှာ မြောက်ဦးဆေးရုံကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချသွားခဲ့တာပါ။ ဗုံးကြဲလို့ သေဆုံးသူတွေထဲမှာ မွေးကင်းစကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ ဆေးရုံဝန်ထမ်းတွေ၊ လူနာတွေ၊ လူနာစောင့်တွေအပြင် ရိုဟင်ဂျာ လူမျိုး ၂ ယောက်လည်း ပါဝင်နေပြီး…