Category: News
-

ကမ္ဘောဒီးယားနယ်စပ်အနီး၌ တင့်ကားများ ပစ်ခတ်နေပုံ ရုပ်သံဖိုင် ထိုင်းစစ်တပ် ထုတ်ပြန်
ထိုင်းနဲ့ ကမ္ဘောဒီးယား အိမ်နီးချင်း ၂ နိုင်ငံ နယ်စပ်ရဲ့ ကမ္ဘောဒီးယားဘက်ခြမ်းက ခြံဝင်းတခုကို ဖျက်ဆီးဖို့ ‘တင့်ကားနဲ့ပစ်ခတ်တဲ့ စစ်ဆင်ရေး’ လုပ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ဒီဇင်ဘာ ၉ ရက်မှာ ပြောခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဘန်တေမီချေပြည်နယ်၊ ဆရာငွိုင်မြို့မှာရှိတဲ့ အဲဒီပစ်မှတ်ဟာ ထိုင်းနိုင်ငံ၊ ဆာကဲးပြည်နယ်၊ ထာ့ဖရာယာ ခရိုင်မှာရှိတဲ့ ဘန်းထာ့ဖရာယာ နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ တခြားတဖက်မှာ ရှိတယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။ အဆောက်အအုံဖွဲ့စည်းပုံ၊ စိုက်ခင်းတွေနဲ့ လမ်းအပြင်အဆင်တွေက ဂြိုဟ်တုပုံရိပ်တွေနဲ့ ကိုက်ညီနေလို့ ဗီဒီယိုရဲ့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ထိုင်းစစ်တပ်က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ရဲ့ ရိုက်ကူးတဲ့ ရက်စွဲကိုတော့ လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပါဘူး။ အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံစလုံးက သူတို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရာမှာ နောက်မဆုတ်ဘူးလို့ ပြောခဲ့ကြလို့ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့အကြား…
-

ထိုင်းတွင် ကျင်းပသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ ကမ္ဘောဒီးယား နုတ်ထွက်
ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုများကြောင့် အားကစားသမားများ၏ လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေကို အကြောင်းပြ၍ အဖွဲ့ဝင် ၁၃၇ ဦးပါဝင်သော ကမ္ဘောဒီးယားအားကစားအဖွဲ့ သည် ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEA Games) မှ နုတ်ထွက်ကြောင်း ပြောကြားလိုက်သည်။ ကမ္ဘောဒီးယားအဖွဲ့သည် (၃၃) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်မှ နုတ်ထွက်ကြောင်း ကြေညာပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ထောက်ပြကာ ကြာသပတေးနေ့တွင် ၎င်းတို့နိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဟု ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီတွင် ပြိုင်ပွဲစီစဉ်သူများထံ နုတ်ထွက်ကြောင်း အတည်ပြုစာတရားဝင် တင်သွင်းရန် ယင်းအဖွဲ့က စီစဉ်ထားသည်။ ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့သည် ရာဇမန်ဂလာ အမျိုးသားအားကစားကွင်းတွင် ပြုလုပ်ခဲ့သော ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ခဲ့သည်။ အားကစားသမားနှင့်…
-

ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲများ ရပ်တန့်ရန် ဖုန်းခေါ်ဆိုမည်ဟု ထရမ့် ပြော
အာရှ အိမ်နီးချင်းနှစ်နိုင်ငံ ထိုင်းနှင့် ကမ္ဘောဒီးယားကြား ဇူလိုင်လအတွင်းက ငါးရက်ကြာ တိုက်ပွဲကို အောင်မြင်စွာ အပစ်အခတ် ရပ်စဲအောင် ကြားဝင်စေ့စပ်ပေးခဲ့သူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ရှိ ထပ်မံ ဖြစ်ပွားနေသော သုံးရက်တိုင်ပြီဖြစ်သည့် ထို နှစ်နိုင်ငံကြား တိုက်ပွဲ ရပ်တန့်ရေးအတွက် ဖုန်းခေါ်ဆိုမှု ပြုလုပ်မည်ဟု ပြော သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆတ်ပေါင်ကတ်ကူးက နယ်စပ်ပဋိပက္ခကို ညှိနှိုင်းဆွေးနွေးနိုင်ရေး အလားအလာ မရှိကြောင်း အင်္ဂါနေ့က ပြုလုပ်သည့် အင်တာဗျူးတရပ်၌ ပြောပြီး အခြေအနေက ကြားလူ ဝင်ရောက်စေ့စပ်၍ အဆင်မပြေနိုင်ကြောင်း ထပ်လောင်း ဆိုသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၏ ထိပ်တန်းအကြံပေးတဦးကမူ ၎င်းတို့နိုင်ငံက ”စကားပြောဆိုရန် အချိန်မရွေး အသင့်ရှိကြောင်း” ပြောသည်။ ပန်ဆယ်ဗေးနီးယားတွင် အင်္ဂါနေ့ စုဝေးပွဲတရပ်၌ ထရမ့်က အရှေ့တောင်အာရှ၌ တကျော့ပြန်…
-

ချော်တွင်းကုန်းမီးပွိုင့်အနီးတွင် ရပ်ထားသည့်ကား(၃) စီးကို ဝင်တိုက်
ချော်တွင်းကုန်းမီးပွိုင့်အနီးတွင် ရပ်ထားသည့်ကား(၃) စီးကို ဝင်တိုက်ခဲ့သည့် အိမ်စီးကားမောင်းသူအား မရမ်းကုန်းမြို့မရဲစခန်းတွင်အမှုဖွင့်ထား ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်း၏ ချော်တွင်းကုန်းမီးပွိုင့်အနီးတွင်ရပ်ထားသော ကား(၃)စီးကို အိမ်စီးကားမှဝင်တိုက်မိခဲ့မှု ဒီဇင်ဘာ ၄ ရက်နံနက် ၂ နာ ရီကျော်ခန့်ကဖြစ်ပွားခဲ့ရာ ဝင်တိုက်ခဲ့သည့်အိမ်စီးကားမောင်းသူကို မရမ်းကုန်းမြို့မရဲစခန်း၌အမှုဖွင့်ထားကြောင်း သိရသည်။ Rav 4 ကားမှ Mark 2 (ရွှေငါး)ကား၊ Honda fit ကားနှင့် Suzuki Solio ကားတို့အားပြင်းထန်စွာတိုက်မိခဲ့ရာ Mark 2 ကားမှာကြေမွပျက်စီးမှုများပြားခဲ့ပြီး အခြား ကား(၂)စီးမှာလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ ထိခိုက်ပျက်စီးခဲ့သည့် ကားပိုင်ရှင်များမှ Rav 4 ကားမောင်းသူအား မရမ်းကုန်းမြို့နယ်ရဲစခန်းတွင်အမှုဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။ ” ကျွန်တော်တို့လည်းခံစားရတာပေါ့ဗျာ။ ဒီကားလေးနဲ့ တက္ကဆီဆွဲနေရတာ။ ဝင်ငွေလည်းနစ်နာတယ်။ ကိုယ့်ပိုက်ဆံလည်းစိုက်ထုတ်ပြင်ရဦးမယ်။ အိမ်က ကလေးကိုလည်းကျောင်းပို့ဖို့ခက်သွားတယ်။ ကျူးလွန်သူတွေက…
-

ဖားကန့်မြို့နယ်တွင် အသံတိတ်သပိတ် ရာနှုန်းပြည့်အောင်မြင်
စစ်တပ်က မြို့ကို ပိတ်၍ စစ်ဆေးရေး လုပ်နေစဉ် ဗုံးပေါက်ကွဲပြီး စစ်တပ်ဘက်မှ ၂ ဦးဒဏ်ရာရ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အသံတိတ်သပိတ် ရာနှုန်းပြည့်အောင်မြင်ကြောင်း ဖားကန့်ဒေသမှ တော်လှန်ရေး သတင်းရင်းမြစ်နှင့် သပိတ်အင်အားစုများက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ဝန်းကျင်မှ စတင်ပြီး ဖားကန့်တစ်မြို့လုံးတွင် အသံတိတ်သပိတ်အဖြစ် ပြည်သူများက ပါဝင် ဆင်နွှဲကြပြီး လမ်းပေါ်တွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိတော့ကြောင်း၊ စစ်တပ်၊ရဲနှင့် ပြည်သူ့စစ်၊ပျူစောထီးများ သာကျန်ရစ်ကြောင်း၊ စစ်တပ်ကလည်း ဖားကန့်မြို့ကို ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ စစ်တပ်က ဖားကန့်တစ်မြို့လုံးကို ပိတ်ဆို့ စစ်ဆေးနေစဉ် ဖားကန့်မြို့လယ် ဘေလီတံတားထိပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။…