Category: News
-

ကသာမြို့ရဲ့ မြင်ရက်စရာမရှိသော အနိဋ္ဌာရုံများ
ကသာမြို့၊ လေးထပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကျဲမှုအတွင်း သေဆုံးသွားသော အနည်းဆုံး ပြည်သူ ၅၀ ထက်မနည်း၏ အလောင်းများ၊ ဦးခေါင်းမဲ့ ခန္ဓာကိုယ်များ၊ အသားအပိုင်းအစများ နေရာအနှံ့ပြန့်ကျဲနေ၊ မီးလောင်ကျွမ်းပြီး အလောင်းပင် ပြန်မရတော့သူများလည်း အမြောက်အမြားရှိနေ စစ်ကိုင်းတိုင်း၊ ကသာမြို့၊ လေးထပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကျဲမှုအတွင်း သေဆုံးသွားသော အနည်းဆုံး ပြည်သူ ၅၀ ထက်မနည်း၏ အလောင်းများ၊ ဦးခေါင်းမဲ့ ခန္ဓာကိုယ်များ၊ အသားအပိုင်းအစများ နေရာအနှံ့ပြန့်ကျဲနေပြီး မီးလောင်ကျွမ်း၍ အလောင်းပင် ပြန်မရတော့သူများ အမြောက်အမြားရှိနေကြောင်း ကသာမြို့နယ်အခြေစိုက် စစ်ဘေးရှောင်များကို ကူညီနေသူတချို့က ပြောဆိုသည်။ မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်း ကသာမြို့၊ ခြေလျင်တပ်ရင်း ခလရ – ၃၀၉ နှင့် တော်လှန်ရေးအင်အားစု (PDF) များ တိုက်ပွဲများဖြစ်ပွားကြောင်း၊…
-

စစ်ပွဲကို ‘ချက်ချင်း’ အဆုံးသတ်နိုင်သော်လည်း အီရန်’နာလန်မထူနိုင်အောင်’ ဆက်တိုက်သွားမည်ဟု ထရမ့် ပြော
အီရန်အပေါ် စစ်ရေးအရ အရေးယူမှုများကို ‘ယခုချက်ချင်း’ အဆုံးသတ်နိုင်သလို၊ အီရန်၏ စစ်ဘက် ဆိုင်ရာစွမ်းဆောင်ရည်များကို ဆယ်စုနှစ်တခုအတွင်း ပြန်လည်တည်ဆောက်နိုင်စွမ်းမရှိအောင် အမေရိ ကန်က လုပ်ဆောင်နိုင်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့တွင် ပြောကြားလိုက်သည်။ သို့သော် ယင်းမှာ “လက်ခံနိုင်ဖွယ်ရှိသော အခြေအနေမျိုး မဟုတ်ကြောင်း” ဒေါ်နယ်ထရမ့်က အမ်အက်စ်နောင်းသတင်းဌာနမှ စတီဖနီ ရူးလ်နှင့် ဖုန်းဖြင့် မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ အချိန်၁၅ မိနစ်ခန့်ကြာမြင့်သည့် ဖုန်းဖြင့် မေးမြန်းခန်းတွင် ထရမ့်က “ကျွန်တော်တို့ အခုချက်ချင်း ထွက်ခွာသွားမယ်ဆိုရင်တောင် အီရန်က ပြန်လည်တည်ဆောက်ဖို့ အနည်းဆုံး ၁၀ နှစ် ကြာပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ကလည်း ပြန်လည်တည်ဆောက်ကြမှာပဲ” ဟု ဆိုသည်။ “ကျွန်တော်တို့ အဲဒီမှာ ကြာကြာနေမယ်ဆိုရင်တော့ သူတို့ ဘယ်တော့မှ ပြန်မတည်ဆောက်နိုင်တော့ ဘူး”…
-

ကျောက်ဖြူသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်း ၂ ရက်ဆက် တိုက်ခိုက်ခံရ
ကျောက်ဖြူသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်း ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၂ ဒါဇင်ကျော် သေဆုံး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း တပ်အပြောင်းအလဲများ ပြုလုပ်၍ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်းနှစ်ခု နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရသဖြင့် နှစ်ဒါဇင်ကျော် သေဆုံးကာ အထိနာသွားကြောင်း သိရသည်။ မတ်လ ၁၇ ရက်နေ့တွင် မင်းပြင်နှင့် သိုင်းချောင်ကျေးရွာကြားသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းကို အာရက္ခတပ်တော် (AA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ၂၅ ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။ အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် မတ် ၁၆ ရက်နေ့ကလည်း အဆိုပါကျေးရွာများအနီးမှာပင် တိုက်ခိုက်ခံရသဖြင့် တပ်ပျက်ကာ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။ ”ကျောက်ဖြူမြို့ရဲ့ တောင်ဘက် နေရာအစုံမှာ…
-

ကနီမှာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်တပ်ကဂျက်ဖိုက်တာ ၇ စီးနဲ့ ဗုံးကြဲ
စစ်ကိုင်းတိုင်းကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းကို ဒီနေ့ နေ့လည်ပိုင်းမှာစစ်တပ်ကဂျက်ဖိုက်တာ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတွေသေဆုံးထိခိုက်မှုတွေရှိနေပါတယ်။ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းက ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို နေပြည်တော်၊ မကွေး၊ မိတ္ထိလာလေတပ်တွေကနေ တက်လာတဲ့ဂျက်ဖိုက်တာတွေနဲရှေ့ဆင့်နောက် ဆင့် ပစ်ခတ်တာလို့ ဒေသခံတွေကပြောပါတယ်။ “ဘုန်းကြီးတွေဆွမ်းစားပြီးချိန်မှာပစ်သွားတာ။ ထိတာတွေများတယ်။ ပိတ်မိနေတာတွေလည်းရှိတယ်။ ဒရုန်းတွေပါ ဆက်ဝဲနေတယ်”လို့ ဒေသခံကပြောပါတယ်။ စာသင်ကျောင်းကိုတော့ပိတ်ထားတဲ့အတွက်အရပ်သားထိခိုက်မှုမရှိခဲ့ဘူးလို့ဒေသခံအချို့ကဆိုပါတယ်။ မတ်လ ၂၁ ရက်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထိခိုက်မှု အသေးစိတ်အခြေအနေကိုလတ်တလောမှာမသိရှိရသေးပါဘူး။ စစ်တပ်ကမတ်လ ၂၀ ရက်ကလည်းကသာမြို့ ရပ်ကွက်(၃)ထဲကစစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာလည်း သံဃာတော်နဲ့အရပ်သား ၅၀ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်က မတ်လ ၁၅ရက်ကနေ ဒီနေ့ မတ်လ ၂၁ရက် မွန်းလွဲပိုပိုင်းအချိန်အထိ စစ်ကိုင်းတိုင်းထဲက ကျွန်းလှ၊…
-

ကြည့်ရှုသူမရှိသဖြင့် စစ်တပ်ဝါဒဖြန့် “တိမ်ပင်လယ်ခရီးကြမ်း”ရုပ်ရှင် အခမဲ့ ပြမည်
စစ်ကောင်စီရဲ့ဝါဒဖြန့်ချိရေးဇာတ်ကားဖြစ်တဲ့ Battle Of Taung Hkam ခေါ် “တိမ်ပင်လယ်ခရီးကြမ်း”ရုပ်ရှင်ကို မြန်မာနိုင်ငံတဝန်းရှိ ရုံပေါင်း ၆၇ ရုံမှာ ပြသပေမဲ့ ကြည့်ရှုသူ နည်းပါးတာကြောင့် မြဝတီစင်တာမှာ အခမဲ့ပြသဖို့ စီစဥ်နေတယ်လို့ နေပြည်တော်သတင်းရင်းမြစ် ကနေ သိရပါတယ်။ မတ် ၁၃ ရက်မှ ၁၉ ရက်အထိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်၊ မော်လမြိုင်နဲ့ တောင်ကြီးမြို့က ရုပ်ရှင်ရုံပေါင်း ၆၉ ရုံမှာ ပြသခဲ့ပေမဲ့ ကြည့်ရှုသူနည်းတာကြောင့် မြဝတီစင်တာမှာ တပ်မိသားစုတွေနဲ့ ဌာနဆိုင်ရာတွေကို ပြသဖို့ စီစဥ်နေတာလို့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။ “ဝါဒဖြန့်ဇာတ်ကားဆိုတော့ လူတိုင်းက ကိုယ့်ပိုက်ဆံနဲ့ကိုယ် အဆဲခံပြီး သွားမကြည့်ကြဘူး။ တပ်ထဲ က သူတွေတောင် လိုင်းပေါ်တက်လာတဲ့…