📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Category: News

  • ဗန်းမော် ရေယာဥ်တွေ နွှာခံရပြန်ပြီ (ရုပ်သံ)

    ဗန်းမော် ရေယာဥ်တွေ နွှာခံရပြန်ပြီ (ရုပ်သံ)

    ဗန်းမော်မှာ ကမ်းကပ်ထားတဲ့ စစ်တပ်ရေယာဉ်ကို KIA ပူးပေါင်းတပ် ဒရုန်းနဲ့ ထပ်မံတိုက်ခိုက် ကမ်းကပ်ထားတဲ့သင်္ဘောအချို့နဲ့ မြစ်အတွင်းမောင်းပြေးတဲ့အမြန်ရေယာဉ်ငယ် တိုက်ခိုက်ခံရမှု ရုပ်သံ ထွက်ပေါ် ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကမ်းကပ်ရပ်နားထားတဲ့ စစ်တပ် ရေယာဉ်အချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မြစ်ကမ်းဘေးကပ်ထားတဲ့ သင်္ဘောတွေထဲက ၁စီးကို ဒရုန်းနဲ့ တိုက်ခိုက်မှု ရုပ်သံနဲ့ မြစ်အတွင်း မောင်းပြေးတဲ့ အမြန်ရေယာဉ်ငယ်ကို ဒရုန်းနဲ့ လိုက်လံတိုက်ခိုက်တဲ့ ရုပ်သံထွက်ပေါ်လာရာ မြစ်ကမ်းဘေး ကပ်ထားတဲ့ ရေယာဉ်ကို တိုက်ခိုက်မှုဟာ ဗန်းမော်ရောက်သင်္ဘောကို တိုက်ခိုက်တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။ “မနေ့က တိုက်ခိုက်တာရှိပါတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ဗန်းမော်ကမ်းကပ် စစ်သင်္ဘော တိုက်ခိုက်မှု ဖြစ်စဉ်အပေါ် အတည်ပြုပါတယ်။ မြစ်အတွင်း အရှိန်နဲ့…

  • လှရွှေတို့ အုပ်လိုက် ကုန်းဆင်း ဆွဲစားခံနေရတဲ့ ရန်ကုန်က လိ/-လုပ်သားများ

    လှရွှေတို့ အုပ်လိုက် ကုန်းဆင်း ဆွဲစားခံနေရတဲ့ ရန်ကုန်က လိ/-လုပ်သားများ

    တာမွေရဲစခန်းမှူး စန်းဝင်းအောင် ကန်တော်ကြီးပတ်လမ်းရှိ လိင်ဝန်ဆောင်မှုပေးသူများအား လိင်အမြတ်ထုတ်နေ ရန်ကုန်၊ တာမွေမြို့နယ် စခန်း ၄၀ မှ ရဲမှူး စန်းဝင်းအောင်သည် ကန်တော်ကြီးပတ်လမ်းတစ်လျှောက်ရှိ လိင်ဝန်ဆောင်မှုပေးသူများအား အချုပ်ထဲထည့်မည်ဟု ဥပဒေဖြင့် ခြိမ်းခြောက်ကာ ရဲအာဏာကို အလွဲသုံးစားပြု၍ အခမဲ့ မတော်မတရား ပြုကျင့်နေ နယ်ထိန်းရဲများကို နေ့စဉ် လိုက်လံ အရှာခိုင်းပြီး ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မများဖြင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကာ ရဲစခန်းမှူး ကိုယ်တိုင် အောက်တန်းကျစွာ ခေါင်းပုံဖြတ် ဖိနှိပ်နေကြောင်း စခန်းတွင်း သတင်းရင်းမြစ်များထံမှ သိရ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ တာမွေမြို့နယ်၊ စခန်း ၄၀ ရဲစခန်းမှူး ရဲမှူး စန်းဝင်းအောင်သည် ကန်တော်ကြီးပတ်လမ်းတစ်လျှောက်ရှိ လိင်ဝန်ဆောင်မှုပေးသူ အမျိုးသမီးများအား အာဏာနှင့် ဥပဒေကို အလွဲသုံးစားပြု၍ နေ့စဉ်ရက်ဆက်…

  • လမ်းမှာ မိုင်းဆင်းရှာပေးနေရတဲ့ Highway ခရီးသွားတွေ

    လမ်းမှာ မိုင်းဆင်းရှာပေးနေရတဲ့ Highway ခရီးသွားတွေ

    မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၁ရက် မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ် မုံရွာမြို့နယ်၊ မုံရွေးရွာရှိ တိုးဂိတ်ကနေ ကြေးမုံရွာထိပ်အထိ လမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပြီး ခရီးသွားယာဥ်တွေပေါ်က ပြည်သူတွေကို ဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။ “တန်ပိုဂိတ်က စစ်တပ်က မုံရွေးစျေးထိပ် ကြေးမုံရွာထိပ်ထိ သွားလာတဲ့သူ ပြည်သူတွေကို မိုင်းတွေ ရှင်းခိုင်းနေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ မုံရွာ–ချောင်းဦးလမ်းပိုင်းရှိ မအူရွာ၊ မြေနဲရွာ၊ အောင်သာရွာနဲ့ မုံရွေး–ကြေးမုံရွာထိပ်တွေမှာ စစ်ကောင်စီတပ်တွေ ရောက်ရှိနေကြောင်း၊ အဆိုပါလမ်းပိုင်းကို ဖြတ်သန်းသွားလာသူတွေ သတိပြုသွားလာဖို့လိုကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးပါတယ်။ စစ်တပ်ဟာ မုံရွာ-မန္တလေးလမ်းပိုင်းမှာ…

  • တံတားဦးကေ့စ် နောက်ဆက်တွဲ မန္တလေးလေဆိပ်တောင် ပိတ်လိုက်ပြီ

    တံတားဦးကေ့စ် နောက်ဆက်တွဲ မန္တလေးလေဆိပ်တောင် ပိတ်လိုက်ပြီ

    မန္တလေးလေဆိပ် ပိတ်ပြီး နိုင်ငံတကာခရီးစဉ်တွေအားလုံး ယာယီရပ်ဆိုင်းကြောင်း MAI ထုတ်ပြန် တံတားဦးလေတပ်စခန်းက တိုက်လေယာဉ်တွေ ဒရုန််းနဲ့ တိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပိတ်လိုက်ပြီး နိုင်ငံတကာခရီးစဉ်အားလုံးကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ MAI (Myanmar Airways International) လေကြောင်းလိုင်းက စက်တင်ဘာ ၁၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၀ ရက်ညပိုင်းမှာ PDF ပူးပေါင်းတပ်တွေက တံတားဦးလေတပ်စခန်းရဲ့တိုက်လေယာဉ်တွေထားရှိရာကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ တိုက်ခိုက်မှုရုပ်သံမှာ လေယာဥ် ၆စီးခန့် ထားရှိဖို့ ဆောက်လုပ်ထားတဲ့ လေယာဉ်ရုံရှိရာကို ပျံသန်းလာတဲ့ ဒရုန်းဟာ တိုက်လေယာဉ် ၁စီးရှိရာ ရှေ့တည့်တည့်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ လေယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ ရုပ်သံဖော်ပြထားသူ သတင်းရင်းမြစ်က တိုက်ခိုက်မှုကို ဒရုန်း…

  • တံတားဦးမှာ ဟန့်တားခဲ့ပါတယ်ဆိုတဲ့ ဒရုန်းတွေ ဒွမ်သွားတဲ့ ရုပ်သံ

    တံတားဦးမှာ ဟန့်တားခဲ့ပါတယ်ဆိုတဲ့ ဒရုန်းတွေ ဒွမ်သွားတဲ့ ရုပ်သံ

    PDF​ တွေက တံတားဦးလေတပ်ကို ဒရုန်းနဲ့တိုက်ခိုက် တိုက်​လေယာဥ်​လေးစီးထိခိုက်ပျက်စီးပြီး ၂ စီးမှာလုံးဝပေါက်ကွဲ အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ရေးသတင်းရင်းမြစ် ၂ဦးရဲ့ ပြောပြချက်အရ စက်တင်ဘာ ၁၀ရက်မွန်းလွဲပိုင်းမှာ တံတားဦးလေတပ်ကတိုက်​လေယာဥ်​တွေကို PDF​တွေကတိုက်ခိုက် ခဲ့တာလို့ အတည်ပြုပြီး လေယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုလည်း အတည်ပြုပါတယ်။ “အမှန်ပါ။” လို့ စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။ ထွက်ပေါ်လာတဲ့ တိုက်ခိုက်မှုရုပ်သံမှာ လေယာဥ် ၆စီးခန့် ထားရှိဖို့ ဆောက်လုပ်ထားတဲ့ လေယာဉ်ရုံရှိရာကို ပျံသန်းလာတဲ့ ဒရုန်းဟာ တိုက်လေယာဉ် တစီးရှိရာ ရှေ့တည့်တည့်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ လေယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ ရုပ်သံဖော်ပြထားသူ သတင်းရင်းမြစ်က တိုက်ခိုက်မှုကို ဒရုန်း ၆စီး အသုံးပြု…