Category: News

  • ရန်ကုန်ရှိ တီမောသံရုံးကို မြန် မာစစ်တပ်က နှင်ထုတ်

    ရန်ကုန်ရှိ တီမောသံရုံးကို မြန် မာစစ်တပ်က နှင်ထုတ်

    မင်းအောင်လှိုင်နှင့် စစ်တပ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး တီမောနိုင်ငံက အမှုလက်ခံလိုက်ပြီးနောက် ရန်ကုန်ရှိ တီမောသံရုံးကို မြန် မာစစ်တပ်က နှင်ထုတ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ မြန်မာ နိုင်ငံမှ တီမောသံရုံး ထွက်ခွာရန် အမိန့်ပေး အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်တပ်တို့ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး တီမောနိုင်ငံက ဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးရန် အမှုလက်ခံလိုက်ပြီးနောက် ရန်ကုန်ရှိ တီမောသံရုံးကို မြန်မာစစ်တပ်က ၇ ရက်အတွင်း ထွက်ခွာရန် နှင်ထုတ်ကြောင်း ယမန်နေ့ညပိုင်း ကြေညာသည်။ ဖေဖော်ဝါရီလဆန်းပိုင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော တီမောနိုင်ငံက မြန်မာနိုင်ငံမှ မင်းအောင် လှိုင်နှင့် စစ်ဗိုလ်ချုပ်များ ကျူးလွန်သော စစ်ရာဇဝတ် မှုများကို အရေးယူရန် ဥပဒေအရ အမှုလက်ခံခဲ့ကြောင်း၊ အဆိုပါအမှုမှာ ချင်းပြည်နယ်တွင်…

  • ရွှေသူခိုးဟုစွပ်စွဲကာ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများက ရိုက်နှက်စစ်ဆေးရင်း သေဆုံး

    ရွှေသူခိုးဟုစွပ်စွဲကာ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများက ရိုက်နှက်စစ်ဆေးရင်း သေဆုံး

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ သဲချောင်းကျေးရွာအုပ်စု၊ သဘွတ်ချောင်းရွာမှ အမျိုးသမီးတစ်ဦးကို စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များက ရွှေခိုးသည်ဟု စွပ်စွဲကာ ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ပျူစောထီးများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၈ နာရီခန့်က သဘွတ်ချောင်းရွာတွင် နေထိုင်သည့် အသက် (၃၅) နှစ်ဝန်းကျင်ရှိ မခိုင်ကို ရွှေခိုးသည်ဟု စွတ်စွဲကာ ၎င်း၏နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ “အုပ်ချုပ်ရေးမှူး နောင်ကြီး ရဲ့ ချွေးမက ရွှေ သုံးကျပ်သားကျော်ပျောက်တယ်တဲ့။ အဲ့ဒါကို နောင်ကြီးနဲ့ သူ့တပည့်ပျူစောထီးတွေက မခိုင်ကို ရွှေခိုးတယ်လို့ စွပ်စွဲတယ်။ ပြီးတော့ စစ်ဆေးစရာရှိတယ်ဆိုပြီး အိမ်မှာလာခေါ်သွားတယ်”ဟု မိသားစုနှင့် နီးစပ်သည့်ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။ ပျူစောထီးအဖွဲ့ဝင်များက အဆိုပါ အမျိုးသမီးအား ဖမ်းဆီးသွားပြီးနောက်…

  • ကွတ်ခိုင်မှာ TNLAနဲ့ MNDAA တင်းမာမှု လျော့ကျ၊ ပစ်ခတ်မှု ထပ်မဖြစ်

    ကွတ်ခိုင်မှာ TNLAနဲ့ MNDAA တင်းမာမှု လျော့ကျ၊ ပစ်ခတ်မှု ထပ်မဖြစ်

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့် တပ်မတော် (MNDAA)တို့ တင်းမာမှု ညှိနှိုင်းနေဆဲဖြစ်ပြီး နှစ်ဘက်စလုံးက မြို့တွင်း၊ မြို့ပြင်မှာပါ တပ်စွဲထားဆဲလို့ သတင်းရရှိပါတယ်။ ကွတ်ခိုင်မြို့နေရာများစုမှာ MNDAA တပ်ဆင်ထားတဲ့ CCTV တွေနဲ့ MNDAA ရုံးတွေကို TNLA က အင်အားအများအပြားနဲ့ ဖေဖော်ဝါရီ ၁၃ ရက်ညမှာ လိုက်လံဖြုတ်သိမ်းတာကနေ တင်းမာမှုစတင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ “MNDAA က သူတို့ စီစဉ်ထားတဲ့ တရုတ်နှစ်သစ်ကူးပွဲကို မလုပ်တော့ဘူး။ TNLA ရော MNDAA ပါ နေရာတော်တော်များများတပ်စွဲထားတယ်။ အခြေအနေက စိတ်ဒုံးဒုံးချလို့ မရသေးဘူး။ ညှိတော့ ညှိတော့ ညှိနေကြတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့် တပ်မတော် (MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့အကြား ဖေဖော်ဝါရီ…

  • မွန်ပြည်တော်လှန်ရေးတပ်မှ ရဲဘော်မောင်နှံ ၃ တွဲ စုပေါင်း မင်္ဂလာပွဲ ချစ်သူများနေ့တွင် ကျင်းပ

    မွန်ပြည်တော်လှန်ရေးတပ်မှ ရဲဘော်မောင်နှံ ၃ တွဲ စုပေါင်း မင်္ဂလာပွဲ ချစ်သူများနေ့တွင် ကျင်းပ

    မွန်ပြည်တော်လှန်ရေးတပ် (MSRF) တွင် ရဲဘော် ၃ တွဲ စုပေါင်းမင်္ဂလာပွဲ ကျင်းပ မွန်ပြည်တော်လှန်ရေးတပ်မှ ရဲဘော်မောင်နှံ ၃ တွဲ စုပေါင်း မင်္ဂလာပွဲ ချစ်သူများနေ့တွင် ကျင်းပ မွန်ပြည်နယ် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ရဲဘော်မောင်နှံ ၃ တွဲ၏ စုပေါင်း မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက် (ချစ်သူများနေ့) တွင် စုပေါင်းမင်္ဂလာပွဲ ကို တော်လှန်ရေး အစဉ်အလာ နှင့် အညီ ခိုင်မာသော သစ္စာပြုချက်များဖြင့် မင်္ဂလာပွဲအောင်မြင်စွာ ကျင်းပခဲ့သည်။ မင်္ဂလာမောင်နှံ ၃ တွဲသည် တော်လှန်ရေးကာလအတွင်း ရှေ့တန်းစစ်မျက်နှာများနှင့် တပ်ဖွဲ့တာဝန်အသီးသီးတွင် ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်ပြီး မွန်ရိုးရာဝတ်စုံနှင့် တော်လှန်ရေးယူနီဖောင်းများကို ဝတ်ဆင်ကာ တာဝန်ရှိလူကြီးမင်းများနှင့် ရဲဘော်များ၏ ရှေ့မှောက်တွင်…

  • နိုင်ငံတစ်ဝန်းမှ ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်နေသည့် လေကြောင်းတိုက်ခိုက်မှုများတွင် စစ် တပ်က အမျိုးသမီး တိုက်လေယာဉ်မှူးများကို ရာထူးတိုး၊ ဆုပေးစနစ်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြု

    နိုင်ငံတစ်ဝန်းမှ ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်နေသည့် လေကြောင်းတိုက်ခိုက်မှုများတွင် စစ် တပ်က အမျိုးသမီး တိုက်လေယာဉ်မှူးများကို ရာထူးတိုး၊ ဆုပေးစနစ်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြု

    မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်နေသည့် လေကြောင်းတိုက်ခိုက်မှုများတွင် စစ်တပ်က လေတပ်အရာရှိ အမျိုးသမီးတိုက်လေယာဉ်မှူးများကို ရာထူးတိုး၊ ဆုပေးစနစ်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိကြောင်း လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ယခင်က တိုက်လေယာဉ်အုပ်များတွင် အမျိုးသားလေတပ်အရာရှိများသာ တိုက်ခိုက်ရေးများတွင် အဓိက အသုံးပြု ခဲ့သော်လည်း ၂၀၂၂ ခုနှစ်မှစတင်ပြီး စစ်တပ်က အမျိုးသမီးလေယာဉ်မှူးများကိုပါ တိုက်ခိုက်ရေးအတွက်ပါ လေ့ကျင့်သင်ကြား နေရာပေးလာကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း လေတပ်အရာရှိ အမျိုးသမီးလေယာဉ်မှူးများကို တိုက်လေယာဉ်အုပ်များတွင် ထည့်သွင်းကာ တိုက်ခိုက်ရေး အဓိကလေယာဉ်မှူးများအဖြစ် အသုံးပြုလာနေကြောင်း သိရှိရသည်။ “တိုက်ခိုက်ရေး တိုက်လေယာဉ်အုပ်တွေမှာ အမျိုးသမီး ပိုင်းလော့တွေ ပါလာကြပြီ။ အရင်က တွဲဘက်လောက်ပဲ သုံးရာက အခု တိုက်လေယာဉ်အုပ်တွေထဲမှာ အဓိက လေယာဉ်မှူးတွေအဖြစ် အသုံးပြုနေပါပြီ။ တိုက်ခိုက်မှုနဲ့ ပျံသန်းမှု စွမ်းရည်(ဗုံးကျဲမှု) ပေါ်မူတည်​ပြီး…