၂၀၂၆ စွမ်းအင်ချွေတာရေးတွင် စုံ/ မ စနစ်ဖြင့် ယာဉ်အသွားအလာကန့်သတ်၍ ဆီချွေတာသည့်နိုင်ငံမှာ ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံတည်းသာ ရှိနေ မြန်မာနိုင်ငံကဲ့သို့ Public Transport အားမကောင်းသည့် နိုင်ငံတွင် စုံ/မ စနစ်ကို Nationwide ကျင့်သုံးခြင်းက စီမံခန့်ခွဲမှု အလွဲအမှားသာဖြစ် ၂၀၂၆ စွမ်းအင်ချွေတာရေးတွင် စုံ/ မ စနစ်သုံးပြီး ဆီချွေတာသည့်နိုင်ငံမှာ အချက်အလက်များအရ ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံတည်းသာ ရှိနေသည်။ အီရန်စစ်ပွဲဂယက်ကြောင့် အနည်းဆုံး ကမ္ဘာ့နိုင်ငံ ၂၀ မှ နိုင်ငံ ၅၀ ခန့်သည် စက်သုံးဆီအခက်အခဲကြုံတွေ့နေရ ရနိုင်သော်လည်း မည်သည့်နိုင်ငံမှ မြန်မာနိုင်ငံကဲ့သို့ နိုင်ငံတစ်ဝန်းလုံး စုံ/မ ရက် ခွဲပြီး အလားတူ ယာဉ်အသွားအလာ ကန့်သတ်သည့်စနစ်ကျင့်သုံးခြင်း မရှိသည်ကိုတွေ့ရသည်။ ထိုသို့သောအခြေအနေများတွင် မြန်မာနိုင်ငံကဲ့သို့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်…
အီရန်မြို့တော်ရှိ ဆီသိုလှောင်ရာနေရာများကို အစ္စရေးက တိုက်ခိုက်ပြီးနောက်၊ တီဟီရန်မြို့ခံများသည် ထူထပ်သော မီးခိုးတိမ်မည်းကြီးများနှင့်အတူ မိုးမည်းများရွာသွန်းမှုကို ကြုံတွေ့ခဲ့ရကြောင်း စီအန်အန် သတင်းထောက် ဖရက်ဒ် ပလိုက်ဂျန်က သတင်းပေးပို့ခဲ့သည်။ လူဦးရေ ၁၀ သန်းနီးပါး နေထိုင်သည့် တီဟီရန်မြို့တွင် တိုက်ခိုက်မှုများအပြီးတွင် ရေနံများနှင့် ရောနှောနေသည့် မိုးရေများ ရွာသွန်းခဲ့ခြင်းဖြစ်သည်။ ရေနံများရောနှောနေသည့် မိုးမည်းရွာသွန်းမှုအကြောင်း သတင်းထောက်၏ ဖော်ပြချက် “မိုးရေတွေက တကယ်ကို မည်းနက်နေတာကို တွေ့နိုင်ပါတယ်။ ရေနံတွေလည်း ပျော်ဝင်နေပုံရတယ်” ဟု ပြောကြားခဲ့သည်။ “ဒါက ဒီမနက်ခင်းမှာ ရွာသွန်းနေတဲ့ အခြေအနေပါ။ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အီရန်မြို့တော် မှာ အခုလို ရေနံတွေပါတဲ့ မိုးမျိုး ရွာသွန်းနေတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ စက်သုံးဆီသိုလှောင်ကန်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်…
အီရန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ထိပ်တန်းခေါင်းဆောင်များ လုပ်ကြံခံရမှုနှင့် ထောက်လှမ်းရေးသတင်းပေါက်ကြားမှုဖြစ်စဉ်များကို သင်ခန်းစာယူ၍ မြန်မာနိုင်ငံအတွင်းရှိ စစ်ကော်မရှင်ထောက်ခံသူများနှင့် လော်ဘီများအကြား တပ်တွင်းသူလျှိုဖော်ထုတ်ရေးအတွက် တယ်လီဂရမ်ချန်နယ်များတွင် ဆော်သြမှုများ ပြုလုပ်လာကြောင်း သိရသည်။ အဆိုပါ စစ်ကော်မရှင်ထောက်ခံသူများသည် အီရန်နိုင်ငံ၏ နျူကလီးယားအဆောက်အအုံများနှင့် စစ်ရေးပစ်မှတ်များ တိုက်ခိုက်ခံရခြင်းမှာ အတွင်းသတင်းပေါက်ကြားမှုကြောင့်ဖြစ်သည်ဟု ယူဆနေကြပြီး မြန်မာနိုင်ငံတွင်လည်း တပ်မတော်၏ ထိပ်တန်းလျှို့ဝှက်ချက်များနှင့် စစ်ရေးလှုပ်ရှားမှု ကြေးနန်းစာများ ပေါက်ကြားနေခြင်းအပေါ် ပြာပြာသလဲ စိုးရိမ်မကင်း ဖြစ်နေကြခြင်းဖြစ်ပါသည်။ ယင်းသို့ စိုးရိမ်မှုများ မြင့်တက်လာခြင်းနှင့်အတူ တပ်တွင်းသတင်းများကို ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့်ဖြစ်စေ၊ ငွေကြေးမက်လုံးကြောင့်ဖြစ်စေ ပြည်ပမီဒီယာများနှင့် တော်လှန်ရေးအင်အားစုများထံ ပေးပို့နေသူများကို အရေးတကြီး စိစစ်ဖော်ထုတ်ရန် ၎င်းတို့၏ ဝါဒဖြန့်ချန်နယ်များမှတစ်ဆင့် အပြိုင်အဆိုင် သတိပေးနှိုးဆော်လျက်ရှိသည်။ အထူးသဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ခံဝန်ကတိဖြင့် လုပ်ငန်းခွင်ပြန်ဝင်လာသူများကို…
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ရှင်ပြုပွဲလုပ်နေတဲ့နေအိမ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး မောင်ရင်လောင်းနှစ်ဦးအပါအဝင် အရပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ULF စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ မတ်လ ၈ ရက်၊ ဒီနေ့နံနက်ပိုင်းက ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာကနေ အင်အား ၃၀၀ လောက်ရှိတဲ့ အကြမ်းဖက်စစ်သားတွေ စစ်ကားတွေနဲ့ ပြန်လည်ဆုတ်ခွာနေချိန် ချင်းတွင်း တံတားအနောက်ဘက်က အောင်ဇေယျကုန်းနားမှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ULF စစ်ကြောင်းနဲ့ 9+ စစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မတ်လ ၇ရက်၊ မနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်တပ်စစ်ကြောင်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ကနီမြို့နယ်၊ နတ်လာပို့တောင်ကျေးရွာက ရှင်ပြုပွဲလုပ်ဆောင်နေတဲ့နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲပြီး…
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်း၏ နောက်ဆုံးကာကင်းစခန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ နေ့စဥ်အပြင်းအထန် တိုက်ခိုက်ကာ ပစ်ကူပေးနေကြောင်း စစ်ရေးသတင်းအရင်းမြစ်များက ဆိုသည်။ နတ်ရေကန်ဗျူဟာကုန်း မကျစေရေး ထိုသို့ အပြင်းအထန် ပစ်ကူပေးနေခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း AA တပ်ဖွဲ့ဘက်မှ အကျအဆုံးရှိသော်လည်း စစ်ရေးအရ အသာစီးရနေကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။ “ကိုယ့်ဘက်ကအကျအဆုံးရှိသလို အောင်ပွဲလည်းရှိပါတယ်။ ခွာစစ်ဆင်နိုင်မယ့် လမ်းက ကာကင်းကို AA က သိမ်းပိုက်လိုက်လို့ စစ်ကူပေးတာ၊ ခွာစစ် ဆုတ်တာ လုပ်ဖို့ စကစက ခက်ခဲနေလို့ တန်ပြန်ရအောင် ကြိုးစားမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။ လေကြောင်း ပစ်ခတ်မှုတွေ နေ့စဥ် လုပ်လာပါတယ်။ မနေ့က အမ်းမြို့နယ်၊ တလိုင်းတောင် ရွာအနီးကိုလည်း လေကြောင်းက ဂျက်ဖိုက်တာနဲ့ လာပစ်ခတ်ပါတယ်”…