Category: Feature


  • (က) ရေနွေးကြမ်းဝိုင်းမှာ အဘလုံးတုံးက စစ်သားဘဝ အတွေ့အကြုံများကို မျှဝေနေပါ၏။ စစ်ပြန် တပ်ကြပ်ကြီး အဘလုံးတုံး၏ ဇာတ်လမ်းများမှာ သည်းထိပ်ရင်ဖို အကြောင်းအရာတွေပါသလို ရယ်ရွှင်ဖွယ်ရာတွေလည်း ပါပါ၏။ စိမ်းသရဖူစိမ်း အဘစိမ်းမောင်က “မင်းလည်း အတော့်ကို အတွေ့အကြုံတွေ များခဲ့တာကိုး ” ဟု ပြောလေရာ အဘလုံးတုံးက ပြုံးနေပါလေ၏။

  • အခုတလော စစ်ရေးသတင်းတွေ ကြည့်ရင် အားအကောင်းဆုံးနဲ့ အပြင်းထန်ဆုံး ထိုးစစ်ဆင် နေတာ AA ပဲ။ AA ရဲ့ တိုက်စစ်က ရခိုင်ပြည် အပြင်ကို ကျော်လာပြီ ဖြစ်လို့ ပဲခူးတိုင်းထဲက ညောင်ကျိုးစခန်း၊ မကွေးတိုင်းထဲက နတ်ရေကန် စခန်းတို့ အပြင် ဧရာဝတီတိုင်း၊ သာပေါင်းနဲ့ ရေကြည်ကြားက ၃၄၄ အမြောက်တပ်တို့ကို ထိုးစစ်ဆင် နေတယ်။ တချိန်တည်းမှာပဲ ကျောက်ဖြူက စစ်ရှုံးကောင်စီရဲ့ ဓညဝတီ ရေတပ်စခန်းကိုပါ ပြင်းပြင်းထန်ထန် ချေမှုန်း တိုက်ခိုက်နေတာ တွေ့ရတယ်။ စစ်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သတင်းကြားရတယ်။ ဒီလောက် စစ်မျက်နှာတွေ အများကြီး ဘယ်လိုများ တိုက်နေသလဲလို့ မေးစရာ ရှိတယ်။ ကြည့်ရ တာတော့ AA က အဓိက COC…

  • လှိုင်သာယာ FMI အိမ်ယာထဲက ငရဲခန်း (သို့မဟုတ်) တရုတ်ပြည်၏ ကိုယ်အင်္ဂါပစ္စည်းအပိုဈေးကွက်…

    ကိုဖြိုး(အမည်လွှဲ)သည် ဘုရင့်နောင်တံတားအဆင်းရှိ လှိုင်သာယာOceanဈေးဝယ်စင်တာတွင် မိမိအလုပ်လျှောက်ထားသော အလုပ်၏ မန်နေဂျာနှင့်တွေ့ရန် စောင့်နေလေသည်။ ဗိုလ်ချုပ်မှတ်တိုင်အနားရှိ Oceanဈေးဝယ်စင်တာတွင် သူရောက်ရှိနေပြီဖြစ်ကြောင်းကို မန်နေဂျာဆိုသူ၏ ဖုန်းနံပါတ်သို့ စာပို့၍အကြောင်းကြားလိုက်ရာ ချက်ခြင်းပင် “အိုးရှင်းရှေ့ရှိ ထွက်ပေါက်အနားရှိ ရပ်ထားသော အာရာဖတ်ကားအမည်းပေါ်သို့ တက်လာခဲ့ရန်” စာပြန်လေသည်။ အလုပ်အကိုင်ရှားပါးမှု့နှင့် စစ်မှု့ထမ်းဥပဒေကြောင့် ဘေးကျပ်နံကျပ်ဖြစ်နေသူ ကိုဖြိုးအနေဖြင့် အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဂရုတွင် ချိတ်ဆက်မိသော ထိုအလုပ်ကို များစွာမသင်္ကာသော်လည်း ဝမ်းရေးအတွက် ဝင်ငွေရသည့်အလုပ်အကိုင်တစ်ခုရရှိရန် အရေးကြီးနေသောကြောင့် ဆက်သွယ်ပြီး အင်တာဗျူးရန် လာရောက်ခဲ့ခြင်းဖြစ်လေသည်။ “ကျွန်တော်က ပထမတော့ ကျားဖျန့်လုပ်တဲ့ အလုပ်ထင်နေတာ၊ ကျားဖြန့်လည်း မဆိုးပါဘူးပေါ့၊ သူက တစ်လကို ဆယ့်ငါးသိန်းအောက်ထစ်ရမယ်ပြောတာကိုး၊ ထပ်ပြီးတော့ ကြိုးစားရင် ကြိုးစားသလောက် Bonusလည်းရမယ်တဲ့။ ဒါနဲ့ ကျွန်တော်လည်း စမ်းကြည့်တာ မမှားဘူးဆိုပြီးတော့ လာခဲ့လိုက်တာ” ဟု ပြောသည်။ ထို့နောက်…

  • တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေလိုအပ်၍  အားလုံးချိတ်ဆက်ပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ကြရန် KNDF ဒုစစ်ဦးစီးချုပ်နှင့် KNLAတပ်မဟာ(၂) တပ်မဟာမှူး တိုက်တွန်း

    တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေလိုအပ်၍ အားလုံးချိတ်ဆက်ပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ကြရန် KNDF ဒုစစ်ဦးစီးချုပ်နှင့် KNLAတပ်မဟာ(၂) တပ်မဟာမှူး တိုက်တွန်း ” မင်းအောင်လှိုင်ရဲ့ ခေါင်းကို သေနတ်နဲ့ တေ့ပြီး မင်းလားကွ အာဏာသိမ်းတာလို့ ဆိုပြီးတော့မှ လုပ်နိုင်ဖို့က ကရင်နီကနေအော်နေလို့ မရဘူး… အဲဒီနေရာက နေပြည်တော်ပဲဖြစ်တယ်” – KNDF ဒုစစ်ဦးစီးချုပ် မာဝီ တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေ လိုအပ်၍ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများအားလုံး ချိတ်ဆက်တိုက်ပွဲဝင်သည့်ခြေလှမ်းကို ရှေ့ဆက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။ စစ်တောင်းကမ်ပိန်းစကားဝိုင်းကို မတ်လ ၁ရက် က ကျင်းပခဲ့ရာ စစ်တောင်းဒေသ၏ စစ်ရေး နိုင်ငံရေး အခြေအနေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၂) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂုတ်စတီး၊ ကရင်နီအမျိုးသားများ…

  • “ပွကြီးရှေ့တည့်တည့် ​(စစ်သား)နှစ်ကောင်ဘွားကနည်းပေါ်လာတော့ ပွကြီးကမေးလိုက်တယ်။ ဟျောင့်တွေ မင်းတို့ဘယ်တပ်စိပ်ကလဲဆိုတော့ တစ်ယောက်ကဖြေတယ် စစ်နိုင်တပ်စိပ်က တဲ့။ ပွကြီးက သိလိုက်ပီ ဒါ ငါတို့လူမဟုတ်ဘူးဆိုတာပေါ့” ဗန်းမော် မြိုသိမ်းတိုက်ပွဲမှာ စစ်တပ်ရဲ့အမှတ် (၂၃၆ )​ခြေလျင်တပ်ရင်း (ခလရ ၂၃၆) သိမ်း တိုက်ပွဲမှာ ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA)ဦး​ဆောင်တဲ့ ​​တော်လှန်​ရေးတပ်တွေ နဲ့ စစ်​သား​တွေ ​ထွေးလုံးရစ်ပတ်အသည်းအသန်တိုက်ခိုက်ချိန်မှာ အသက်ရှုမှား​လောက်တဲ့ အခိုက် အတန့်တစ်ခုပါ။ ကချင်​ဒေသက ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (KPDF )တပ်ဖွဲ့ဝင်တစ်ဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် ​တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဒာကိုယ်ရှိတဲ့သူ့ကိုသူငယ်ချင်း​တွေကရဲ​ဘော်ပွကြီးလို့ချစ်စနိုး​​ခေါ်ကြပါတယ်။ ဗန်း​မော်မြို့မှာစစ်တပ်ရဲ့ အဓိက တပ်ရင်းဌာနချုပ်ဖြစ်တဲ့ အမှတ် ၂၁ စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)ရဲ့ ​ရှေ့မှာ ကာကင်းစခန်းကြီးလို့လည်း​ခေါ်နိုင်တဲ့ ခလရ (၂၃၆)တပ်ရင်းသိမ်းတိုက်ပွဲကို စစ်ကူ​အ​နေနဲ့လိုက်လာတာပါ။ ခလရ၂၃၆ နဲ့ အမတ…