“သူက မွေးဖွားလာတာကိုက အနုပညာနဲ့ မွေးဖွားလာတာ။ တခြား ဘယ်အလုပ်မှ သူနဲ့ ကီးမကိုက်ဘူး။ သူ့ကို ကြည့်လိုက်ရင် အနုပညာ အလုပ်နဲ့ သူက တွဲလျှက်ပဲ” လို့ ရဲတိုက်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတဦးက ဧရာဝတီကို ပြောပါတယ်။ “ရဲတိုက်” အားလုံး သိကြတဲ့ အတိုင်းပဲ။ နာမည်ကလည်း ဆန်းတယ်။ သရုပ်ဆောင်တာလည်း သဘာဝဆန်ဆန် သရုပ်ဆောင်တယ်။ မျက်လုံးတွေက ညှို့အား ရှိတယ်လို့ ပရိသတ်တွေက ဆိုကြတဲ့ ရဲတိုက် အခုတော့ အာဏာသိမ်းပြီးနောက်ပိုင်း ထောင်ထဲ ပြန်ဝင်ရတာ တနှစ်ကျော် ရှိသွားပါပြီ။ မျက်လုံးတွေက ညှို့အား ရှိတယ်လို့ ပရိသတ်တွေက ဆိုကြတဲ့ ရဲတိုက် အခုတော့ အာဏာသိမ်းပြီးနောက်ပိုင်း ထောင်ထဲ ပြန်ဝင်ရတာ တနှစ်ကျော် ရှိသွားပါပြီ သရုပ်ဆောင်တာ အပြင်၊…
ကညနရဲ့ ဝှီးတက် QR မာယာနဲ့ တသက်လုံး ဖုံးထားတာတွေ ပေါ်လာတဲ့ အဖြစ် QR ကုတ်ဆိုတာ သုံးရမယ့်သူအတွက် ကမ္ဘာမှာ တခုတည်း ရှိတာပါ။ အခု စက်သုံးဆီကို QR ကုတ်နဲ့ ပေးမယ်ဆိုတော့မှ ရွှေပြည်ကြီးရဲ့ ကညနက မဟုတ်တာတွေ လုပ်ထားတာ အကုန်လုံး ပေါ်လာပါပြီ။ ကိုယ့်ကား QR ကုတ်ကို ဖတ်လိုက်တော့ ရှေ့က တစီးက ကိုယ့် QR နဲ့ ထုတ်သွားတဲ့ ဖြစ်ရပ်၊ QR ထဲမှာ သူများကားနံပါတ် ပေါ်နေတဲ့ ဖြစ်ရပ်၊ QR ကုတ် တခြမ်းပျက်နေလို့ ဖတ်မရတဲ့ ဖြစ်ရပ်၊ QR ကုတ်ပေါ် စတေကာကပ်ထားလို့ ဖတ်မရတဲ့ ဖြစ်ရပ် စသဖြင့် အဆင်မပြေခြင်း များစွာနဲ့ ပြည်သူတွေ…
အပြစ်မဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ယူခိုးဆိုးလုယက်၊ မီးတင်ရှို့နေတဲ့ အယုတ်တမာအဖွဲ့က ဘုရားတွေတည်ပြီး ငွေပုံအောပြီးသုံးနေတဲ့သတင်းဖတ်ရတဲ့အခါ ရယ်ရမှာလိုလို၊ သာဓုခေါ်ရမှာလိုလို။ ပုဂံက ‘ဓမ္မရံကြီးဘုရား’ ကို သိကြတယ်မဟုတ်လား။ ထုမှာဓမ္မရံတဲ့။ ပုဂံမှာရှိတဲ့စေတီပုထိုးတွေထဲမှာ ဓမ္မရံကြီးဘုရားက ထုထည်အကြီးဆုံး။ အဲဒီခေတ်အခါကဆိုရင် မြန်မာပြည်မှာအကြီးဆုံး ကုလားကျောင်းပုံဂူဘုရားပဲ။ အဲဒီဘုရားကြီးရဲ့ ဘုရားတကာက ‘နရသူမင်း’ တဲ့ဗျ။ နရသူမင်းက ‘အလောင်းစည်သူမင်းကြီး’ ရဲ့ သားအငယ်။ သူ့အဖေနဲ့ အကိုဖြစ်သူကို သတ်ပြီး မင်းဖြစ်လာတဲ့သူ။ ဒီခေတ်ဆိုရင် အာဏာသိမ်းတာပေါ့။ သူ့အဖေအလောင်းစည်သူမင်းကြီးက တစ်နိုင်ငံလုံးမှာ ဘုရားတွေပတ်ပြီးတည်ခဲ့သူပေါ့။ မြန်မာပြည်အနှံ့မှာ ဖောင်တော်ဦးစေတီတွေတွေ့ရမှာဖြစ်သလို အလောင်းစည်သူမင်းကြီးကောင်းမှုဆိုတဲ့ဘုရားတွေလည်း မနည်းဘူးရယ်။ အဲဒီအလောင်းစည်သူမင်းကြီးက အသက်အတော်ရှည်တယ်။ အသက်(၈၀)ကျော် (၉၀)နီးတဲ့အထိ နေရတယ်။ အသက်ရှည်လွန်းတဲ့ အဖေဆီကရမဲ့ ဘုရင်ရာထူးကို ထပ်မစောင့်နိုင်တော့လို့ အကိုခရီးထွက်သွားတဲ့အချိန်အတွင်းမှာ နေမကောင်းဖြစ်လာတဲ့ အလောင်းစည်သူမင်းကြီးကို ရွှေဂူကြီးဘုရားဆီ…
အနီတွေတင်မက အစိမ်းတွေကပါ ဘပုကို ပျော့တယ် ညံ့တယ်ဆိုပြီး အထင်မကြီးကြဘူး။ ဒါပေမယ့် သေချာကြည့်တတ်ရင် ဘပုက သူဖြစ်ချင် သူလုပ်ချင်တဲ့ဟာတွေကို တစ်ခုခြင်းမဖြစ်ဖြစ်အောင် မဟာဗျူဟာကျကျလုပ်သွားတာတွေ့ရတယ်။ ကျနော်ထင်တာကတော့ ဘပုက သေချာပေါက် သမ္မတလုပ်လိမ့်မယ်။ နောက်ပြီး အရင်သမ္မတတွေဖြစ်တဲ့ ဘပြောင်၊ ဦးထင်ကျော်၊ ဦးဝင်းမြင့်တို့ထက် လုပ်ပိုင်ခွင့်ပါဝါပိုကြီးတဲ့သမ္မတဖြစ်လာလိမ့်မယ်။ အခြားကြောင့်မဟုတ်ဘူး – လွှတ်တော်နဲ့အစိုးရအဖွဲ့ကို ထိန်းကြောင်းမယ့် အတိုင်ပင်ခံကောင်စီအဖွဲ့ ဖန်တီးလိုက်ပြီး အဲဒီအဖွဲ့ဝင်တွေကို သမ္မတက(သူ့စိတ်ကြိုက်)ခန့်အပ်နိုင်မှာရယ် …၊ နောက်လာမယ့်ကာချုပ်သက်တမ်းကို ၅ နှစ်ပဲသတ်မှတ်လိုက်တာရယ်ကြောင့်ပဲ။ နောက်ပြီး သမ္မတအဖြစ် အနည်းဆုံး ၂ကြိမ်လုပ်လိမ့်မယ်။ အဲဒီလို ၂ ကြိမ်လုပ်ဖို့ဆိုရင် – လက်ရှိ ကြံ့ဖွံ့ဥက္ကဋ္ဌ က အနှောက်အယှက်လိုဖြစ်လာမှာမို့ လွှတ်တော်သက်တမ်း တစ်နှစ်လောက်ဆိုရင် ဦးခင်ရီကို ဥက္ကဋ္ဌ နေရာကနေ အနုနည်းနဲ့ဖယ်ရှားပစ်လောက်တယ်။ 1. ဘပုသမ္မတဖြစ်လာလိမ့်မယ်။…
ကိုမျိုးရန်နောင်သိန်းကို ကိုယ်အဓိက သဘောမကျတဲ့ကိစ္စက တစ်ခုခုဆို အပြင်မှာ ပြောလို့ရလျက်နဲ့၊ အပြင်မှာ စကားတွေလည်း ပြောနေလျက်နဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ကိုယ့်ကို တက်တက်ရေးတဲ့ကိစ္စနဲ့ ပွဲဆို ကိုယ့်ကို အတင်းဆွဲဆွဲထည့်တဲ့ကိစ္စပဲ။ အမြင်တွေ အယူအဆတွေ ကွဲလွဲတာက ကိစ္စမရှိဘူး။ ပြသနာလို့လည်း သဘောမထားဘူး။ ကိုယ်ကလည်း သူများကို ဘယ်လိုမြင်ပါလို့ လိုက်ပြုပြင်နေမှာ မဟုတ်သလို ကိုယ့်ကို ဘယ်လိုမြင်ပါ ဘယ်လိုရေးပါလို့ Influence လာလုပ်ရင် ဘယ်သူ့ကိုမှ လက်မခံဘူး။ မကြည်ပြာကိစ္စမှာ ကိုယ်က တစ်စွန်းတစ်စ ဝင်ပါခဲ့တဲ့သူ မဟုတ်ဘူး။ ဝင်မပါလို့တောင် မပါရကောင်းလားဆိုပြီး တိုက်ခိုက်ခံရတာ။ ကိုယ်သိတဲ့လူတွေ အချင်းချင်း အရမ်းကွဲလွဲ ရန်တွေဖြစ်နေကြတာမို့ ဖြူသည်မဲသည် တစ်ခွန်းမှ ဝင်မပြောခဲ့တာ အခုထိပဲ။ သတင်းစာရှင်းလင်းပွဲအပြီး ဆရာကြီးဒေါက်တာဇော်ဝေစိုးကို ဆဲဆိုတိုက်ခိုက်ကြတဲ့ကိစ္စအပေါ်မှာ ရေးဖြစ်ခဲ့တာပဲရှိတယ်။ မကြည်ပြာ နှုတ်ထွက်သွားတဲ့အခါ…