Category: Feature
-

ထိုင်းနိုင်ငံတွင် ပထမဇနီးဖြစ်သူက ဦးဆောင်ပြီး ခင်ပွန်းအတွက် ဒုတိယဇနီး တောင်းရမ်းပေး
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတွင် ထူးခြားဆန်းပြားသော မင်္ဂလာအခမ်းအနားတစ်ခု ကျင်းပခဲ့ရာ ပထမဇနီးဖြစ်သူကိုယ်တိုင် ဦးဆောင်၍ ၎င်း၏ ခင်ပွန်းအတွက် နောက်ထပ်ဇနီးတစ်ဦးနှင့် လက်ထပ်ပေးရန် စီစဉ်ကျင်းပပေးခဲ့သဖြင့် လူမှုကွန်ရက်ပေါ်တွင် လူပြောအများဆုံး သတင်းတစ်ခု ဖြစ်ခဲ့သည်။ အဆိုပါ မင်္ဂလာပွဲကို မေလ ၁၅ ရက်နေ့က ချိုင်းယားဖူးမ်ခရိုင်၊ ဘန်နောင်ဖိုင်ကျေးရွာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပွင့်ပွင့်လင်းလင်းနှင့် အေးအေးချမ်းချမ်း စီစဉ်ပေးခဲ့သော ဒုတိယအိမ်ထောင်ပြုပွဲအပေါ် ရွာခံများနှင့် လူမှုကွန်ရက်အသုံးပြုသူများက အံ့အားသင့်လျက် ရှိကြသည်။ မင်္ဂလာအခမ်းအနားတွင် လှည့်လည်အလှပြမည့် မော်တော်ယာဉ် ၁၀ စီးကျော်အပြင် ဘစ်ဘိုက်ဆိုင်ကယ်အုပ်စုကြီး ပါဝင်သော ရိုးရာယာဉ်တန်းကြီးဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ဒေသခံပြည်သူအမြောက်အမြား တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ယူပင် တဒ်ထိုင်း ဟု အမည်ရပြီး ထိုင်းလို “မီးယားဖီ” (လင်ကြီးမယားကြီး) ဟု ချစ်စနိုးခေါ်ကြသော ပထမဇနီးဖြစ်သူက…
-

၂၀၂၆ ခုနှစ်အတွက် ရလဒ်အကောင်းဆုံး မြန်မာဖိုက်တာအဖြစ် မှတ်တမ်းဝင်ခဲ့သည့် ထွန်းမင်းနိုင်
ပြိုင်ဘက်ကို အမှတ်ဖြင့် အနိုင်ယူပြီး ၂၀၂၆ ခုနှစ်အတွက် ရလဒ်အကောင်းဆုံး မြန်မာဖိုက်တာအဖြစ် မှတ်တမ်းဝင်ခဲ့သည့် ထွန်းမင်းနိုင် ယနေ့ မေ (၁၅)ရက် ညပိုင်းမှာ ONE FF- 154 ပွဲစဉ်အတွင်း ပြိုင်ဘက်ဖြစ်သူ စပိန်ဖိုက်တာ မာတီနက်ကို ရိုးရာဖိုက်တာ ထွန်းမင်းနိုင်က အမှတ်ဖြင့်အနိုင်ယူခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်အတွက် ရလဒ် အကောင်းဆုံး ရိုးရာဖိုက်တာအဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ ပွဲစဥ်အစပိုင်း၌ ထွန်းမင်းနိုင် ခြေထောက် ဒဏ်ရာအနည်းငယ်ရခဲ့သော်လည်း အသာစီးထိုးသတ်ခဲ့ပြီး နောက်ဆုံးအချီတွင်ပြိုင်ဘက်ဖြစ်သူကို အမှတ်ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ရိုးရာဖိုက်တာ ထွန်းမင်းနိုင်၏ ONE တကျော့ပြန်ခရီး၌ (၂)ပွဲဆက်တိုက် အနိုင်ရယူခဲ့ကာ ယခု၂၀၂၆ ခုနှစ်အတွက် ရလဒ် အကောင်းဆုံး မြန်မာဖိုက်တာအဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။
-

မန္တလေး တက္ကသိုလ်နားက ကြက်ကင်တွေစားပြီး အရေးပေါ်ရောက်သွားတဲ့ အမျိုးသမီး
ဒီစာကိုဆေးရုံကနေရေးတာပါ ပွဲဖြစ်ချင်လို့မဟုတ်ပါဘူး ဆိုင်တွေ ဆင်ခြင်နိုင်အောင်ရေးတာပါ ။ နောက်တစ်ခုက လမ်းဘေး အစားအသောက်သန့်ရှင်းရေးကို သေချာကြီးကြပ်ပေးတဲ့ စည်းကမ်းတွေ နဲ့သေချာစနစ်တကျ စိစစ်ပေးတဲ့ သက်ဆိုင်ရာအဖွဲ့တွေပေါ်လာစေချင်ပါတယ် ။ ကျမ 7 ရက်နေ့ နေ့လည် 2 နာရီဝန်းကျင် က (မန္တလေး) မိန်းထဲက လမ်းပေါ်မှာရောင်းတဲ့ Butterfly ဆိုတဲ့ဆိုင်က ကြက်ကင်တခြမ်းဝယ်ပါတယ် ။ တသောင်းကျော်ပေးရပါတယ် ။ ပူတာလေးထည့်ပေးနော်ဆိုပြီး ရှေ့မှာကင်ထားတာကို လက်ညှိုးထိုး သေချာပြောပေမယ့် အနောက်မှာခွဲထားတဲ့ ထည့်ကနေပဲ ယူထည့်ပေးတာကိုလည်း မြင်လိုက်ပါတယ် ။ အဲ့ဒီမှာ ဒီတိုင်းချထားတဲ့ကြက်ကင်ကိုမြင်ပြီး သန့်ရှင်းမှုမရှိတာကိုလည်းတွေ့ပါတယ် ။ တခုခုနဲ့အုပ်မထားပါဘူး ။ စိတ်ထဲထင့်သွားပေမယ့် ယူပြီး အိုးဝေပေါ်ရောက်ရောက်ခြင်း ဖွင့်စားပါတယ် အပြင်စာ သိပ်စားလေ့မရှိပေမယ့် အဲ့နေ့ကအလုပ်များလို့ဗိုက်အရမ်း ဆာနေ လို့ဝယ်စားတာပါ။ ကြက်ကင်…
-

ရက်လည်ချိန်ထိ DB မမြင်ရသေးတဲ့ ကိုသဲမောင်ရဲ့ ဇနီး
နိုင်ငံခြားသင်္ဘောပေါ်မှာ ဆုံးသွားတာ ၇ ရက်ပြည့်သွားပေမယ့် DB မမြင်ရသေးလို့ ရင်ထဲမချိဖြစ်နေတဲ့ ကိုသဲမောင်ရဲ့ ဇနီး 💔 ပြီးတဲ့ရက်ပိုင်းတုန်းက သင်္ဘောပေါ်မှာ မြန်မာသဘော်သားနှစ်ဦး အောက်စီဂျင် ပြတ်လပ်ပြီး ဆုံးသွားတဲ့ဖြစ်ရပ်ထဲက ကိုသဲမောင်ရဲ့ ဇနီးကတော့ သူမရဲ့ ခံစားချက်ကို လူမှုကွန်ယက်ကနေ ရင်ဖွင့်လာပါတယ်။ “၁၃.၅.၂၀၂၆ မယုံကြည်နိုင်သေးပေမယ့် မရောက်ချင်တဲ့ ၇ ရက်ပြည့်ရက်ကို ရောက်လာခဲ့ပြီပေါ့ ကိုရယ်။ အခုထိလည်း ရင်ထဲမှာ ဘလောင်ဆူပြီး ဘယ်လိုမှ ဖြေမဆယ်နိုင်သေးပါဘူး။ သမီးလေးက ငယ်သေးတော့ ဘာမှမသိနားမလည်ရှာပေမယ့် သားသားကတော့ ဖေဖေ မရှိတော့တာကို သိပြီး အရမ်းဝမ်းနည်းနေရှာတယ်။ သားသားကို ဘယ်လိုဖြေသိမ့်ပေးရမလဲ ကိုရယ်… ချစ်လည်း ရင်ကျိုးရပါတယ်။ ဒီနေ့မှာ ချစ်တို့ သားအမိတွေ ကိုယ့်အတွက် ရည်စူးပြီး ပြုသမျှ ကုသိုလ်အစုစုကို သာဓု…
-

လူကုန်ကူးမှုအန္တရာယ် သတိထားရှောင်ရှား တွေ့မြင်ကြားသိပါကလည်း လျင်မြန်စွာသတင်းပို့
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ ပြစ်မှုထင်ရှားသဖြင့် တရားခံအား အလုပ်နှင့် ထောင်ဒဏ်ချမှတ်သည့်သတင်းများ မကြာခဏဆိုသလို တွေ့ရှိနိုင်သည်။ လူကုန်ကူးမှု ကျူးလွန်သူ တို့၏ လိမ်လည်လှည့်ဖြားသည့် သဘောသဘာဝများ၊ အကျိုးအမြတ် ခေါင်းပုံဖြတ်မှုများနှင့် ပြစ်ဒဏ် ကျခံရမှုများကို အဆိုပါသတင်းများတွင် တွေ့ရှိပြီး သင်ခန်းစာများ ရယူနိုင်သည်။ လူကုန်ကူးမှုအများစုတွင် ကျူးလွန်ခံရသူရော ကျူးလွန်သူပါ အမျိုးသမီးများဖြစ်နေသည်ကို တွေ့ရသည်။ ဤသည်မှာ အရွယ်ရောက်ပြီးသူ အမျိုးသမီးကိုဖြစ်စေ၊ အမျိုးသမီးငယ်ကိုဖြစ်စေ ပြောဆို စည်းရုံးရာတွင် အမျိုးသမီးအချင်းချင်း ပြောဆိုစည်းရုံးခြင်းဖြင့် ပိုမိုယုံကြည်ခြင်း၊ ပိုမိုလွယ်ကူခြင်း တို့ကြောင့်ပင်ဖြစ်သည်။ တစ်ဖက်နိုင်ငံတွင် အလုပ်အကိုင်ကောင်းကောင်းရမည်၊ စရိတ်ငြိမ်း လစဉ် ငွေကျပ် မည်ရွေ့မည်မျှရမည်၊ နိုင်ငံခြားသားနှင့်ယူပါက ငွေကြေးအများအပြားရမည် စသည်ဖြင့် မက်လုံးပေးစည်းရုံး၍ လိမ်လည်လှည့်ဖြားခေါ်ဆောင်ကာ လူကုန်ကူးမှု ကျူးလွန်ကြပြီး ငွေကြေး အကျိုးအမြတ် ခေါင်းပုံဖြတ်ရယူကြသည့်ပုံစံမှာ အထပ်ထပ်ကြမ်းနေပြီဖြစ်စေကာမူ ဤနည်းအတိုင်း ဆက်လက်ကျူးလွန်ခံနေကြရဆဲဖြစ်ရာ…