Category: Feature
-
ကျပ်သိန်းပေါင်း ၁၃,၆၀၀ ဖိုးကို ရဲရဲကြီး လှူသွားခဲ့တဲ့ သူဌေးကြီးရဲ့ နောက်ကွယ်က ဘဝ
ကျပ်သိန်းပေါင်း ၁၃,၆၀၀ ဖိုးကို ရဲရဲကြီး လှူသွားခဲ့တဲ့ သူဌေးကြီးရဲ့ နောက်ကွယ်က ဘဝ လောကကြီးမှာ ငွေရှာတတ်သူတွေများပေမယ့်၊ ရှာထားတဲ့ငွေကို အဘက်ဘက်ကနေ အကျိုးရှိရှိ စွန့်လွှတ်ရဲတဲ့သူကတော့ တကယ့်ကို ရှားပါးလှပါတယ်။ ဒီအကြောင်းအရာလေးကတော့ လူမှုကွန်ရက်မှာ နာမည်ကြီးတဲ့ ပင်းတယမီးအိမ်ရှင် ဆရာကြီး ဒေါက်တာသန်းမင်းထွဋ် ကိုယ်တိုင် လေးလေးစားစား ရေးသားမှတ်တမ်းတင်ထားတဲ့ အလှူရှင်ကြီး အဘဦးညွန့်ဝေရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ သူတစ်ပါးအိမ်က အစေခံဘဝမှ ကျပ်သိန်းသောင်းချီ လှူနိုင်သူအဖြစ်သို့ အဘဦးညွန့်ဝေဟာ မွေးရာပါ သူဌေးတစ်ယောက် မဟုတ်ခဲ့ပါဘူး။ ငယ်စဉ်က မိဘတွေ ရောင်းစားခံခဲ့ရလို့ သူတစ်ပါးအိမ်မှာ အစေခံအဖြစ် နေခဲ့ရသူပါ။ ဒါပေမဲ့ သူ့ရဲ့ ရိုးသားကြိုးစားမှုတွေကြောင့် ချမ်းသာကြွယ်ဝလာခဲ့ပြီး၊ ဘဝရဲ့ နောက်ဆုံးအချိန်တွေမှာတော့ သူရှာဖွေထားတဲ့ စည်းစိမ်တွေကို မက်မောခြင်းမရှိဘဲ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား လှူဒါန်းပစ်ခဲ့ပါတယ်။…
-

ရဟန်းတပါးကို အဲ့လောက်ကြီး မပြောသင့်ပါဘူး (ရုပ်သံ)
ရဟန်းတပါးကို ရိုင်းစိုင်းစွာဆဲဆိုသော အိုးဝေသမားလူမှုကွန်ယက်တွင် ဝေဖန်ခံနေရ ရဟန်းတပါးကို ရိုင်းစိုင်းစွာ ဆဲဆိုသော အိုးဝေသမားကို လူမှုကွန်ယက်တွင် ဝေဖန်မှုများရှိနေပါသည်။ အဆိုပါရုပ်သံဖိုင်တွင် ရဟန်းတပါးအား အိုးဝေသမားမှ”ဘုန်းကြီးဖြစ်နေလို့ ကုန်ချခံရမယ်”ဆိုပြီးရိုင်းစိုင်းစွာပြောဆိုနေပါသည်။ အဆိုပါဖြစ်စဉ်သည် မည်သည့်ဒေသတွင်ဖြစ်ပွားသည်ကို သီးခြား အတည်ပြုနိုင်ခြင်းမရှိသော်လည်း လူမှုကွန်ယက်တွင်တော့ အဆိုပါအိုးဝေသမား ကို ရိုင်းစိုင်းစွာပြောဆိုဆက်ဆံမှု အတွက် အရေးယူပေးပါရန်လည်း တောင်းဆိုနေကြပါသည်။ ရုပ်သံ-CJ
-
ညီလေး ၃ ယောက် လှေနဲ့သွားကြိုရင်း ကြုံလိုက်ရတဲ့ အဖြစ်ဆိုး
သား (၃) ယောက်လုံး တစ်ပြိုင်တည်း ရေထဲပါသွားပြီ ကျောင်းကအပြန် ညီလေးတွေကို လှေနဲ့သွားကြိုရင်း ကြုံလိုက်ရတဲ့ အဖြစ်ဆိုး ကံကြမ္မာရဲ့ ရက်စက်မှုက အတိုင်းအတာမဲ့လွန်းလှပါတယ်။ သားသမီး တစ်ယောက်ကို ဆုံးရှုံးရတာတောင် ရင်ကွဲမတတ် ခံစားရတဲ့ မိဘတွေအတွက် သား (၃) ယောက်လုံးကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရတဲ့ ဧရာဝတီတိုင်း၊ အိမ်မဲမြို့က အဖြစ်အပျက်ကတော့ ကြားရသူတိုင်းရဲ့ မျက်ရည်ကို ကျစေခဲ့ပါတယ်။ ညီလေးတွေကို ချစ်တဲ့ အစ်ကို ဖြစ်စဉ်ကတော့ အိမ်မဲမြို့၊ ပဒက်ကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။ အသက် (၁၅) နှစ်အရွယ် အစ်ကိုဖြစ်သူ ဝေယံလေးဟာ အတက်ရောဂါ အခံရှိပေမယ့် သူ့ရဲ့ ညီငယ်လေးတွေကို အရမ်းချစ်တတ်သူပါ။ အခင်းဖြစ်ပွားတဲ့နေ့ကလည်း ကျောင်းဆင်းချိန်မှာ ညီလေး (၃) ယောက်ကို ကိုယ်တိုင် လှေလေးနဲ့ သွားရောက်ကြိုဆိုခဲ့ပါတယ်။…
-

ရွှေဘခေတ်ကုန်တာ ကြာပြီ
ပြန်ပါတော့ တကယ်တော့ မအလတပ်တွေဟာ ရခိုင်စစ်မြေပြင်မှာ၊ သူတို့တိုက်ခိုက်နိုင်စွမ်း ဒါ အကုန်ပါပဲ။ မြေပြင် ရေပြင် ဝေဟင် သုံးခုပေါင်းပြီး အလုံးအရင်းနှင့် ထိုးစစ်ဆင်နေတာတောင် အေအေစခန်းတခုလောက်တောင် သူတို့ မသိမ်းပြနိုင်ခဲ့ဘူး။ မအလတပ်တွေ ရခိုင်မြေက အေးရာအေးကြောင်း ပြန်သင့်ပြီ။ ရလိုရငြား ဆက်လက်တိုက်ခိုင်နေရင် ရခိုင်မြေလောက်တင်မကပဲ၊ မြန်မာ့မြေပုံ ပြောင်းသွားလိမ့်မယ်။ တိုက်လို့မရနိုင်တော့မှန်း လူတိုင်းသိသလို၊ သူတို့လည်း သိနေလို့ ထွက်ခတ် ခတ်နေတယ်ဆိုရင်တော့ အလုံးစုံ စစ်ရှုံးပြီလို့ သတ်မှတ်ခံရတဲ့နေ့ ပေးစရာအကြွေးတွေလည်း လည်ပင်းအခိုက်တဲ့ နေ့ပါပဲ။ ခြေချစရာ ခြေတဖဝါးစာတောင် မရှိသေးတဲ့ ဘဝကနေ တိုက်ခိုက်သိမ်းပိုက်လာခဲ့တဲ့ အေအေကို အခုလို ၉၀ ရာခိုင်နှုန်းလောက် သိမ်းထားပြီးမှ ပြန်ရဖို့ မမျှော်လင့်နဲ့တော့။ ရခိုင်မြေက အေးရာအေးကြောင်း ပြန်ပါတော့။ Ven U Kundala…
-

မြန်မာပြည်မှာ ဒီလို အသပြာဆေးရုံတွေ ဘယ်လောက်တောင် များနေပြီလဲ
တယောက်အတွက် တယောက် ဆက်ရှင်သန်ကြရမှာမို့ မရူးသွပ် သွားအောင်နေရတဲ့ ကာလပါပဲ။ ကိုယ်၀န် ၂၈ နဲ့ ၂၉ ပတ်ကြား သားအိမ်ပွင့်နေပြီမို့ သားလေးကို ၁ ကီလို (၂ ပေါင် ၂ အောင်စ) အတိနဲ့ ပန်းလှိုင် (တောင်ကြီး) ဆေးရုံမှာ ရိုးရိုးမွေးခဲ့တယ်။ ကလေးက လမစေ့ ပေါင်မပြည့်မို့ BCU မှာဆက်ထားရမယ်။ ကလေးအသက်က ကြိုးတန်းပေါ် လမ်းလျှောက်သလိုပဲ။ ပန်းလှိုင်မှာ ဆက်ထားမယ်ဆိုရင် တရက်ကို ၂ သိန်းခွဲ ကနေ ၃ သိန်းကြား ကုန်မယ်။ ကလေးနည်းတော့ ကလေးကို အနီးကပ်စောင့်ကြည့်နိုင်တယ်။ မိခင်နှင့် ကလေးဆေးရုံကို ပြောင်းထားချင်လည်း ရတယ်ဆိုပြီး ရှင်းပြပါတယ်။ အဲဒါနဲ့ ပိုကောင်းမယ်ထင်လို့ ပန်းလှိုင်ဆေးရုံမှာပဲ ဆက်ထားလိုက်တယ်။ ဆေးရုံ BCU…