Category: Feature
-

စစ်တပ်က ဒွမ်မလား🤔 မိုက်ခဲတို့ဖြုတ်မလား🤭 ဦးရာလူစနစ်😋😍
မြင်းခြံ သီတာယုမွန် သမီးအကြီးမ ယွန်းယုလွင်ဦး.. ထိုင်းနိုင်ငံကနေ ဂျပန်သို့ပြောင်းရွှေ့နေထိုင်မည်။ ထိုင်းရောက်မြန်မာတွေရဲ့ ဘေးအန္တရာယ်ကနေ လွတ်မြောက်ဖို့ သမီးဖြစ်သူကို ဂျပန်ရွှေ့ခိုင်းတာလို့ သိရ။ သီတာယုမွန်က သူ့သမီးအကြီးမဆီ လစဉ် သိန်း(၁၀၀) ပို့ပေးရတယ်။ အဲ့ဒီ ပိုက်ဆံ သိန်းတစ်ရာက မြင်းခြံဘက်မှာ စစ်မှုထမ်းကြေးကောက်ပြီး ပေးတာတဲ့လေ… သားသမီးချင်း ကိုယ်ချင်းမစာမနာ မြင်းခြံနယ်က သားရှင်သမီးရှင် မိဘတွေဆီက အတင်းအကြပ် တောင်းရမ်းပြီး ကိုယ့်သမီးကျ နိုင်ငံခြားကိုပို့ ၊ လစဉ်ကြေးပို့ပေး၊ မျက်ရည်တွေနဲ့ ပိုက်ဆံကို ခင်များတို့ စားရက်ကြတယ်ဗျာ….. တပ်မတော်ကိုတကယ်ချစ်တယ်ဆိုရင် ကိုယ့်သားသမီးကို စစ်မှုထမ်းထဲပြန်လာထည့်လိုက်ပါလား။ ဒါမျိူးကျ မထည့်ဘူး ၊ ဘယ်ထည့်မလဲ သီတာယုမွန်ဆိုတာ လူလည် အကြီးစား ၊ တပ်မတော်ကိုလည်း သူမယုံကြည်ဘူး ၊ သူနဲ့သူ့မိသားစုအကျိုးပဲ ကြည့်တာ ။…
-
နီပေါရေဘေးကြားက မပျက်မစီးဘဲကျန်နေတဲ့ ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီး
နီပေါရေဘေးကြားက မပျက်မစီးပဲကျန်နေတဲ့ ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးကြောင့် လူမှုကွန်ရက်မှာ အံ့အားသင့်နေကြပါတယ်။ နီပေါနိုင်ငံမှာ ဩဂုတ် ၂၆ ရက်က စတင်ပြီး ရုတ်တရက်ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် နေရာအများအပြား ရေလွှမ်းမိုးခဲ့ပါတယ်။ ရေဘေးအခြေအနေတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေဟာလည်း လူမှုကွန်ရက်ပေါ်မှာ အများအပြား ပျံ့နှံ့လာနေပါတယ်။ အဲဒီထဲက လူတွေရဲ့ အာရုံစိုက်မှုကို အထူးရရှိနေတာကတော့ ရေပြင်ကျယ်ကြီးထဲမှာ ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူ မတ်မတ်ရပ်နေတဲ့ပုံ ဖြစ်ပါတယ်။ ရေတွေက ရုပ်ပွားတော်ကြီးရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းနေသလို မြင်ရပေမယ့် ရုပ်ပွားတော်ကြီးကတော့ ထိခိုက်ပျက်စီးမှုမရှိဘဲ ကျန်ရှိနေတဲ့အတွက် လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ အတော်လေး ပြောစရာဖြစ်လာပါတယ်။ ဒီဗုဒ္ဓရုပ်ပွားတော်ကြီးဟာ Chitwan ခရိုင်၊ Narayangarh (Narayanghat) မြို့အနီး Narayani မြစ်ကမ်းဘေးမှာ တည်ရှိတာဖြစ်ပါတယ်။ Narayani မြစ်ဟာ နီပေါနိုင်ငံအတွက် အရေးပါတဲ့ မြစ်ကြောင်းတစ်ခုဖြစ်ပြီး Trishuli…
-
အဖွင့်မတော်ရင် ဂျေးအောင်းရမယ့် လော်ဥပဒေ စပြီ
လော်အဖွင့်မတော်ရင် ထောင်ကျနိုင်တယ်..ရန်ကုန်တွင် အသံချဲ့စက်ဖွင့်လိုပါက ၃ ရက်ကြိုတင် ခွင့်ပြုချက်ယူရမည် မြို့ပြရဲ့ ဆူညံသံတွေကြားမှာ ငြိမ်သက်အေးချမ်းစွာ အနားယူချင်ကြတဲ့ ပြည်သူတွေအတွက်ရော၊ ပွဲလမ်းသဘင်နဲ့ သာသနာရေး အခမ်းအနားတွေ ပြုလုပ်ချင်ကြသူတွေအတွက်ပါ မဖြစ်မနေ သိထားရမယ့် အရေးကြီး စည်းကမ်းချက်တစ်ခု ထွက်ပေါ်လို့ လာခဲ့ပါတယ်။ မိမိတို့ ရပ်ကွက်တွင်းနဲ့ လမ်းမများပေါ်မှာ သာရေး၊ နာရေးနဲ့ အခမ်းအနားအမျိုးမျိုးအတွက် အသံချဲ့စက် (လော်စပီကာ) ဖွင့်လှစ်တော့မယ်ဆိုရင် မသိဘဲ စည်းကမ်းမဲ့ ဖွင့်မိရာကနေ ထောင်ဒဏ်အထိ ကျခံရနိုင်တဲ့ ဥပဒေရေးရာ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူနေရပ်ကွက်များနှင့် အများပြည်သူဆိုင်ရာ လမ်းမများပေါ်တွင် အသံချဲ့စက် သုံးစွဲလိုပါက အနည်းဆုံး ၃ ရက် ကြိုတင်၍ သက်ဆိုင်ရာသို့ ခွင့်ပြုချက် အမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း…
-

အမှောင်ခေတ်၏ ပြန်လည်ဆန်းသစ်လာသော လမ်းမပေါ်က စည်းမဲ့ကမ်းမဲ့ လူငယ်များ (ရုပ်သံ)
၁၉၉၀ ပြည့်လွန်နှစ်များက စစ်အာဏာရှင်စနစ်အောက်တွင် လူငယ်များကို နိုင်ငံရေးနှင့် ကင်းဝေးစေရန်အတွက် အပျော်အပါး၊ ဂိုဏ်းစတားစနစ်၊ ဉာဏ်မဲ့ အကြမ်းဖက်မှုများနှင့် မူးယစ်ဆေးဝါးတို့၌ ရောထွေးပျော်ပါးခွင့်ပြုခဲ့သည့် ပေါ်လစီမှာ အထင်အရှားရှိခဲ့ဖူးသည်။ “နိုင်ငံရေးမလုပ်ရင် ပြီးရော၊ ကျန်တာကြိုက်တာလုပ်” ဆိုသည့် လွှတ်ပေးထားသော အနေအထားသည် လူငယ်များ၏ အနာဂတ်နှင့် တွေးခေါ်နိုင်စွမ်းကို တမင်တကာ ပျက်စီးစေခဲ့သည်။ ယနေ့ခေတ်တွင်လည်း ထိုဆိုးဝါးသော သမိုင်းဆိုးသည် မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုနှင့်အတူ ပြန်လည်ခေါင်းထောင်ထလာသည်ကို တွေ့မြင်နေရသည်။ တရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့သွားသည့် လူမှုအသိုင်းအဝိုင်းတွင် ပျူစောထီးများ၊ အခွင့်အရေးယူ လူမိုက်များ၏ အရှိန်အဝါကြီးထွားလာပြီး လူငယ်များကြား၌လည်း သေးငယ်သော အကြောင်းပြချက်များ၊ နယ်မြေလုမှု၊ ရည်းစားလုမှုများဖြင့် စည်းမဲ့ကမ်းမဲ့ ရန်ပွဲများ၊ အုပ်စုလိုက် ရိုက်ပွဲများမှာ လမ်းမများပေါ်တွင် ဗြောင်ကျကျ ဖြစ်ပွားလာခဲ့သည်။ ဗီဒီယိုထဲတွင် တွေ့မြင်ရသည့်အတိုင်း လူငယ်များမှာ လမ်းမထက်တွင်…
-

နေဝင်းမြေးနဲ့ သက်ပုံသား နောက်ကွယ်က ဇာတ်ထုပ်
အာဏာရှင်ဟောင်း နေဝင်း၏ မြေး ကျော်နေဝင်းက ဒုဗိုလ်ချုပ်ဟောင်း သက်ပုံ၏သား မင်းပြည့်သက်ပုံကို Omni Focus တွင် Project Coordinator အဖြစ် လစဉ်လစာ ကျပ်သိန်း ၅၀ နှင့် အခြားအခွင့်အရေးများ ပေးကာ ခန့်အပ်ထား အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း၏ မြေးဖြစ်သူ ကျော်နေဝင်းပိုင် Omni Focus က ဗိုလ် ချုပ်ဟောင်း သက်ပုံ၏သားဖြစ်သူ မင်းပြည့်သက်ပုံကို Project Coordinator ရာထူးဖြင့် လစဉ်လစာ ကျပ်သိန်း ၅၀ နှင့် အခြားအခွင့်အရေးများ ပေးအပ်ခန့်ထားကြောင်း တပ် သတင်းရင်းမြစ်ထံမှ သိရသည်။ မင်းပြည့်သက်ပုံသည် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ၏ သားအရင်းဖြစ်ပြီး လက်ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူ၊ ယခင် လေတပ်စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး…