📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Category: Feature

  • ရန်ကုန်မြို့လယ်ခေါင် ပေါ်တာဆွဲခံရမယ့်ဘေးက သီသီလေးလွတ်လာသူတစ်ဦးရဲ့ ကိုယ်တွေ့

    ရန်ကုန်မြို့ မင်္ဂလာဈေးအနီးက အထူးသတိထားစရာ အတင်းအဓမ္မဆွဲခေါ်မှု ကိုယ်တွေ့ဖြစ်စဉ် ရန်ကုန်မှာ သွားလာနေထိုင်ကြသူတွေ အထူးသတိထားနိုင်ဖို့အတွက် မနေ့က မင်္ဂလာဈေးအနီးမှာဖြစ်ပွားခဲ့တဲ့ ခြောက်ခြားဖွယ်ရာ ကိုယ်တွေ့ဖြစ်စဉ်တစ်ခုကို သတင်းအဖြစ် မျှဝေပေးလိုက်ပါတယ်။ ဖြစ်စဉ်အကျဉ်း မနေ့က မင်္ဂလာဈေးမီးပွိုင့်အနီးမှာ ပြည်သူတစ်ဦးဟာ အကြောင်းမဲ့သက်သက် အတင်းအဓမ္မ ဆွဲခေါ်ခံရမယ့်အန္တရာယ်ကနေ သီသီလေး လွတ်မြောက်လာခဲ့ပါတယ်။ ကာယကံရှင်ဟာ KSS ဒံပေါက်ဆိုင်ထဲကို ဝင်ပြေးခဲ့ပေမယ့် အရပ်ဝတ်နဲ့ လူနှစ်ယောက်က ဆိုင်ထဲအထိ လိုက်ဝင်လာပြီး “မင်း ငါတို့ကို မင်္ဂလာဈေးမီးပွိုင့် ဗန်ဘာဘက်ကနေ အသံကျယ်ကြီးနဲ့ ဆဲသွားတယ်မလား၊ ငါတို့နဲ့လိုက်ခဲ့” ဆိုပြီး အကြောင်းရှာကာ အတင်းအဓမ္မ လက်ကိုလှမ်းဆွဲ ခေါ်ဆောင်ခဲ့ပါတယ်။ ကာယကံရှင်က လူမှားနေကြောင်း၊ ဒံပေါက်စားချင်လို့ လာဝယ်တာဖြစ်ပြီး သူတို့ကိုလည်းမသိ၊ ဆဲလည်းမဆဲခဲ့ကြောင်း အကျိုးအကြောင်း ရှင်းပြခဲ့ပေမယ့် လုံးဝလက်မခံဘဲ “လိုက်ခဲ့ဆို လိုက်ခဲ့” ဆိုပြီး…

  • နောက်ဘဲထားလို့ဆိုပြီး ရည်းစားဟောင်းက ကားနဲ့ တို\_က်T-တ်

    နောက်ဘဲထားလို့ဆိုပြီး ရည်းစားဟောင်းက ကားနဲ့ တို\_က်T-တ်

    ဘန်ကောက်တွင် စုံတွဲတစ်တွဲကို ရည်းစားဟောင်းဖြစ်သူက ကားဖြင့်တိုက်သတ် ဘန်ကောက်မြို့၊ ဝေါင်းဆဝမ် (Wong Sawang) ဧရိယာတွင် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏ ရည်းစားဟောင်းဖြစ်သူနှင့် အမျိုးသားတစ်ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်ကို ပစ်ကပ်ကားဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဆိုင်ကယ်ပေါ်ပါသူ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ အဆိုပါ ဖြစ်စဉ်မှာ စက်တင်ဘာ ၂ ရက် (ဗုဒ္ဓဟူးနေ့) အစောပိုင်း နံနက် ၁ နာရီခန့်တွင် ဘန်ကောက်-နွန်သဘူရီ လမ်းကြိုလမ်းကြား (Soi 39) အနီး၊ ပန်းရောင်လိုင်း (Pink Line) ရထားလမ်းအောက်ရှိ ကွေ့ကောက်လမ်းဆုံအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်အတွင်း အသက် ၂၄ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၄၅…

  • ဖြစ်ချင်တိုင်းဖြစ်နေကြတဲ့ ပုသိမ်အမှတ်(၂)တံတားအောက်နှင့် ကမ်းနားလမ်း

    ပုသိမ်အမှတ်(၂)တံတားအောက်နှင့် ကမ်းနားလမ်းဝန်းကျင်၌ ဒုစရိုက်မှုများ မင်းမှုနေပြီး စစ်မှုထမ်း အရောင်းအဝယ်ပြုလုပ်သည့် ပွဲစားများပါ သောင်းကျန်းနေ ​ဧရာဝတီတိုင်း၊ပုသိမ်မြို့ အမှတ်(၂)ပုသိမ်ကြိုးတံတားအောက်နှင့် ကမ်းနားလမ်း အုတ်ရိုးတစ်လျှောက်တွင် ဒုစရိုက်မှုများ၊ မူးယစ်ဆေးဝါး သုံးစွဲမှုများနှင့်အတူ စစ်မှုထမ်း လူစားထိုး အရောင်းအဝယ်ပြုလုပ်သည့် မသမာမှုများ ပေါ်ပေါ်ထင်ထင် ဖြစ်ပွားနေသဖြင့် မြို့ခံများနှင့် ခရီးသွားများ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။ အမှတ်(၂)တံတားအောက်ဝန်းကျင်တွင် လေလွင့်မိန်းမပျက်များနှင့် ဒုစရိုက်အုပ်စုများ အခြေချကာ စည်းရုံးလှုပ်ရှားနေကြပြီး၊ ကလေးငယ်များမှာလည်း ကော်ရှူးခြင်း၊ ဖုန်းနှင့် ပစ္စည်းများ လုယက်ထွက်ပြေးခြင်းများ ပြုလုပ်နေကြသည်။ လုယက်ရရှိသည့် ဖုန်းများအနက် (၄) လုံးရလျှင် (၃) လုံးအထိ သတင်းပေး (အင်ဖော်မာ) များကို ဝေမျှပေးရသည့် စနစ်တကျ အုပ်စုဖွဲ့ ဒုစရိုက်ကျူးလွန်မှုများ ဖြစ်ပေါ်နေသည်။ ယင်းကဲ့သို့ မသမာသူများ၏ နှောင့်ယှက်မှုများကြောင့် နယ်မှတက်လာသည့် စျေးဝယ်သူများနှင့်…

  • လျှပ်စစ်မီတာအသစ်တွေနဲ့ အထည့်ခံရတော့မယ် ပြည်သူတွေ

    လျှပ်စစ်မီတာအသစ်တွေနဲ့ အထည့်ခံရတော့မယ် ပြည်သူတွေ

    တစ်နိုင်ငံလုံးတွင် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီထုတ် ဒစ်ဂျစ်တယ် လျှပ်စစ်မီတာများ ပြောင်းလဲတပ်ဆင်ရန် စစ်ကောင်စီက ဝါဒဖြန့်နေ ရန်ကုန်တွင် လျှပ်စစ်မီတာများကို စတင်သိမ်းဆည်းပြီး ဦးပိုင်မီတာ ပြောင်းလဲလျှောက်ထားရန် ဖိအားပေးလာ မြန်မာတစ်နိုင်ငံလုံးတွင် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီထုတ် ဒစ်ဂျစ်တယ် လျှပ်စစ်မီတာများ ပြောင်းလဲတပ်ဆင်ရန် စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေသော ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် နေ့စဉ်ရက်ဆက် ဝါဒဖြန့်နှိုးဆော်လျက်ရှိသည်ကိုတွေ့ရသည်။ ဩဂုတ်လ ၂၈ ရက်နေ့မှစတင်ပြီး ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့အထိ စစ်တပ်၏ ဝါဒဖြန့်သတင်းစာများတွင် “စမတ်ဂရစ် (Smart Grid) ရင်ခုန်သံနှင့် မြန်မာ့လျှပ်စစ်စွမ်းအင်က ဏ္ဍ၏ ခြေလှမ်းသစ်များ” ဟူသော ခေါင်းစဉ်ဖြင့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ထုတ်လုပ်သော ဒစ်ဂျစ်တယ် လျှပ်စစ်မီတာများ တပ်ဆင်ခြင်းဖြင့် သုံးစွဲသော မီတာယူနစ်ကို မိမိ၏ ဖုန်းဖြင့်…

  • ဦးပိုင် အတွင်းပိုင်း အာဏာ လုမှုတွေ စ,ပြီ

    အဂတိမှုဖြင့် ဦးပိုင်အကြီးတန်းအရာရှိ ၃ ဦး ဖမ်းဆီးခံရ ထိပ်တန်းဗိုလ်ချုပ်များအထိ စုံစမ်းမည်လား မေးခွန်းထုတ်စရာဖြစ်လာ ပုဂ္ဂလိကကုမ္ပဏီများအတွက် သွင်းကုန်လိုင်စင်များကို မိမိ၏ လုပ်ပိုင်ခွင့်ကိုကျော်ကာ လျှောက်ထားပေးမှုနှင့် ဆက်နွှယ်သည့် အဂတိလိုက်စားမှုစွပ်စွဲချက်များဖြင့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ၏ အကြီးတန်းအရာရှိ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။ ဖမ်းဆီးခံရသူသုံးဦးလုံးမှာ စစ်တပ်မှ အငြိမ်းစားအရာရှိများဖြစ်ပြီး စစ်တပ်၏ အင်အားအကြီးဆုံး စီးပွားရေးအင်ပါယာကြီးဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (MEHL) တွင် အကြီးတန်းရာထူးများ ရယူထားသူများဖြစ်သည်။ မြန်မာ့စီးပွားရေးကဏ္ဍစုံတွင် လက်ဝါးကြီးအုပ်ထားသော စစ်တပ်၏ ဦးပိုင်ကုမ္ပဏီအတွင်း အကြီးတန်းအရာရှိများကို ယခုကဲ့သို့ အဂတိမှုဖြင့် ဖမ်းဆီးစစ်ဆေးခြင်းမှာ ရှားပါးဖြစ်စဉ်တစ်ခုဖြစ်သည်။ သွင်းကုန်လိုင်စင်လျှောက်ထားမှုတစ်ခုတွင် မသမာမှုများရှိနေသည်ကို ဩဂုတ်လ ၂၅ ရက်တွင် တွေ့ရှိခဲ့ပြီးနောက် ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့…