Category: Article


  • အောင်လအင်ဆန်၏ Hall of Fame ခရီးလမ်း

    အောင်လအင်ဆန်၏ Hall of Fame ခရီးလမ်းက မြန်မာ့တိုက်ခိုက်ရေးအနာဂတ်ကို မည်သို့ ပြောင်းလဲစေခဲ့ပါသလဲ စပါးအုံးကြီးက ဖွင့်ပေးခဲ့သော အနာဂတ် – Hall of Fame အောင်လအင်ဆန်နှင့် မြန်မာ့တိုက်ခိုက်ရေးမျိုးဆက်သစ်များ လွန်ခဲ့သည့် ရှစ်နှစ်ကျော် သက္ကရာဇ်တချို့ကို သတိရမိသည်။ အတိအကျပြောရမည်ဆိုလျှင် ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ဖြစ်သည်။ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အသက် ၆၄ နှစ်အရွယ်အမျိုးသားတစ်ဦး ရုတ်တရက် မူးလဲ ဆုံးပါးသွားခဲ့သည်။ အကြောင်းမှာ “မြန်မာ့စပါးအုံး The Burmese Phyton” ဟု လူအများသိကြသည့် အောင်လအင်ဆန်က ရုရှားနိုင်ငံသား Vitaly Bigdash ကို အနိုင်ရကာ ဝမ်းချန်ပီယံရှစ် MMA သိုင်းပေါင်းစုံMiddleweight ဝိတ်တန်း၌ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည့်…

  • အမေရိကန် ၏ Burma Team စစ်ဆင်ရေး စပြီ

    Burma Team ဟု ဆိုကာ အသစ် ဖွဲ့စည်း လာ‌ သောမြန်မာ ရှိ ငွေလိမ်ဂိုဏ်း တိုက်ဖျက်ရေး အဖွဲ့ Scam Center Strike Force (SCFF) သည် မြန်မာနိုင်ငံ အတွင်း ရှိ အဆိုပါ အဖွဲ့များ၏ လုပ်ငန်းများကို အခြား ဌာနများ နှင့် ပူးပေါင်း၍ စတင် အရေးယူ ဆောင်ရွက်နေပြီဟု အမေရိကန် တရားရေး ဝန်ကြီးဌာန မှ ထုတ်ဖေါ် ပြောဆိုလိုက်ပြီ ဖြစ်သည်။ မြန်မာ နိုင်ငံ အတွင်းရှိ ငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန် အက်ဖ်ဘီအိုင် အေးဂျင့်များ ထိုင်းနိုင်ငံ သို့ စတင် ရောက်ရှိလာနေပြီ ဖြစ်သည်ဟု ဝါရှင်တန်ရှိ ကိုလံဘီယာ ခရိုင် ရှေ့နေရုံးမှ ကြေညာချက်…

  • စစ်ခေါင်းဆောင်က သစ္စာတော်ခံဖြစ်ခဲ့သည့် နိုင်ငံရေးထောက်တိုင်များအား တခုပြီးတခု တွန်းလှဲဖြိုခွင်း

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တချိန်က ၎င်း၏သစ္စာတော်ခံများဖြစ်ခဲ့ကြသည့် နိုင်ငံ ရေးဒေါက်တိုင်များအား တခုပြီးတခု တွန်းလှဲဖြိုခွင်းလျှက်ရှိနေပြီး တပ်တွင်းသစ္စာတော်ခံများဖြင့် အစား ထိုးဖြည့်သွင်းလျှက်ရှိသည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြသည်။ သံသယစိတ်လွန်ကဲသည့် စစ်ခေါင်းဆောင်သည် ၎င်းအလိုကျ ရလဒ်ထွက်စေရန် ၂၀၂၅ အထွေထွေရွေး ကောက်ပွဲကို လိုသလိုပုံဖော်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့၌ လက်ထောက် စစ်ရေး ချုပ်ဟောင်းလည်းဖြစ်၊ သဘောထားတင်းမာသူလည်းဖြစ်သည့် အငြိမ်းစားဗိုလ်ချုပ်သန်းစိုးအား UEC ဥက္ကဋ္ဌရာထူးပေးအပ်ခဲ့ပြီး ယခင်ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုအား တာဝန်မှအနားပေးခဲ့သည်။ ဥက္ကဋ္ဌသစ် ဦးသန်းစိုးသည် ၎င်းရာထူးရပြီး ရက် ၄၀ ပြည့်မြောက်သည့် စက်တင်ဘာလ ၉ ရက်နေ့ ည ပိုင်းတွင် ပြည်ထောင်စုတဝှမ်းလုံးယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီကိုးခုအနက်မှသုံးခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)အပါအဝင် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးမောင်၏ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊…

  • လက်နက်မဲ့အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ပြီး သူရဲကောင်းတွေလို ဟစ်ကြွေးနေတဲ့ စစ်ကောင်စီအုပ်စုဟာ အာရက္ခတပ်တော် (AA)ကိုတော့ အင်မတန်ကြောက်တယ်လို့ နာမည်ကြီးပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ AAရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ဒူးထောက်အညံ့ခံရတဲ့ ဗိုလ်မှူးချုပ်တွေ၊ ထောင်ချီတဲ့ စစ်သုံ့ပန်းတွေရဲ့ သွင်ပြင်တွေက စစ်အုပ်စုပုံရိပ်ကိုအကြီးအကျယ်အထိနာစေခဲ့ပါတယ်။ အာဏာသိမ်းခေါင်းဆောင်အနေ နဲ့ AA ကိုလက်နက်ချဖို့ စစ်သုံ့ပန်းဗိုလ်မှူးချုပ်တချို့က ပြန်​ပြောရတဲ့အထိ AA ကလည်း လက်သံပြောင်ပါတယ်။ AAနဲ့ရင်မဆိုင်ရဲလို့ ပြေးသူပြေး၊ လက်နက်ချသူချနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားမှာ အကြောက်တရား ကြီးစိုးနေတာပါ။ ဒါပေမယ့်လည်း လွန်ဆန်လို့မရတဲ့အမိန့်ညွှန်ကြားချက်တွေကြားထဲမှာ ဗိုလ်မှူးချုပ်တစ်ဦးနဲ့ ဗိုလ်မှူးကြီး တစ်ဦးကတော့ ရခိုင်စစ်မြေပြင်ကို ခြေချရပါတော့မယ်။ စစ်ဦးစီးတက္ကသိုလ်ကကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်ထိုက်လတ် နဲ့ တပ်မ(၅၅) ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးမျိုးမြင့်ဦးတို့ဖြစ်ပါတယ်။ AAရဲ့ တိုက်ခိုက်မှုကြောင့်အထိနာနေတဲ့ စစ်ရေးဒေသနှစ်ခုက ဗိုလ်မှူးချုပ်နှစ်ဦးနေရာမှာ သူတို့ကို စစ်ကောင်စီက အစားထိုးလိုက်တာပါ။…

  • ထမင်းတလုပ်အတွက် အသက်ပေးလိုက်ရသူများ

    အသက် ၅၀ အရွယ် ဦးစိုး(အမည်လွှဲ)ကို မိတ္ထီလာမြို့ကလူတွေ တော်တော်များများ မျက်မှန်း တန်းမိကြတယ်။ ဦးစိုးဟာ မနက်ခင်းစောစောတွေ ညနေပိုင်းတွေမှာ စက်ဘီးစုတ်ကလေးတစီးနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ပလုံလိုက်ကောက်နေတတ်လို့ပါ။ ညနေခင်း အများပြည်သူတွေ ကန်ပေါင်မှာ အနားယူလမ်းလျှောက်နေကြပြီဆိုရင် ဦးစိုးလည်း ပလုံကောက်ဖို့ စက်ဘီးလေးတစီးနဲ့ ကန်ပေါင်ရောက်နေတတ်ပါပြီ။ ဦးစိုးနေတာကတော့ မိတ္ထီလာနယ်ထဲက လူးခင်းကြီးရွာ၊ သာယာရပ်ကွက်မှာ နေတာပါ။အသက်မွေးဝမ်းကျောင်းအလုပ်တွေထဲ ဟိုးအောက်ဆုံးလုပ်ငန်းတွေထဲ ပါဝင်တဲ့ ပလုံကောက်တဲ့ အလုပ်ကိုလုပ်ရတဲ့ ဦးစိုးဟာ စားဝတ်နေရေး မပြေလည်လှပါဘူး။ ဦးစိုးဟာ ဘောင်းဘီလေးတောင် ခါးပတ်မရှိလို့ ကြိုးလေးချည်ဝတ်ထားတတ်တယ်။ ဦးစိုးဟာ ညဘက်မှောင်မှောင်မည်းမည်းမှာလည်း ပလုံလိုက်ကောက်နေတတ်တယ်။အမှောင်ထဲ ပလုံကောက်ရတဲ့သူ့ကို မြင်ပြီး ဓာတ်မီးဝယ်ပေးတဲ့သူလည်း ရှိတယ်။ ဦးစိုးဟာ ပလုံကောက်ရင်း ကန်ပေါင်လာတဲ့သူတွေရဲ့ဆိုင်ကယ်ကိုပါ စောင့်ပေးတတ်သေးတယ်။ “ သူရှိရင် ဆိုင်ကယ်တွေ မပျောက်ဘူး” လို့ မြို့ခံတဦးကပြောပြတယ်။ဒါကြောင့်သူ့ကိုမုန့်ဖိုးမကြာမကြာ…