မြန်မာ့ စီးပွားရေးမြို့တော် ရန်ကုန်ဟာ အကျပ်အတည်းထဲကို တိတ်တဆိတ် ကျဆင်းနေတယ်။ တောက်ပသန့်ရှင်းတဲ့ အထပ်မြင့် အဆောက်အအုံတွေနဲ့ ကျယ်ပြန့်တဲ့ မြို့ဆင်ခြေဖုံးဒေသတွေအောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ အတားအဆီးမဲ့ မြေအောက်ရေ ထုတ်ယူမှုကြောင့် လူ ၅ သန်းကျော်ရှိတဲ့ ရန်ကုန်မြို့ တည်ရှိတဲ့မြေကို တိုက်စားနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးတယ်။ ရေကျွမ်းကျင်သူတွေနဲ့ ဒေသခံတွေက အကျိုးဆက်အများအပြားကို ဖော်ပြကြတယ်။ မြေနိမ့်ဆင်းမှု၊ ဆားငံရေ ဝင်ရောက်ခြင်း၊ ရေ အရည်အသွေးကျဆင်းခြင်းနဲ့ ရေတွင်းတွေ ခန်းခြောက်ခြင်းတို့ ဖြစ်တယ်။ “ရန်ကုန်ရဲ့ မြေအောက်ရေ ၆၀ ရာခိုင်နှုန်းက ဆားငံရေ ဖြစ်နေပြီ” လို့ ဝါရင့် ရေပညာရှင် ဦးမြင့်သိန်းက ပြောပါတယ်။ သူ့ကို မောင်ကြေးရေ ဆိုတဲ့ ကလောင်အမည်နဲ့ လူသိများတယ်။ အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဦးမြင့်သိန်းဟာ…
KK Park ကျားဖြန့်ဝင်းတွင် ကိုယ်တွင်းအင်္ဂါထုတ်ယူသည့် အထူးကုဆရာဝန်များနှင့် ခွဲစိတ်ထုတ်ယူသည့် ဆေးရုံဆောင်များပင်ရှိခဲ့ စျေးကွက်တွင် ဒေါ်လာ ၁ သိန်းမှ ၁ သန်းအထိ စျေးရ အောက်တိုဘာလမှစတင်ပြီး မြန်မာစစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ရှိ နာမည်ဆိုးနှင့် ကမ္ဘာကျော်သော KK Park ကျားဖြန့်ဝင်းအား စီးနင်းဖောက်ခွဲဖျက်ဆီးနေရာ ထွက်ပြေးလွတ်မြောက်လာ သူများစွာရှိသလို ပြန်လည်ရှင်းလင်းပြောပြမှုများအရ ထိုဝင်းအတွင်းလူကိုယ်တွင်းအင်္ဂါများ ထုတ်ယူကာ မှောင်ခိုစျေးကွက်အတွင်းသို့ ရောင်းချရာတွင် ခွဲစိတ်ထုတ်ယူသည့် အထူးကုဆရာဝန်များ၊ ဆေးရုံအဆောင်များရှိခဲ့သည်ဟု သိရသည်။ ယင်းကျားဖြန့်ဝင်းအတွင်း အထင်ရှားဆုံးသော လူကိုယ်တွင်းအင်္ဂါ ထုတ်ယူရောင်းစားသည့် ကိစ္စများထဲ ဘီလာရုစ်သူ ဗဲရာကရက်ဗ်ဆိုဗာနှင့် ကင်ညာသူ ဂရေစ်မာတာတို့ကိစ္စများဖြစ်ခဲ့သည်။ အသက် ၂၆ နှစ်ရှိပြီဖြစ်သော ငယ်ရွယ်ချောမောသည့် ဘီလာရုစ်နိုင်ငံသူ အဆိုတော်မလေး ဗဲရာသည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂…
“ကျွန်တော်တို့ဆီက လက်နက်ကြီးနှစ်ခု မဟာမိတ်အဖွဲ့ဆီ ရောင်းလိုက်တယ်။ ကျွန်တော့်တပ်ဖွဲ့က ရဲဘော်တွေအတွက် ရိက္ခာလုံးဝပြတ်သွားလို့။ အဲဒါရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ ရိက္ခာ ဖြည့်လိုက်ရတာပေါ့” လို့ ပြောလာတာက စစ်ကိုင်းတိုင်း မြောင်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက တာဝန်ခံတစ်ဦးဖြစ်ပါတယ်။ သူတို့တပ်ဖွဲ့ဟာ မြောင်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းက နီးစပ်ရာမြို့နယ်တွေမှာ တခြားဒေသကာကွယ်ရေးတပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီလိုအခြေအနေကြုံနေရတာ သူတို့အဖွဲ့တစ်ခုတည်းမဟုတ်ပါဘူး။ စစ်ကိုင်းတိုင်းအတွင်းက ဒေသကာကွယ်ရေးတပ်အများစုအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တချို့ပါ ဒီလိုအခြေအနေကြုံနေရတာပါ။ လူသူ၊ လက်နက်၊ ငွေကြေးနဲ့ လေတပ်ကြီးတစ်ခုလုံးကို ပိုင်ဆိုင်ထားတဲ့ အစစအရာရာသာလွန်တဲ့ စစ်တပ်နဲ့ ရင်ဆိုင်တိုက်ရဖို့ တော်လှန်ရေးတပ်တွေအတွက် ရုန်းကန်ရမှုတွေ ကြီးကြီးမားမား ရှိလာနေပါတယ်။ အထူးသဖြင့် စစ်အသုံးစရိတ်အတွက် အကြွေးတင်လာတဲ့အထိဖြစ်လာကြတယ်လို့ တော်လှန်ရေးအဖွဲ့တွေပြောလာကြပါတယ်။ ဘာကြောင့်လဲ။ သေနတ်တစ်လက်အတွက် စစ်ပွဲတွေရဲ့…
အောင်လအင်ဆန်၏ Hall of Fame ခရီးလမ်းက မြန်မာ့တိုက်ခိုက်ရေးအနာဂတ်ကို မည်သို့ ပြောင်းလဲစေခဲ့ပါသလဲ စပါးအုံးကြီးက ဖွင့်ပေးခဲ့သော အနာဂတ် – Hall of Fame အောင်လအင်ဆန်နှင့် မြန်မာ့တိုက်ခိုက်ရေးမျိုးဆက်သစ်များ လွန်ခဲ့သည့် ရှစ်နှစ်ကျော် သက္ကရာဇ်တချို့ကို သတိရမိသည်။ အတိအကျပြောရမည်ဆိုလျှင် ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ဖြစ်သည်။ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အသက် ၆၄ နှစ်အရွယ်အမျိုးသားတစ်ဦး ရုတ်တရက် မူးလဲ ဆုံးပါးသွားခဲ့သည်။ အကြောင်းမှာ “မြန်မာ့စပါးအုံး The Burmese Phyton” ဟု လူအများသိကြသည့် အောင်လအင်ဆန်က ရုရှားနိုင်ငံသား Vitaly Bigdash ကို အနိုင်ရကာ ဝမ်းချန်ပီယံရှစ် MMA သိုင်းပေါင်းစုံMiddleweight ဝိတ်တန်း၌ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည့်…
Burma Team ဟု ဆိုကာ အသစ် ဖွဲ့စည်း လာ သောမြန်မာ ရှိ ငွေလိမ်ဂိုဏ်း တိုက်ဖျက်ရေး အဖွဲ့ Scam Center Strike Force (SCFF) သည် မြန်မာနိုင်ငံ အတွင်း ရှိ အဆိုပါ အဖွဲ့များ၏ လုပ်ငန်းများကို အခြား ဌာနများ နှင့် ပူးပေါင်း၍ စတင် အရေးယူ ဆောင်ရွက်နေပြီဟု အမေရိကန် တရားရေး ဝန်ကြီးဌာန မှ ထုတ်ဖေါ် ပြောဆိုလိုက်ပြီ ဖြစ်သည်။ မြန်မာ နိုင်ငံ အတွင်းရှိ ငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန် အက်ဖ်ဘီအိုင် အေးဂျင့်များ ထိုင်းနိုင်ငံ သို့ စတင် ရောက်ရှိလာနေပြီ ဖြစ်သည်ဟု ဝါရှင်တန်ရှိ ကိုလံဘီယာ ခရိုင် ရှေ့နေရုံးမှ ကြေညာချက်…