Category: Article
-

စစ်တပ်ရဲ့ရိုင်းစိုင်းမှုကိုဖော်ပြတဲ့ ဓါတ်ပုံတစ်ပုံ
စစ်တပ်ဗုံးကြဲတာကြောင့် သားငယ်ကိုဖက်ထားလျက်အကာအကွယ်ပေးဖို့ကြိုးပမ်းခဲ့ရင်းသေဆုံးနေတဲ့ သားအမိ နှစ်ဦးရဲ့ ဓါတ်ပုံက မြင်ရသူအပေါင်းကို ဝမ်းနည်းကြေကွဲစေပါတယ် ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ ၊အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေ မကြာခဏကြုံရတာကြောင့် ပြည်သူတွေနှလုံးသားတွေ အကြိမ်ကြိမ် ကြေကွဲခဲ့ရတာကြောင့် ထုံကြင်နေတာတောင် ကျိန္တလီမြို့က မဖြိုးဖြိုးကျော်တို့သားအမိဓါတ်ပုံကမြင်ရသူအပေါင်းကို ဝမ်းနည်းဆို့နင့်စေခဲ့ပါတယ်။ “အပြစ်မရှိတဲ့ကလေးတွေဘဲ သေနေရတေ သူတို့တွေကလူတောင်မဖြစ်သေးဘူး”လို့ရခိုင်ပြည်သူတဦးကမှတ်ချက်ပြုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာဩဂုတ်လ ၁၃ ရက်နေ့ ည၊ ၁၀ နာရီခွဲအချိန်မှာ အာရက္ခတပ်တော်(AA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့ပေါ် အမှတ်(၁)ရပ်ကွက် မေတ္တာပေါင်းကူးလမ်း ပေါ်ရှိ မဖြိုးဖြိုးကျော်တို့နေအိမ်အပါအဝင် နေအိမ်တွေကို ဂျက်ဖိုက်တာတစီးနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာပါ။ စစ်တပ်ကအားပြင်းလှတဲ့ဗုံးကိုကြဲချတာကြောင့် အသက် ၃၅ နှစ်အရွယ် ကိုမင်းဝေခန့် ၊ဇနီးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် မဖြိုးဖြိုးကျော်တို့နဲ့သားငယ် နှစ်ဦးဖြစ်တဲ့အသက် ၁၂…
-

ဘုရားသုံးဆူ “ငရဲခန်း” မှ ထွက်ပြေးလာသည့် မြန်မာနိုင်ငံသား ၂၀ ကျော်
တရုတ်နိုင်ငံသားများ ဦးဆောင်လုပ်ကိုင်နေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ များပြားလာသည့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် အွန်လိုင်းငွေလိမ်ခြံဝင်းတခုအတွင်းမှ မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ၂၀ ကျော် ထွက်ပြေးလာသည့် ဖြစ်စဉ်တခု ဩဂုတ် ၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်မှာ ဒေသခံများအကြား အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ယခင်က ကရင်ပြည်နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် မြန်မာနိုင်ငံသားများ ညှဉ်းပန်းနှိပ်စက်ခံရသည်ဆိုသည့် သတင်းများ အများပြည်သူကြားတွင် ထင်ထင်ရှားရှား မပေါ်ထွက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ထိုင်း-မြန်မာနယ်စပ် စည်းမျဉ်းကပ်လျက် ဘုရားသုံးဆူမြို့ ရပ်ကွက် (၄) ၊ ပဲခူးစုဟု ဒေသခံများခေါ်ဆိုသည့်နေရာရှိ လေးထပ်အဆောက်အဦတခုမှ မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ ထွက်ပြေးလာခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယခုလ ဩဂုတ် ၈ ရက် နံနက် ၉ နာရီဝန်းကျင်တွင်…
-

အထက်ပေါင်းလောင်းဆည် အကြောင်း သတင်းမှောင် ချထားတုန်းပဲလား
ပေါင်းလောင်းဆည်ဟာ စစ်တောင်းမြစ် အစ မတိုင်ခင်နားမှာ ရှိတယ်။ သဖန်းဆိပ်ဆည်ကတော့ မူးမြစ် အထက်ပိုင်းမှာ ရှိတယ်။ စစ်တောင်း မြစ်တလျှောက် မိုးကြီးနေချိန်မှာ သဖန်းဆိပ်ဆည်လို ပေါင်းလောင်းဆည် ရေလွှတ်ချလိုက်ရင် အောက်ရေတောင့် အပေါ်ရေဆင်းတာနဲ့ ဆိုင်ပြီး ထိခိုက်မှု ကြီးမားလိမ့်မယ်။ ပြောရမယ်ဆိုရင် ပေါင်းလောင်းဆည် (အောက်ပေါင်းလောင်းဆည်) ဟာ ပေါင်းလောင်းမြစ်ရဲ့ အဆုံးနားမှာ တည်ဆောက်ထားတာ တွေ့ရတယ်။ တောင်ကြော အမြင့်ပေါ်မှာ အထက်ပေါင်းလောင်းဆည် ဆိုတာလည်း ရှိသေးတယ်။ အဲဒီ အထက်ပေါင်းလောင်းဆည်က အောက်ပေါင်းလောင်းဆည်ထက် ရေလှောင်ပမာဏ နှစ်ဆကျော်များတယ်။ လေးမျက်နှာ တာဘောင်ချိုးတာ က ငဝန်မြစ် အနောက်ခြမ်းမှာ ရောက်လာတဲ့ AA ထိုးစစ် ဟင်္သာတ ကို ဆက်လာမှာ စိုးလို့ တမင်လုပ်တာ တဲ့။ အဲလို ဟင်္သာတ ကနေ…
-

ဈေးသွားတဲ့အိမ်ရှင်မတိုင်း သိထားသင့် ဖော်မလင်ပါတဲ့ အစားအသောက်တွေရဲ့ အန္တရာယ်
ဖော်မလင်ထိုးထားတဲ့ငါးတွေ၊ ဖော်မလင် ထည့်ထားတဲ့ ကြက်သွေး ဘဲသွေးတွေကို ကျန်းမာရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် နှိမ်နင်းနေတဲ့ အကြောင်းတွေ သင်ကြားဖူးမှာပါ။ ကျန်းမာရေးဝန်ကြီးဌာန ကတောင် လိုက်သိမ်းတယ်ဆိုမှတော့ ဒီ ဖော်မလင်ပါတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးကို တော်တော်ဒုက္ခပေးလို့ပေ့ါနော့။ ကျန်းမာရေးဝန်ထမ်းတွေသာ သိပေမယ့် သာမာန်ပြည်သူတွေ ဒီ ဖော်မလင်ပါတဲ့ အစားအသောက်တွေကရနိုင်တဲ့ ရောဂါတွေ မသိဘူးမဖြစ်ရလေအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ အထူးသဖြင့် ဟင်းလျာတွေကို ဝယ်ယူ ပြင်ဆင်ချက်ပြုတ်နေရတဲ့ အိမ်ရှင်မတွေ ပိုပြီး သိထားသင့်ပါတယ်။ ။ ဖော်မလင်ဆိုတာ ဓါတုပစ္စည်းတစ်မျိးဖြစ်ပြီး သူနဲ့ထိတွေ့တဲ့အရာတွေ မှန်သမျှ မပုပ်သိုးအောင် သူက ထိန်းထားပေးတာဖြစ်ပါတယ်။ ဒါတွေကို သိပ္ပံပညာရှင်တွေက ခန္ဓါဗေဓဆိုင်ရာ လေ့လာဖို့အတွက် လူသေတွေကို မပုပ်အောင် ဖော်မလင်စိမ်ရာကနေ စီးပွားရေး သမားတွေလက်ထဲရောက်ပြီး ခုလို အစားအသောက်တွေ ထဲကိုသူက…
-

အရပ်သားတယောက်ဟာ စစ်မှုထမ်းထဲပါသွားရင် အရပ်သားစိတ်ဓာတ်ပြန်မရတော့ဘူး
“အရပ်သားတယောက်ဟာ စစ်မှုထမ်းထဲပါသွားရင် အရပ်သားစိတ်ဓာတ်ပြန်မရတော့ဘူး” အဓမ္မဖမ်းဆီး ရောင်းစားခံရလို့ ဖြစ်စေ၊ ပိုက်ဆံနဲ့ အဝယ်ခံရလို့ ဖြစ်စေ စစ်သားစုဆောင်းရေးတပ် (စစတ) ကို ရောက်လာတဲ့ လူတယောက်ကို သာမန်အရပ်သား လူ့သဘာဝစိတ်ကနေ စစ်တပ်ရဲ့ အမိန့်အတိုင်း မျက်စိမှိတ် နာခံမယ့်သူ ဖြစ်လာဖို့ စိတ်ဓာတ်ရေးရာ ပြုပြင် ပြောင်းလဲမှု Psychological Warfare Techniques ဆိုက်ဝါးနည်းလမ်းတွေ အသုံးပြုပြီး စိတ်ရောကိုယ်ပါ ချိုးနှိမ် ပုံသွင်းတယ်။ ရန်ကုန် (မင်္ဂလာဒုံ) အပါအဝင် တနိုင်ငံလုံးမှာရှိတဲ့ စစ်သားစုဆောင်းရေးတပ်တွေဟာ လူစုဆောင်းတဲ့ အချုပ်ဆောင် ဂိုဒေါင်တွေသာ ဖြစ်တယ်။ စစတကို ရောက်တာနဲ့ အဓိကလုပ်တာက မှတ်ပုံတင်အတု သန်းခေါင်းစာရင်းအတု စာရွက်စာတမ်းအတုတွေ ဖန်တီးတယ်။ အသက်မပြည့်သူကို အသက်၁၈ ပြည့်အောင်၊ မကျန်းမာသူကို ကျန်းမာကြောင်း ဆေး လက်မှတ်အတု…