Category: Article
-

ဆယ်ကျော်သက်နဲ့ စိတ်ရိုင်း
လက်ရှိ မြန်မာနိုင်ငံက ဆယ်ကျော်သက် အရွယ်တွေကြားမှာ အသေးအဖွဲ စကားများကြရုံ၊ မကျေနပ်ရုံမျှနဲ့ သွေးထွက်သံယို ဖြစ်တဲ့အထိ၊ အသက်အန္တရာယ် ထိခိုက်စေတဲ့အထိ ရိုက်နှက်ရမ်းကားမှုတွေ အလွယ်တကူ ကျူးလွန်လာကြတာကို တွေ့ရပါတယ်။ လူမြင်ကွင်းမှာတောင် အုပ်စုဖွဲ့၊ ပြောင်ပြောင်တင်းတင်း ရမ်းကားရဲတဲ့အထိ ဖြစ်လာကြတာပါ။ လက်ရှိ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ ကျောင်းသား လူငယ်တွေကြားမှာ အချင်းချင်း အနိုင်ကျင့်မှုတွေဟာ ပုံစံမျိုးစုံနဲ့ ပေါ်ပေါက်လာနေပါတယ်။ ဒီလို အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အနီးစပ်ဆုံးဖြစ်စဉ်ကို ပြောရမယ်ဆို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၁၁) ရပ်ကွက်က ဖြစ်စဉ်ကို ပြောရမှာပါ။ အသက် ၁၅ နှစ်အရွယ် Grade-8 ကျောင်းသားနှစ်ယောက် အချင်းချင်း ရန်ဖြစ်ရာကနေ သွေးထွက်သံယို…
-

အညာတခွင် ပဲ့တင်ထပ်နေတဲ့ တောင်းပန်တိုးလျှိုး အော်ညည်းသံတွေ
အညာတခွင် ပဲ့တင်ထပ်နေတဲ့ တောင်းပန်တိုးသျှိုး အော်ညည်းသံတွေ ပေါက်နဲ့မြိုင်နယ်က ပြည်သူတွေကို စစ်အုပ်စု ဘယ်လို အမဲလိုက် သတ်ဖြတ်နေလဲ မိခင်ဖြစ်သူ ကြိုတင် စစ်ဘေးရှောင် ထွက်ပြေးမယ့်နောက် မစုဌေး တစ်ယောက် လိုက်ပါဖို့ အထုပ် တပြင်ပြင်။ ယခင်အကြိမ်တွေလို မဟုတ်ဘဲ ဒီတစ်ကြိမ် မစုဌေးကို ကြည့်ရတာ တော်တော်လေး ကြောက်ရွံ့ ထိတ်လန်နေတယ်လို့ မစုဌေးရဲ့ ညီမက ပြန်ပြောပြပါတယ်။ “ခေါ်မသွားရလို့ စိတ်မကောင်းတာ ရှိတယ်၊ ဖြစ်မယ့်နေ့က လိုက်ချင်တယ်နဲ့ ပြောတယ်၊ လိုက်လို့ မရဘူး၊ သူက လျှောက်ပြောတာကိုး၊ လမ်းကြောင်း စစ်ကြောင်းနဲ့တွေ့ရင် လျှောက်ပြောမှာမို့လို့ မလိုက်ခိုင်းတာ၊ အဲဒီ သူတို့သွားတဲ့နေ အဲဒီညနေ ထွက်ပြေးရတဲ့နေ့ပဲ၊ သူက ဒီတစ်ခါ အကြောက်ဆုံးပဲ လိုက်ချင်တာ” အသက် ၃၀ ကျော်အရွယ်…
-

ကူရာမဲ့ ညငှက်ငယ်များ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဆက်စပ်နိုင်ငံရေး အခြေအနေ တွေကြောင့်မြန်မာနိုင်ငံကအမျိုးသမီးငယ် တွေဟာ မိသားစု တာဝန်ကို တထောင့်တနေရာက ဝင်ထမ်းလာရပါတယ်။ အာဏာသိမ်းမှု နောက်ဆက်တွဲ မြင့်တက်လာတဲ့ကုန်ဈေးနှုန်း တွေနဲ့ ရှားပါးလာတဲ့အလုပ်အကိုင်တွေကြောင့်အခြေခံလူတန်းစား တွေဟာ ရရာအလုပ် လုပ်ကိုင်လာရတာပါ။ မန္တလေးမြို့ရဲ့ညခင်းမီးရောင်စုံအောက်မှာ အမျိုးသမီးငယ်လေးတွေဟာ စတိတ်စင် ပေါ်ဟို ၊ဒီယိမ်းလို့ လမ်းလျှောက်နေပါတယ်။ ဆေးဆိုးပန်းရိုက်မျက်နှာနဲ့ ဒေါက်ဖိနပ်အမြင့်ကြီး တွေကသူမတို့ကို ရှိရင်းစွဲရုပ်ထက် ပိုရင့် နေသလိုပါ။ အလည်မှာ တော့မြူးကြွစွာ သီချင်းသီဆို နေတဲ့ အမျိုးသမီးတဦးရှိပါတယ်။စင်အောက်မှာ များစွာ သော အမျိုးသားတွေပျော်ရွှင်အော်ဟစ်နေကြပါတယ်။အများစုကတော့ အသက် ၄၅ နှစ်က နေ ၆၀ နှစ်ဝန်းကျင်အမျိုးသာတွေဖြစ်ပါတယ်။ ပန်းစည်း တွေအပြုံလိုက်စုချနေသလိုစင်ပေါ်ကနေပိုက်ဆံတက်ကြဲနေပြီးပျော်စရာညကို ဖန်တီးယူ နေကြတာပါ။ဒီအပျော် တွေကြားထဲရင်ထိတ် နေရတဲ့အမျိုးသမီးငယ်လေး တွေရှိပါတယ်။ “စင်ပြတ်ဆုချရင်အဲဒီဝိုင်းကိုသွားထိုင်ပေးရတယ်။ဧည့်သည်ကအပြင်ခေါ်ရင်လည်း ငြင်းလို့မရဘူး။လိုက်ကိုလိုက်ရတယ်”လို့ မသဲနုကပြောပါတယ်။ မသဲနုဟာ…
-

ဂျပန်က ကမ္ဘာကို တင်ပို့နေတဲ့ တန်ဖိုးကြီးရေခဲများ
ဟာ ရေခဲပဲ ဘာတန်ဖိုးရှိလို့လဲ ရေခဲသေတ္တာထဲကနေ အလွယ်တကူ ရနိုင်တဲ့ အရာပဲလေ။ ဟုတ်ပါတယ် ပုံမှန်ရေခဲတွေက အလွယ်တကူ ပေါပေါများများရနိုင်ပါတယ်။ ဒါပေမဲ့ ရေခဲချင်းအတူတူ ဂျပန်နိုင်ငံက ဒီရေခဲကတော့ အလွယ်တကူ မရတဲ့ တန်ဖိုးကြီး ရေခဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ၊ Kanazawa မြို့မှာ ကမ္ဘာ့နာမည်အကြီးဆုံး ဘား (Bar) တွေအတွက် ရည်ရွယ်ပြီး ရေခဲတုံးလေးတွေကို ရတနာတစ်ပါးလို သေသေချာချာ ပုံဖော်ဖြတ်တောက်နေတဲ့ ပညာရှင်တွေ ရှိပါတယ်။ သူတို့ကတော့ ဂျပန် Ishikawa စီရင်စုက နှစ်တစ်ရာကျော် သက်တမ်းရှိ Kuramoto Ice ကုမ္ပဏီက အလုပ်သမားတွေ ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ကြည်လင်တောက်ပတဲ့ ဇိမ်ခံ ပရီမီယံ ရေခဲတွေကို ထုတ်လုပ်နေတဲ့ ဂျပန်ကုမ္ပဏီ အနည်းငယ်ထဲက တစ်ခု ဖြစ်ပါတယ်။…
-

ကွဲပြားသွားပြီ ဖြစ်တဲ့ လူတန်းစား နှစ်မျိုး
ကွဲပြားသွားပြီ ဖြစ်တဲ့ လူတန်းစား နှစ်မျိုး (အတွေးအမြင်ဆောင်းပါး) ရန်ကုန်၊ မန္တလေး မြို့ပေါ်တွေမှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ များလာချိန်၊ တဖက်မှာ စစ်မှုထမ်းဖို့ မဲနှိုက်နေကြရလို့ မိဘတွေ ငိုကြွေးသတိလစ်နေကြတဲ့ မြင်ကွင်း တက်လာပါတယ်။ တဖက်မှာကြပြန်တော့ ဆိုင်ကယ်ကြီးတွေ အုပ်လိုက် စီးကြပြီး ပျော်ပွဲတခုလို လှည့်ပတ်နေတဲ့ လူငယ်တွေ၊ ဘားတွေ ကလပ်တွေ ငွေတွေ သုံးဖြုန်းနေတဲ့ လူတန်းစားတွေ၊ ရှိုးပွဲတွေမှာ ညအထိ သာယာနေတဲ့ လူတန်းစားတွေရဲ့ မြင်ကွင်းက ရှေ့ရောက်လာပါတယ်။ ဆိုတော့ ပြောရရင် မြန်မာပြည်မှာ လူတန်းစားက နှစ်မျိုး လုံးဝ ကွဲပြားခြားနားသွားတာ တွေ့ရပါတယ်။ ဥပမာ- ရန်ကုန်မှာ ပေါ်တာဆွဲခံရတာ၊ဖမ်းဆီးခံနေရတာက အလုပ်လုပ်နေတဲ့ အခြေခံလူတန်းစားတွေ ဖြစ်ပါတယ်။ စစ်တပ်၊ ရဲ၊ လူမိုက်၊ ပျူစောထီးတွေ ပေါ်တာဆွဲ…